Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, November 19, 2015

ျမန္မာႏုိင္ငံဆုိင္ရာ အေမရိကန္မူဝါဒ ရီပတ္ဘလစ္ကန္အမတ္ Rubio ခ်ီးက်ဳး

အေမရိကန္မူဝါဒ ရီပတ္ဘလစ္ကန္အမတ္ Marco Rubio။
 အေမရိကန္သမၼတ ဘရာခ့္ အိုဘားမားက ျမန္မာႏုိင္ငံနဲ႔ သံတမန္ဆက္ဆံေရး လမ္းဖြင့္ခဲ့တာဟာ အာဏာရွင္အစိုးရေတြနဲ႔ ဆက္ဆံတာမွာ ပိုၿပီးထိေရာက္တဲ့ ပံုစံတခုျဖစ္တယ္လုိ႔ ရီပတ္ဘလီကန္ အထက္လႊတ္ေတာ္အမတ္ Marco Rubio က ေျပာပါတယ္။ သူဟာ ၂၀၁၆ ခုႏွစ္ အေမရိကန္သမၼတ ေရြးေကာက္ပြဲမွာ ရီပတ္ဘလီကန္ပါတီကို ကိုယ္စားျပဳ ယွဥ္ၿပိဳင္ခြင့္ရဖို႔ ႀကိဳးစားေန သူေတြထဲ တဦးအပါအ၀င္ျဖစ္ပါတယ္။

AP သတင္းဌာနနဲ႔ ေတြ႔ဆံုေမးျမန္းခန္းတခုအတြင္း က်ဴးဘားႏုိင္ငံနဲ႔ ပတ္သက္တဲ့ ေမးျမန္းခ်က္ေတြကို ေျဖဆိုရင္း မစၥတာ Rubio က သမၼတ အိုဘားမားရဲ႕ ျမန္မာႏုိင္ငံဆိုင္ရာမူ၀ါဒ အေျပာင္းအလဲကို ထည့္ေျပာသြားတာပါ။

ျမန္မာႏုိင္ငံနဲ႔ပတ္သက္ၿပီး ျဖစ္ပ်က္ခဲ့တာေတြက ၿပီးျပည့္စံုတယ္လုိ႔ ေျပာဆိုတာ မဟုတ္ေပမဲ့ အဲဒီလိုလမ္းဖြင့္တာေၾကာင့္ပဲ ဒီမုိကေရစီေရးအတြက္ အခြင့္အလမ္းတခ်ဳိ႕ ပြင့္သြားသလို အတိုက္အခံအုပ္စုေတြနဲ႔ စိတ္ကူး စိတ္သန္းေတြ ႏုိင္္ငံေရးနယ္ထဲ ၀င္ခြင့္ရလာေစတယ္လုိ႔ မစၥတာ Rubio ကေျပာပါတယ္။

က်ဴးဘားနဲ႔ပတ္သက္လို႔ေတာ့ အဲဒီလိုမဟုတ္ဘူးလို႔လည္း သူကေျပာသြားပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com

........................................

မန်မာနိုင်ငံဆိုင်ရာ အမေရိကန်မူဝါဒ ရီပတ်ဘလစ်ကန်အမတ် Rubio ချီးကျုး

 အမေရိကန်သမ္မတ ဘရာခ့် အိုဘားမားက မြန်မာနိုင်ငံနဲ့ သံတမန်ဆက်ဆံရေး လမ်းဖွင့်ခဲ့တာဟာ အာဏာရှင်အစိုးရတွေနဲ့ ဆက်ဆံတာမှာ ပိုပြီးထိရောက်တဲ့ ပုံစံတခုဖြစ်တယ်လို့ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် Marco Rubio က ပြောပါတယ်။ သူဟာ ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်ပါတီကို ကိုယ်စားပြု ယှဉ်ပြိုင်ခွင့်ရဖို့ ကြိုးစားနေ သူတွေထဲ တဦးအပါအဝင်ဖြစ်ပါတယ်။

AP သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းတခုအတွင်း ကျူးဘားနိုင်ငံနဲ့ ပတ်သက်တဲ့ မေးမြန်းချက်တွေကို ဖြေဆိုရင်း မစ္စတာ Rubio က သမ္မတ အိုဘားမားရဲ့ မြန်မာနိုင်ငံဆိုင်ရာမူဝါဒ အပြောင်းအလဲကို ထည့်ပြောသွားတာပါ။

မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ဖြစ်ပျက်ခဲ့တာတွေက ပြီးပြည့်စုံတယ်လို့ ပြောဆိုတာ မဟုတ်ပေမဲ့ အဲဒီလိုလမ်းဖွင့်တာကြောင့်ပဲ ဒီမိုကရေစီရေးအတွက် အခွင့်အလမ်းတချို့ ပွင့်သွားသလို အတိုက်အခံအုပ်စုတွေနဲ့ စိတ်ကူး စိတ်သန်းတွေ နိုင််ငံရေးနယ်ထဲ ၀င်ခွင့်ရလာစေတယ်လို့ မစ္စတာ Rubio ကပြောပါတယ်။

ကျူးဘားနဲ့ပတ်သက်လို့တော့ အဲဒီလိုမဟုတ်ဘူးလို့လည်း သူကပြောသွားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment