Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, December 27, 2015

အေမရိကတိုက္တ၀န္း ရာသီဥတုဆိုးရြား

တုိေနးဒိုး ေလဆင္ႏွာေမာင္းတုိက္ခတ္ ေမႊေနွာက္သြားတာေၾကာင့္ Birmingham ၿမိဳ႕ အိမ္ေတြပ်က္စီး
  
အေမရိကန္ျပည္ေထာင္စုမွာ အားလပ္ရက္ကာလအလြန္ အခ်ိန္အခါမဟုတ္ ျပင္းထန္တဲ့ ရာသီဥတု ဆိုးဝါးေနတဲ့အတြက္ လူေသဆုံးတာေတြ ႐ွိသလို၊ ႏိုင္ငံတဝွမ္း ေနရာအမ်ားအျပားမွာ အပ်က္အစီးေတြနဲ႔ ႀကဳံေနရပါတယ္။

စေနေန႔ညပိုင္းကလဲ တကၠဆက္ျပည္နယ္မွာ တုိေနးဒိုး ေလဆင္ႏွာေမာင္းတုိက္ခတ္ ေမႊေနွာက္သြားတာေၾကာင့္ အနည္းဆုံး လူ(၇)ဦး ေသ ဆုံးၿပီး Dallas ၿမိဳ့မွာ အိမ္ေတြပ်က္စီးသြားပါတယ္။ အေမရိကန္အေနာက္ဖက္ျခမ္းက Goliath ေဆာင္းမုန္တိုင္းေၾကာင့္ အခုလို ျပင္းထန္တဲ့ ရာသီဥတု ျဖစ္ေပၚလာရသလို ၊ အျပန္အလွန္ အက်ဳိးသက္ေရာက္အေနနဲ႔ အေမရိကန္ ေတာင္ဖက္ျခမ္းတေလွ်ာက္ စံခ်ိန္တင္တဲ့ အပူခ်ိန္ ျမင့္ခဲ့တယ္လို႔ Weather Channel မိုးေလဝသ ႐ုပ္သံသတင္းဌာနကေျပာပါတယ္။

ဒီအေတာတြင္း ေတာင္အေမရိကတိုက္ ပါရာေဂြး ဥ႐ုေဂြး ဘရာဇီးနဲ႔ အာဂ်င္တီးနား ႏုိင္ငံေတြမွာ အယ္လ္နီညိဳပုံစံ ရာသီဥတု အက်ဳိးဆက္ အျဖစ္ မုိးသည္ထန္ရာက အႀကီးအက်ယ္ ေရလႊမ္းမိုးလာႏိုင္တဲ့ အႏၱရာယ္ေၾကာင့္ လူ ၁ သိန္းခြဲေလာက္ သူတို႔ ေနအိမ္ေတြကို စြန္႔ခြာသြားၾကတယ္လို႔ အေရးေပၚကယ္ဆယ္ေရး တာဝန္႐ွိသူေတြက ေျပာပါတယ္။

VOA Burmese
http://burmese.voanews.com
..................
 တိုနေးဒိုး လေဆင်နှာမောင်းတိုက်ခတ် မွှေနှောက်သွားတာကြောင့် Birmingham မြို့ အိမ်တွေပျက်စီး
 
အမေရိကန်ပြည်ထောင်စုမှာ အားလပ်ရက်ကာလအလွန် အချိန်အခါမဟုတ် ပြင်းထန်တဲ့ ရာသီဥတု ဆိုးဝါးနေတဲ့အတွက် လူသေဆုံးတာတွေ ရှိသလို၊ နိုင်ငံတဝှမ်း နေရာအများအပြားမှာ အပျက်အစီးတွေနဲ့ ကြုံနေရပါတယ်။

စနေနေ့ညပိုင်းကလဲ တက္ကဆက်ပြည်နယ်မှာ တိုနေးဒိုး လေဆင်နှာမောင်းတိုက်ခတ် မွှေနှောက်သွားတာကြောင့် အနည်းဆုံး လူ(၇)ဦး သေ ဆုံးပြီး Dallas မြို့မှာ အိမ်တွေပျက်စီးသွားပါတယ်။ အမေရိကန်အနောက်ဖက်ခြမ်းက Goliath ဆောင်းမုန်တိုင်းကြောင့် အခုလို ပြင်းထန်တဲ့ ရာသီဥတု ဖြစ်ပေါ်လာရသလို ၊ အပြန်အလှန် အကျိုးသက်ရောက်အနေနဲ့ အမေရိကန် တောင်ဖက်ခြမ်းတလျှောက် စံချိန်တင်တဲ့ အပူချိန် မြင့်ခဲ့တယ်လို့ Weather Channel မိုးလေဝသ ရုပ်သံသတင်းဌာနကပြောပါတယ်။

ဒီအတောတွင်း တောင်အမေရိကတိုက် ပါရာဂွေး ဥရုဂွေး ဘရာဇီးနဲ့ အာဂျင်တီးနား နိုင်ငံတွေမှာ အယ်လ်နီညိုပုံစံ ရာသီဥတု အကျိုးဆက် အဖြစ် မိုးသည်ထန်ရာက အကြီးအကျယ် ရေလွှမ်းမိုးလာနိုင်တဲ့ အန္တရာယ်ကြောင့် လူ ၁ သိန်းခွဲလောက် သူတို့ နေအိမ်တွေကို စွန့်ခွာသွားကြတယ်လို့ အရေးပေါ်ကယ်ဆယ်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။

VOA Burmese
http://burmese.voanews.com

No comments:

Post a Comment