Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, December 27, 2015

ေသမယ္ဆိုတာ ၾကိဳသိတဲ့အခါ


မ်က္ႏွာအလွျပဳျပင္ခြဲစိတ္ကုဆရာ၀န္ ေဒါက္တာ ရစ္ခ်တ္ဟာ အသက္ ၄၀အရြယ္၊ သန္းၾကြယ္သူေဌး တဦးျဖစ္ပါတယ္။ သူဟာ ေနာက္ဆံုးအဆင့္ အဆုတ္ကင္ဆာျဖစ္ပြားေနေၾကာင္း သိရျပီးေနာက္ သူ႔ရဲ့ဘ၀အေၾကာင္းကို ၁၉.၀၁.၁၂ ေန႔မွာ သြားေဆးတကၠသိုလ္ ပထမႏွစ္ေက်ာင္းသားမ်ားေရွ႔မွာ ကိုယ္က်ဳိးမငွဲ႔ပဲ လူအမ်ားအတြက္ ေတြ႔ဆံုေျပာျပခဲ့ပါတယ္။

မဂၤလာ နံနက္ခင္းပါ။ ကြ်န္ေတာ့္အသံက နဲနဲၾသေနေတာ့ သည္းခံေပးပါခင္ဗ်ာ။ ကြ်န္ေတာ္ကေတာ့ ရစ္ခ်တ္ပါ။ ဆရာ၀န္ပါ။ ကြ်န္ေတာ့္ဘ၀အေၾကာင္း နဲနဲေ၀မွ်ခ်င္ပါတယ္။ ပါေမာကၡက ကြ်န္ေတာ့္ကို ဖိတ္လို႔လာရတာ ၀မ္းသာပါတယ္။ ခင္ဗ်ားတို႔သင္ၾကားေနတဲ့ သြားေဆးကုသေရးဆိုင္ရာမ်ားအျပင္ တျခားအရာေတြရွိေသးတယ္ဆိုတာ ေတြးမိတယ္ဆိုရင္ျဖင့္ ေျပာျပရက်ဳိးနပ္ပါတယ္ခင္ဗ်ာ။

ငယ္ငယ္ကတည္းက ကြ်န္ေတာ္က ဒီေန႔လူ႔အဖြဲ႔အစည္းရဲ့ ထုတ္ကုန္ပစၥည္းစစ္စစ္ပါ။ အထိုက္အေလ်ာက္ေအာင္ျမင္တဲ့ ထုတ္ကုန္ေပါ့ခင္ဗ်ာ။ ငယ္ငယ္တုန္းကေတာ့ ဆင္းရဲတယ္ခင္ဗ်။ မီဒီယာေတြနဲ႔ ပတ္၀န္းက်င္ကလူေတြက ေျပာၾကတာကေတာ့ ေပ်ာ္ရႊင္မွဳဆိုတာ ေအာင္ျမင္မွဳပဲတဲ့။ အဲဒီေအာင္ျမင္မွဳဆိုတာလည္း ခ်မ္းသာမွဳပဲတဲ့ခင္ဗ်။ ဒီလို အေတြးအေခၚမ်ဳိးနဲ႔ ကြ်န္ေတာ္ဟာ ငယ္ငယ္ကတည္းက အင္မတန္ျပိဳင္ဆိုင္လိုစိတ္ မ်ားခဲ့တာကလား။

ကြ်န္ေတာ္ဟာ ေက်ာင္းမွာထိပ္ဆံုးျဖစ္ရုံသာမကေသးဘူး နယ္ပယ္အားလံုးမွာကို ေအာင္ျမင္ဖို႔လိုေသးတာ။ ၀တ္စံုဆင္တူ၀တ္တဲ့အဖြဲ႔ေတြ၊ ေျပးပြဲျပိဳင္ပြဲေတြ ေနရာတိုင္းမွာ ေအာင္ျမင္ဖို႔လိုတယ္ေလ။ အေရာင္မ်ဳိးစံုနဲ႔ ဆုတံဆိပ္မ်ဳိးစံု၊ ႏိုင္ငံေတာ္ကေပးတဲ့တံဆိပ္ေတြ အားလံုးလိုခ်င္တာေပါ့။ ဒါေၾကာင့္လည္း ငယ္ငယ္ကတည္းက အျပင္းအထန္ျပိဳင္တတ္ခဲ့တာ။ ေဆးေက်ာင္းတက္ျပီး ဆရာ၀န္ျဖစ္လာတယ္။ ခင္ဗ်ားတို႔သိတဲ့အတိုင္းပဲ မ်က္စိအထူးကုျဖစ္ဖို႔က လူၾကိတ္ၾကိတ္တိုးေနေတာ့ အဲဒါျဖစ္ေအာင္လုပ္ခဲ့တယ္။ ကြ်န္ေတာ္က မ်က္စိကုသေရးမွာ သင္တန္းတက္ခြင့္ရတယ္။ ေလဆာနဲ႔ မ်က္စိကုဖို႔ သုေတသန ပညာသင္ဆုကိုလည္း National University of Singapore ကေပးတယ္ေလ။

ပစၥည္းသစ္ထြင္ဖို႔၊ သုေတသနလုပ္ဖို႔ အခြင့္အေရးေတြလည္းရ၊ ေဆးကုသေရးပစၥည္းေတြလည္းကိုင္ရ၊ ေလဆာေတြလည္းကိုင္ရပါတယ္။ ခင္ဗ်ားတို႔သိတဲ့အတုိင္းပဲ ဒါေတြက ပညာရပ္ပိုင္းဆိုင္ရာေအာင္ျမင္မွဳေတြခ်ည္းပဲဗ်။ ခ်မ္းသာမွဳ မဟုတ္ေသးဘူး။ ဒါနဲ႔ က်န္းမာေရး၀န္ၾကီးဌာနနဲ႔ စာခ်ဳပ္ျပည့္သြားေတာ့ မ်က္စိကုသေရးသင္တန္းဟာ သိပ္ၾကာလြန္းတယ္လို႔ ဆံုးျဖတ္လိုက္တယ္။ ျပီးေတာ့ ပုဂၢလိကေဆးခန္းမွာ ၀င္ေငြေကာင္းတယ္ေလဗ်ာ။ ခင္ဗ်ားတို႔ သတိထားမိမယ္ဆိုရင္ေတာ့ အလွအပအတြက္ခြဲစိတ္ကုပညာဟာ လြန္ခဲ့တဲ့ႏွစ္ေတြအတြင္းမွာ ေခတ္စားလာတာေပါ့။ ပိုက္ဆံေတြအမ်ားၾကီးကိုရတာေလ။ ဒါနဲ႔ကြ်န္ေတာ္လည္း ေက်ာင္းတက္တာေတာ္ေလာက္ျပီလို႔ ဆံုးျဖတ္လိုက္တယ္။ ေက်ာင္းတ၀က္နဲ႔ ထြက္လိုက္တယ္။ ကြ်န္ေတာ့္ကိုယ္ပိုင္ အလွျပဳျပင္ေရး ေဆးခန္းနဲ႔ ခြဲစိတ္ကုေဆးခန္းဖြင့္တယ္ဗ်။

သိၾကတဲ့အတိုင္း အေထြေထြကုဆရာ၀န္ေတြ၊ မိသားစုဆရာ၀န္ေတြကို လူူေတြကသိပ္အထင္မၾကီးဘူးေလ။ လူေတြက ခ်မ္းသာတာ၊ ေက်ာ္ၾကားတာကိုမွ အထင္ၾကီးတာကလား။ ရုိးရုိးဆရာ၀န္ကို ေဒၚလာ၂၀ မေပးခ်င္ေပမယ့္ အဆီေတြကိုေလ်ာ့သြားေအာင္ခြဲစိတ္ေပးတဲ့ဆရာ၀န္ကိုေတာ့ ေဒၚလာတေသာင္းေပးဖို႔ ၀န္မေလးဘူးေလ။ ရင္သားအလွခြဲစိတ္ျပဳျပင္ဖို႔ ေဒၚလာတေသာင္းခြဲေပးတယ္။ ဘာလို႔အေထြေထြကုဆရာ၀န္လုပ္ေနမလဲဗ်။ ဒါနဲ႔ပဲ အလွအပျပဳျပင္ေရး ခြဲစိတ္ကုဆရာ၀န္ ျဖစ္လာတာေပါ့။ ေနမေကာင္းျပီး ေရာဂါျဖစ္ေနတဲ့လူေတြကို ကုဖို႔ထက္ ကြ်န္ေတာ္ဟာ နာမည္ၾကီးအလွဖန္တီးရွင္ျဖစ္လာတာေပါ့။

အလုပ္ကေတာ့ ျဖစ္သလားမေမးနဲ႔။ ပထမေတာ့ လူနာေတြက တပတ္ေစာင့္ရတယ္။ ေနာက္ေတာ့ ၃ ပတ္၊ ေနာက္ တလ၊ ႏွစ္လ၊ ၃ လအထိေတာင္ေစာင့္တယ္ဗ်ဳိ႔။ ကြ်န္ေတာ္ကေတာ့ လူနာမ်ားလြန္းေတာ့ စိတ္ညစ္ေရာ။ အေတာ္ဘ၀င္ျမင့္စရာ ေကာင္းတဲ့အလုပ္ဗ်။ ကြ်န္ေတာ္မႏိုင္လြန္းလို႔ ဆရာ၀န္ ၄ ေယာက္ေတာင္ ထပ္ငွားရတယ္။ တႏွစ္အတြင္းမွာကို သန္းနဲ႔ခ်ီရတာဗ်။ တႏွစ္ထဲေနာ္။ ဒါလည္း ေတာ္ေလာက္ျပီလို႔ မထင္ဘူးဗ်။ စြဲေနျပီကိုး။ ဒါနဲ႔ အင္ဒိုနီးရွားမွာ ေဆးခန္းထပ္ဖြင့္ျပီး အင္ဒိုနီးရွားလူခ်မ္းသာေတြဆီက ေငြရွာတာေပါ့။ ဘ၀ဟာ ေပ်ာ္စရာသိပ္ေကာင္းဗ်ာ။

ပိုတဲ့ပိုက္ဆံေတြဘာလုပ္တယ္ထင္တုန္း။ စေန၊ တနဂၤေႏြအားရင္ ဘာလုပ္လဲသိလား။ ကြ်န္ေတာ္က ကားကလပ္မွာ အဖြဲ႔၀င္ဗ်။ အပို၀င္ေငြနဲ႔၀ယ္ထားတဲ့ ထရပ္ကားကိုထုတ္၊ ခ်ိန္းထားတဲ့ဆီကိုသြား၊ မေလးရွားထိေအာင္ ကားေမာင္းျပဳိင္ၾကတာဗ်ဳိ႔။ ဒါဟာကြ်န္ေတာ့္ ဘ၀ပါပဲ။ ေနာက္ထပ္ ဖာရာရီျပိဳင္ကားတစီး၀ယ္ထားေသးတယ္။ အဲဒီတုန္းက ေမာ္ဒယ္ ၄၅၈ မထြက္ေသးလို႔ ပင့္ကူတံဆိပ္ ၄၃၀ ေပါ့ဗ်ာ။ ကြ်န္ေတာ့္သူငယ္ခ်င္းဘဏ္သူေဌးကားက အနီေရာင္၊ ကြ်န္ေတာ့္ကားက ေငြေရာင္ဗ်။

ကားေတြရျပီးသြားေတာ့ဘာျဖစ္လဲ။ အိမ္၀ယ္တာေပါ့ဗ်။ ကိုယ္ပိုင္ဘန္ဂလိုေတြေဆာက္ဖို႔ ေျမလိုက္ရွာတယ္။ ပိုက္စစ္တိုက္ရွာရတာဗ်။ ကဲ ကြ်န္ေတာ္ဘယ္လိုေနခဲ့လဲ။ ခ်မ္းသာမွဳနဲ႔ ေက်ာ္ၾကားမွဳၾကားမွာ ေနခဲ့တာပဲ။ မယ္စၾကာ၀ဠာ နဲ႔ေတာင္တြဲခဲ့ေသးတယ္။ လွေပ့ ေခ်ာေပ့ ခ်မ္းသာေပ့ ေက်ာ္ၾကားေပ့ဆိုတဲ့ သူငယ္မေတြနဲ႔ေပါ့ဗ်ာ။ စားေသာက္ဆိုင္ေတြသြား၊ Michelin စားဖိုမွဳးေတြခ်က္ေၾကြးတာကိုစား၊ ေပ်ာ္စရာေပါ့ဗ်ာ။

လိုခ်င္တာေတြအကုန္လံုးျပည္စံုတဲ့ အခ်ိန္ကိုေရာက္လာတာေပါ့။ ကိုယ့္လက္ထဲမွာ အားလံုးရွိေနျပီေလ။ လြန္ခဲ့တဲ့တႏွစ္ေလာက္က အားကစားလုပ္ရင္းနဲ႔ ေတြးမိတာက ကြ်န္ေတာ့္ဘ၀ကို ကြ်န္ေတာ္ေကာင္းေကာင္းတည္ေဆာက္ႏိုင္ျပီလို႔ ထင္ခဲ့တာ။ ထိပ္ဆံုးက ကြ်န္ေတာ္ေပါ့ဗ်ာ။

အင္း – ကြ်န္ေတာ္မွားသြားတာေပါ့ေလ။ အားလံုးကြ်န္ေတာ့္လက္ထဲမွာမွ မဟုတ္တာပဲ။ မႏွစ္က မတ္လတုန္းက ခါးနာလာတယ္ဗ်။ ထိုင္ထလုပ္တာမ်ားလို႔ နာတယ္ထင္ေနတာ။ ဒါနဲ႔ စကၤာပူေဆးရုံၾကီး ကိုသြားတယ္၊ ကြ်န္ေတာ့္အတန္းေဖာ္သူငယ္ခ်င္းက MRI ရုုိက္ေပးတယ္။ ဘာျဖစ္သလဲရွာဖို႔ေပါ့။ ညေနလည္းက်ေရာ သူကကြ်န္ေတာ့္ကို ေခၚေရာ။ သူက ကြ်န္ေတာ့္ခါးရုိးထဲမွာ ကင္ဆာေရာက္ေနတယ္တဲ့။ ကြ်န္ေတာ္မယံုဘူးဗ်။ လက္မခံႏိုင္ဘူး။ တကယ္ေျပာတာလားလို႔ ျပန္ေမးေနေသးတယ္။ အားကစားရုံမွာ ေျပးလို႔ေကာင္းတုန္းရွိေနေသးတာကိုး။ ေနာက္ေန႔က်ေတာ့ PET scan ထပ္ရုိက္တယ္။ အဆင့္၄ ( ေနာက္ဆံုးအဆင့္ ) အဆုပ္ကင္ဆာတဲ့ဗ်ာ။ ဘယ္လိုက ဘယ္လိုမ်ားေရာက္လာတာလဲလို႔ အံ့ၾသေနမိတာ။ ဦးေဏွာက္၊ ခါးရုိး၊ အသည္း၊ ေက်ာက္ကပ္အေပၚပိုင္းအထိေတာင္ပ်႔ံေနတာတဲ့။ ကြ်န္ေတာ္က အားလံုးပိုင္ဆိုင္ေနျပီလို႔ ထင္တဲ့အခ်ိန္က်မွ အားလံုးဆံုးရွဴံးရေတာ့တာပဲဗ်။

CT scan မွာၾကည့္လိုက္၊ အဆုပ္ေပၚက အစက္အားလံုးဟာ ကင္ဆာဗ်။ ဒါကို Miliaries turmor လို႔ေခၚသဗ်။ တကယ္ေတာ့ ကြ်န္ေတာ့္အဆုပ္ထဲမွာ ေသာင္းနဲ႔ခ်ီျပီးရွိေနျပီ။ ဒါေၾကာင့္ Chemo ေဆးေတြေပးရင္ေတာင္မွ ၃-၄ လပဲခံေတာ့မွာတဲ့။ ကြ်န္ေတာ့္ဘ၀ပ်က္မသြားဘူးလား။ မပ်က္ပဲဘယ္ခံႏိုင္ပါ့မလဲဗ်ာ။ စိတ္ဓါတ္က်တယ္၊ အၾကီးအက်ယ္စိတ္ဓါတ္က်တယ္၊ ကြ်န္ေတာ့္မွာအားလံုးရွိတယ္လို႔ထင္ခဲ့မိတာ။

ကဲ သံမဏိၾကီးလို ေအာင္ျမင္မွဳေတြနဲ႔။ အိမ္ရွိတယ္၊ ကားရွိတယ္၊ အလုပ္ေကာင္းေကာင္းရွိတယ္၊ ဒါေတြနဲ႔ ေပ်ာ္ရႊင္မွဳကို ၀ယ္ခဲ့တာ။ အခုေတာ့ ဆိုးဆိုးရြားရြားစိတ္ဓါတ္က်ေနရျပီ။ အခုေတာ့ ကြ်န္ေတာ္ပိုင္တာေတြကလည္း ကြ်န္ေတာ္ေပ်ာ္ေအာင္လုပ္မေပးႏိုင္ေတာ့ဘူးေလ။ ဖာရီရာကားကို ကြ်န္ေတာ္ဖက္ထားရင္းအိပ္လို႔ရမလား။ ဘယ္ရမလဲဗ်။ လြန္ခဲ့တဲ့ ၁၀ လအတြင္းမွာ ကြ်န္ေတာ္က အဲဒီဟာေတြအသံုးက်မယ္ထင္ေနတာ။ တကယ္ေတာ့ ကြ်န္ေတာ္ရခဲ့တာ ေပ်ာ္ရႊင္မွဳအစစ္မွ မဟုတ္တာပဲကိုး။ တကယ္တမ္း ျပီးခဲ့တဲ့ ၁၀ လအတြင္းမွာ ကြ်န္ေတာ့္ကို ေပ်ာ္ရႊင္ေစခဲ့တာက ခ်စ္တဲ့ခင္တဲ့သူေတြ၊ သူငယ္ခ်င္းေတြ၊ ကြ်န္ေတာ့္ကိုဂရုစိုက္တဲ့လူေတြနဲ႔ အျပန္အလွန္နားလည္ျပီး ဆက္ဆံရတာမွ ေပ်ာ္စရာဗ်။ သူတို႔က ကြ်န္ေတာ္နဲ႔အတူ ငိုတယ္၊ ကြ်န္ေတာ္နဲ႔အတူ ရယ္တယ္၊ ကြ်န္ေတာ္နာက်င္ခံစားရသလို သူတို႔လဲလိုက္ျပီးခံစားနားလည္ေပးတယ္ေလ။ ဒါက ကြ်န္ေတာ့္ကို ၀မ္းသာပီတိျဖစ္ေစတယ္။ ပိုင္ဆိုင္မွဳေတြက ဒီလိုမေပးႏိုင္ပါဘူးဗ်ာ။ ဒီပစၥည္းေတြကသာ လုပ္ေပးႏိုင္မယ္ဆိုရင္ ကြ်န္ေတာ္စိတ္ဓါတ္က်ေနတုန္းက သူတို႔အေၾကာင္းစဥ္းစားလိုက္ရင္ ေပ်ာ္လာဖို႔ေကာင္းတာေပါ့။

