Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, December 18, 2015

အစိုးရသစ္လက္ထက္အတြက္ ၀န္ထမ္းေတြ စိတ္မပူၾက ဖို႔ ေဒၚေအာင္ဆန္းစုၾကည္ ေျပာ

ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သူရဦးေရႊမန္း တို႔ ဒီဇင္ဘာလ ၁၇ ရက္ေန႔က ေနျပည္ေတာ္ စည္ပင္ဧည့္ရိပ္သာ၀န္းထဲကခန္းမမွာ တာ၀န္ရွိသူေတြနဲ႔ ေတြ႔ဆံုစဥ္
Photo: Myo Thant Khaing/RFA

အစိုးရသစ္လက္ထက္မွာ လက္ရွိ၀န္ထမ္းေတြကို အလုပ္ကထုတ္ပယ္တာမ်ဳိး လုပ္မွာမဟုတ္သလို၊ ေက်ာသား ရင္သား မခြဲျခားဘဲ ဆက္ဆံသြားမွာျဖစ္လို႔၊ အစိုးရ၀န္ထမ္းေတြအေနနဲ႔ စိတ္မပူၾကဖို႔ အမ်ဳိးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္ ဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

ဒီကေန႔ လႊတ္ေတာ္အၿပီးမွာ နာယက သူရဦးေရႊမန္းနဲ႔ ေဒၚေအာင္ဆန္းစုၾကည္တို႔ဟာ ေနျပည္ေတာ္ စည္ပင္ဧည့္ရိပ္သာ၀င္းထဲက ခန္းမမွာ ဧည့္ရိပ္သာ တာ၀န္ရွိသူေတြ၊ လႊတ္ေတာ္ကိုယ္စားလွယ္ေတြအတြက္ လုပ္ကိုင္ေဆာင္ရြက္ေပးရတဲ့ ၀န္ႀကီးဌာနအသီးသီးက အစိုးရ၀န္ထမ္းေတြ၊ လႊတ္ေတာ္ရံုးတာ၀န္ရွိသူေတြ နဲ႔ ေတြ႔ဆံုစဥ္မွာ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ ေအာက္ေျခ၀န္ထမ္းေတြအေနနဲ႔ အထက္လူႀကီးေတြရဲ့ ယံုၾကည္မႈကို အလဲြသံုးစားမလုပ္ဖို႔၊ အစိုးရဝန္ထမ္းေတြအေနနဲ႔ အန္အယ္လ္ဒီပါတီက လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို ေၾကာက္ဖို႔မလိုေၾကာင္း လည္း ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားခဲ့ပါတယ္။

RFA Burmese
http://www.rfa.org/burmese
................

ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးရွှေမန်း တို့ ဒီဇင်ဘာလ ၁၇ ရက်နေ့က နေပြည်တော် စည်ပင်ဧည့်ရိပ်သာဝန်းထဲကခန်းမမှာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ်
Photo: Myo Thant Khaing/RFA

အစိုးရသစ်လက်ထက်မှာ လက်ရှိ၀န်ထမ်းတွေကို အလုပ်ကထုတ်ပယ်တာမျိုး လုပ်မှာမဟုတ်သလို၊ ကျောသား ရင်သား မခွဲခြားဘဲ ဆက်ဆံသွားမှာဖြစ်လို့၊ အစိုးရဝန်ထမ်းတွေအနေနဲ့ စိတ်မပူကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီကနေ့ လွှတ်တော်အပြီးမှာ နာယက သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ နေပြည်တော် စည်ပင်ဧည့်ရိပ်သာဝင်းထဲက ခန်းမမှာ ဧည့်ရိပ်သာ တာဝန်ရှိသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေအတွက် လုပ်ကိုင်ဆောင်ရွက်ပေးရတဲ့ ၀န်ကြီးဌာနအသီးသီးက အစိုးရဝန်ထမ်းတွေ၊ လွှတ်တော်ရုံးတာဝန်ရှိသူတွေ နဲ့ တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အောက်ခြေဝန်ထမ်းတွေအနေနဲ့ အထက်လူကြီးတွေရဲ့ ယုံကြည်မှုကို အလွဲသုံးစားမလုပ်ဖို့၊ အစိုးရဝန်ထမ်းတွေအနေနဲ့ အန်အယ်လ်ဒီပါတီက လွှတ်တော်ကိုယ်စားလှယ်တွေကို ကြောက်ဖို့မလိုကြောင်း လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment