Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, November 27, 2015

တပ္မေတာ္၏ လက္တဲြေဖာ္သစ္

|| Opinion ||
ျမန္မာႏုိင္ငံ၏ နုိင္ငံေရးျမင္ကြင္းမွာ လံုး၀ ေျပာင္းလဲသြားခဲ့ၿပီဟု ခ်င္းမုိင္တကၠသုိလ္မွ ျမန္မာ့အေရး ကၽြမ္းက်င္သူ အက္ရွေလေဆာင္ က ဆုိသည္။ “ဘယ္အရာမွ မတူႏုိင္ေတာ့ပါဘူး” ဟု အက္ရွေလက ေျပာၾကားသည္။ အထင္ရွားဆံုး ေျပာင္းလဲမႈတစ္ခုမွာ တစ္ခ်ိန္က အင္အားႀကီးခဲ့ေသာ ႀကံ႕ခုိင္ေရးပါတီသည္ ႏုိ၀င္ဘာ ၈ ေရြးေကာက္ပြဲရလဒ္အရ ၿပဳိဆင္းသြားခဲ့ၿပီး ႏုိင္ငံေရးပံုစံသစ္ ထြက္ေပၚလာျခင္းျဖစ္သည္။
ႀကံ႕ခုိင္ေရးပါတီမွ ကုိယ္စားလွယ္ေလာင္းမ်ား ေရြးေကာက္ပြဲ ႐ံႈးနိမ့္ခဲ့ရာတြင္ ပါတီပူးတြဲဥကၠ႒ ဦးေဌးဦးလည္း ပါ၀င္ခဲ့သည္။ ျပည္ခုိင္ၿဖိဳ းပါတီ၏ ဒုဥကၠဌမ်ား အတြင္းေရးမႈမ်ား ဗဟုိေကာ္မတီ၀င္မ်ား အားလုံးနီးပါး ရႈံးနိမ္႔ခဲ့ၾကသည္။ သမၼတ ဦးသိန္းစိန္၏ အစုိးရအဖဲြ႕မွ ျပည္ေထာင္စု ၀န္ႀကီး ၁၈ ဦး ၀င္ေရာက္ ယွဥ္ၿပိဳင္ရာတြင္ ၂ ဦးသာ အႏုိင္ရရွိခဲ့သည္။ တပ္မွ အၿငိမ္းစားယူၿပီး ေရြးေကာက္ပဲြ ၀င္ခဲ့ၾကသည့္ ဗုိလ္ခ်ဳပ္ႀကီးမ်ား ဗုိလ္ခ်ဳပ္မ်ား စစ္တပ္အရာရွိမ်ား အမ်ားစုလည္း ရႈံးနိမ္႔ခဲ့ၾကသည္။
ထုိေၾကာင့္ ႀကံ႕ခုိင္ေရးပါတီအတြင္းမွ ျပဳျပင္ေျပာင္းလဲေရး စိတ္ဓာတ္ရွိသည့္ ေခါင္းေဆာင္မ်ားက ပါတီကုိ ဖြဲ႕စည္းပံုေဟာင္းမွေန၍ “တတိယ” ပါတီအျဖစ္ အသစ္ ျပန္လည္တည္ေဆာက္ရန္ ႀကိဳးပမ္းၾကမည္မွာ ေသခ်ာသည္ဟု အက္ရွေလက ဆုိသည္။ ထုိသုိ႔ ျပန္လည္တည္ေဆာက္ရန္အတြက္ ပါတီ၀င္အဆင့္ဆင့္မွ အရည္အခ်င္းရွိသူမ်ား ေရြးခ်ယ္ရန္၊ ပါတီအမည္ႏွင့္ အမွတ္တံဆိပ္မ်ား ေျပာင္းလဲရန္ႏွင့္ ၂၀၂၀ ေရြးေကာက္ပြဲအတြက္ ျပင္ဆင္ရန္ တုိ႔ကုိ စတင္ေဆြးေႏြးေနၿပီဟု ဆုိသည္။