တရုတ္ႏွစ္သစ္ကူးကို ေရာက္ေတာ့မယ္ေနာ္။ အရင္တုန္းက ကြ်န္ေတာ္ဘာလုပ္လဲ။ ကြ်န္ေတာ့္ကားအသစ္ကို တပတ္ျပီး တပတ္ေမာင္း၊ ေဆြမ်ဳိးေတြဆီသြားလည္၊ ကြ်န္ေတာ့္သူငယ္ခ်င္းေတြကို ၾကြား။ ဒါေပ်ာ္စရာလို႔ထင္ခဲ့မိတာ။ ေငြေရးေၾကးေရးသိပ္မေျပလည္တဲ့ ေဆြမ်ဳိးေတြနဲ႔ သူငယ္ခ်င္းေတြက ကြ်န္ေတာ္ေပ်ာ္သလိုလိုက္ေပ်ာ္မယ္ထင္လား။ ဒီလိုကားသစ္ၾကီးေမာင္းျပီး ၾကြားေနတာကို ကူေပ်ာ္ေပးမလား။ ဘယ္ေပ်ာ္မလဲဗ်။သူတို႔၀င္ေငြနဲ႔သူတို႔ မနည္းေလာက္ေအာင္သံုးျပီး မီးရထားစီးေနရတဲ့ဟာ။ ကြ်န္ေတာ္ထင္တာေတာ့ ကြ်န္ေတာ့္ကိုအားက်တာရယ္ မနာလိုျဖစ္တာရယ္ပဲရွိမွာ။ တခါတေလေတာ့ မုန္းေတာင္မုန္းဦးမယ္။

ဒါေတြက ကြ်န္ေတာ္တို႔ထင္ထားတဲ့ အားက်မွဳမ်ဳိးပါ။ ပိုင္ဆိုင္မွဳကို ၾကြားတယ္ဆိုတာ ကြ်န္ေတာ့္မာနနဲ႔ အတၱကို ျဖည့္ဆည္းတာပါပဲ။ ကြ်န္ေတာ့္မွာ ထူးဆန္းတဲ့သူငယ္ခ်င္းတေယာက္ရွိတယ္ဗ်။ သူ႔နာမည္က ဂ်နီဖာတဲ့။ သူငယ္ခ်င္းပါဗ်ာ။ လမ္းအတူေလွ်ာက္သြားလို႔ ခရုတေကာင္ေတြ႔ရင္ သူကေကာက္ျပီးေတာ့ ျမက္ခင္းထဲကိုခ်ေပးတယ္ဗ်။ ဘာလို႔ဒီလိုလုပ္တာလဲလို႔ ေတြးေနတာ။ တက္နင္းလိုက္လို႔ ေသသြားမွာ သူကစိုးရိမ္ေနတာ။ ကြ်န္ေတာ့္အတြက္ေတာ့ ခရုက ခရုပဲေလ။ လူေတြလဲဒီလိုပဲ။ လမ္းေၾကာင္းေပၚကေနထြက္မသြားႏိုင္ရင္ နင္းခံရမွာပဲေလ။ ဒါကပဲ ျဖစ္ရုိးျဖစ္စဥ္ဟုတ္ဘူးလား။ အသဲေတာ္ေတာ္မာတာေနာ္။

ဆရာ၀န္တေယာက္အေနနဲ႔ သနားၾကင္နာဖို႔၊ ကိုယ္ခ်င္းစာတတ္ဖို႔ သင္ခဲ့ရသားပဲ။ ဒါေပမယ့္ ကြ်န္ေတာ္မတတ္ခဲ့ပါဘူး။ အလုပ္သင္ဆရာ၀န္ဘ၀တုန္းက National University Hospital က ကင္ဆာဌာနမွာလုပ္ရတယ္ေလ။ ေန႔တုိင္းေန႔တုိင္း ကင္ဆာေရာဂါနဲ႔ ေသတာေတြေတြ႔ေနရပါေရာ။ သူတို႔ဘယ္လိုခံစားရတယ္၊ ဘယ္လိုနာက်င္ဒဏ္ခံရတယ္ ေန႔တုိင္းေတြ႔ေနတာပဲ။ ေအာက္စီဂ်င္ကို ခဲခဲယဥ္းယဥ္း ေနာက္ဆံုးထြက္သက္အထိရွဴေနရတာ။ ဒါဟာ ကြ်န္ေတာ့္အတြက္ေတာ့ အလုပ္တခုသာပါပဲ။ ေန႔တုိင္း ေဆးရုံကိုသြား၊ ေသြးေဖာက္၊ ေဆးေပး လုပ္ေနေပမယ့္ ဒီလူနာေတြကို အစစ္လို႔မထင္ပါဘူး။ ဒါဟာအလုပ္ပဲ။ ကြ်န္ေတာ့္အလုပ္ ကြ်န္ေတာ္လုပ္၊ ျပီးရင္အိမ္ျပန္၊ ဒါပဲ။

ဒီလိုနာက်င္ခံစားတာေတြက အစစ္လား။ မဟုတ္ေပါင္။ ေဆးပညာအေခၚအေ၀ၚအားလံုး ကြ်န္ေတာ္ သိသားပဲ။ တကယ္ေတာ့ ကြ်န္ေတာ္လူနာမျဖစ္မခ်င္း ဒါေတြကိုမသိခဲ့ပါဘူး။ အခုေတာ့ ကြ်န္ေတာ္တကယ္သိလာျပီေလ။ အခုေနမ်ား ခင္ဗ်ားတို႔က ကြ်န္ေတာ္ကို အသစ္ကျပန္စခြင့္ရွိေသးရင္ အခ်ဳိးေျပာင္းမလားလို႔ေမးလာရင္ ေျပာင္းမယ္လို႔ ျပန္ေျဖမွာပဲ။ ဘာလို႔လဲဆိုေတာ့ အခုမွပဲ လူနာေတြ ဘယ္လိုခံစားရတယ္ဆိုတာကို နားလည္လာတာကိုး။ တခါတေလေတာ့ ဒီလိုပဲ ခဲရာခဲဆစ္ သင္ယူရတာမ်ဳိးရွိပါတယ္။

အခုခင္ဗ်ားတို႔က ပထမႏွစ္ပဲရွိေသးတာ ဆိုေတာ့ ဒီလမ္းၾကီးကို ျဖတ္ရဦးမွာပါပဲ။ ခင္ဗ်ားတို႔ကို အခ်က္ ၂ ခ်က္ သတိေပးစရာရွိတယ္။

ခင္ဗ်ားတို႔အားလံုးက ပုဂၢလိကေဆးခန္းပဲလုပ္ၾကရမွာပဲ။ ျပီးရင္ ခင္ဗ်ားတို႔ခ်မ္းသာလာၾကမယ္ဆိုတာ အာမခံတယ္။ သြားစိုက္တာေလးတင္ အမ်ားၾကီးပိုက္ဆံရတာမို႔လား။ တကယ္ေတာ့ ေအာင္ျမင္တယ္၊ ခ်မ္းသာတယ္၊ ဆိုတာေတြက မွားေနတာမဟုတ္ပါဘူး။ တကယ့္ျပသနာက ကြ်န္ေတာ္တို႔အမ်ားစုက ဒီဒဏ္ေတြကို မခံႏိုင္တာ။

ဒါကိုကြ်န္ေတာ္ဘာလို႔ေျပာႏိုင္လဲဆိုေတာ့ ျပန္စဥ္းစားၾကည့္တဲ့အခါမွာ ရေလလိုေလျဖစ္ေနတယ္ဆိုတာေတြ႔လာတယ္ေလ။ ပိုပိုျပီးလိုခ်င္လာေတာ့ မရရင္ မေနႏိုင္ျဖစ္ေရာ။ ေျပာခဲ့ျပီးတဲ့အတိုင္း ကြ်န္ေတာ္က ဒီလူမွဳပတ္၀န္းက်င္က သတ္မွတ္ထားတာအားလံုးရခဲ့သားပဲ။ မရရင္ မေနႏုိင္ျဖစ္ခဲ့တယ္။ လူနာဆိုတာ ေငြ၀င္လမ္းလို႔ပဲ ျမင္ခဲ့တာ။ လူနာဆီက ရသမွ်ပိုက္ဆံညွစ္ယူခဲ့တယ္ေလ။

အခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ ကြ်န္ေတာ္တို႔ တကယ္တမ္းဘယ္သူ႔အတြက္ လုပ္ေပးေနတာလဲဆိုတာ ေမ့ေနၾကတယ္။ ေနာက္ဆံုးမွာ ဘယ္သူ႔အတြက္မွ မဟုတ္ပဲ ကိုယ့္အတြက္ေတြျဖစ္ကုန္ေရာ။ ဒါဟာ ကြ်န္ေတာ္တကယ္ျဖစ္ခဲ့တာပဲ။ ဒါဟာ ေဆးပညာပဲျဖစ္ျဖစ္၊ သြားေဆးကုပဲျဖစ္ျဖစ္၊ ပုဂၢလိကေဆးခန္းမွာ လူနာကို မလိုတဲ့ကုသမွဳေတြ ေပးၾကတယ္။ သိပ္မေသခ်ာတဲ့အခါမ်ဳိးမွာေပါ့။ မလိုအပ္မွန္းသိတာေတာင္မွ ေပးျဖစ္ေအာင္ေပးေသးတာ။ ဒီအခ်ိန္မွာေတာ့ ကြ်န္ေတာ္သိလာတာက သူငယ္ခ်င္းေတြထဲက တကယ္ဂရုစိုက္တဲ့လူနဲ႔ ပိုက္ဆံလိုခ်င္လို႔ ေမွ်ာ္လင့္ခ်က္ေပးတဲ့လူနဲ႔ကို ခြဲတတ္လာျပီ။ ပိုက္ဆံေၾကာင့္ စိတ္ဓါတ္ေတြ ပ်က္စီးလာတာေပါ့။

