Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, November 27, 2015

တူရကီက ႐ုရွားကို မီးနဲ႔ မေဆာ့ဖို႔ ေျပာ


တူရကီ တိုက္ေလယာဥ္ရဲ့ ဒုံးက်ည္ ထိမွန္ၿပီးေနာက္ ႐ုရွား ေလယာဥ္ဟာ ဆီးရီးယား နယ္ေျမထဲမွာ ပ်က္က်ခဲ့။ ႐ုရွား ေလယာဥ္ကို တူရကီက ပစ္ခ်ခဲ့တဲ့ ကိစၥအတြက္ တင္းမာမွု၊ အျငင္းပြားမွုေတြ ေပၚေပါက္ေနခ်ိန္မွာ တူရကီ ဝန္ႀကီးခ်ဳပ္ အာဒိုဂန္က ႐ုရွား သမၼတ ပူတင္ကို 'မီးနဲ႔ မကစားပါနဲ႔' ဆိုၿပီး သတိေပး ေျပာဆို လိုက္ပါတယ္။ ပဲရစ္ၿမိဳ႕မွာ ျပဳလုပ္မယ့္ ရာသီဥတု ဆိုင္ရာ ထိပ္သီးေဆြးေႏြးပြဲမွာ မစၥတာ ပူတင္နဲ႔ မ်က္ႏွာခ်င္းဆိုင္ ေတြ႕လိုတယ္ လို႔လည္း မစၥတာ အာဒိုဂန္က ႐ုပ္သံ မိန္႔ခြန္းမွာ ေျပာသြားပါတယ္။ မစၥတာ ပူတင္ကေတာ့ တူရကီ အေနနဲ႔ ေတာင္းပန္ဖို႔ အသင့္ျဖစ္ပုံ မရေသးတဲ့အတြက္ ေတြ႕ဆုံဖို႔ ျငင္းဆိုခဲ့ေၾကာင္း မစၥတာ ပူတင္ရဲ့ လက္ေထာက္ တစ္ဦးက ေျပာပါတယ္။ ႐ုရွား နိုင္ငံျခားေရး ဝန္ႀကီးကလည္း တူရကီနဲ႔ ႐ုရွား အၾကား ဗီဇာ မလိုဘဲ သြားေရာက္နိုင္တဲ့ အစီအစဥ္ေတြကို ရပ္ဆိုင္းဖို႔ ဆုံးျဖတ္ခဲ့တယ္လို႔ ေျပာပါတယ္။ တူရကီက ႐ုရွား ေလယာဥ္ကို သူ႔ေလပိုင္နက္ထဲမွာ ေရာက္ေနစဥ္ ပစ္ခ်ခဲ့တာလို႔ ေျပာေပမယ့္ ႐ုရွား ကေတာ့ ဆီးရီးယား နယ္ေျမထဲမွာပဲ ပ်ံေနခဲ့တာလို႔ ဆက္လက္ ေျပာဆို ေနပါတယ္။ တူရကီ သမၼတ အာဒိုဂန္က သူ႔မိန္႔ခြန္းထဲမွာ ႐ုရွား သမၼတ ပူတင္နဲ႔ မ်က္ႏွာခ်င္းဆိုင္ ေတြ႕လိုေၾကာင္း၊ ႐ုရွားနဲ႔ ဆက္ဆံေရး မပ်က္စီး လိုေၾကာင္းလည္း ေျပာသြားပါတယ္။


http://www.bbc.com/burmese/world/2015/11/151127_erdogan_putin

............................................................

 တူရကီက ရုရှားကို မီးနဲ့ မဆော့ဖို့ ပြော

တူရကီ တိုက်လေယာဉ်ရဲ့ ဒုံးကျည် ထိမှန်ပြီးနောက် ရုရှား လေယာဉ်ဟာ ဆီးရီးယား နယ်မြေထဲမှာ ပျက်ကျခဲ့။ ရုရှား လေယာဉ်ကို တူရကီက ပစ်ချခဲ့တဲ့ ကိစ္စအတွက် တင်းမာမှု၊ အငြင်းပွားမှုတွေ ပေါ်ပေါက်နေချိန်မှာ တူရကီ ဝန်ကြီးချုပ် အာဒိုဂန်က ရုရှား သမ္မတ ပူတင်ကို 'မီးနဲ့ မကစားပါနဲ့' ဆိုပြီး သတိပေး ပြောဆို လိုက်ပါတယ်။ ပဲရစ်မြို့မှာ ပြုလုပ်မယ့် ရာသီဥတု ဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲမှာ မစ္စတာ ပူတင်နဲ့ မျက်နှာချင်းဆိုင် တွေ့လိုတယ် လို့လည်း မစ္စတာ အာဒိုဂန်က ရုပ်သံ မိန့်ခွန်းမှာ ပြောသွားပါတယ်။ မစ္စတာ ပူတင်ကတော့ တူရကီ အနေနဲ့ တောင်းပန်ဖို့ အသင့်ဖြစ်ပုံ မရသေးတဲ့အတွက် တွေ့ဆုံဖို့ ငြင်းဆိုခဲ့ကြောင်း မစ္စတာ ပူတင်ရဲ့ လက်ထောက် တစ်ဦးက ပြောပါတယ်။ ရုရှား နိုင်ငံခြားရေး ဝန်ကြီးကလည်း တူရကီနဲ့ ရုရှား အကြား ဗီဇာ မလိုဘဲ သွားရောက်နိုင်တဲ့ အစီအစဉ်တွေကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ပြောပါတယ်။ တူရကီက ရုရှား လေယာဉ်ကို သူ့လေပိုင်နက်ထဲမှာ ရောက်နေစဉ် ပစ်ချခဲ့တာလို့ ပြောပေမယ့် ရုရှား ကတော့ ဆီးရီးယား နယ်မြေထဲမှာပဲ ပျံနေခဲ့တာလို့ ဆက်လက် ပြောဆို နေပါတယ်။ တူရကီ သမ္မတ အာဒိုဂန်က သူ့မိန့်ခွန်းထဲမှာ ရုရှား သမ္မတ ပူတင်နဲ့ မျက်နှာချင်းဆိုင် တွေ့လိုကြောင်း၊ ရုရှားနဲ့ ဆက်ဆံရေး မပျက်စီး လိုကြောင်းလည်း ပြောသွားပါတယ်။

http://www.bbc.com/burmese/world/2015/11/151127_erdogan_putin

No comments:

Post a Comment