Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, December 30, 2015

"ေျပာင္းလဲခ်ိန္တန္ၿပီ"ဟူသည္မွာ ဘဝင္ျမင့္စိတ္ႀကီး၀င္သူစိတ္ဟု အဘိဓမၼာစာေမးပြဲတြင္ ေမးခြန္းထုတ္ သတင္း ျပည္တြင္း


ဟိန္းကိုစိုး
Wed, 12/30/2015 - 16:24


(ဓာတ္ပံု- Min Aung Khine facebook)

ရန္ကုန္၊ ဒီဇင္ဘာ ၃၀ ။       ။ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္က မဲဆြယ္စည္းရံုးခဲ့သည့္ "ေျပာင္းလဲခ်ိန္တန္ၿပီ" ဆိုသည့္ စကားလံုးသည္ ဘဝင္ျမင့္စိတ္ႀကီးဝင္သူစိတ္ဟုဆိုကာ အဘိဓမၼာ(ဂုဏ္ထူးေဆာင္) ပထမအဆင့္ စာေမးပြဲ ေမးခြန္းအတြင္း ဒီဇင္ဘာ ၂၅ရက္တြင္ သာသနာေရးဦးစီးဌာနက ထည့္သြင္းေမးျမန္းခဲ့သည္။

ဒီဇင္ဘာ ၂၅ရက္ေန႔၊ သာသနာေရး၀န္ႀကီးဌာန၊ သာသနာေရးဦးစီးဌာနကျပဳလုပ္သည့္ အဘိဓမၼာ (ဂုဏ္ထူးေဆာင္)ပထမအဆင့္ စာေမးပြဲေမးခြန္းနံပါတ္ ၁တြင္ ေအာက္ပါအတိုင္းထည့္သြင္းေမးျမန္းျခင္း ျဖစ္သည္။

"ေျပာင္းလဲခ်ိန္တန္ၿပီ" ဟူေသာစကားႏွင့္အညီအမွန္တကယ္ေျပာင္းလဲခြင့္ရမည့္အခ်ိန္ကို ေမွ်ာ္လင့္လ်က္ ဘဝင္ျမင့္စိတ္ႀကီးဝင္ေနသူ သႏၱာန္၌ျဖစ္ေသာစိတ္ကို အတိအက်ေဖာ္ျပ၍၊ မေနာ၌ေပၚသည္-ဟုဆိုလွ်င္ လူတိုင္းစိတ္ဝင္စားေသာ 'မေနာဓာတ္' ၏ အဓိပၸါယ္ကိုလည္း ေျဖဆိုပါ။ ဟုျဖစ္သည္။

"ေမးခြန္းကို သာသနာေရးကမထုတ္ပါဘူး။ မဟာသံဃာ့နာယကအဖြဲ႔ကၾသ၀ါဒေပးၿပီး၊ တာ၀န္ေပးတဲ့ သံဃာေတြကပဲ ထုတ္တာပါ။ အဲဒီထဲမွာပါတဲ့စာသားေတြဘာေတြကို စိစစ္ၿပီး ျဖတ္ေတာက္တာေတြကို ကြ်န္ေတာ္တို႔မလုပ္ပါဘူး" ဟု သာသနာေရးဦးစီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးမိုးေဇာ္ေရႊက မဇၩိမကိုေျပာသည္။

အဘိဓမၼာ (ဂုဏ္ထူးေဆာင္)ပထမအဆင့္ စားေမးပြဲမ်ားသည္ သံဃာေတာ္မ်ားအတြက္ေျဖၾကားရသည့္ စားေမးပြဲမဟုတ္ဘဲ လူပုဂိၢဳလ္မ်ားကို စစ္ေဆးသည့္ စားေမးပြဲမ်ားသားျဖစ္ေၾကာင္းႏွင့္ ဒီဇင္ဘာ ၂၅ရက္တြင္ စစ္ေဆးခဲ့ၿပီးျဖစ္သည္ဟု ဒဂံုၿမိဳ႕သစ္အေရွ႕ပိုင္း အမ်ိဳးဘာသာသာသနာေစာင့္ေရွာက္ေရးအဖြဲ႔ ဥကၠ႒ ဆရာေတာ္ ဦးေနမိႏၵက မိန္႔သည္။

"ဦးဇင္းတို႔သိတာေတာ့ အဲဒီစာေမးပြဲကိုလူပုဂိၢဳလ္ေတြအတြက္ အဓိကလုပ္တာ၊ ဘုန္းႀကီးေတြအမ်ားစုမေျဖပါဘူး။ ေမးခြန္းကိုလည္း ကမၻာေအးက သာသနာေရးဦးစီးဌာနက၊ စာေမးပြဲဌာနကေနထုတ္တာ၊ သံဃာ့မဟာနာယက ကအဓိကၾသ၀ါဒေပးတဲ့ သံဃာေတြက ေမးခြန္းထုတ္ၾကတာပါပဲ၊ သာသနာေရးကေတာ့ စာရြက္စာတမ္းျပဳစု ဒီေလာက္ပဲ။" ဟု ၎ကဆက္လက္မိန္႔ၾကားသည္။

၂၀၁၅ခုႏွစ္ေရြးေကာက္ပြဲမွ တစ္ဆင့္အမွန္တစ္ကယ္ေျပာင္းလဲႏိုင္ေရးအတြက္ ေဆာင္ရြက္မည့္ အဓိပၸါယ္ႏွင့္ ဆံုးျဖတ္ခ်က္ခ်မွတ္ေဆာင္ရြက္ႏိုင္ေရးအတြက္ "ေျပာင္းလဲခ်ိန္တန္ၿပီ" ဆိုသည့္စာသားကို သတ္မွတ္ကာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔အခ်ဳပ္က မဲဆြယ္စည္းရံုးခဲ့ျခင္းသာျဖစ္သည္ဟု ပါတီဗဟိုအလုပ္အမွဴေဆာင္ ဦးညီပုက မဇၩိမကိုေျပာသည္။

"ဒီကိစၥနဲ႔ပက္သက္ၿပီးေသခ်ာလည္းမသိေသးဘူး။ လုပ္တဲ့သူေတြကပဲဘာအတြက္လုပ္တယ္ဆိုတာကို သိႏိုင္လိမ့္မယ္။ ေဒၚေအာင္ဆန္းစုၾကည္ေျပာထားသလုိ ႏိုင္ငံေရးမွာ ဘာသာေရးကို ခုတံုးလုပ္မွာမဟုတ္ဘူး။ ကြ်န္ေတာ္တို႔ကေတာ့ ႏိုင္ငံေရးအရေျပာသင့္တာ၊ ဆံုးျဖတ္သင့္တာကို ေျပာခဲ့တာပါပဲ။" ဟု ၎ကေျပာသည္။

ယင္းအျပင္ ႏိုင္ငံေရးကို ဘာသာေရးႏွင့္ ေရာယွက္၊ ခုတံုးလုပ္ျခင္းမရိွေစရဟူသည့္ ပါတီမူ၀ါဒအတိုင္း အဖြဲ႔ခ်ဳပ္က ေဆာင္ရြက္ေနသည္ဟုလည္း ဦးညီပု ကဆိုသည္။

၂၀၁၅ခုႏွစ္၊ ႏိုဝင္ဘာ ၈ရက္တြင္ က်င္းပခဲ့သည့္ အေထြေထြေရြးေကာက္ပြဲတြင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္က ၈၀ရာခိုင္ႏႈန္းေက်ာ္ အႏိုင္ရရိွထားသည့္ ပါတီတစ္ခုလည္းျဖစ္သည္။

- See more at: http://mizzimaburmese.com/article/9208#sthash.5OwOjCFA.jeZJ0zoJ.dpuf
.............................
"ပြောင်းလဲချိန်တန်ပြီ"ဟူသည်မှာ ဘဝင်မြင့်စိတ်ကြီးဝင်သူစိတ်ဟု အဘိဓမ္မာစာမေးပွဲတွင် မေးခွန်းထုတ်
သတင်း  ပြည်တွင်း
ဟိန်းကိုစိုး
Wed, 12/30/2015 - 16:24


(ဓာတ်ပုံ- Min Aung Khine facebook)

ရန်ကုန်၊ ဒီဇင်ဘာ ၃၀ ။       ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲဆွယ်စည်းရုံးခဲ့သည့် "ပြောင်းလဲချိန်တန်ပြီ" ဆိုသည့် စကားလုံးသည် ဘဝင်မြင့်စိတ်ကြီးဝင်သူစိတ်ဟုဆိုကာ အဘိဓမ္မာ(ဂုဏ်ထူးဆောင်) ပထမအဆင့် စာမေးပွဲ မေးခွန်းအတွင်း ဒီဇင်ဘာ ၂၅ရက်တွင် သာသနာရေးဦးစီးဌာနက ထည့်သွင်းမေးမြန်းခဲ့သည်။

ဒီဇင်ဘာ ၂၅ရက်နေ့၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနကပြုလုပ်သည့် အဘိဓမ္မာ (ဂုဏ်ထူးဆောင်)ပထမအဆင့် စာမေးပွဲမေးခွန်းနံပါတ် ၁တွင် အောက်ပါအတိုင်းထည့်သွင်းမေးမြန်းခြင်း ဖြစ်သည်။