ပိုဆိုးတာကေတာ့ ျပီးခဲ့တဲ့ႏွစ္ေတြအတြင္းမွာ ကြ်န္ေတာ္တို႔ဟာ လုပ္ေဖာ္ကိုင္ဖက္ေတြအေၾကာင္း၊ ျပိဳင္ဘက္ေတြအေၾကာင္းကို ဆိုးဆိုးရြားရြားေျပာခဲ့ၾကတယ္ေလ။ လိပ္ျပာမသန္႔တာေလးေတာင္ မျဖစ္ေပါင္။ ကြ်န္ေတာ္တို႔ဟာ သူမ်ားကိုႏွိမ့္ခ်ျပီး အေပၚေရာက္ဖို႔လုပ္ခဲ့ၾကတယ္။ ဒါကေနရာအားလံုးမွာကို ျဖစ္ေနတာ။ ခင္ဗ်ားတို႔ကို သတိေပးခ်င္တာက ဒီလိုစိတ္ေကာင္းႏွလံုးေကာင္းေတြ ပ်က္စီးသြားတာမ်ဳိးကိုေတာ့ မျဖစ္ပါေစနဲ႔ဗ်ာ။ ကြ်န္ေတာ္ကဒါကို ခဲရာခဲဆစ္သင္ခဲ့ရတာမို႔ပါ။ ခင္ဗ်ားတို႔ကိုေတာ့ ကြ်န္ေတာ့္လို မျဖစ္ေစခ်င္ပါဘူး။

ေနာက္တခုက လုပ္သက္ရွည္လာတာနဲ႔အမွ် ကြ်န္ေတာ္တို႔ရဲ့ လူနာေတြအေပၚမွာ သိပ္အေရးမလုပ္ေတာ့ဘူးေလ။ ထံုေပေပျဖစ္လာတယ္။ အစိုးရေဆးရုံျဖစ္ျဖစ္၊ ပုဂၢၢလိကေဆးခန္းပဲျဖစ္ျဖစ္ လူနာမွတ္တမ္းတထပ္ၾကီး လက္ထဲေရာက္ေနတာနဲ႔ အဲဒီဟာၾကီးျမန္ျမန္ကုန္သြားဖို႔ပဲ အေရးၾကီးေနေတာ့တာပဲေလ။ လူနာေတြမ်ားလြန္းလို႔ အခန္းထဲက ျမန္ျမန္ထြက္သြားဖို႔ပဲ အာရုံရွိေတာ့တာ။ ဒါအမွန္ပဲဗ်။ ဒါက ေန႔တဓူ၀ အလုပ္ျဖစ္လာေတာ့ ျငီးေငြ႔လာတာေပါ့ဗ်ာ။ လူနာေတြဘက္က ဘယ္လိုစိတ္ထဲမွာထင္သြားလဲ ကြ်န္ေတာ္မသိပါဘူး။ ေၾကာက္ရြ႔႔ံတာ၊ စိုးရိမ္တာ အားလံုးေပါ့ဗ်ာ။ ကြ်န္ေတာ္ကိုယ္တိုင္တကယ္ခံစားရတဲ့အခ်ိန္ေရာက္မွ သိလာတာဗ်။ ဒါဟာကြ်န္ေတာ္တို႔ရဲ့ အၾကီးဆံုးခြ်တ္ယြင္းခ်က္ပါပဲဗ်ာ။

ကြ်န္ေတာ္တို႔ဟာ က်န္းမာေရး၀န္ထမ္းမ်ား၊ ပညာရွင္မ်ားအေနနဲ႔ ေလ့က်င့္ေပးထားခဲ့ေပမယ့္ တကယ္တမ္းလူနာေတြခံစားေနရတာကိုေတာ့ ကိုယ္ခ်င္းမစာႏုိင္ခဲ့ပါဘူး။ စိတ္ဆင္းရဲလိုက္၊ ၀မ္းနည္း ၀မ္းသာလိုက္ျဖစ္ေနဖို႔ေျပာတာမဟုတ္ပါဘူး။ ခံစားမွဳကဲလြန္းရင္ Professional မဆန္ဘူးဗ်။ ဒါေပမယ့္ ကြ်န္ေတာ္တို႔တကယ္တမ္း သူတို႔ကိုနားလည္ေအာင္ၾကိဳးစားသလား။ အမ်ားအားျဖင့္ေတာ့ မၾကိဳးစားဘူးဗ်။ ခင္ဗ်ားတို႔ကို သတိေပးခ်င္တာကေတာ့ လူနာေတြကို ကိုယ္ခ်င္းစာပါဗ်ာ။

ဘာလို႔လဲဆိုေတာ့ နာက်င္တာေတြ၊ ေၾကာက္ရြ႔ံတာေတြ၊ စိုးရိမ္တာေတြက ကြ်န္ေတာ္တို႔အတြက္ အစစ္မဟုတ္ေပမယ့္ သူတို႔အတြက္ေတာ့ အစစ္ေတြကိုးဗ်။ ကြ်န္ေတာ္က အခုဆိုရင္ Chemotherapy ယူေနတာ ၅ ခါရွိျပီ။ ဒါဟာ သိပ္ခံရခက္တာပဲဗ်ာ။ Chemotherapy ဆိုတာ ခင္ဗ်ားတို႔ရဲ့ရန္သူအတြက္ေတာင္ ဆုမေတာင္းသင့္ဘူး။ တကယ့္ကို ခံစားရတာဗ်ာ။ အစာစားမိလား မစားမိလားေတာင္မသိေတာ့ပါဘူး။ သိပ္ကိုဆိုးပါတယ္။ ကြ်န္ေတာ္နဲနဲအင္အားရွိတာနဲ႔ တျခားကင္ဆာလူနာေတြဆီကို သြားပါတယ္။ နာက်င္တာေတြကို သိလာျပီကိုး။ ဒါက သိပ္ေနာက္က်ျပီး လုပ္ေပးႏိုင္တာလဲ သိပ္နဲေနပါျပီေလ။

ခင္ဗ်ားတို႔မွာက ေတာက္ပတဲ့အနာဂတ္နဲ႔ ခြန္အားအျပည့္နဲ႔။ ကြ်န္ေတာ္ေျပာခ်င္တာက ခင္ဗ်ားတို႔ လူနာအေၾကာင္းကိုထဲထဲ၀င္၀င္သိေအာင္လုပ္ပါဗ်ာ။ သူတို႔ဟာလူသားစစ္စစ္ေတြ၊ အမွန္တကယ္ကို နာက်င္ခံစားျပီး အခက္ခဲဆံုးအခ်ိန္ေတြကို ေရာက္ေနတယ္ဆိုတာကို သိေအာင္လုပ္ပါ။ ဆင္းရဲတဲ့လူေတြပဲ ခံစားရတယ္လို႔ မထင္ပါနဲ႔ဗ်ာ။ ဆင္းရဲတဲ့လူေတြက အစကထဲကသူတို႔မွာ နဲနဲပဲရွိေတာ့ ေရာင့္ရဲလြယ္တယ္ဗ်။ ကြ်န္ေတာ္တို႔၊ ခင္ဗ်ားတို႔ထက္လည္း ပိုျပီးေပ်ာ္ေပ်ာ္ေနႏိုင္ၾကတယ္။ တျခားစိတ္ပိုင္းဆိုင္ရာ၊ ရုပ္ပိုင္းဆိုင္ရာ၊ ခံစားခ်က္ျပင္းထန္ေနတာ၊ ေငြေရးေၾကးေရး စတဲ့ျပသနာနဲ႔ လူေတြအမ်ားၾကီး။ ဒါေတြကလည္းတကယ္ရွိတာ။ ကြ်န္ေတာ္တို႔က မသိခ်င္ေယာင္ေဆာင္၊ အသိအမွတ္မျပဳပဲ ေနခဲ့ၾကတာ။

ဒါေၾကာင့္မို႔ တကယ္လိုအပ္ေနတဲ့လူေတြအေပၚမွာ အေလးထားၾကပါဗ်ာ။ ခင္ဗ်ားနဲနဲေလးလုပ္ေပးလိုက္တာ သူတို႔အတြက္အမ်ားၾကီးကို ထူးျခားသြားတာပါ။ ကြ်န္ေတာ္ကေတာ့ ေသခါနီးေနျပီဆိုေတာ့ ဘယ္သူကတကယ္ဂရုစိုက္တယ္၊ အားေပးတယ္ဆိုတာကို ခံစားတတ္ေနျပီေလ။ ဒါဟာ ကြ်န္ေတာ့္ကို တကယ္ေျပာင္းလဲသြားေစတယ္။ ဒါဟာကုသမွဳေတြယူျပီးတဲ့ေနာက္သိလာတာပါ။ ကြ်န္ေတာ္ေဆးသြင္းထားတာ မၾကာေသးဘူး။ ေနာက္ေန႔မွ ေဆးထပ္သြင္းမယ္ဗ်ာ။ ဒါေၾကာင့္ ကြ်န္ေတာ္ခင္ဗ်ားတို႔ကို စကားေျပာဖို႔ အားရွိေနေသးတာေပါ့။

ေမာရစ္ နဲ႔ အဂၤါေန႔ ဆိုတဲ့စာအုပ္ထဲက စကားလံုးေလးေတြ ေျပာျပခ်င္တယ္။ ခင္ဗ်ားတို႔ဖတ္ျပီးသားလဲျဖစ္ခ်င္ျဖစ္မွာပါ။ လူတုိင္းေသရမွာသိတာပဲ။ ဒါေပမယ့္ ဘယ္သူမွ မယံုၾကဘူး။ တကယ္ယံုတယ္ဆိုရင္ လုပ္ပံုကိုင္ပံုေတြကို ေျပာင္းပစ္ၾကမွာပဲ။ ကြ်န္ေတာ္ေသရေတာ့မယ္ဆိုတာသိေတာ့ က်န္တာအကုန္လံုးေမ့ထားျပီး တကယ္လုိအပ္တာေတြပဲ စဥ္းစားတယ္။ တကယ္ေတာ့ ေသခါနီးမွပဲ ဘယ္လိုေနရမွန္း သိေတာ့တယ္ ဆိုပါေတာ့ဗ်ာ။ ဒါမ်ဳိးကို မနက္ေစာေစာစီးစီးၾကားရတာ က်က္သေရေတာ့ မရွိဘူးေပါ့ေလ။ ဒါေပမယ့္ ကြ်န္ေတာ္သိခဲ့တဲ့အမွန္တရားမို႔ ေျပာျပတာပါ။

ခင္ဗ်ားတို႔ကို ပတ္၀န္းက်င္က ေျပာတဲ့အတိုင္းမေနၾကပါနဲ႔။ မီဒီယာေျပာတာကိုလည္း လက္မခံနဲ႔။ ကြ်န္ေတာ္ခံခဲ့ရျပီးျပီ။ ေပ်ာ္မယ္ထင္လို႔ သူတို႔ေျပာတဲ့အတိုင္းလုပ္ခဲ့မိျပီ။ ခင္ဗ်ားတို႔ ေသခ်ာစဥ္းစားျပီး ဘယ္လိုအသက္ရွင္သန္မယ္ဆိုတာ ဆံုးျဖတ္ပါ။ သူမ်ားေျပာတိုင္းလိုက္မလုပ္နဲ႔။ ကိုယ့္တကိုယ္ရည္စာပဲၾကည့္ေနမလား။ တျခားတေယာက္ဘ၀ကို ေျပာင္းလဲသြားေအာင္ကူညီမလား။ ဆံုးျဖတ္ပါ။ တကယ့္ေပ်ာ္ရႊင္မွဳအစစ္ဆိုတာ ကိုယ့္အတြက္ခ်ည္းပဲၾကည့္ေနလို႔မရပါဘူး။ ကြ်န္ေတာ္ရႏိုင္မယ္လို႔ထင္ခဲ့တာ မရခဲ့ပါဘူး။ နားေထာင္ေပးတာေက်းဇူးပါပဲ။ ေမးခ်င္တာရွိရင္ ေမးႏုိင္ပါတယ္ခင္ဗ်ာ။

( ေဒါက္တာရစ္ခ်တ္ဟာ ၁၈.၁၀.၁၂ ေန႔မွာ ကြယ္လြန္ခဲ့ပါတယ္။ )
..................
 သေမယ်ဆိုတာ ကြိုသိတဲ့အခါ


မျက်နှာအလှပြုပြင်ခွဲစိတ်ကုဆရာဝန် ဒေါက်တာ ရစ်ချတ်ဟာ အသက် ၄၀အရွယ်၊ သန်းကြွယ်သူဌေး တဦးဖြစ်ပါတယ်။ သူဟာ နောက်ဆုံးအဆင့် အဆုတ်ကင်ဆာဖြစ်ပွားနေကြောင်း သိရပြီးနောက် သူ့ရဲ့ဘဝအကြောင်းကို ၁၉.၀၁.၁၂ နေ့မှာ သွားဆေးတက္ကသိုလ် ပထမနှစ်ကျောင်းသားများရှေ့မှာ ကိုယ်ကျိုးမငှဲ့ပဲ လူအများအတွက် တွေ့ဆုံပြောပြခဲ့ပါတယ်။

မင်္ဂလာ နံနက်ခင်းပါ။ ကျွန်တော့်အသံက နဲနဲသြနေတော့ သည်းခံပေးပါခင်ဗျာ။ ကျွန်တော်ကတော့ ရစ်ချတ်ပါ။ ဆရာဝန်ပါ။ ကျွန်တော့်ဘဝအကြောင်း နဲနဲဝေမျှချင်ပါတယ်။ ပါမောက္ခက ကျွန်တော့်ကို ဖိတ်လို့လာရတာ ၀မ်းသာပါတယ်။ ခင်ဗျားတို့သင်ကြားနေတဲ့ သွားဆေးကုသရေးဆိုင်ရာများအပြင် တခြားအရာတွေရှိသေးတယ်ဆိုတာ တွေးမိတယ်ဆိုရင်ဖြင့် ပြောပြရကျိုးနပ်ပါတယ်ခင်ဗျာ။

ငယ်ငယ်ကတည်းက ကျွန်တော်က ဒီနေ့လူ့အဖွဲ့အစည်းရဲ့ ထုတ်ကုန်ပစ္စည်းစစ်စစ်ပါ။ အထိုက်အလျောက်အောင်မြင်တဲ့ ထုတ်ကုန်ပေါ့ခင်ဗျာ။ ငယ်ငယ်တုန်းကတော့ ဆင်းရဲတယ်ခင်ဗျ။ မီဒီယာတွေနဲ့ ပတ်ဝန်းကျင်ကလူတွေက ပြောကြတာကတော့ ပျော်ရွှင်မှုဆိုတာ အောင်မြင်မှုပဲတဲ့။ အဲဒီအောင်မြင်မှုဆိုတာလည်း ချမ်းသာမှုပဲတဲ့ခင်ဗျ။ ဒီလို အတွေးအခေါ်မျိုးနဲ့ ကျွန်တော်ဟာ ငယ်ငယ်ကတည်းက အင်မတန်ပြိုင်ဆိုင်လိုစိတ် များခဲ့တာကလား။

ကျွန်တော်ဟာ ကျောင်းမှာထိပ်ဆုံးဖြစ်ရုံသာမကသေးဘူး နယ်ပယ်အားလုံးမှာကို အောင်မြင်ဖို့လိုသေးတာ။ ၀တ်စုံဆင်တူဝတ်တဲ့အဖွဲ့တွေ၊ ပြေးပွဲပြိုင်ပွဲတွေ နေရာတိုင်းမှာ အောင်မြင်ဖို့လိုတယ်လေ။ အရောင်မျိုးစုံနဲ့ ဆုတံဆိပ်မျိုးစုံ၊ နိုင်ငံတော်ကပေးတဲ့တံဆိပ်တွေ အားလုံးလိုချင်တာပေါ့။ ဒါကြောင့်လည်း ငယ်ငယ်ကတည်းက အပြင်းအထန်ပြိုင်တတ်ခဲ့တာ။ ဆေးကျောင်းတက်ပြီး ဆရာဝန်ဖြစ်လာတယ်။ ခင်ဗျားတို့သိတဲ့အတိုင်းပဲ မျက်စိအထူးကုဖြစ်ဖို့က လူကြိတ်ကြိတ်တိုးနေတော့ အဲဒါဖြစ်အောင်လုပ်ခဲ့တယ်။ ကျွန်တော်က မျက်စိကုသရေးမှာ သင်တန်းတက်ခွင့်ရတယ်။ လေဆာနဲ့ မျက်စိကုဖို့ သုတေသန ပညာသင်ဆုကိုလည်း National University of Singapore ကပေးတယ်လေ။

ပစ္စည်းသစ်ထွင်ဖို့၊ သုတေသနလုပ်ဖို့ အခွင့်အရေးတွေလည်းရ၊ ဆေးကုသရေးပစ္စည်းတွေလည်းကိုင်ရ၊ လေဆာတွေလည်းကိုင်ရပါတယ်။ ခင်ဗျားတို့သိတဲ့အတိုင်းပဲ ဒါတွေက ပညာရပ်ပိုင်းဆိုင်ရာအောင်မြင်မှုတွေချည်းပဲဗျ။ ချမ်းသာမှု မဟုတ်သေးဘူး။ ဒါနဲ့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ စာချုပ်ပြည့်သွားတော့ မျက်စိကုသရေးသင်တန်းဟာ သိပ်ကြာလွန်းတယ်လို့ ဆုံးဖြတ်လိုက်တယ်။ ပြီးတော့ ပုဂ္ဂလိကဆေးခန်းမှာ ၀င်ငွေကောင်းတယ်လေဗျာ။ ခင်ဗျားတို့ သတိထားမိမယ်ဆိုရင်တော့ အလှအပအတွက်ခွဲစိတ်ကုပညာဟာ လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာ ခေတ်စားလာတာပေါ့။ ပိုက်ဆံတွေအများကြီးကိုရတာလေ။ ဒါနဲ့ကျွန်တော်လည်း ကျောင်းတက်တာတော်လောက်ပြီလို့ ဆုံးဖြတ်လိုက်တယ်။ ကျောင်းတဝက်နဲ့ ထွက်လိုက်တယ်။ ကျွန်တော့်ကိုယ်ပိုင် အလှပြုပြင်ရေး ဆေးခန်းနဲ့ ခွဲစိတ်ကုဆေးခန်းဖွင့်တယ်ဗျ။

သိကြတဲ့အတိုင်း အထွေထွေကုဆရာဝန်တွေ၊ မိသားစုဆရာဝန်တွေကို လူူတွေကသိပ်အထင်မကြီးဘူးလေ။ လူတွေက ချမ်းသာတာ၊ ကျော်ကြားတာကိုမှ အထင်ကြီးတာကလား။ ရိုးရိုးဆရာဝန်ကို ဒေါ်လာ၂၀ မပေးချင်ပေမယ့် အဆီတွေကိုလျော့သွားအောင်ခွဲစိတ်ပေးတဲ့ဆရာဝန်ကိုတော့ ဒေါ်လာတသောင်းပေးဖို့ ၀န်မလေးဘူးလေ။ ရင်သားအလှခွဲစိတ်ပြုပြင်ဖို့ ဒေါ်လာတသောင်းခွဲပေးတယ်။ ဘာလို့အထွေထွေကုဆရာဝန်လုပ်နေမလဲဗျ။ ဒါနဲ့ပဲ အလှအပပြုပြင်ရေး ခွဲစိတ်ကုဆရာဝန် ဖြစ်လာတာပေါ့။ နေမကောင်းပြီး ရောဂါဖြစ်နေတဲ့လူတွေကို ကုဖို့ထက် ကျွန်တော်ဟာ နာမည်ကြီးအလှဖန်တီးရှင်ဖြစ်လာတာပေါ့။

အလုပ်ကတော့ ဖြစ်သလားမမေးနဲ့။ ပထမတော့ လူနာတွေက တပတ်စောင့်ရတယ်။ နောက်တော့ ၃ ပတ်၊ နောက် တလ၊ နှစ်လ၊ ၃ လအထိတောင်စောင့်တယ်ဗျို့။ ကျွန်တော်ကတော့ လူနာများလွန်းတော့ စိတ်ညစ်ရော။ အတော်ဘဝင်မြင့်စရာ ကောင်းတဲ့အလုပ်ဗျ။ ကျွန်တော်မနိုင်လွန်းလို့ ဆရာဝန် ၄ ယောက်တောင် ထပ်ငှားရတယ်။ တနှစ်အတွင်းမှာကို သန်းနဲ့ချီရတာဗျ။ တနှစ်ထဲနော်။ ဒါလည်း တော်လောက်ပြီလို့ မထင်ဘူးဗျ။ စွဲနေပြီကိုး။ ဒါနဲ့ အင်ဒိုနီးရှားမှာ ဆေးခန်းထပ်ဖွင့်ပြီး အင်ဒိုနီးရှားလူချမ်းသာတွေဆီက ငွေရှာတာပေါ့။ ဘဝဟာ ပျော်စရာသိပ်ကောင်းဗျာ။

ပိုတဲ့ပိုက်ဆံတွေဘာလုပ်တယ်ထင်တုန်း။ စနေ၊ တနင်္ဂနွေအားရင် ဘာလုပ်လဲသိလား။ ကျွန်တော်က ကားကလပ်မှာ အဖွဲ့ဝင်ဗျ။ အပိုဝင်ငွေနဲ့ဝယ်ထားတဲ့ ထရပ်ကားကိုထုတ်၊ ချိန်းထားတဲ့ဆီကိုသွား၊ မလေးရှားထိအောင် ကားမောင်းပြိုင်ကြတာဗျို့။ ဒါဟာကျွန်တော့် ဘဝပါပဲ။ နောက်ထပ် ဖာရာရီပြိုင်ကားတစီးဝယ်ထားသေးတယ်။ အဲဒီတုန်းက မော်ဒယ် ၄၅၈ မထွက်သေးလို့ ပင့်ကူတံဆိပ် ၄၃၀ ပေါ့ဗျာ။ ကျွန်တော့်သူငယ်ချင်းဘဏ်သူဌေးကားက အနီရောင်၊ ကျွန်တော့်ကားက ငွေရောင်ဗျ။

ကားတွေရပြီးသွားတော့ဘာဖြစ်လဲ။ အိမ်ဝယ်တာပေါ့ဗျ။ ကိုယ်ပိုင်ဘန်ဂလိုတွေဆောက်ဖို့ မြေလိုက်ရှာတယ်။ ပိုက်စစ်တိုက်ရှာရတာဗျ။ ကဲ ကျွန်တော်ဘယ်လိုနေခဲ့လဲ။ ချမ်းသာမှုနဲ့ ကျော်ကြားမှုကြားမှာ နေခဲ့တာပဲ။ မယ်စကြာဝဠာ နဲ့တောင်တွဲခဲ့သေးတယ်။ လှပေ့ ချောပေ့ ချမ်းသာပေ့ ကျော်ကြားပေ့ဆိုတဲ့ သူငယ်မတွေနဲ့ပေါ့ဗျာ။ စားသောက်ဆိုင်တွေသွား၊ Michelin စားဖိုမှုးတွေချက်ကြွေးတာကိုစား၊ ပျော်စရာပေါ့ဗျာ။

လိုချင်တာတွေအကုန်လုံးပြည်စုံတဲ့ အချိန်ကိုရောက်လာတာပေါ့။ ကိုယ့်လက်ထဲမှာ အားလုံးရှိနေပြီလေ။ လွန်ခဲ့တဲ့တနှစ်လောက်က အားကစားလုပ်ရင်းနဲ့ တွေးမိတာက ကျွန်တော့်ဘဝကို ကျွန်တော်ကောင်းကောင်းတည်ဆောက်နိုင်ပြီလို့ ထင်ခဲ့တာ။ ထိပ်ဆုံးက ကျွန်တော်ပေါ့ဗျာ။

အင်း – ကျွန်တော်မှားသွားတာပေါ့လေ။ အားလုံးကျွန်တော့်လက်ထဲမှာမှ မဟုတ်တာပဲ။ မနှစ်က မတ်လတုန်းက ခါးနာလာတယ်ဗျ။ ထိုင်ထလုပ်တာများလို့ နာတယ်ထင်နေတာ။ ဒါနဲ့ စင်္ကာပူဆေးရုံကြီး ကိုသွားတယ်၊ ကျွန်တော့်အတန်းဖော်သူငယ်ချင်းက MRI ရုုိက်ပေးတယ်။ ဘာဖြစ်သလဲရှာဖို့ပေါ့။ ညနေလည်းကျရော သူကကျွန်တော့်ကို ခေါ်ရော။ သူက ကျွန်တော့်ခါးရိုးထဲမှာ ကင်ဆာရောက်နေတယ်တဲ့။ ကျွန်တော်မယုံဘူးဗျ။ လက်မခံနိုင်ဘူး။ တကယ်ပြောတာလားလို့ ပြန်မေးနေသေးတယ်။ အားကစားရုံမှာ ပြေးလို့ကောင်းတုန်းရှိနေသေးတာကိုး။ နောက်နေ့ကျတော့ PET scan ထပ်ရိုက်တယ်။ အဆင့်၄ ( နောက်ဆုံးအဆင့် ) အဆုပ်ကင်ဆာတဲ့ဗျာ။ ဘယ်လိုက ဘယ်လိုများရောက်လာတာလဲလို့ အံ့သြနေမိတာ။ ဦးဏှောက်၊ ခါးရိုး၊ အသည်း၊ ကျောက်ကပ်အပေါ်ပိုင်းအထိတောင်ပျ့ံနေတာတဲ့။ ကျွန်တော်က အားလုံးပိုင်ဆိုင်နေပြီလို့ ထင်တဲ့အချိန်ကျမှ အားလုံးဆုံးရှူံးရတော့တာပဲဗျ။

CT scan မှာကြည့်လိုက်၊ အဆုပ်ပေါ်က အစက်အားလုံးဟာ ကင်ဆာဗျ။ ဒါကို Miliaries turmor လို့ခေါ်သဗျ။ တကယ်တော့ ကျွန်တော့်အဆုပ်ထဲမှာ သောင်းနဲ့ချီပြီးရှိနေပြီ။ ဒါကြောင့် Chemo ဆေးတွေပေးရင်တောင်မှ ၃-၄ လပဲခံတော့မှာတဲ့။ ကျွန်တော့်ဘဝပျက်မသွားဘူးလား။ မပျက်ပဲဘယ်ခံနိုင်ပါ့မလဲဗျာ။ စိတ်ဓါတ်ကျတယ်၊ အကြီးအကျယ်စိတ်ဓါတ်ကျတယ်၊ ကျွန်တော့်မှာအားလုံးရှိတယ်လို့ထင်ခဲ့မိတာ။

ကဲ သံမဏိကြီးလို အောင်မြင်မှုတွေနဲ့။ အိမ်ရှိတယ်၊ ကားရှိတယ်၊ အလုပ်ကောင်းကောင်းရှိတယ်၊ ဒါတွေနဲ့ ပျော်ရွှင်မှုကို ၀ယ်ခဲ့တာ။ အခုတော့ ဆိုးဆိုးရွားရွားစိတ်ဓါတ်ကျနေရပြီ။ အခုတော့ ကျွန်တော်ပိုင်တာတွေကလည်း ကျွန်တော်ပျော်အောင်လုပ်မပေးနိုင်တော့ဘူးလေ။ ဖာရီရာကားကို ကျွန်တော်ဖက်ထားရင်းအိပ်လို့ရမလား။ ဘယ်ရမလဲဗျ။ လွန်ခဲ့တဲ့ ၁၀ လအတွင်းမှာ ကျွန်တော်က အဲဒီဟာတွေအသုံးကျမယ်ထင်နေတာ။ တကယ်တော့ ကျွန်တော်ရခဲ့တာ ပျော်ရွှင်မှုအစစ်မှ မဟုတ်တာပဲကိုး။ တကယ်တမ်း ပြီးခဲ့တဲ့ ၁၀ လအတွင်းမှာ ကျွန်တော့်ကို ပျော်ရွှင်စေခဲ့တာက ချစ်တဲ့ခင်တဲ့သူတွေ၊ သူငယ်ချင်းတွေ၊ ကျွန်တော့်ကိုဂရုစိုက်တဲ့လူတွေနဲ့ အပြန်အလှန်နားလည်ပြီး ဆက်ဆံရတာမှ ပျော်စရာဗျ။ သူတို့က ကျွန်တော်နဲ့အတူ ငိုတယ်၊ ကျွန်တော်နဲ့အတူ ရယ်တယ်၊ ကျွန်တော်နာကျင်ခံစားရသလို သူတို့လဲလိုက်ပြီးခံစားနားလည်ပေးတယ်လေ။ ဒါက ကျွန်တော့်ကို ၀မ်းသာပီတိဖြစ်စေတယ်။ ပိုင်ဆိုင်မှုတွေက ဒီလိုမပေးနိုင်ပါဘူးဗျာ။ ဒီပစ္စည်းတွေကသာ လုပ်ပေးနိုင်မယ်ဆိုရင် ကျွန်တော်စိတ်ဓါတ်ကျနေတုန်းက သူတို့အကြောင်းစဉ်းစားလိုက်ရင် ပျော်လာဖို့ကောင်းတာပေါ့။

တရုတ်နှစ်သစ်ကူးကို ရောက်တော့မယ်နော်။ အရင်တုန်းက ကျွန်တော်ဘာလုပ်လဲ။ ကျွန်တော့်ကားအသစ်ကို တပတ်ပြီး တပတ်မောင်း၊ ဆွေမျိုးတွေဆီသွားလည်၊ ကျွန်တော့်သူငယ်ချင်းတွေကို ကြွား။ ဒါပျော်စရာလို့ထင်ခဲ့မိတာ။ ငွေရေးကြေးရေးသိပ်မပြေလည်တဲ့ ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေက ကျွန်တော်ပျော်သလိုလိုက်ပျော်မယ်ထင်လား။ ဒီလိုကားသစ်ကြီးမောင်းပြီး ကြွားနေတာကို ကူပျော်ပေးမလား။ ဘယ်ပျော်မလဲဗျ။သူတို့ဝင်ငွေနဲ့သူတို့ မနည်းလောက်အောင်သုံးပြီး မီးရထားစီးနေရတဲ့ဟာ။ ကျွန်တော်ထင်တာတော့ ကျွန်တော့်ကိုအားကျတာရယ် မနာလိုဖြစ်တာရယ်ပဲရှိမှာ။ တခါတလေတော့ မုန်းတောင်မုန်းဦးမယ်။

ဒါတွေက ကျွန်တော်တို့ထင်ထားတဲ့ အားကျမှုမျိုးပါ။ ပိုင်ဆိုင်မှုကို ကြွားတယ်ဆိုတာ ကျွန်တော့်မာနနဲ့ အတ္တကို ဖြည့်ဆည်းတာပါပဲ။ ကျွန်တော့်မှာ ထူးဆန်းတဲ့သူငယ်ချင်းတယောက်ရှိတယ်ဗျ။ သူ့နာမည်က ဂျနီဖာတဲ့။ သူငယ်ချင်းပါဗျာ။ လမ်းအတူလျှောက်သွားလို့ ခရုတကောင်တွေ့ရင် သူကကောက်ပြီးတော့ မြက်ခင်းထဲကိုချပေးတယ်ဗျ။ ဘာလို့ဒီလိုလုပ်တာလဲလို့ တွေးနေတာ။ တက်နင်းလိုက်လို့ သေသွားမှာ သူကစိုးရိမ်နေတာ။ ကျွန်တော့်အတွက်တော့ ခရုက ခရုပဲလေ။ လူတွေလဲဒီလိုပဲ။ လမ်းကြောင်းပေါ်ကနေထွက်မသွားနိုင်ရင် နင်းခံရမှာပဲလေ။ ဒါကပဲ ဖြစ်ရိုးဖြစ်စဉ်ဟုတ်ဘူးလား။ အသဲတော်တော်မာတာနော်။

ဆရာဝန်တယောက်အနေနဲ့ သနားကြင်နာဖို့၊ ကိုယ်ချင်းစာတတ်ဖို့ သင်ခဲ့ရသားပဲ။ ဒါပေမယ့် ကျွန်တော်မတတ်ခဲ့ပါဘူး။ အလုပ်သင်ဆရာဝန်ဘဝတုန်းက National University Hospital က ကင်ဆာဌာနမှာလုပ်ရတယ်လေ။ နေ့တိုင်းနေ့တိုင်း ကင်ဆာရောဂါနဲ့ သေတာတွေတွေ့နေရပါရော။ သူတို့ဘယ်လိုခံစားရတယ်၊ ဘယ်လိုနာကျင်ဒဏ်ခံရတယ် နေ့တိုင်းတွေ့နေတာပဲ။ အောက်စီဂျင်ကို ခဲခဲယဉ်းယဉ်း နောက်ဆုံးထွက်သက်အထိရှူနေရတာ။ ဒါဟာ ကျွန်တော့်အတွက်တော့ အလုပ်တခုသာပါပဲ။ နေ့တိုင်း ဆေးရုံကိုသွား၊ သွေးဖောက်၊ ဆေးပေး လုပ်နေပေမယ့် ဒီလူနာတွေကို အစစ်လို့မထင်ပါဘူး။ ဒါဟာအလုပ်ပဲ။ ကျွန်တော့်အလုပ် ကျွန်တော်လုပ်၊ ပြီးရင်အိမ်ပြန်၊ ဒါပဲ။

ဒီလိုနာကျင်ခံစားတာတွေက အစစ်လား။ မဟုတ်ပေါင်။ ဆေးပညာအခေါ်အဝေါ်အားလုံး ကျွန်တော် သိသားပဲ။ တကယ်တော့ ကျွန်တော်လူနာမဖြစ်မချင်း ဒါတွေကိုမသိခဲ့ပါဘူး။ အခုတော့ ကျွန်တော်တကယ်သိလာပြီလေ။ အခုနေများ ခင်ဗျားတို့က ကျွန်တော်ကို အသစ်ကပြန်စခွင့်ရှိသေးရင် အချိုးပြောင်းမလားလို့မေးလာရင် ပြောင်းမယ်လို့ ပြန်ဖြေမှာပဲ။ ဘာလို့လဲဆိုတော့ အခုမှပဲ လူနာတွေ ဘယ်လိုခံစားရတယ်ဆိုတာကို နားလည်လာတာကိုး။ တခါတလေတော့ ဒီလိုပဲ ခဲရာခဲဆစ် သင်ယူရတာမျိုးရှိပါတယ်။

အခုခင်ဗျားတို့က ပထမနှစ်ပဲရှိသေးတာ ဆိုတော့ ဒီလမ်းကြီးကို ဖြတ်ရဦးမှာပါပဲ။ ခင်ဗျားတို့ကို အချက် ၂ ချက် သတိပေးစရာရှိတယ်။

ခင်ဗျားတို့အားလုံးက ပုဂ္ဂလိကဆေးခန်းပဲလုပ်ကြရမှာပဲ။ ပြီးရင် ခင်ဗျားတို့ချမ်းသာလာကြမယ်ဆိုတာ အာမခံတယ်။ သွားစိုက်တာလေးတင် အများကြီးပိုက်ဆံရတာမို့လား။ တကယ်တော့ အောင်မြင်တယ်၊ ချမ်းသာတယ်၊ ဆိုတာတွေက မှားနေတာမဟုတ်ပါဘူး။ တကယ့်ပြသနာက ကျွန်တော်တို့အများစုက ဒီဒဏ်တွေကို မခံနိုင်တာ။

ဒါကိုကျွန်တော်ဘာလို့ပြောနိုင်လဲဆိုတော့ ပြန်စဉ်းစားကြည့်တဲ့အခါမှာ ရလေလိုလေဖြစ်နေတယ်ဆိုတာတွေ့လာတယ်လေ။ ပိုပိုပြီးလိုချင်လာတော့ မရရင် မနေနိုင်ဖြစ်ရော။ ပြောခဲ့ပြီးတဲ့အတိုင်း ကျွန်တော်က ဒီလူမှုပတ်ဝန်းကျင်က သတ်မှတ်ထားတာအားလုံးရခဲ့သားပဲ။ မရရင် မနေနိုင်ဖြစ်ခဲ့တယ်။ လူနာဆိုတာ ငွေဝင်လမ်းလို့ပဲ မြင်ခဲ့တာ။ လူနာဆီက ရသမျှပိုက်ဆံညှစ်ယူခဲ့တယ်လေ။

အချိန်တော်တော်များများမှာ ကျွန်တော်တို့ တကယ်တမ်းဘယ်သူ့အတွက် လုပ်ပေးနေတာလဲဆိုတာ မေ့နေကြတယ်။ နောက်ဆုံးမှာ ဘယ်သူ့အတွက်မှ မဟုတ်ပဲ ကိုယ့်အတွက်တွေဖြစ်ကုန်ရော။ ဒါဟာ ကျွန်တော်တကယ်ဖြစ်ခဲ့တာပဲ။ ဒါဟာ ဆေးပညာပဲဖြစ်ဖြစ်၊ သွားဆေးကုပဲဖြစ်ဖြစ်၊ ပုဂ္ဂလိကဆေးခန်းမှာ လူနာကို မလိုတဲ့ကုသမှုတွေ ပေးကြတယ်။ သိပ်မသေချာတဲ့အခါမျိုးမှာပေါ့။ မလိုအပ်မှန်းသိတာတောင်မှ ပေးဖြစ်အောင်ပေးသေးတာ။ ဒီအချိန်မှာတော့ ကျွန်တော်သိလာတာက သူငယ်ချင်းတွေထဲက တကယ်ဂရုစိုက်တဲ့လူနဲ့ ပိုက်ဆံလိုချင်လို့ မျှော်လင့်ချက်ပေးတဲ့လူနဲ့ကို ခွဲတတ်လာပြီ။ ပိုက်ဆံကြောင့် စိတ်ဓါတ်တွေ ပျက်စီးလာတာပေါ့။

ပိုဆိုးတာကတော့ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ကျွန်တော်တို့ဟာ လုပ်ဖော်ကိုင်ဖက်တွေအကြောင်း၊ ပြိုင်ဘက်တွေအကြောင်းကို ဆိုးဆိုးရွားရွားပြောခဲ့ကြတယ်လေ။ လိပ်ပြာမသန့်တာလေးတောင် မဖြစ်ပေါင်။ ကျွန်တော်တို့ဟာ သူများကိုနှိမ့်ချပြီး အပေါ်ရောက်ဖို့လုပ်ခဲ့ကြတယ်။ ဒါကနေရာအားလုံးမှာကို ဖြစ်နေတာ။ ခင်ဗျားတို့ကို သတိပေးချင်တာက ဒီလိုစိတ်ကောင်းနှလုံးကောင်းတွေ ပျက်စီးသွားတာမျိုးကိုတော့ မဖြစ်ပါစေနဲ့ဗျာ။ ကျွန်တော်ကဒါကို ခဲရာခဲဆစ်သင်ခဲ့ရတာမို့ပါ။ ခင်ဗျားတို့ကိုတော့ ကျွန်တော့်လို မဖြစ်စေချင်ပါဘူး။

နောက်တခုက လုပ်သက်ရှည်လာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ လူနာတွေအပေါ်မှာ သိပ်အရေးမလုပ်တော့ဘူးလေ။ ထုံပေပေဖြစ်လာတယ်။ အစိုးရဆေးရုံဖြစ်ဖြစ်၊ ပုဂ္ဂ္ဂလိကဆေးခန်းပဲဖြစ်ဖြစ် လူနာမှတ်တမ်းတထပ်ကြီး လက်ထဲရောက်နေတာနဲ့ အဲဒီဟာကြီးမြန်မြန်ကုန်သွားဖို့ပဲ အရေးကြီးနေတော့တာပဲလေ။ လူနာတွေများလွန်းလို့ အခန်းထဲက မြန်မြန်ထွက်သွားဖို့ပဲ အာရုံရှိတော့တာ။ ဒါအမှန်ပဲဗျ။ ဒါက နေ့တဓူဝ အလုပ်ဖြစ်လာတော့ ငြီးငွေ့လာတာပေါ့ဗျာ။ လူနာတွေဘက်က ဘယ်လိုစိတ်ထဲမှာထင်သွားလဲ ကျွန်တော်မသိပါဘူး။ ကြောက်ရွ့့ံတာ၊ စိုးရိမ်တာ အားလုံးပေါ့ဗျာ။ ကျွန်တော်ကိုယ်တိုင်တကယ်ခံစားရတဲ့အချိန်ရောက်မှ သိလာတာဗျ။ ဒါဟာကျွန်တော်တို့ရဲ့ အကြီးဆုံးချွတ်ယွင်းချက်ပါပဲဗျာ။

ကျွန်တော်တို့ဟာ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရှင်များအနေနဲ့ လေ့ကျင့်ပေးထားခဲ့ပေမယ့် တကယ်တမ်းလူနာတွေခံစားနေရတာကိုတော့ ကိုယ်ချင်းမစာနိုင်ခဲ့ပါဘူး။ စိတ်ဆင်းရဲလိုက်၊ ၀မ်းနည်း ၀မ်းသာလိုက်ဖြစ်နေဖို့ပြောတာမဟုတ်ပါဘူး။ ခံစားမှုကဲလွန်းရင် Professional မဆန်ဘူးဗျ။ ဒါပေမယ့် ကျွန်တော်တို့တကယ်တမ်း သူတို့ကိုနားလည်အောင်ကြိုးစားသလား။ အများအားဖြင့်တော့ မကြိုးစားဘူးဗျ။ ခင်ဗျားတို့ကို သတိပေးချင်တာကတော့ လူနာတွေကို ကိုယ်ချင်းစာပါဗျာ။

ဘာလို့လဲဆိုတော့ နာကျင်တာတွေ၊ ကြောက်ရွ့ံတာတွေ၊ စိုးရိမ်တာတွေက ကျွန်တော်တို့အတွက် အစစ်မဟုတ်ပေမယ့် သူတို့အတွက်တော့ အစစ်တွေကိုးဗျ။ ကျွန်တော်က အခုဆိုရင် Chemotherapy ယူနေတာ ၅ ခါရှိပြီ။ ဒါဟာ သိပ်ခံရခက်တာပဲဗျာ။ Chemotherapy ဆိုတာ ခင်ဗျားတို့ရဲ့ရန်သူအတွက်တောင် ဆုမတောင်းသင့်ဘူး။ တကယ့်ကို ခံစားရတာဗျာ။ အစာစားမိလား မစားမိလားတောင်မသိတော့ပါဘူး။ သိပ်ကိုဆိုးပါတယ်။ ကျွန်တော်နဲနဲအင်အားရှိတာနဲ့ တခြားကင်ဆာလူနာတွေဆီကို သွားပါတယ်။ နာကျင်တာတွေကို သိလာပြီကိုး။ ဒါက သိပ်နောက်ကျပြီး လုပ်ပေးနိုင်တာလဲ သိပ်နဲနေပါပြီလေ။

ခင်ဗျားတို့မှာက တောက်ပတဲ့အနာဂတ်နဲ့ ခွန်အားအပြည့်နဲ့။ ကျွန်တော်ပြောချင်တာက ခင်ဗျားတို့ လူနာအကြောင်းကိုထဲထဲဝင်ဝင်သိအောင်လုပ်ပါဗျာ။ သူတို့ဟာလူသားစစ်စစ်တွေ၊ အမှန်တကယ်ကို နာကျင်ခံစားပြီး အခက်ခဲဆုံးအချိန်တွေကို ရောက်နေတယ်ဆိုတာကို သိအောင်လုပ်ပါ။ ဆင်းရဲတဲ့လူတွေပဲ ခံစားရတယ်လို့ မထင်ပါနဲ့ဗျာ။ ဆင်းရဲတဲ့လူတွေက အစကထဲကသူတို့မှာ နဲနဲပဲရှိတော့ ရောင့်ရဲလွယ်တယ်ဗျ။ ကျွန်တော်တို့၊ ခင်ဗျားတို့ထက်လည်း ပိုပြီးပျော်ပျော်နေနိုင်ကြတယ်။ တခြားစိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ ခံစားချက်ပြင်းထန်နေတာ၊ ငွေရေးကြေးရေး စတဲ့ပြသနာနဲ့ လူတွေအများကြီး။ ဒါတွေကလည်းတကယ်ရှိတာ။ ကျွန်တော်တို့က မသိချင်ယောင်ဆောင်၊ အသိအမှတ်မပြုပဲ နေခဲ့ကြတာ။

ဒါကြောင့်မို့ တကယ်လိုအပ်နေတဲ့လူတွေအပေါ်မှာ အလေးထားကြပါဗျာ။ ခင်ဗျားနဲနဲလေးလုပ်ပေးလိုက်တာ သူတို့အတွက်အများကြီးကို ထူးခြားသွားတာပါ။ ကျွန်တော်ကတော့ သေခါနီးနေပြီဆိုတော့ ဘယ်သူကတကယ်ဂရုစိုက်တယ်၊ အားပေးတယ်ဆိုတာကို ခံစားတတ်နေပြီလေ။ ဒါဟာ ကျွန်တော့်ကို တကယ်ပြောင်းလဲသွားစေတယ်။ ဒါဟာကုသမှုတွေယူပြီးတဲ့နောက်သိလာတာပါ။ ကျွန်တော်ဆေးသွင်းထားတာ မကြာသေးဘူး။ နောက်နေ့မှ ဆေးထပ်သွင်းမယ်ဗျာ။ ဒါကြောင့် ကျွန်တော်ခင်ဗျားတို့ကို စကားပြောဖို့ အားရှိနေသေးတာပေါ့။

မောရစ် နဲ့ အင်္ဂါနေ့ ဆိုတဲ့စာအုပ်ထဲက စကားလုံးလေးတွေ ပြောပြချင်တယ်။ ခင်ဗျားတို့ဖတ်ပြီးသားလဲဖြစ်ချင်ဖြစ်မှာပါ။ လူတိုင်းသေရမှာသိတာပဲ။ ဒါပေမယ့် ဘယ်သူမှ မယုံကြဘူး။ တကယ်ယုံတယ်ဆိုရင် လုပ်ပုံကိုင်ပုံတွေကို ပြောင်းပစ်ကြမှာပဲ။ ကျွန်တော်သေရတော့မယ်ဆိုတာသိတော့ ကျန်တာအကုန်လုံးမေ့ထားပြီး တကယ်လိုအပ်တာတွေပဲ စဉ်းစားတယ်။ တကယ်တော့ သေခါနီးမှပဲ ဘယ်လိုနေရမှန်း သိတော့တယ် ဆိုပါတော့ဗျာ။ ဒါမျိုးကို မနက်စောစောစီးစီးကြားရတာ ကျက်သရေတော့ မရှိဘူးပေါ့လေ။ ဒါပေမယ့် ကျွန်တော်သိခဲ့တဲ့အမှန်တရားမို့ ပြောပြတာပါ။

ခင်ဗျားတို့ကို ပတ်ဝန်းကျင်က ပြောတဲ့အတိုင်းမနေကြပါနဲ့။ မီဒီယာပြောတာကိုလည်း လက်မခံနဲ့။ ကျွန်တော်ခံခဲ့ရပြီးပြီ။ ပျော်မယ်ထင်လို့ သူတို့ပြောတဲ့အတိုင်းလုပ်ခဲ့မိပြီ။ ခင်ဗျားတို့ သေချာစဉ်းစားပြီး ဘယ်လိုအသက်ရှင်သန်မယ်ဆိုတာ ဆုံးဖြတ်ပါ။ သူများပြောတိုင်းလိုက်မလုပ်နဲ့။ ကိုယ့်တကိုယ်ရည်စာပဲကြည့်နေမလား။ တခြားတယောက်ဘဝကို ပြောင်းလဲသွားအောင်ကူညီမလား။ ဆုံးဖြတ်ပါ။ တကယ့်ပျော်ရွှင်မှုအစစ်ဆိုတာ ကိုယ့်အတွက်ချည်းပဲကြည့်နေလို့မရပါဘူး။ ကျွန်တော်ရနိုင်မယ်လို့ထင်ခဲ့တာ မရခဲ့ပါဘူး။ နားထောင်ပေးတာကျေးဇူးပါပဲ။ မေးချင်တာရှိရင် မေးနိုင်ပါတယ်ခင်ဗျာ။

( ဒေါက်တာရစ်ချတ်ဟာ ၁၈.၁၀.၁၂ နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ )

No comments:

Post a Comment