CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Friday, November 27, 2015
Global Witness ေဖာ္ျပခ်က္ မဟုတ္မွန္ေၾကာင္း ဦးေမာင္ေမာင္သိန္း ျငင္းဆို
သားျဖစ္သူ အမည္သာ အမွန္ျဖစ္ၿပီး က်န္ အခ်က္မ်ား မမွန္ကန္ဘူးလို႔ ဦးေမာင္ေမာင္သိန္းက ေျပာ
နိုဝင္ဘာလ ၂၇ ရက္ေန႔မွာ ႀကံ့ခိုင္ေရး ပါတီက အေထြေထြ အတြင္းေရးမွူးေဟာင္း ဦးေမာင္ေမာင္သိန္း ဟာ ေအာက္တိုဘာလ အတြင္းက Global Witness အဖြဲ႕ ရဲ့ အစီရင္ခံစာထဲမွာ ပါရွိသလို မဟုတ္မွန္ေၾကာင္း သတင္းဌာနေတြကို ေတြ႕ဆုံၿပီး ျငင္းဆို လိုက္ပါတယ္။
အစီရင္ခံစာထဲမွာ ဦးေမာင္ေမာင္သိန္းဟာ မ်ိဳးႏြယ္ နဲ႔ ျမယမုံ ေက်ာက္မ်က္ ကုမၸဏီ (၂) ခု ကို လိုင္စင္ ထုတ္ေပးခဲ့ၿပီး သားျဖစ္သူ ဦးေနေအာင္ဟာ မ်ိဳးႏြယ္ ေက်ာက္မ်က္ ကုမၸဏီမွာ ဒါရိုက္တာ အျဖစ္ တာဝန္ထမ္းေဆာင္ ေနေၾကာင္း ေဖာ္ၿပ ပါရွိခဲ့ပါတယ္။
ဒါ့အျပင္ ဒီကုမၸဏီ (၂) ခု ကေန ေက်ာက္စိမ္းေတြကို တ႐ုတ္ နိုင္ငံကို ခိုးထုတ္ေနၿပီး အက်ိဳးအျမတ္ ေတြ ရရွိခဲ့ေၾကာင္းကိုလည္း Global Witness အဖြဲ႕ရဲ့ အစီရင္ခံစာမွာ ေဖာ္ျပခဲ့ပါတယ္။
အဆိုပါ အစီရင္ခံစာထဲက ေဖာ္ျပပါရွိခ်က္ေတြထဲက သားျဖစ္သူ ဦးေနေအာင္ရဲ့ နာမည္သာ အမွန္ ျဖစ္ၿပီး က်န္ အေၾကာင္းအရာေတြဟာ မဟုတ္မွန္ဘူးလို႔ ဦးေမာင္ေမာင္သိန္းက ဘီဘီစီ ကို ေျပာပါတယ္။
Global Witness အစီရင္ခံစာ မွာေတာ့ (၂၀၁၄) ခုႏွစ္အတြင္း တနိုင္ငံလုံးအတိုင္းအတာအေနနဲ႔ ေက်ာက္စိမ္း ထုတ္လုပ္မွု တန္ဖိုးက အေမရိကန္ေဒၚလာ (၃၁)ဘီလ်ံ ရွိခဲ့တယ္လို႔ ေဖာ္ျပပါရွိ ခဲ့ပါတယ္။
အၿငိမ္းစား ဗိုလ္ခ်ဳပ္မွူးႀကီးေဟာင္း ဦးသန္းေရႊ မိသားစု အျပင္ ဝန္ႀကီးေဟာင္း ဦးေမာင္ေမာင္သိန္း၊ လက္ရွိ ဝန္ႀကီး ဦးအုန္းျမင့္ ၊ ဒုဝန္ႀကီး ဦးဘုန္းေဆြ နဲ႔ ေနာက္ထပ္ ဒုဝန္ႀကီး ဦးဝင္းသန္း တို႔ဟာလည္း ေက်ာက္စိမ္းက႑ ကေန ဝင္ေငြ အေျမာက္အျမား ရရွိခဲ့တယ္လို႔ ေဖာ္ၿပ ခဲ့ပါတယ္။
အစီရင္ခံစာထဲမွာ ပါရွိတဲ့ စြပ္စြဲ ခံရသူေတြ အမ်ားႀကီးထဲက ဦးေမာင္ေမာင္သိန္း တစ္ေယာက္သာ ရွင္းလင္း တုန႔္ျပန္ခဲ့တာျဖစ္ၿပီး တျခားသူေတြကေတာ့ အခုထိေတာ့ ဘာမွ တုန႔္ျပန႔္တာ မ်ိဳး မရွိေသးပါဘူး။
http://www.bbc.com/burmese/burma/2015/11/151127_global_witness_ummt_presser?ocid=socialflow_facebook
.................................................................................
