Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, December 18, 2015

ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံပူးေပါင္းမႈေၾကာင့္ ရွစ္ႏွစ္အတြင္း လူကုန္ကူးမႈ ၁၉၃မႈ ေဖာ္ထုတ္ႏိုင္


ရန္ကုန္၊ ဒီဇင္ဘာ ၁၇ ရက္ (ဆင္ဟြာ)

ျမန္မာ- တရုတ္ ႏွစ္ႏိုင္ငံပူးေပါင္း ေဖာ္ထုတ္မႈေၾကာင့္ ၂၀၀၇ခုႏွစ္မွ ၂၀၁၅ခုႏွစ္ ၈ႏွစ္တာ ကာလအတြင္း တ႐ုတ္ႏိုင္ငံတြင္းသို႔ လူကုန္ကူးမႈ ၁၉၄မႈ ေဖာ္ထုတ္ႏိုင္ခဲ့ေၾကာင္း ေနျပည္ေတာ္ လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႔မွ ထုတ္ျပန္ေသာ စာရင္းမ်ားအရသိရသည္။

တရုတ္ျပည္သူ႕သမၼတႏိုင္ငံတြင္းသို႔ လူကုန္ကူးေသာ လူပြဲစား ၃၉၆ ဦးဖမ္းဆီးႏိုင္ခဲ့ၿပီး လူကုန္ကူးခံရသူ မ ၂၁၇ ဦး၊ က်ား ၁၆ ဦး စုစုေပါင္း ၂၃၃ ဦး ကယ္တင္ႏိုင္ခဲ့သည္။

အဆိုပါ တရုတ္ႏိုင္ငံမွ ယခုႏွစ္ ဇန္န၀ါရီလမွ ႏို၀င္ဘာလအတြင္း ျပန္လည္လြဲေျပာင္းေပးခဲ့ေသာ လူကုန္ကူးခံရသူ ၈၆ ဦးရွိၿပီး တရုတ္ႏိုင္ငံတြင္အလုပ္ရမည္ဟု ဆိုကာ အေရာင္းစားခံရသူ ၄၈ဦးရွိေၾကာင္း စာရင္းဇယားမ်ားအရ သိရသည္။

ယခုႏွစ္အတြင္း လူကုန္ကူးမႈ ၁၂၀မႈျဖစ္ပြားခဲ့ၿပီး အဓမၼထိမ္းျမားလက္ထပ္မႈ အမ်ားဆံုးျဖစ္သည္။

လူကုန္ကူးမႈမ်ား ပေပ်ာက္ေစရန္အတြက္ ၂၀၀၇ခုႏွစ္တြင္ မူဆယ္-ေရႊလီ လူကုန္ကူးမႈတိုက္ဖ်က္ေရးဆို္င္ရာ နယ္စပ္ဆက္ဆံေရးရံုး၊ ၂၀၀၈ ခုႏွစ္တြင္ လြယ္ဂ်ယ္-က်န္းဖုန္း နယ္စပ္ဆက္ဆံေရးရံုးႏွင့္ ၂၀၁၄ ခုႏွစ္တြင္ ေလာက္ကိုင္-နန္ဆန္ နယ္စပ္ဆက္ဆံေရးကို ဖြင့္လွစ္ခဲ့သည္။

(Xinhua)

http://www.xinhuamyanmar.com/
.................


ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)

မြန်မာ- တရုတ် နှစ်နိုင်ငံပူးပေါင်း ဖော်ထုတ်မှုကြောင့် ၂၀၀၇ခုနှစ်မှ ၂၀၁၅ခုနှစ် ၈နှစ်တာ ကာလအတွင်း တရုတ်နိုင်ငံတွင်းသို့ လူကုန်ကူးမှု ၁၉၄မှု ဖော်ထုတ်နိုင်ခဲ့ကြောင်း နေပြည်တော် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ထုတ်ပြန်သော စာရင်းများအရသိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင်းသို့ လူကုန်ကူးသော လူပွဲစား ၃၉၆ ဦးဖမ်းဆီးနိုင်ခဲ့ပြီး လူကုန်ကူးခံရသူ မ ၂၁၇ ဦး၊ ကျား ၁၆ ဦး စုစုပေါင်း ၂၃၃ ဦး ကယ်တင်နိုင်ခဲ့သည်။

အဆိုပါ တရုတ်နိုင်ငံမှ ယခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း ပြန်လည်လွဲပြောင်းပေးခဲ့သော လူကုန်ကူးခံရသူ ၈၆ ဦးရှိပြီး တရုတ်နိုင်ငံတွင်အလုပ်ရမည်ဟု ဆိုကာ အရောင်းစားခံရသူ ၄၈ဦးရှိကြောင်း စာရင်းဇယားများအရ သိရသည်။

ယခုနှစ်အတွင်း လူကုန်ကူးမှု ၁၂၀မှုဖြစ်ပွားခဲ့ပြီး အဓမ္မထိမ်းမြားလက်ထပ်မှု အများဆုံးဖြစ်သည်။

လူကုန်ကူးမှုများ ပပျောက်စေရန်အတွက် ၂၀၀၇ခုနှစ်တွင် မူဆယ်-ရွှေလီ လူကုန်ကူးမှုတိုက်ဖျက်ရေးဆို်င်ရာ နယ်စပ်ဆက်ဆံရေးရုံး၊ ၂၀၀၈ ခုနှစ်တွင် လွယ်ဂျယ်-ကျန်းဖုန်း နယ်စပ်ဆက်ဆံရေးရုံးနှင့် ၂၀၁၄ ခုနှစ်တွင် လောက်ကိုင်-နန်ဆန် နယ်စပ်ဆက်ဆံရေးကို ဖွင့်လှစ်ခဲ့သည်။

(Xinhua)


http://www.xinhuamyanmar.com/

No comments:

Post a Comment