Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, November 27, 2015

ေက်ာင္းသားမ်ားကိုဆက္တိုက္ဖမ္းဆီးေနမႈသည္မီးေတာက္ကို ေလာင္စာဆီထည့္ သကဲ့သို႕ ျပႆ နာႀကီးမား ေအာင္လုပ္ေနျခင္းျဖစ္ဟု ဗကသေက်ာင္းသားေခါင္းေဆာင္ ေက်ာ္ကိုကို ေျပာၾကား

M.H(ႏို၀င္ဘာ ၂၇ရက္)

အစိုးရက ေက်ာင္းသားမ်ားအေပၚ ဆက္တိုက္ ဖမ္းဆီးေနမႈသည္ မီးေတာက္ကို ေလာင္စာဆီထည့္ သကဲ့သို႕ ျပႆ နာႀကီးမားေအာင္ လုပ္ေနျခင္းျဖစ္သည္ဟုဗကသေက်ာင္းသားေခါင္းေဆာင္ ေက်ာ္ကိုကိုက ႏို၀င္ဘာ ၂၇ရက္တြင္ ရန္ကုန္ၿမိဳ႕၊ ကမာရြတ္ၿမိဳ႕နယ္တရားရံုး ၌ ရံုးထုတ္ စစ္ေဆး မႈအၿပီး ေျပာၾကားသည္။
“ဒီေန႕က ပုဒ္မ ၁၈နဲ႕ တရားလို ရဲမွဴးကို စစ္တယ္။ ေလာေလာဆယ္ ဒီရံုးမွာ ရင္ဆိုင္ေနရတာပုဒ္မ၅ခုရွိတယ္။ဒီမိုကေရစီပညာေရးေတာင္းဆိုခဲ့တဲ့ ေက်ာင္းသားေတြကို ထပ္ၿပီး ဖမ္းဆီးေနတဲ့ အေပၚေျပာခ်င္တာက မီးေတာက္ထဲကို ဓာတ္ဆီေလာင္းထည့္တာနဲ႕ အတူတူပဲ။ ျပသနာကို ပိုၿပီးႀကီးမားလာေအာင္လုပ္ေနတာပဲ။ဒါက ႏိုင္ငံေရးျပသနာေတြကို ေျပလည္ေအာင္ေျဖရွင္းတဲ့ နည္းလမ္းမဟုတ္ဘူး။ ေက်ာင္းသားေတြရဲ႕ ဒီမိုကေရစီပညာေရး ေတာင္းဆိုခ်က္ေတြကိုမ်က္ကြယ္ျပဳၿပီးေတာ့ ေလးပြင့္ဆိုင္ကတိက၀တ္ေတြကို ခ်ိဳးေဖာက္တယ္။ ေက်ာင္းသားေတြကို ထပ္မံဖမ္းဆီးလာတဲ့ အျပင္ အမႈေတြထပ္တိုးၿပီး တရားစြဲဆိုေနတာဟာ မီးေတာက္ထဲကို ေလာင္စာဆီေတြ ေလာင္းထည့္ေနတာအတူတူပါပဲ” ဟု ၄င္းကေျပာသည္။
The Street View


..................
ကျောင်းသားများကိုဆက်တိုက်ဖမ်းဆီးနေမှုသည်မီးတောက်ကို လောင်စာဆီထည့် သကဲ့သို့ ပြဿ နာကြီးမား အောင်လုပ်နေခြင်းဖြစ်ဟု ဗကသကျောင်းသားခေါင်းဆောင် ကျော်ကိုကို ပြောကြား

M.H(နိုဝင်ဘာ ၂၇ရက်)

အစိုးရက ကျောင်းသားများအပေါ် ဆက်တိုက် ဖမ်းဆီးနေမှုသည် မီးတောက်ကို လောင်စာဆီထည့် သကဲ့သို့ ပြဿ နာကြီးမားအောင် လုပ်နေခြင်းဖြစ်သည်ဟုဗကသကျောင်းသားခေါင်းဆောင် ကျော်ကိုကိုက နိုဝင်ဘာ ၂၇ရက်တွင် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်တရားရုံး ၌ ရုံးထုတ် စစ်ဆေး မှုအပြီး ပြောကြားသည်။
“ဒီနေ့က ပုဒ်မ ၁၈နဲ့ တရားလို ရဲမှူးကို စစ်တယ်။ လောလောဆယ် ဒီရုံးမှာ ရင်ဆိုင်နေရတာပုဒ်မ၅ခုရှိတယ်။ဒီမိုကရေစီပညာရေးတောင်းဆိုခဲ့တဲ့ ကျောင်းသားတွေကို ထပ်ပြီး ဖမ်းဆီးနေတဲ့ အပေါ်ပြောချင်တာက မီးတောက်ထဲကို ဓာတ်ဆီလောင်းထည့်တာနဲ့ အတူတူပဲ။ ပြသနာကို ပိုပြီးကြီးမားလာအောင်လုပ်နေတာပဲ။ဒါက နိုင်ငံရေးပြသနာတွေကို ပြေလည်အောင်ဖြေရှင်းတဲ့ နည်းလမ်းမဟုတ်ဘူး။ ကျောင်းသားတွေရဲ့ ဒီမိုကရေစီပညာရေး တောင်းဆိုချက်တွေကိုမျက်ကွယ်ပြုပြီးတော့ လေးပွင့်ဆိုင်ကတိကဝတ်တွေကို ချိုးဖောက်တယ်။ ကျောင်းသားတွေကို ထပ်မံဖမ်းဆီးလာတဲ့ အပြင် အမှုတွေထပ်တိုးပြီး တရားစွဲဆိုနေတာဟာ မီးတောက်ထဲကို လောင်စာဆီတွေ လောင်းထည့်နေတာအတူတူပါပဲ” ဟု ၄င်းကပြောသည်။
The Street View

No comments:

Post a Comment