Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, November 20, 2015

အိမ်ထောင်ရှင် မင်းသားနဲ့ ချစ်တင်းနှောတဲ့ ဇာတ်ဝင်ခန်းတွေ ရိုက်ရတာ အပြစ်ရှိတယ်လို့ ခံစားရတယ်ဆိုတဲ့ Jennifer Lawrence



ဟောလီးဝုဒ် မင်းသမီး Jennifer Lawrence ဟာ Passengers ဆိုတဲ့ ရုပ်ရှင် အသစ်ထဲမှာ အိမ်ထောင်ရှင် မင်းသားတစ်ယောက်ဖြစ်တဲ့ Chris Pratt နဲ့အတူ ပထမဆုံး ချစ်တင်းနှောတဲ့ ဇာတ်ဝင်ခန်းတွေ ရိုက်ရတာဟာ အပြစ်ရှိတယ်လို့ ခံစားရကြောင်း ၀န်ခံပြောကြားလိုက်ပါတယ်။

အော်စကာ ဆု တစ်ခုကို ရရှိထားပြီး ဖြစ်သည့်တိုင်အောင် အသက် ၂၅ နှစ်အရွယ် မင်းသမီးဟာ Passengers ရုပ်ရှင် မတိုင်ခင်အထိ ဘယ် သရုပ်ဆောင်နဲ့ မှ ချစ်ခန်း ကြိုက်ခန်း ၊ အရမ်းလန်းတဲ့ ဇာတ်ဝင်ခန်းတွေ ရိုက်ကူးခဲ့ဖူးခြင်း မရှိပါဘူး။

Hollywood Reporter သတင်းဌာန နဲ့ တွေ့ဆုံမေးမြန်းခန်းမှာတော့ Jennifer Lawrence က သူမရဲ့ ထူးဆန်းတဲ့ အတွေ့အကြုံနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်နေတဲ့ အကြောက်တရားကို ဖွင့်ဟ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

"ကျွန်မ လွန်ခဲ့တဲ့ တစ်ပတ်လောက်တုန်းက Chris Pratt နဲ့ Passengers ဇာတ်လမ်းရိုက်ကွင်းမှာ ကျွန်မ ရဲ့ ပထမဆုံး ချစ်တင်းနှောတဲ့ ဇာတ်ဝင်ခန်း ကိုရိုက်ကူးခဲ့ရပြီး အဲဒါဟာ အရမ်းကို ခံရခက်ပါတယ်။ အရမ်းကို ထူးဆန်းနေပါတယ်" လို့ သူမ က ဆိုလိုက်တာပဲ ဖြစ်ပါတယ်။

ထို ရိုက်ကွင်းကို သူမ ဘယ်လိုကျော်ဖြတ်ခဲ့သလဲဆိုတာကိုတော့ "ကျွန်မ တစ်ကယ့်ကို မူးနေခဲ့ပါတယ်။ ဒါပေမယ့် အဲဒါက ကျွန်မကို ပိုမို မောပန်းစေခဲ့ပြီး အိမ်ပြန်ရောက်တဲ့အခါမှာ ကျွန်မဘာလုပ်ခဲ့သလဲ ဆိုတာကို ကျွန်မ မသိတော့ပါဘူး" လို့ ပွင့်ပွင့်လင်းလင်း ပြောပြသွားပါတယ်။

သူမဟာ Hollywood Reporter သတင်းဌာနရဲ့ ၅ နှစ်မြောက် နှစ်ပတ်လည် စာစောင်မှာ အကောင်းဆုံး မင်းသမီး ဆုရ ထားသူ သရုပ်ဆောင်တွေနဲ့အတူ စကားဝိုင်းဖွဲ့ပြီး အင်တာဗျူးအစီအစဉ် ပြုလုပ်စဉ်မှာ အခုလို ဖြေကြားသွားခဲ့တာ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror

.......................................

အိမ်ထောင်ရွင် မင်းသားနဲ့ ခ်စ္တင်းနွောတဲ့ ဇာတ်ဝင္ခန်းတြေ ရိုက်ရတာ အျပစ်ရွိတယ္လို့ ခံစားရတယ္ဆိုတဲ့ Jennifer Lawrence


ဟောလီးဝုဒ် မင်းသမီး Jennifer Lawrence ဟာ Passengers ဆိုတဲ့ ရုပ်ရွင် အသစ္ထဲမွာ အိမ်ထောင်ရွင် မင်းသားတစ်ယောက်ျဖစ္တဲ့ Chris Pratt နဲ့အတူ ပထမဆုံး ခ်စ္တင်းနွောတဲ့ ဇာတ်ဝင္ခန်းတြေ ရိုက်ရတာဟာ အျပစ်ရွိတယ္လို့ ခံစားရေကြာင်း ၀န္ခံျေပာကြားလိုက္ပါတယ်။

အ္စောကာ ဆု တစ္ခုကို ရရွိထားပြီျးဖစ်သည့်တိုင်အောင် အသက် ၂၅ နွစ်အရြယ် မင်းသမီးဟာ Passengers ရုပ်ရွင် မတိုင္ခင်အထိ ဘယ် သရုပ်ဆောင္နဲ့ မွ ခ်စ္ခန်း ကြိုက္ခန်း ၊ အရမ်းလန်းတဲ့ ဇာတ်ဝင္ခန်းတြေ ရိုက္ကူးခဲ့ဖူျးခင်း မရွိပါဘူး။

Hollywood Reporter သတင်းဌာန နဲ့ တြေ့ဆုံမေျးမန်းခန်းမွာတော့ Jennifer Lawrence က သူမရဲ့ ထူးဆန်းတဲ့ အေတြ့အကြုံနဲ့ ပတ်သက်ပြီျးဖစ်ပေါ်နေတဲ့ အေကြာက္တရားကို ဖြင့်ဟျေပာကြားခဲ့တျာဖစ္ပါတယ်။

"ကျန္မြ လြန္ခဲ့တဲ့ တစ္ပတ်လောက္တုန်းက Chris Pratt နဲ့ Passengers ဇာတ္လမ်းရိုက္ကြင်းမွာ ကျန္မြ ရဲ့ ပထမဆုံး ခ်စ္တင်းနွောတဲ့ ဇာတ်ဝင္ခန်း ကိုရိုက္ကူးခဲ့ရပြီး အဲဒါဟာ အရမ်းကို ခံရခက္ပါတယ်။ အရမ်းကို ထူးဆန်းနေပါတယ်" လို့ သူမ က ဆိုလိုက္တာပျဲဖစ္ပါတယ်။

ထို ရိုက္ကြင်းကို သူမ ဘယ္လိုကော််ျဖတ္ခဲ့သလဲဆိုတာကိုတော့ "ကျန္မြ တစ္ကယ့်ကို မူးနေခဲ့ပါတယ်။ ဒါပေမယ့် အဲဒါက ကျန္မြကို ပိုမို မောပန်းစေခဲ့ပြီး အိမ်ျပန်ရောက္တဲ့အခါမွာ ကျန္မြဘာလုပ္ခဲ့သလဲ ဆိုတာကို ကျန္မြ မသိတော့ပါဘူး" လို့ ပြင့်ပြင့်လင်းလင်းျေပျာပသြားပါတယ်။

သူမဟာ Hollywood Reporter သတင်းဌာနရဲ့ ၅ နွစ်ျေမာက် နွစ္ပတ္လည် စာစောင္မွာ အေကာင်းဆုံး မင်းသမီး ဆုရ ထားသူ သရုပ်ဆောင်တြေနဲ့အတူ စကားဝိုင်းဖြဲ့ပြီး အင္တာဗ်ူးအစီအစဉ်ျပုလုပ္စဥ္မွာ အခုလိုျေဖကြားသြားခဲ့တျာဖစ္ပါတယ်။

( Mario )

#သစ္ထူးလြင်(နာမည်ကြီးပုဂ္ဂိုလ္မ်ား)
#celebrity.thithtoolwin.com

Ref : Mirror

No comments:

Post a Comment