Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, December 30, 2015

Miss Universe 2015 သရဖူနဲ႔ လြဲခဲ့ရတဲ့ ကုိလံဘီယာအလွမယ္ အျပာကားရုိက္ကူးေတာ့မည္

ၿပီးခဲ့တဲ့ Miss Universe 2015 ခုႏွစ္မွာ အလြဲလြဲအေခ်ာ္ေခ်ာ္မ်ားျဖင့္ သရဖူနဲ႔ လြဲခဲ့ရတဲ့ ကုိလံဘီယာ အလွမယ္ေလး Ariadna Gutierrez ကုိ မွတ္မိၾကဦးမယ္ထင္ပါတယ္။
အဆုိပါ ကိုလံဘီယာအလွမယ္ကုိ အျပာကားကုမၸဏီတခုျဖစ္တဲ့ Vivid ေဖ်ာ္ေျဖေရးကုမၸဏီကုိ တည္ေထာင္သူ Steve Hirsch က မ်က္ႏွာသစ္ အျပာဇာတ္ကားမင္းသမီးအျဖစ္ ေရြးခ်ယ္ကမ္းလွမ္းလုိက္ၿပီျဖစ္ပါတယ္။
သူ႔ရဲ႕ ကမ္းလွမ္းမႈကုိ လက္ခံလုိက္ၿပီျဖစ္တဲ့ ကုိလံဘီယာအလွမယ္ဟာလည္း အျပာရုပ္ရွင္ဇာတ္ကား သရုပ္ေဆာင္ တေယာက္ျဖစ္လာေတာ့မွာပါ။ အခုလုိ အျပာရုပ္ရွင္ဇာတ္ကားရိုက္ကူးဖုိ႔ရန္အတြက္ ကုိလံဘီယာအလွမယ္ကုိ ေဒၚလာ ၁ မီလ်ံ ေပးကာ ကမ္းလွမ္းခဲ့ျခင္းလည္းျဖစ္တယ္လုိ႔ အဆုိပါ ကုမၸဏီရဲ႕ ကမ္းလွမ္းခ်က္စာမွာ ေဖာ္ျပထားပါတယ္။
ဒါ့အျပင္ ကုိလံဘီယာအလွမယ္အေနနဲ႔ သူနဲ႔တြဲဖက္သရုပ္ေဆာင္မယ့္ အေဖာ္ကုိလည္း ကုိယ္တုိင္ စိတ္ႀကိဳက္ေရြးခ်ယ္ခြင့္ရျခင္း၊ ဇာတ္ကားအမ်ိဳးအစားကုိလည္း ေရြးခ်ယ္ခြင့္ရျခင္းတုိ႔အျပင္ ေနာက္ထပ္ ေျမာက္မ်ားစြာေသာ ဇာတ္ကားေတြ ထပ္မံရုိက္ကူးခ်င္တယ္ဆုိလွ်င္လည္း ရုိက္ကူးခြင့္ စတဲ့ အခြင့္အေရးေတြကုိပါ ရရွိမွာျဖစ္ပါတယ္။
“ဒီ ကုမၸဏီနဲ႔ လက္တြဲလုပ္ေဆာင္ရမွာ ၀မ္းသာပါတယ္။ အခုလုိ အျပာဇာတ္ကားေတြ ထုတ္လုပ္ရုိက္ကူးမႈဟာ က်မ ေလွ်ာက္လွမ္းရမယ့္ အႏုပညာလမ္းေၾကာင္းအတြက္ အထူးအခြင့္အေရးတရပ္ပါပဲ” လုိ႔ အျပာဇာတ္ကား ရုိက္ကူးဖုိ႔ရန္ Vivid ေဖ်ာ္ေျဖေရးကုမၸဏီရဲ႕ ကမ္းလွမ္းျခင္းကုိ ခံရၿပီးေနာက္ စာနယ္ဇင္းရွင္းလင္းပြဲမွာ ကုိလံဘီယာ အလွမယ္က အခုလုိ ေျပာၾကားသြားခဲ့တာပါ။
Vivid ေဖ်ာ္ေျဖေရး ကုမၸဏီ နဲ႔ ကုိလံဘီယာသူ အလွမယ္တုိ႔ ပထမဆုံးစတင္ရုိက္ကူးေနတဲ့ အဆုိပါ အျပာဇာတ္ကားရဲ႕ အမည္ကုိ “မိန္းကေလးႏွစ္ေယာက္နဲ႔ သရဖူတခု”လုိ႔ အမည္ေပးထားပါတယ္။
ကုိလံဘီယာ အလွမယ္ Ariadna Gutierrez (photo – latintimes.com)
ဧရာ၀တီ
..............
Miss Universe 2015 သရဖူနဲ့ လွဲခဲ့ရတဲ့ ကိုလံဘီယာအလှမယ် အပြာကားရိုက်ကူးတော့မည်
ပြီးခဲ့တဲ့ Miss Universe 2015 ခုနှစ်မှာ အလွဲလွဲအချော်ချော်များဖြင့် သရဖူနဲ့ လွဲခဲ့ရတဲ့ ကိုလံဘီယာ အလှမယ်လေး Ariadna Gutierrez ကို မှတ်မိကြဦးမယ်ထင်ပါတယ်။
အဆိုပါ ကိုလံဘီယာအလှမယ်ကို အပြာကားကုမ္ပဏီတခုဖြစ်တဲ့ Vivid ဖျော်ဖြေရေးကုမ္ပဏီကို တည်ထောင်သူ Steve Hirsch က မျက်နှာသစ် အပြာဇာတ်ကားမင်းသမီးအဖြစ် ရွေးချယ်ကမ်းလှမ်းလိုက်ပြီဖြစ်ပါတယ်။
သူ့ရဲ့ ကမ်းလှမ်းမှုကို လက်ခံလိုက်ပြီဖြစ်တဲ့ ကိုလံဘီယာအလှမယ်ဟာလည်း အပြာရုပ်ရှင်ဇာတ်ကား သရုပ်ဆောင် တယောက်ဖြစ်လာတော့မှာပါ။ အခုလို အပြာရုပ်ရှင်ဇာတ်ကားရိုက်ကူးဖို့ရန်အတွက် ကိုလံဘီယာအလှမယ်ကို ဒေါ်လာ ၁ မီလျံ ပေးကာ ကမ်းလှမ်းခဲ့ခြင်းလည်းဖြစ်တယ်လို့ အဆိုပါ ကုမ္ပဏီရဲ့ ကမ်းလှမ်းချက်စာမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ကိုလံဘီယာအလှမယ်အနေနဲ့ သူနဲ့တွဲဖက်သရုပ်ဆောင်မယ့် အဖော်ကိုလည်း ကိုယ်တိုင် စိတ်ကြိုက်ရွေးချယ်ခွင့်ရခြင်း၊ ဇာတ်ကားအမျိုးအစားကိုလည်း ရွေးချယ်ခွင့်ရခြင်းတို့အပြင် နောက်ထပ် မြောက်များစွာသော ဇာတ်ကားတွေ ထပ်မံရိုက်ကူးချင်တယ်ဆိုလျှင်လည်း ရိုက်ကူးခွင့် စတဲ့ အခွင့်အရေးတွေကိုပါ ရရှိမှာဖြစ်ပါတယ်။
“ဒီ ကုမ္ပဏီနဲ့ လက်တွဲလုပ်ဆောင်ရမှာ ၀မ်းသာပါတယ်။ အခုလို အပြာဇာတ်ကားတွေ ထုတ်လုပ်ရိုက်ကူးမှုဟာ ကျမ လျှောက်လှမ်းရမယ့် အနုပညာလမ်းကြောင်းအတွက် အထူးအခွင့်အရေးတရပ်ပါပဲ” လို့ အပြာဇာတ်ကား ရိုက်ကူးဖို့ရန် Vivid ဖျော်ဖြေရေးကုမ္ပဏီရဲ့ ကမ်းလှမ်းခြင်းကို ခံရပြီးနောက် စာနယ်ဇင်းရှင်းလင်းပွဲမှာ ကိုလံဘီယာ အလှမယ်က အခုလို ပြောကြားသွားခဲ့တာပါ။
Vivid ဖျော်ဖြေရေး ကုမ္ပဏီ နဲ့ ကိုလံဘီယာသူ အလှမယ်တို့ ပထမဆုံးစတင်ရိုက်ကူးနေတဲ့ အဆိုပါ အပြာဇာတ်ကားရဲ့ အမည်ကို “မိန်းကလေးနှစ်ယောက်နဲ့ သရဖူတခု”လို့ အမည်ပေးထားပါတယ်။
ကိုလံဘီယာ အလှမယ် Ariadna Gutierrez (photo – latintimes.com)
ဧရာဝတီ

No comments:

Post a Comment