"ပြောင်းလဲချိန်တန်ပြီ" ဟူသောစကားနှင့်အညီအမှန်တကယ်ပြောင်းလဲခွင့်ရမည့်အချိန်ကို မျှော်လင့်လျက် ဘဝင်မြင့်စိတ်ကြီးဝင်နေသူ သန္တာန်၌ဖြစ်သောစိတ်ကို အတိအကျဖော်ပြ၍၊ မနော၌ပေါ်သည်-ဟုဆိုလျှင် လူတိုင်းစိတ်ဝင်စားသော 'မနောဓာတ်' ၏ အဓိပ္ပါယ်ကိုလည်း ဖြေဆိုပါ။ ဟုဖြစ်သည်။

"မေးခွန်းကို သာသနာရေးကမထုတ်ပါဘူး။ မဟာသံဃာ့နာယကအဖွဲ့ကသြဝါဒပေးပြီး၊ တာဝန်ပေးတဲ့ သံဃာတွေကပဲ ထုတ်တာပါ။ အဲဒီထဲမှာပါတဲ့စာသားတွေဘာတွေကို စိစစ်ပြီး ဖြတ်တောက်တာတွေကို ကျွန်တော်တို့မလုပ်ပါဘူး" ဟု သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမိုးဇော်ရွှေက မဇ္ဈိမကိုပြောသည်။

အဘိဓမ္မာ (ဂုဏ်ထူးဆောင်)ပထမအဆင့် စားမေးပွဲများသည် သံဃာတော်များအတွက်ဖြေကြားရသည့် စားမေးပွဲမဟုတ်ဘဲ လူပုဂ္ဂိုလ်များကို စစ်ဆေးသည့် စားမေးပွဲများသားဖြစ်ကြောင်းနှင့် ဒီဇင်ဘာ ၂၅ရက်တွင် စစ်ဆေးခဲ့ပြီးဖြစ်သည်ဟု ဒဂုံမြို့သစ်အရှေ့ပိုင်း အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဦးနေမိန္ဒက မိန့်သည်။

"ဦးဇင်းတို့သိတာတော့ အဲဒီစာမေးပွဲကိုလူပုဂ္ဂိုလ်တွေအတွက် အဓိကလုပ်တာ၊ ဘုန်းကြီးတွေအများစုမဖြေပါဘူး။ မေးခွန်းကိုလည်း ကမ္ဘာအေးက သာသနာရေးဦးစီးဌာနက၊ စာမေးပွဲဌာနကနေထုတ်တာ၊ သံဃာ့မဟာနာယက ကအဓိကသြဝါဒပေးတဲ့ သံဃာတွေက မေးခွန်းထုတ်ကြတာပါပဲ၊ သာသနာရေးကတော့ စာရွက်စာတမ်းပြုစု ဒီလောက်ပဲ။" ဟု ၎င်းကဆက်လက်မိန့်ကြားသည်။

၂၀၁၅ခုနှစ်ရွေးကောက်ပွဲမှ တစ်ဆင့်အမှန်တစ်ကယ်ပြောင်းလဲနိုင်ရေးအတွက် ဆောင်ရွက်မည့် အဓိပ္ပါယ်နှင့် ဆုံးဖြတ်ချက်ချမှတ်ဆောင်ရွက်နိုင်ရေးအတွက် "ပြောင်းလဲချိန်တန်ပြီ" ဆိုသည့်စာသားကို သတ်မှတ်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့အချုပ်က မဲဆွယ်စည်းရုံးခဲ့ခြင်းသာဖြစ်သည်ဟု ပါတီဗဟိုအလုပ်အမှူဆောင် ဦးညီပုက မဇ္ဈိမကိုပြောသည်။

"ဒီကိစ္စနဲ့ပက်သက်ပြီးသေချာလည်းမသိသေးဘူး။ လုပ်တဲ့သူတွေကပဲဘာအတွက်လုပ်တယ်ဆိုတာကို သိနိုင်လိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်ပြောထားသလို နိုင်ငံရေးမှာ ဘာသာရေးကို ခုတုံးလုပ်မှာမဟုတ်ဘူး။ ကျွန်တော်တို့ကတော့ နိုင်ငံရေးအရပြောသင့်တာ၊ ဆုံးဖြတ်သင့်တာကို ပြောခဲ့တာပါပဲ။" ဟု ၎င်းကပြောသည်။

ယင်းအပြင် နိုင်ငံရေးကို ဘာသာရေးနှင့် ရောယှက်၊ ခုတုံးလုပ်ခြင်းမရှိစေရဟူသည့် ပါတီမူဝါဒအတိုင်း အဖွဲ့ချုပ်က ဆောင်ရွက်နေသည်ဟုလည်း ဦးညီပု ကဆိုသည်။

၂၀၁၅ခုနှစ်၊ နိုဝင်ဘာ ၈ရက်တွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၈၀ရာခိုင်နှုန်းကျော် အနိုင်ရရှိထားသည့် ပါတီတစ်ခုလည်းဖြစ်သည်။

- See more at: http://mizzimaburmese.com/article/9208#sthash.5OwOjCFA.jeZJ0zoJ.dpuf

No comments:

Post a Comment