Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, November 19, 2015

အာဆီယံ ထိပ္သီး ေဆြးေႏြးပဲြ အတြက္ မေလးရွားမွာ လုံၿခံဳေရး တုိးျမွင့္


 အေရွ႕ေတာင္အာရွႏုိင္ငံမ်ား အဖြဲ႔ ASEAN ထိပ္္သီးအစည္းအေ၀းနဲ႔ တျခား ဆက္စပ္ အစည္းအေ၀းေတြ က်င္းပမယ့္ မေလးရွား ႏုိင္ငံ၊ ကြာလာလမ္ပူၿမိဳ႕ေတာ္မွာ ဒီကေန႔ လံုျခံဳေရးအင္အား ထပ္ျဖည့္ၿပီး ခ်ထားပါတယ္။ ဒီအစည္းအေ၀းေတြ ကို ေဒသတြင္းႏုိင္ငံေတြ က ေခါင္းေဆာင္ေတြ အျပင္ အေမရိကန္သမၼတ ဘရာ့ခ္ အိုဘားမား၊ ဂ်ပန္၀န္ႀကီးခ်ဳပ္ Shinzo Abe နဲ႔ တ႐ုတ္၀န္ႀကီးခ်ဳပ္ Li Keqiang တို႔လည္း တက္ေရာက္ဖို႔ရွိတာပါ။

လူေပါင္း ၁၂၉ ေယာက္ ေသဆံုးခဲ့ရတဲ့ ပါရီၿမိဳ႕ေတာ္တိုက္ခုိက္မႈအၿပီး က်င္းပမယ့္ ေဒသတြင္း ထိပ္သီးအစည္းအေ၀းျဖစ္တာ ေၾကာင့္ လံုျခံဳေရးဆိုင္ရာ ကိစၥရပ္ေတြထဲက ေဆြးေႏြးပြဲထဲမွာ အဓိကအေၾကာင္းအရာ ျဖစ္ပါလိမ့္မယ္။

ေတာင္တ႐ုတ္ပင္လယ္မွာ နယ္ေျမပိုင္ဆိုင္မႈဆုိင္ရာ အျငင္းပြားမႈ ဆက္ျဖစ္ေနတဲ့ ကိစၥကလည္း ေဆြးေႏြးမယ့္အေၾကာင္းအရာေတြထဲမွာ ပါ၀င္တယ္လို႔ မေလးရွား ၀န္ႀကီးခ်ဳပ္ Oh Ei Sun ကေျပာပါတယ္။ အာဆီယံႏုိင္ငံေတြဟာ အေမရိကန္၊ တ႐ုတ္၊ ဂ်ပန္တို႔နဲ႔ သူတို႔အၾကား ဆက္ဆံေရးကို ဟန္ခ်က္ညီေအာင္ ႀကိဳးစားေနၾကရတာပါ။

ဒီအေတာအတြင္းမွာပဲ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးမွာ ပူးေပါင္း ေဆာင္ရြက္မႈ တိုးျမႇင့္ဖို႔အတြက္ အေမရိကန္ျပည္ေထာင္စုနဲ႔ မေလးရွားတို႔အၾကား သေဘာတူ စာခ်ဳပ္တခုကို ဒီကေန႔ လက္မွတ္ ေရးထိုးၾကပါတယ္။

ဒီသေဘာတူညီခ်က္အရ လက္ေဗြမွတ္တမ္းေပါင္း ၁.၂ သန္းအပါအ၀င္ အၾကမ္းဖက္သမားလို႔ သိထားသူ၊ သံသယရွိသူေတြနဲ႔ဆိုင္တဲ့ အေမရိကန္မွာရွိတဲ့ အခ်က္ အလက္ေတြကို မေလးရွားက ရယူႏုိင္မယ္လုိ႔ ဒုတိယ၀န္ႀကီးခ်ဳပ္ Zahid Hamidi ကေျပာပါတယ္။ အၾကမ္းဖက္သမားလို႔ သံသယရွိသူေတြ မေလးရွားႏုိင္ငံကို ၾကားခံေနရာတခုအျဖစ္ အသံုးျပဳဖို႔ ၀င္လာတာမ်ဳိးကို တားဆီးႏုိင္ဖို႔ျဖစ္တယ္လုိ႔ ဒု၀န္ႀကီးခ်ဳပ္က ေျပာပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com

........................................................

အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ အတွက် မလေးရှားမှာ လုံခြုံရေး တိုးမြှင့်


 အရှေ့တောင်အာရှနိုင်ငံများ အဖွဲ့ ASEAN ထိပ််သီးအစည်းအဝေးနဲ့ တခြား ဆက်စပ် အစည်းအဝေးတွေ ကျင်းပမယ့် မလေးရှား နိုင်ငံ၊ ကွာလာလမ်ပူမြို့တော်မှာ ဒီကနေ့ လုံခြံုရေးအင်အား ထပ်ဖြည့်ပြီး ချထားပါတယ်။ ဒီအစည်းအဝေးတွေ ကို ဒေသတွင်းနိုင်ငံတွေ က ခေါင်းဆောင်တွေ အပြင် အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမား၊ ဂျပန်ဝန်ကြီးချုပ် Shinzo Abe နဲ့ တရုတ်ဝန်ကြီးချုပ် Li Keqiang တို့လည်း တက်ရောက်ဖို့ရှိတာပါ။

လူပေါင်း ၁၂၉ ယောက် သေဆုံးခဲ့ရတဲ့ ပါရီမြို့တော်တိုက်ခိုက်မှုအပြီး ကျင်းပမယ့် ဒေသတွင်း ထိပ်သီးအစည်းအဝေးဖြစ်တာ ကြောင့် လုံခြံုရေးဆိုင်ရာ ကိစ္စရပ်တွေထဲက ဆွေးနွေးပွဲထဲမှာ အဓိကအကြောင်းအရာ ဖြစ်ပါလိမ့်မယ်။

တောင်တရုတ်ပင်လယ်မှာ နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှု ဆက်ဖြစ်နေတဲ့ ကိစ္စကလည်း ဆွေးနွေးမယ့်အကြောင်းအရာတွေထဲမှာ ပါ၀င်တယ်လို့ မလေးရှား ၀န်ကြီးချုပ် Oh Ei Sun ကပြောပါတယ်။ အာဆီယံနိုင်ငံတွေဟာ အမေရိကန်၊ တရုတ်၊ ဂျပန်တို့နဲ့ သူတို့အကြား ဆက်ဆံရေးကို ဟန်ချက်ညီအောင် ကြိုးစားနေကြရတာပါ။

ဒီအတောအတွင်းမှာပဲ အကြမ်းဖက်မှုတိုက်ဖျက်ရေးမှာ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ဖို့အတွက် အမေရိကန်ပြည်ထောင်စုနဲ့ မလေးရှားတို့အကြား သဘောတူ စာချုပ်တခုကို ဒီကနေ့ လက်မှတ် ရေးထိုးကြပါတယ်။

ဒီသဘောတူညီချက်အရ လက်ဗွေမှတ်တမ်းပေါင်း ၁.၂ သန်းအပါအဝင် အကြမ်းဖက်သမားလို့ သိထားသူ၊ သံသယရှိသူတွေနဲ့ဆိုင်တဲ့ အမေရိကန်မှာရှိတဲ့ အချက် အလက်တွေကို မလေးရှားက ရယူနိုင်မယ်လို့ ဒုတိယဝန်ကြီးချုပ် Zahid Hamidi ကပြောပါတယ်။ အကြမ်းဖက်သမားလို့ သံသယရှိသူတွေ မလေးရှားနိုင်ငံကို ကြားခံနေရာတခုအဖြစ် အသုံးပြုဖို့ ၀င်လာတာမျိုးကို တားဆီးနိုင်ဖို့ဖြစ်တယ်လို့ ဒုဝန်ကြီးချုပ်က ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment