Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 27, 2015

ဒေါ်အောင်ဆန်းစုကြည်မှ သေဒဏ်ချခံရသော မြန်မာလုပ်သား နှစ်ဦးအတွက် တရားဥပဒေအရ လုပ်သင့်လုပ်ထိုက်သည်များ ဆောင်ရွက်ပေးမည်ဟုဆို


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ ထိုင်းနိုင်ငံလူသတ်မှုနှင့် ပတ်သက်ပြီး မြန်မာလုပ်သားနှစ်ဦးကို သေဒဏ်ချခံရမှုအတွက် တရားဥပဒေအရ လုပ်သင့်လုပ်ထိုက်သည်များ ဆောင်ရွက်ပေးမည်ဟု ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က ပြောကြားသည်။

ယင်း လိပ်ကျွန်း လူသတ်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံသားနှစ်ဦး သေဒဏ်ချမှတ်ခံခဲ့ရခြင်း အပေါ် သံဃာတော်များနှင့် ပြည်သူများက ရန်ကုန်မြို့တွင် လေးရက်တိုင်တိုင် ဆန္ဒထုတ်ဖော်ခဲ့ပြီး အခြားမြို့ကြီးများတွင်လည်း ဆန္ဒထုတ်ဖော်မှုကို ရက်ဆက် ပြုလုပ်လာကြာသည်။

ထိုင်းနိုင်ငံ လိပ်ကျွန်း၌ ဗြိတိန် နိုင်ငံသား ဒေးဗစ်မီလာ( David Miller) ၂၄နှစ်နှင့် ဟန်နာဝစ်သာ ရစ်ခ်ျ (Hannah Witheridge) ၂၃ နှစ်တို့သည် ၂၀၁၄ စက်တင်ဘာ ၁၄ ရက် ညဥ့်သန်း ခေါင်တွင် အသတ် ခံခဲ့ရခြင်း ဖြစ်ပြီး မြန်မာ လုပ်သား နှစ်ဦးဖြစ်သော ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ကို လူသတ်မှု ကျူးလွန်သည်ဟု ထိုင်းရဲတပ်ဖွဲ့က စွပ်စွဲ ဖမ်းဆီးထားကာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက် ထိုင်းတရားရုံး တစ်ရုံးက သေဒဏ် ချမှတ်ခဲ့သည်။

(Xinhua)
.....................
 လိပ်ကျွန်းလူသတ်မှုအတွက် ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့တွင် ဆန္ဒထုတ်ဖော်နေကြစဉ်(ဓာတ်ပုံ-KMW)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ ထိုင်းနိုင်ငံလူသတ်မှုနှင့် ပတ်သက်ပြီး မြန်မာလုပ်သားနှစ်ဦးကို သေဒဏ်ချခံရမှုအတွက် တရားဥပဒေအရ လုပ်သင့်လုပ်ထိုက်သည်များ ဆောင်ရွက်ပေးမည်ဟု ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိ်န်က ပြောကြားသည်။
အဆိုပါ သေဒဏ်ချခံရသော မြန်မာ လုပ်သားနှစ်ဦးအတွက် ယနေ့ ဒေါ်အောင်ဆန်းစုကြည်ခြံရှေ့တွင် လူ၁၀၀ခန့် ဆန္ဒလာရောက်ထုတ်ဖော်ခဲ့ပြီး ယင်းအရေးအတွက် ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေအတိုင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆန္ဒလာရောက် ထုတ်ဖော်ပြောကြားသူများကို ဦးဝင်းထိန်က ကိုယ်စား ထွက်ပြောခြင်းဖြစ်သည်။

ယင်း လိပ်ကျွန်း လူသတ်မှုနှင့် ပတ်သက််၍ မြန်မာနိုင်ငံသားနှစ်ဦး သေဒဏ်ချမှတ်ခံခဲ့ရခြင်း အပေါ် သံဃာတော်များနှင့် ပြည်သူများက ရန်ကုန်မြို့တွင် လေးရက်တိုင်တိုင် ဆန္ဒထုတ်ဖော်ခဲ့ပြီး အခြားမြို့ကြီးများတွင်လည်း ဆန္ဒထုတ်ဖော်မှုကို ရက်ဆက် ပြုလုပ်လာကြာသည်။

ထိုင်းနိုင်ငံ လိပ်ကျွန်း၌ ဗြိတိန် နိုင်ငံသား ဒေးဗစ်မီလာ( David Miller) ၂၄နှစ်နှင့် ဟန်နာဝစ်သာ ရစ်ချ် (Hannah Witheridge) ၂၃ နှစ်တို့သည် ၂၀၁၄ စက်တင်ဘာ ၁၄ ရက် ညဉ့်သန်း ခေါင်တွင် အသတ် ခံခဲ့ရခြင်း ဖြစ်ပြီး မြန်မာ လုပ်သား နှစ်ဦးဖြစ်သော ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ကို လူသတ်မှု ကျူးလွန်သည်ဟု ထိုင်းရဲတပ်ဖွဲ့က စွပ်စွဲ ဖမ်းဆီးထားကာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက် ထိုင်းတရားရုံး တစ်ရုံးက သေဒဏ် ချမှတ်ခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com/myanmar

No comments:

Post a Comment