Global Witness ဖော်ပြချက် မဟုတ်မှန်ကြောင်း ဦးမောင်မောင်သိန်း ငြင်းဆို
သားဖြစ်သူ အမည်သာ အမှန်ဖြစ်ပြီး ကျန် အချက်များ မမှန်ကန်ဘူးလို့ ဦးမောင်မောင်သိန်းက ပြော
နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ကြံ့ခိုင်ရေး ပါတီက အထွေထွေ အတွင်းရေးမှူးဟောင်း ဦးမောင်မောင်သိန်း ဟာ အောက်တိုဘာလ အတွင်းက Global Witness အဖွဲ့ ရဲ့ အစီရင်ခံစာထဲမှာ ပါရှိသလို မဟုတ်မှန်ကြောင်း သတင်းဌာနတွေကို တွေ့ဆုံပြီး ငြင်းဆို လိုက်ပါတယ်။
အစီရင်ခံစာထဲမှာ ဦးမောင်မောင်သိန်းဟာ မျိုးနွယ် နဲ့ မြယမုံ ကျောက်မျက် ကုမ္ပဏီ (၂) ခု ကို လိုင်စင် ထုတ်ပေးခဲ့ပြီး သားဖြစ်သူ ဦးနေအောင်ဟာ မျိုးနွယ် ကျောက်မျက် ကုမ္ပဏီမှာ ဒါရိုက်တာ အဖြစ် တာဝန်ထမ်းဆောင် နေကြောင်း ဖော်ပြ ပါရှိခဲ့ပါတယ်။
ဒါ့အပြင် ဒီကုမ္ပဏီ (၂) ခု ကနေ ကျောက်စိမ်းတွေကို တရုတ် နိုင်ငံကို ခိုးထုတ်နေပြီး အကျိုးအမြတ် တွေ ရရှိခဲ့ကြောင်းကိုလည်း Global Witness အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။
အဆိုပါ အစီရင်ခံစာထဲက ဖော်ပြပါရှိချက်တွေထဲက သားဖြစ်သူ ဦးနေအောင်ရဲ့ နာမည်သာ အမှန် ဖြစ်ပြီး ကျန် အကြောင်းအရာတွေဟာ မဟုတ်မှန်ဘူးလို့ ဦးမောင်မောင်သိန်းက ဘီဘီစီ ကို ပြောပါတယ်။
Global Witness အစီရင်ခံစာ မှာတော့ (၂၀၁၄) ခုနှစ်အတွင်း တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကျောက်စိမ်း ထုတ်လုပ်မှု တန်ဖိုးက အမေရိကန်ဒေါ်လာ (၃၁)ဘီလျံ ရှိခဲ့တယ်လို့ ဖော်ပြပါရှိ ခဲ့ပါတယ်။
အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ မိသားစု အပြင် ဝန်ကြီးဟောင်း ဦးမောင်မောင်သိန်း၊ လက်ရှိ ဝန်ကြီး ဦးအုန်းမြင့် ၊ ဒုဝန်ကြီး ဦးဘုန်းဆွေ နဲ့ နောက်ထပ် ဒုဝန်ကြီး ဦးဝင်းသန်း တို့ဟာလည်း ကျောက်စိမ်းကဏ္ဍ ကနေ ဝင်ငွေ အမြောက်အမြား ရရှိခဲ့တယ်လို့ ဖော်ပြ ခဲ့ပါတယ်။
အစီရင်ခံစာထဲမှာ ပါရှိတဲ့ စွပ်စွဲ ခံရသူတွေ အများကြီးထဲက ဦးမောင်မောင်သိန်း တစ်ယောက်သာ ရှင်းလင်း တုန့်ပြန်ခဲ့တာဖြစ်ပြီး တခြားသူတွေကတော့ အခုထိတော့ ဘာမှ တုန့်ပြန့်တာ မျိုး မရှိသေးပါဘူး။
http://www.bbc.com/burmese/burma/2015/11/151127_global_witness_ummt_presser?ocid=socialflow_facebook
Global Witness ေဖာ္ျပခ်က္ မဟုတ္မွန္ေၾကာင္း ဦးေမာင္ေမာင္သိန္း ျငင္းဆို
Reviewed by MP4 YoU
on
November 27, 2015
Rating: 5
Reviewed by MP4 YoU
on
November 27, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment