Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, November 19, 2015

ျပင္သစ္ တုိက္ခုိက္မႈ ႀကိဳးကုိင္ စီစဥ္သူ အျဖစ္ သံသယရွိသူ အေသမိ

အၾကမ္းဖက္ တိုက္ခိုက္မႈမွာ ႀကိဳးကိုင္စီစဥ္သူလို႔ သံသယရွိသူ Abdelhamid Abaaoud ။
 ျပင္သစ္ႏုိင္ငံ၊ ပါရီၿမိဳ႕ေတာ္မွာ ဗုဒၶဟူးေန႔က စီးနင္းရွာေဖြမႈ အတြင္း ေသဆံုး သြားသူေတြထဲမွာ ၿပီးခဲ့တဲသီတင္းပတ္ အၾကမ္းဖက္ တိုက္ခိုက္မႈကို ႀကိဳးကိုင္ စီစဥ္တယ္လို႔ သံသယရွိသူပါတယ္လုိ႔ ျပင္သစ္အစိုးရေရွ႕ေနေတြက အတည္ျပဳလိုက္ပါတယ္။

Saint-Denis အရပ္က လူေနတိုက္ခန္းတခုကုိ ရဲတပ္ဖြဲ႔က ခုနစ္နာရီၾကာ စီးနင္းရွာေဖြမႈ အတြင္း အခန္းထဲရွိေနသူေတြထဲမွာ ေမာ္႐ိုကိုဖြား ဘယ္လ္ဂ်ီယံႏုိင္ငံသား Abdelhamid Abaaoud လည္း ရွိေနခဲ့တာပါ။

ဒီအေတာအတြင္းမွာပဲ ႏုိင္ငံေတာ္အေရးေပၚအေျခအေန ေၾကညာထားတာကို သံုးလ သက္တမ္းထပ္တိုးဖို႔ ျပင္သစ္လႊတ္ေတာ္ အမတ္ေတြ ဒီကေန႔ မဲခြဲဆံုးျဖတ္လိုက္ပါတယ္။ သက္တမ္းတိုးေရး ကိစၥကို ျပင္သစ္ေအာက္လႊတ္ေတာ္ လို႔ဆိုရမယ့္ National Assembly က အတည္ျပဳလိုက္တာျဖစ္ၿပီး အထက္လႊတ္ေတာ္မွာလည္း ေသာၾကာေန႔က်ရင္ မဲခြဲဆံုးျဖတ္မယ္လုိ႔ ခန္႔မွန္းထားပါ တယ္။

ဓာတု ဒါမွမဟုတ္ ဇီ၀လက္နက္ေတြရဲ႕ ၿခိမ္းေျခာက္မႈအပါအ၀င္ တိုင္းျပည္ ရင္ဆိုင္ေနရတဲ့ အႏၲရာယ္ေတြနဲ႔ပတ္သက္ၿပီး ၀န္ႀကီးခ်ဳပ္ Manuel Valls က လႊတ္ေတာ္မဲေပးပြဲ မတုိင္ခင္ လႊတ္ေတာ္အမတ္ေတြကိုေျပာတဲ့မိန္႔ခြန္းမွာ သတိေပးခဲ့ပါတယ္။

အေရးေပၚအေျခအေန သက္တမ္းတိုး ဆံုးျဖတ္ခ်က္ထဲမွာ အၾကမ္းဖက္၀ါဒကို အမႊမ္းတင္တဲ့ ဒါမွမဟုတ္ လူေတြ အၾကမ္းဖက္ လာေအာင္ အားေပးတိုက္တြန္းတဲ့ ဗလီေတြနဲ႔ လူမႈ စုေ၀းပြဲေတြအပါအ၀င္ ဘယ္လိုအသင္းအပင္းမ်ဳိး ဒါမွမဟုတ္ စုေ၀းမႈမ်ဳိးကို မဆို အာဏာပိုင္ေတြက ပိတ္ပင္ႏုိင္ခြင့္ေပး ထားတဲ့ ျပဌာန္းခ်က္တခုလည္း ပါ၀င္ပါတယ္။ ဒီဥပေဒမူၾကမ္းကို လူ႔အခြင့္အေရး လႈပ္ရွားသူေတြက ေ၀ဖန္ၾကပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com

..........................................................

