Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, November 20, 2015

မဒမ္ေအာင္ဆန္းစုၾကည္ဆီသြားရင္ ကၽြန္ေတာ္ ဘာ၀တ္ရမလဲ



ျမန္မာႏုိင္ငံကုိ ပထမဆံုးအၾကိမ္ ေရာက္လာခဲ့တဲ့ ၁၁ ႏွစ္သား ဗီယက္နမ္ ကေလးငယ္တစ္ေယာက္ဟာ အၾကီးအက်ယ္ စိတ္လႈပ္ရွားေနပါတယ္။
သူဟာ သူ႔ေမေမနဲ႔အတူ တကၠသိုလ္ရိပ္သာလမ္းက အိမ္တစ္အိမ္ကုိ ဒီေန႔ လုိက္သြားရမယ္။ သူ ဖတ္ထားတဲ့ အထုပၸတၱိစာအုပ္ထဲက အမ်ိဳးသမီးၾကီး ေနတဲ့အိမ္။ သူမေမြးခင္ကတည္းက၊ ဗီယက္နမ္ကုိ သူ႔ေမေမ ေရာက္လာျပီး မိဘမဲ့ေဂဟာက သံုးႏွစ္သားကေလး သူ႔ကုိ ေမြးစားျပီး အေမရိက ေခၚမသြားခင္ကတည္းက ဒီအမ်ိဳးသမီးၾကီး အဲဒီအိမ္မွာ အက်ယ္ခ်ဳပ္ခံလာခဲ့ရတာ ႏွစ္ေတြ အၾကာၾကီးဆုိပဲ။
မိသားစုပုိင္ ေလယာဥ္နဲ႔ တစ္ကမၻာလံုး ပတ္ေနက် သူတုိ႔ေမာင္ႏွမေတြအတြက္ ကမၻာတစ္လႊား ခရီးထြက္ရတာ၊ ထင္ရွားတဲ့ ပုဂၢိဳလ္ၾကီးေတြနဲ႔ ေတြ႔ရတာ အထူးအဆန္း မဟုတ္ေတာ့ပါဘူး။ မိဘႏွစ္ပါးလံုးက ကမၻာေက်ာ္ ရုပ္ရွင္မင္းသားမင္းသမီးေတြ ျဖစ္ေနေတာ့ ပြဲလမ္းသဘင္ေတြမွာ မိဘေတြနဲ႔အတူ ေကာ္ေဇာနီေပၚ ေလွ်ာက္ရတာလဲ ရုိးေတာင္ေနပါျပီၤ။
မႏွစ္ကမွ အယ္လစ္ဇဘက္ ဘုရင္မၾကီး ခ်ီးျမွင့္တဲ့ Honorary Dame ဘြဲ႕ကုိ လက္ခံယူဖုိ႔ သူတုိ႔ေမေမ ဘက္ကင္ဟမ္ နန္းေတာ္ကုိ သြားေတာ့လဲ ၀မ္းေျမာက္ေနတဲ့ အေဖၾကီး ဘရက္ပစ္နဲ႔အတူ ေမာင္ႏွမေျခာက္ေယာက္လံုး လုိက္သြားခဲ့ေသးတယ္။ အခု သြားရမယ့္ အိမ္ဟာ ဘက္ကင္ဟမ္ နန္းေတာ္ၾကီးေလာက္လဲ မခမ္းနားပါဘူး။ သူ ေတြ႔ခ်င္ေနတဲ့ အမ်ိဳးသမီးၾကီးကလဲ အယ္လစ္ဇဘက္ ဘုရင္မၾကီးလုိ ခမ္းနားအဖုိးတန္တဲ့ ဂါ၀န္၀တ္ျပီး သရဖူ ေဆာင္းထားမွာ မဟုတ္တာ ေသခ်ာတယ္။ ဘာလုိ႔ သူ ဒီေလာက္ စိတ္လႈပ္ရွားေနရပါလိမ့္။
