Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, December 17, 2015

IS ကို ေငြေၾကး ျဖတ္ေတာက္နိုင္ေရး ကုလ ႀကိဳးပမ္း

IS အဖြဲ႕ရဲ့ ဝင္ေငြ တစ္လ ေဒၚလာ သန္း ၈၀ ရွိ

IS အစၥလာမၼစ္ နိုင္ငံအဖြဲ႕ရဲ့ ဝင္ေငြ အရင္းအျမစ္ေတြကို ျဖတ္ေတာက္ နိုင္ေရး အတြက္ ဆုံးျဖတ္ခ်က္ အစီအစဥ္တစ္ခု ေပၚထြက္လာဖို႔ ကုလသမဂၢ လုံျခဳံေရး ေကာင္စီမွာ နိုင္ငံ ၁၅ နိုင္ငံက ဘ႑ာေရး ဝန္ႀကီးေတြ ေဆြးေႏြး ေနၾကပါတယ္။

အဲဒီ ဆုံးျဖတ္ခ်က္ အတြက္ မူၾကမ္းကို ၁၉၉၉ ခုႏွစ္က အယ္လ္ခိုင္ဒါ အဖြဲ႕ကို ပစ္မွတ္ထား အတည္ျပဳခဲ့တဲ့ ဆုံးျဖတ္ခ်က္ ေပၚမွာ အေျခခံ ထားပါတယ္။

IS အဖြဲ႕ရဲ့ ဝင္ေငြစီးေၾကာင္း ေတြကို ျဖတ္ေတာက္ဖို႔ အတြက္ နိုင္ငံ အစိုးရေတြ အေနနဲ႔ တိတိက်က် လ်င္လ်င္ျမန္ျမန္ လွုပ္ရွား ေဆာင္ရြက္ၾကဖို႔၊ ပိတ္ဆို႔ အေရးယူရမယ့္ လူစာရင္းကိုလည္း ပိုၿပီး တက္တက္ႂကြႂကြ တင္သြင္းၾကဖို႔ အဲဒီ မူၾကမ္းက နိုင္ငံ အစိုးရေတြကို တိုက္တြန္း ထားပါတယ္။

IS အဖြဲ႕ဟာ ကမၻာေပၚမွာ ေငြေၾကး အေတာင့္တင္းဆုံး စစ္ေသြးႂကြ အဖြဲ႕အျဖစ္ က်ယ္က်ယ္ျပန္႔ျပန္႔ ယုံၾကည္ ထားၾကပါတယ္။

ေနာက္ဆုံး စစ္တမ္းတစ္ခု အရ IS အဖြဲ႕ရဲ့ ဝင္ေငြက လစဥ္ ေဒၚလာ သန္း ၈၀ ရွိတယ္လို႔ ဆိုပါတယ္။

BBC Burmese
http://www.bbc.com
...........
 IS အဖွဲ့ရဲ့ ဝင်ငွေ တစ်လ ဒေါ်လာ သန်း ၈၀ ရှိ

IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ရဲ့ ဝင်ငွေ အရင်းအမြစ်တွေကို ဖြတ်တောက် နိုင်ရေး အတွက် ဆုံးဖြတ်ချက် အစီအစဉ်တစ်ခု ပေါ်ထွက်လာဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ နိုင်ငံ ၁၅ နိုင်ငံက ဘဏ္ဍာရေး ဝန်ကြီးတွေ ဆွေးနွေး နေကြပါတယ်။

အဲဒီ ဆုံးဖြတ်ချက် အတွက် မူကြမ်းကို ၁၉၉၉ ခုနှစ်က အယ်လ်ခိုင်ဒါ အဖွဲ့ကို ပစ်မှတ်ထား အတည်ပြုခဲ့တဲ့ ဆုံးဖြတ်ချက် ပေါ်မှာ အခြေခံ ထားပါတယ်။

IS အဖွဲ့ရဲ့ ဝင်ငွေစီးကြောင်း တွေကို ဖြတ်တောက်ဖို့ အတွက် နိုင်ငံ အစိုးရတွေ အနေနဲ့ တိတိကျကျ လျင်လျင်မြန်မြန် လှုပ်ရှား ဆောင်ရွက်ကြဖို့၊ ပိတ်ဆို့ အရေးယူရမယ့် လူစာရင်းကိုလည်း ပိုပြီး တက်တက်ကြွကြွ တင်သွင်းကြဖို့ အဲဒီ မူကြမ်းက နိုင်ငံ အစိုးရတွေကို တိုက်တွန်း ထားပါတယ်။

IS အဖွဲ့ဟာ ကမ္ဘာပေါ်မှာ ငွေကြေး အတောင့်တင်းဆုံး စစ်သွေးကြွ အဖွဲ့အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ယုံကြည် ထားကြပါတယ်။

နောက်ဆုံး စစ်တမ်းတစ်ခု အရ IS အဖွဲ့ရဲ့ ဝင်ငွေက လစဉ် ဒေါ်လာ သန်း ၈၀ ရှိတယ်လို့ ဆိုပါတယ်။

BBC Burmese
http://www.bbc.com

No comments:

Post a Comment