ပင်သစ် တိုက်ခိုက်မှု ကြိုးကိုင် စီစဉ်သူ အဖြစ် သံသယရှိသူ အသေမိ

 ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်မှာ ဗုဒ္ဓဟူးနေ့က စီးနင်းရှာဖွေမှု အတွင်း သေဆုံး သွားသူတွေထဲမှာ ပြီးခဲ့တဲသီတင်းပတ် အကြမ်းဖက် တိုက်ခိုက်မှုကို ကြိုးကိုင် စီစဉ်တယ်လို့ သံသယရှိသူပါတယ်လို့ ပြင်သစ်အစိုးရရှေ့နေတွေက အတည်ပြုလိုက်ပါတယ်။

Saint-Denis အရပ်က လူနေတိုက်ခန်းတခုကို ရဲတပ်ဖွဲ့က ခုနစ်နာရီကြာ စီးနင်းရှာဖွေမှု အတွင်း အခန်းထဲရှိနေသူတွေထဲမှာ မော်ရိုကိုဖွား ဘယ်လ်ဂျီယံနိုင်ငံသား Abdelhamid Abaaoud လည်း ရှိနေခဲ့တာပါ။

ဒီအတောအတွင်းမှာပဲ နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာထားတာကို သုံးလ သက်တမ်းထပ်တိုးဖို့ ပြင်သစ်လွှတ်တော် အမတ်တွေ ဒီကနေ့ မဲခွဲဆုံးဖြတ်လိုက်ပါတယ်။ သက်တမ်းတိုးရေး ကိစ္စကို ပြင်သစ်အောက်လွှတ်တော် လို့ဆိုရမယ့် National Assembly က အတည်ပြုလိုက်တာဖြစ်ပြီး အထက်လွှတ်တော်မှာလည်း သောကြာနေ့ကျရင် မဲခွဲဆုံးဖြတ်မယ်လို့ ခန့်မှန်းထားပါ တယ်။

ဓာတု ဒါမှမဟုတ် ဇီဝလက်နက်တွေရဲ့ ခြိမ်းခြောက်မှုအပါအဝင် တိုင်းပြည် ရင်ဆိုင်နေရတဲ့ အန္တရာယ်တွေနဲ့ပတ်သက်ပြီး ၀န်ကြီးချုပ် Manuel Valls က လွှတ်တော်မဲပေးပွဲ မတိုင်ခင် လွှတ်တော်အမတ်တွေကိုပြောတဲ့မိန့်ခွန်းမှာ သတိပေးခဲ့ပါတယ်။

အရေးပေါ်အခြေအနေ သက်တမ်းတိုး ဆုံးဖြတ်ချက်ထဲမှာ အကြမ်းဖက်ဝါဒကို အမွှမ်းတင်တဲ့ ဒါမှမဟုတ် လူတွေ အကြမ်းဖက် လာအောင် အားပေးတိုက်တွန်းတဲ့ ဗလီတွေနဲ့ လူမှု စုဝေးပွဲတွေအပါအဝင် ဘယ်လိုအသင်းအပင်းမျိုး ဒါမှမဟုတ် စုဝေးမှုမျိုးကို မဆို အာဏာပိုင်တွေက ပိတ်ပင်နိုင်ခွင့်ပေး ထားတဲ့ ပြဌာန်းချက်တခုလည်း ပါ၀င်ပါတယ်။ ဒီဥပဒေမူကြမ်းကို လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဝေဖန်ကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.

No comments:

Post a Comment