ဂုဏ္သေရရွိ လူၾကီးလူေကာင္းေတြနဲ႔ေတြ႔ရင္ ၀တ္ရတဲ့ ကုတ္အက်ႌနဲ႔ နက္တုိင္နဲ႔ အေနာက္တုိင္း၀တ္စံုကုိပဲ လူၾကီးေလးတစ္ေယာက္လုိ ၀တ္သြားရင္ ေကာင္းမလား။ ဒါေပမယ့္ ဒီအမ်ိဳးသမီးၾကီးက သူ႔ရုိးရာ ၀တ္စံုကုိပဲ အျမဲ၀တ္တတ္တာ ဓာတ္ပံုထဲမွာ သူ ေတြ႔ေတြ႔ေနရတယ္။ ျမန္မာျပည္လုိ အေရွ႕ေတာင္အာရွ ႏုိင္ငံတစ္ခုမွာ ေမြးဖြားခဲ့တဲ့ ဗီယက္နမ္ ကေလးတစ္ေယာက္ျဖစ္တဲ့ သူဟာ ဘယ္လုိ ၀တ္လာရင္ ဒီအမ်ိဳးသမီးၾကီး ႏွစ္သက္မွာပါလိမ့္။
ရုပ္ရ်င္မင္းသမီး အင္ဂ်လီနာဂ်ိဳဳလီဟာ ေဒၚေအာင္ဆန္းစုၾကည္ဆီ လုိက္ဖုိ႔ အ၀တ္အစားေရြးရင္း သားငယ္ ပက္စ္ အၾကီးအက်ယ္ စိတ္လႈပ္ရွားေနတာကုိ မိခင္တစ္ေယာက္ရဲ႕ ခ်စ္ျခင္းနဲ႔ ၾကည့္ေနတယ္။
သူ႔အစ္ကုိ ၁၄ ႏွစ္သား မက္ေဒါ့စ္က ကေမၻာဒီးယားသား။ ၁၀ႏွစ္ရြယ္ ညီမအၾကီး ဇာဟာရာက ဆုိမာလီသူ။ သူ႔လုိပဲ ကေမၻာဒီးယားနဲ႔ ဆုိမာလီ မိဘမဲ့ေဂဟာေတြကေန ေမေမ လာေခၚျပီး ေနာက္ေတာ့ ေဖေဖနဲ႔ေမေမ အတူေမြးစားခဲ့တာ။ ညီမငယ္ ရႈိင္လုိနဲ႔ အငယ္ဆံုးအျမႊာေမာင္နွမ ေနာ့ခ္စ္ရယ္ ဗစ္ဗီယန္ရယ္ကုိပဲ ေမေမ ဂ်ိဳလီနဲ႔ အေဖၾကီး ဘရက္ပစ္က ေမြးတာ။ အသားေရာင္စံု ေမာင္ႏွမေတြနဲ႔ ဖြဲ႕စည္းထားတဲ့ သူတုိ႔မိသားစုကုိ သက္တံ့ေရာင္စံု မိသားစု (Rainbow family) လုိ႔ မီဒီယာေတြက သံုးႏႈန္းၾကတယ္။
တစ္ႏုိင္ငံစီမွာ ေမြးတဲ့ ေမာင္ႏွမေတြနဲ႔ တစ္အိမ္တည္း အတူၾကီးျပင္းလာတဲ့ ပက္စ္အတြက္ လူမ်ိဳးမတူ ယဥ္ေက်းမႈျခားနားသူေတြနဲ႔ ေတြ႔ရဆံုရတာ ဘာမွမထူးဆန္းပါဘူး။ ေမာင္ႏွမ ေျခာက္ေယာက္မွာ ေမြးတဲ့ႏုိင္ငံ တူတာဆုိလုိ႔ ျပင္သစ္မွာ ေမြးတဲ့ အငယ္ဆံုးႏွစ္ေကာင္ ညီေလး ေနာ့ခ္စ္နဲ႔ ညီမေလး ဗစ္ဗီယန္ပဲ ရွိတယ္။ ညီမေလး ရႈိင္လုိက နမီးဘီးယားမွာ ေမြးတယ္။ သူတုိ႔ အၾကီး သံုးေယာက္က ကေမၻာဒီးယား၊ ဗီယက္နမ္နဲ႔ ဆုိမာလီ ခ်ာတိတ္ေတြ။ ျပင္သစ္သား အငယ္ႏွစ္ေကာင္ေတာင္ ေနရာခြဲ ေမြးလုိ႔မရတဲ့ အျမႊာမုိ႔လုိ႔ ေမြးရာဇာတိ တူေနတာ။ တစ္ကမၻာလံုးလဲ သူတုိ႔ ေရာက္ဖူးတဲ့ႏုိင္ငံေတြ ေတာ္ေတာ္ႏွံ႔ေနျပီ။ ဒီျမန္မာျပည္က အမ်ိဳးသမီးၾကီးနဲ႔ ေတြ႔ရမွာ ဘာလုိ႔ သူ ဒီေလာက္ ရင္ခုန္ေနရပါလိမ့္။
''ပက္စ္ extra-nervous (အလြန္အက်ဴး စိတ္လႈပ္ရွား) ျဖစ္ေနခဲ့တယ္''လုိ႔ သူ႔ေမေမက ေနာက္ပုိင္း ျပန္ေျပာျပပါတယ္။
''ေအာင္ဆန္းစုၾကည္နဲ႔ေတြ႔ဖုိ႔ ဘာအက်ႌ ၀တ္ရမလဲဆုိတာ သူ အရမ္းကုိ စိတ္ပူပန္ေနတာၾကည့္ျပီး ကၽြန္မပါ လႈပ္ရွားလာတယ္။ သူက ရုပ္ရွင္ စ,ရံုတင္တဲ့ ပရီမီယာပြဲၾကီးေတြ သြားရင္ေတာင္ စိတ္ပူတတ္ လန္႔တတ္တာ မဟုတ္ဘူး။ ေအာင္ဆန္းစုၾကည္နဲ႔ ေတြ႔ရမယ္ဆုိမွ တုန္လႈပ္ေနတာ''
ေနာက္ဆံုးေတာ့ ရုိးရွင္းတဲ့ အနက္ေရာင္ တီရွပ္ေလး တစ္ထည္ကုိပဲ လူငယ္ဆန္ဆန္ ၀တ္သြားဖုိ႔ ပက္စ္ ဆံုးျဖတ္ခဲ့တယ္။ ရင္ဘတ္မွာ ဘာေၾကာင္ေၾကာင္က်ားက်ား အရုပ္မွ မပါတာကုိ သူေရြးတယ္။ မဒမ္ေအာင္ဆန္းစုၾကည္ သူ႔ကုိ ေတြ႔တဲ့အခ်ိန္ လူၾကီးမ်က္စိမွာ အဆင္ေျပေစ့ခ်င္တယ္ေလ။ သူ႔ေမေမက မီးခုိးႏုေရာင္ ဂါ၀န္ေပၚမွာ အနက္ေရာင္ ပု၀ါျခံဳလုိက္ေတာ့ ေဒၚေအာင္ဆန္းစုၾကည္ဆီ အတူသြားၾကမယ့္ သားအမိႏွစ္ေယာက္ ၀တ္ထားတဲ့ အေရာင္ခ်င္းလဲ လုိက္ဖက္အဆင္ေျပသြားတယ္။
The Lady ရုပ္ရွင္ထဲက ဇာတ္လုိက္၊ ကမၻာ့သတင္းစာေတြရဲ႕ မ်က္ႏွာဖံုးမွာ ခဏခဏ ေတြ႔ရတဲ့သူ၊ သူ႔လုိ သားေယာက္်ားေလး ႏွစ္ေယာက္ရဲ႕ မိခင္၊ အာဏာသိမ္း ဗုိလ္ခ်ဳပ္ၾကီးေတြကုိ ႏွစ္ေပါင္းမ်ားစြာ အာခံလာခဲ့တဲ့ ႏုိဘယ္ဆုရွင္ အမ်ိဳးသမီးၾကီးရဲ႕ တစ္ခ်ိန္က ''အက်ဥ္းက်် စံအိမ္''ကုိ ေရာက္ပါျပီ။
ခုိျပာေရာင္ ျမန္မာ၀တ္စံုု ဆင္ျမန္းျပီး ပန္းျဖဴျဖဴေလးေတြ ေခါင္းမွာ ပန္ထားတဲ့ ''သူ သိပ္ေတြ႔ခ်င္ေနတဲ့ အမ်ိဳးသမီးၾကီး''က သူတုိ႔သားအမိကုိ အျပံဳးနဲ႔ ၾကိဳဆုိတယ္။ ဒီအမ်ိဳးသမီးၾကီးရဲ႕ဖခင္၊ ၁၉၄၀ ျပည့္လြန္ႏွစ္ေတြတုန္းက အာရွရဲ႕ လြတ္လပ္ေရးသူရဲေကာင္း ဂ်န္နရယ္ေအာင္ဆန္းရဲ႕ ပံုတူပန္းခ်ီကားၾကီးေရွ႕မွာ ေမေမရယ္၊ သူရယ္၊ မဒမ္စုၾကည္ရယ္ ၀ုိင္းဖြဲ႕ထုိင္ၾကတယ္။ ပန္းခ်ီကားထဲက စစ္ဗိုလ္ခ်ဳပ္ဟာ ျငိမ္းခ်မ္းေရးတုိက္ပြဲ၀င္ သူ႔သမီးဆီ လာေတြ႔တဲ့ ဗီယက္နမ္ လူငယ္ကေလးနဲ႔ သူ႔အေမ အေမရိကန္ ရုပ္ရွင္မင္းသမီးကုိ ၾကည့္ေနေလရဲ႕။
ဗီယက္နမ္ မိဘမဲ့ေဂဟာမွာ ဘ၀စခဲ့တဲ့ ပက္စ္ဟာ အေဖၾကီး ဘရက္ပစ္နဲ႔ ေမေမ ဂ်ိဳလီရဲ႕ ေမတၱာတရားေတြေအာက္မွာ ရဲရင့္သြက္လက္တဲ့၊ ေတာက္ပတဲ့ အနာဂတ္ ေရွ႕မွာ ေစာင့္ေနတဲ့ ေက်ာင္းသားကေလးတစ္ေယာက္ ျဖစ္ေနပါျပီ။ ၁၀ ႏွစ္ၾကာ လက္တြဲလာခဲ့တဲ့ ေဖေဖနဲ႔ေမေမ သူတုိ႔ေမာင္ႏွမေတြ ဆႏၵနဲ႔အညီ မႏွစ္က မဂၤလာေဆာင္ေတာ့လဲ သူနဲ႔ အစ္ကုိၾကီး မက္ေဒါ့စ္က အျဖဴေရာင္ သတုိ႔သမီး၀တ္စံုနဲ႔ ေမေမ့ကုိ ၀ဲယာ ျခံရံျပီး သတုိ႔သား ေဖေဖ့လက္ထဲ လႊဲေျပာင္းအပ္ႏွံေပးတဲ့ တာ၀န္ကုိ ယူခဲ့တယ္။ မဂၤလာကိတ္မုန္႔ကုိေတာင္ ပက္စ္ကုိယ္တုိင္ ဖုတ္ေပးခဲ့တာ။ အခုမွ သူ ဘာလုိ႔ ဒီေလာက္ စိတ္လႈပ္ရွားေနရပါလိမ့္။
အမ်ိဳးသမီးၾကီးက အေမနဲ႔ လုိက္လာတဲ့ ၁၁ ႏွစ္သားကေလးကုိ ေအးခ်မ္းေဖာ္ေရြတဲ့ အျပံဳးနဲ႔ ႏႈတ္ဆက္တယ္။ သူ႔ကုိပါ လူၾကီးေလးတစ္ေယာက္လုိ စကားေျပာတယ္။ ပက္စ္ရဲ႕ စိတ္လႈပ္ရွားမႈေတြကုိ ေလွ်ာ့ခ်ေပးခဲ့တယ္။
ကုလသမဂၢ ခ်စ္ၾကည္ေရးသံတမန္ သူ႔ေမေမ အင္ဂ်လီနာ ဂ်ိဳလီကေတာ့ မဒမ္ေအာင္ဆန္းစုၾကည္နဲ႔ စကားေျပာေနတဲ့ သားငယ္ ပက္စ္ကုိ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ပုံတူကားခ်ပ္ၾကီး ေအာက္ကေန မိခင္တစ္ေယာက္ရဲ႕ ဂုဏ္ယူတဲ့အျပံဳးနဲ႔ ၾကည့္ေနေလရဲ႕။ (Credit: Mya Kyay Mon)
မူရင္းလင့္ https://www.facebook.com/myakyaymon/posts/10206378656238748
......................
''မဒမ်အောင်ဆန်းစုကြည်ဆီသွားရင် ကျွန်တော် ဘာဝတ်ရမလဲ''
မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် ရောက်လာခဲ့တဲ့ ၁၁ နှစ်သား ဗီယက်နမ် ကလေးငယ်တစ်ယောက်ဟာ အကြီးအကျယ် စိတ်လှုပ်ရှားနေပါတယ်။
သူဟာ သူ့မေမေနဲ့အတူ တက္ကသိုလ်ရိပ်သာလမ်းက အိမ်တစ်အိမ်ကို ဒီနေ့ လိုက်သွားရမယ်။ သူ ဖတ်ထားတဲ့ အထုပ္ပတ္တိစာအုပ်ထဲက အမျိုးသမီးကြီး နေတဲ့အိမ်။ သူမမွေးခင်ကတည်းက၊ ဗီယက်နမ်ကို သူ့မေမေ ရောက်လာပြီး မိဘမဲ့ဂေဟာက သုံးနှစ်သားကလေး သူ့ကို မွေးစားပြီး အမေရိက ခေါ်မသွားခင်ကတည်းက ဒီအမျိုးသမီးကြီး အဲဒီအိမ်မှာ အကျယ်ချုပ်ခံလာခဲ့ရတာ နှစ်တွေ အကြာကြီးဆိုပဲ။
မိသားစုပိုင် လေယာဉ်နဲ့ တစ်ကမ္ဘာလုံး ပတ်နေကျ သူတို့မောင်နှမတွေအတွက် ကမ္ဘာတစ်လွှား ခရီးထွက်ရတာ၊ ထင်ရှားတဲ့ ပုဂ္ဂိုလ်ကြီးတွေနဲ့ တွေ့ရတာ အထူးအဆန်း မဟုတ်တော့ပါဘူး။ မိဘနှစ်ပါးလုံးက ကမ္ဘာကျော် ရုပ်ရှင်မင်းသားမင်းသမီးတွေ ဖြစ်နေတော့ ပွဲလမ်းသဘင်တွေမှာ မိဘတွေနဲ့အတူ ကော်ဇောနီပေါ် လျှောက်ရတာလဲ ရိုးတောင်နေပါပြီင်္။
မနှစ်ကမှ အယ်လစ်ဇဘက် ဘုရင်မကြီး ချီးမြှင့်တဲ့ Honorary Dame ဘွဲ့ကို လက်ခံယူဖို့ သူတို့မေမေ ဘက်ကင်ဟမ် နန်းတော်ကို သွားတော့လဲ ၀မ်းမြောက်နေတဲ့ အဖေကြီး ဘရက်ပစ်နဲ့အတူ မောင်နှမခြောက်ယောက်လုံး လိုက်သွားခဲ့သေးတယ်။ အခု သွားရမယ့် အိမ်ဟာ ဘက်ကင်ဟမ် နန်းတော်ကြီးလောက်လဲ မခမ်းနားပါဘူး။ သူ တွေ့ချင်နေတဲ့ အမျိုးသမီးကြီးကလဲ အယ်လစ်ဇဘက် ဘုရင်မကြီးလို ခမ်းနားအဖိုးတန်တဲ့ ဂါ၀န်ဝတ်ပြီး သရဖူ ဆောင်းထားမှာ မဟုတ်တာ သေချာတယ်။ ဘာလို့ သူ ဒီလောက် စိတ်လှုပ်ရှားနေရပါလိမ့်။
ဂုဏ်သရေရှိ လူကြီးလူကောင်းတွေနဲ့တွေ့ရင် ၀တ်ရတဲ့ ကုတ်အကျႌနဲ့ နက်တိုင်နဲ့ အနောက်တိုင်းဝတ်စုံကိုပဲ လူကြီးလေးတစ်ယောက်လို ၀တ်သွားရင် ကောင်းမလား။ ဒါပေမယ့် ဒီအမျိုးသမီးကြီးက သူ့ရိုးရာ ၀တ်စုံကိုပဲ အမြဲဝတ်တတ်တာ ဓာတ်ပုံထဲမှာ သူ တွေ့တွေ့နေရတယ်။ မြန်မာပြည်လို အရှေ့တောင်အာရှ နိုင်ငံတစ်ခုမှာ မွေးဖွားခဲ့တဲ့ ဗီယက်နမ် ကလေးတစ်ယောက်ဖြစ်တဲ့ သူဟာ ဘယ်လို ၀တ်လာရင် ဒီအမျိုးသမီးကြီး နှစ်သက်မှာပါလိမ့်။
ရုပ်ရျင်မင်းသမီး အင်ဂျလီနာဂျိုုလီဟာ ဒေါ်အောင်ဆန်းစုကြည်ဆီ လိုက်ဖို့ အဝတ်အစားရွေးရင်း သားငယ် ပက်စ် အကြီးအကျယ် စိတ်လှုပ်ရှားနေတာကို မိခင်တစ်ယောက်ရဲ့ ချစ်ခြင်းနဲ့ ကြည့်နေတယ်။
သူ့အစ်ကို ၁၄ နှစ်သား မက်ဒေါ့စ်က ကမ္ဘောဒီးယားသား။ ၁၀နှစ်ရွယ် ညီမအကြီး ဇာဟာရာက ဆိုမာလီသူ။ သူ့လိုပဲ ကမ္ဘောဒီးယားနဲ့ ဆိုမာလီ မိဘမဲ့ဂေဟာတွေကနေ မေမေ လာခေါ်ပြီး နောက်တော့ ဖေဖေနဲ့မေမေ အတူမွေးစားခဲ့တာ။ ညီမငယ် ရှိုင်လိုနဲ့ အငယ်ဆုံးအမြွှာမောင်နှမ နော့ခ်စ်ရယ် ဗစ်ဗီယန်ရယ်ကိုပဲ မေမေ ဂျိုလီနဲ့ အဖေကြီး ဘရက်ပစ်က မွေးတာ။ အသားရောင်စုံ မောင်နှမတွေနဲ့ ဖွဲ့စည်းထားတဲ့ သူတို့မိသားစုကို သက်တံ့ရောင်စုံ မိသားစု (Rainbow family) လို့ မီဒီယာတွေက သုံးနှုန်းကြတယ်။
တစ်နိုင်ငံစီမှာ မွေးတဲ့ မောင်နှမတွေနဲ့ တစ်အိမ်တည်း အတူကြီးပြင်းလာတဲ့ ပက်စ်အတွက် လူမျိုးမတူ ယဉ်ကျေးမှုခြားနားသူတွေနဲ့ တွေ့ရဆုံရတာ ဘာမှမထူးဆန်းပါဘူး။ မောင်နှမ ခြောက်ယောက်မှာ မွေးတဲ့နိုင်ငံ တူတာဆိုလို့ ပြင်သစ်မှာ မွေးတဲ့ အငယ်ဆုံးနှစ်ကောင် ညီလေး နော့ခ်စ်နဲ့ ညီမလေး ဗစ်ဗီယန်ပဲ ရှိတယ်။ ညီမလေး ရှိုင်လိုက နမီးဘီးယားမှာ မွေးတယ်။ သူတို့ အကြီး သုံးယောက်က ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ ဆိုမာလီ ချာတိတ်တွေ။ ပြင်သစ်သား အငယ်နှစ်ကောင်တောင် နေရာခွဲ မွေးလို့မရတဲ့ အမြွှာမို့လို့ မွေးရာဇာတိ တူနေတာ။ တစ်ကမ္ဘာလုံးလဲ သူတို့ ရောက်ဖူးတဲ့နိုင်ငံတွေ တော်တော်နှံ့နေပြီ။ ဒီမြန်မာပြည်က အမျိုးသမီးကြီးနဲ့ တွေ့ရမှာ ဘာလို့ သူ ဒီလောက် ရင်ခုန်နေရပါလိမ့်။
''ပက်စ် extra-nervous (အလွန်အကျူး စိတ်လှုပ်ရှား) ဖြစ်နေခဲ့တယ်''လို့ သူ့မေမေက နောက်ပိုင်း ပြန်ပြောပြပါတယ်။
''အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ ဘာအကျႌ ၀တ်ရမလဲဆိုတာ သူ အရမ်းကို စိတ်ပူပန်နေတာကြည့်ပြီး ကျွန်မပါ လှုပ်ရှားလာတယ်။ သူက ရုပ်ရှင် စ,ရုံတင်တဲ့ ပရီမီယာပွဲကြီးတွေ သွားရင်တောင် စိတ်ပူတတ် လန့်တတ်တာ မဟုတ်ဘူး။ အောင်ဆန်းစုကြည်နဲ့ တွေ့ရမယ်ဆိုမှ တုန်လှုပ်နေတာ''
နောက်ဆုံးတော့ ရိုးရှင်းတဲ့ အနက်ရောင် တီရှပ်လေး တစ်ထည်ကိုပဲ လူငယ်ဆန်ဆန် ၀တ်သွားဖို့ ပက်စ် ဆုံးဖြတ်ခဲ့တယ်။ ရင်ဘတ်မှာ ဘာကြောင်ကြောင်ကျားကျား အရုပ်မှ မပါတာကို သူရွေးတယ်။ မဒမ်အောင်ဆန်းစုကြည် သူ့ကို တွေ့တဲ့အချိန် လူကြီးမျက်စိမှာ အဆင်ပြေစေ့ချင်တယ်လေ။ သူ့မေမေက မီးခိုးနုရောင် ဂါ၀န်ပေါ်မှာ အနက်ရောင် ပုဝါခြုံလိုက်တော့ ဒေါ်အောင်ဆန်းစုကြည်ဆီ အတူသွားကြမယ့် သားအမိနှစ်ယောက် ၀တ်ထားတဲ့ အရောင်ချင်းလဲ လိုက်ဖက်အဆင်ပြေသွားတယ်။
The Lady ရုပ်ရှင်ထဲက ဇာတ်လိုက်၊ ကမ္ဘာ့သတင်းစာတွေရဲ့ မျက်နှာဖုံးမှာ ခဏခဏ တွေ့ရတဲ့သူ၊ သူ့လို သားယောက်ျားလေး နှစ်ယောက်ရဲ့ မိခင်၊ အာဏာသိမ်း ဗိုလ်ချုပ်ကြီးတွေကို နှစ်ပေါင်းများစွာ အာခံလာခဲ့တဲ့ နိုဘယ်ဆုရှင် အမျိုးသမီးကြီးရဲ့ တစ်ချိန်က ''အကျဉ်းကျျ စံအိမ်''ကို ရောက်ပါပြီ။
ခိုပြာရောင် မြန်မာဝတ်စုံု ဆင်မြန်းပြီး ပန်းဖြူဖြူလေးတွေ ခေါင်းမှာ ပန်ထားတဲ့ ''သူ သိပ်တွေ့ချင်နေတဲ့ အမျိုးသမီးကြီး''က သူတို့သားအမိကို အပြံုးနဲ့ ကြိုဆိုတယ်။ ဒီအမျိုးသမီးကြီးရဲ့ဖခင်၊ ၁၉၄၀ ပြည့်လွန်နှစ်တွေတုန်းက အာရှရဲ့ လွတ်လပ်ရေးသူရဲကောင်း ဂျန်နရယ်အောင်ဆန်းရဲ့ ပုံတူပန်းချီကားကြီးရှေ့မှာ မေမေရယ်၊ သူရယ်၊ မဒမ်စုကြည်ရယ် ၀ုိင်းဖွဲ့ထိုင်ကြတယ်။ ပန်းချီကားထဲက စစ်ဗိုလ်ချုပ်ဟာ ငြိမ်းချမ်းရေးတိုက်ပွဲဝင် သူ့သမီးဆီ လာတွေ့တဲ့ ဗီယက်နမ် လူငယ်ကလေးနဲ့ သူ့အမေ အမေရိကန် ရုပ်ရှင်မင်းသမီးကို ကြည့်နေလေရဲ့။
ဗီယက်နမ် မိဘမဲ့ဂေဟာမှာ ဘဝစခဲ့တဲ့ ပက်စ်ဟာ အဖေကြီး ဘရက်ပစ်နဲ့ မေမေ ဂျိုလီရဲ့ မေတ္တာတရားတွေအောက်မှာ ရဲရင့်သွက်လက်တဲ့၊ တောက်ပတဲ့ အနာဂတ် ရှေ့မှာ စောင့်နေတဲ့ ကျောင်းသားကလေးတစ်ယောက် ဖြစ်နေပါပြီ။ ၁၀ နှစ်ကြာ လက်တွဲလာခဲ့တဲ့ ဖေဖေနဲ့မေမေ သူတို့မောင်နှမတွေ ဆန္ဒနဲ့အညီ မနှစ်က မင်္ဂလာဆောင်တော့လဲ သူနဲ့ အစ်ကိုကြီး မက်ဒေါ့စ်က အဖြူရောင် သတို့သမီးဝတ်စုံနဲ့ မေမေ့ကို ၀ဲယာ ခြံရံပြီး သတို့သား ဖေဖေ့လက်ထဲ လွှဲပြောင်းအပ်နှံပေးတဲ့ တာဝန်ကို ယူခဲ့တယ်။ မင်္ဂလာကိတ်မုန့်ကိုတောင် ပက်စ်ကိုယ်တိုင် ဖုတ်ပေးခဲ့တာ။ အခုမှ သူ ဘာလို့ ဒီလောက် စိတ်လှုပ်ရှားနေရပါလိမ့်။
အမျိုးသမီးကြီးက အမေနဲ့ လိုက်လာတဲ့ ၁၁ နှစ်သားကလေးကို အေးချမ်းဖော်ရွေတဲ့ အပြံုးနဲ့ နှုတ်ဆက်တယ်။ သူ့ကိုပါ လူကြီးလေးတစ်ယောက်လို စကားပြောတယ်။ ပက်စ်ရဲ့ စိတ်လှုပ်ရှားမှုတွေကို လျှော့ချပေးခဲ့တယ်။
ကုလသမဂ္ဂ ချစ်ကြည်ရေးသံတမန် သူ့မေမေ အင်ဂျလီနာ ဂျိုလီကတော့ မဒမ်အောင်ဆန်းစုကြည်နဲ့ စကားပြောနေတဲ့ သားငယ် ပက်စ်ကို ဗိုလ်ချုပ်အောင်ဆန်း ပုံတူကားချပ်ကြီး အောက်ကနေ မိခင်တစ်ယောက်ရဲ့ ဂုဏ်ယူတဲ့အပြံုးနဲ့ ကြည့်နေလေရဲ့။
(Credit: Mya Kyay Mon)
မူရင်းလင့် https://www.facebook.com/myakyaymon/posts/10206378656238748

No comments:

Post a Comment