ေရြးေကာက္ပဲြ မတုိင္မီ အင္အားသုံး ျဖဳတ္ခ်ခံခဲ့ရသည့္ သူရဦးေရႊမန္း လက္ထက္တြင္ တိတ္တဆိတ္ ေကာက္ခံခဲ့သည့္ စစ္တမ္းအတုိင္း ေရြးေကာက္ပဲြ ရလဒ္ ထြက္လာခဲ့မႈေၾကာင့္ သူရဦးေရႊမန္းသည္ အေျမာ္အျမင္ရွိသည္ ပါတီအတြက္ အမွန္တကယ္ အလုပ္လုပ္ခဲ့သူ အရည္အခ်င္းရွိသူအျဖစ္ ေအာက္ေျခပါတီ၀င္မ်ားၾကား ေထာက္ခံမႈမ်ား ပုိမုိမ်ားျပားလာသည္။
ထုိ႔ျပင္ သမၼတ ဦးသိန္းစိန္၏ ေစခုိင္းမႈျဖင့္ တစ္သီးပုဂၢလအျဖစ္ ၀င္ေရာက္မဲၿပိဳင္ခဲ့သည့္ လူယုံမ်ားေၾကာင့္ ျပည္ခုိင္ၿဖိဳ း၏ မဲကုိ ကဲြျပားသြားေစသည္ဟု ဗဟုိေကာ္မတီ၀င္ တစ္ဦးက The Nation သတင္းစာသုိ႔ ေျပာၾကားခဲ့သည္။
၀င္ေရာက္ယွဥ္ၿပဳိင္သူ အေရအတြက္အရ တတိယအႀကီးဆံုး ျဖစ္ခဲ့ေသာ္လည္း တစ္ေနရာမွ် အႏုိင္မရခဲ့သည့္ အမ်ဳိးသားဖြံ႕ၿဖဳိးေရးပါတီတုိ႔ ပါ၀င္သည္။ အဆုိပါ ပါတီကုိ သမၼတအႀကံေပးျဖစ္သူ ဦးေနဇင္လတ္က ေရြးေကာက္ပဲြ ၆ လအလုိေလာက္တြင္ ဦးေဆာင္ဖဲြ႕စည့္ခဲ့ၿပီး ေဒၚလာ သန္းခ်ီ အကုန္က်ခံကာ တစ္ႏုိင္ငံလုံး အတုိင္းအတာျဖင့္ ရုံးခန္းမ်ားဖြင့္ျခင္း၊ ကုိယ္စားလွယ္ေလာင္းမ်ား ရွာေဖြျခင္း၊ သင္တန္းေပးျခင္း၊ မဲဆြယ္စရိတ္ အလုံးစုံထုတ္ေပးျခင္းမ်ား ျပဳလုပ္ခဲ့သည္ ဟု ျပည္တြင္းသတင္းမ်ားအရ သိရသည္။
အဆုိပါ ပါတီ၏ ထူးျခားခ်က္မွာ မ.ဘ.သ ေအာင္ပဲြအခမ္းအနားမ်ားကုိ တက္ေရာက္ၿပီး ၄င္းတုိ႔ လႊတ္ေတာ္ထဲ ေရာက္ပါက သဃံာမ်ားကုိ မဲေပးခြင့္ရေအာင္ ႀကိဳ းပမ္းေပးမည္ဟုသည့္ ကတိစကားပင္ျဖစ္သည္။ အမ်ဳိးသားဖြံ႕ၿဖဳိးေရးပါတီမွာ အမ်ိဳးသားလႊတ္ေတာ္အတြက္ ကခ်င္ျပည္နယ္ရွိ မဲဆႏၵနယ္ တစ္ခုတည္း အတြက္သာ အႏုိင္ရရွိခဲ့သျဖင့္ အဆုိပါ ကတိစကားကုိ တည္ႏုိင္ဖုိ႔ရန္ ခက္ခဲမည္ျဖစ္သည္။ အဘယ္ေၾကာင့္ဆုိေသာ္ NLD ပါတီက အမ်ိဳးသားလႊတ္ေတာ္၏ ၇၉% ကုိ လႊမ္းမုိးထားၿပီး ျဖစ္ေသာေၾကာင့္ ျဖစ္သည္။
ရန္ကုန္ၿမိဳ ႔ေန ထိပ္တန္းစီးပြားေရးလုပ္ငန္းရွင္ တစ္ဦးကမူ "ဦးသိန္းစိန္က ပါတီခဲြ လူခဲြ ယွဥ္ၿပိဳင္ျခင္းျဖင့္ လုိအပ္သည့္ မဲရရွိႏုိင္မည္ဟု အပုိင္တြက္ထားခဲ့ပုံေပၚတယ္" ဟု ေျပာၾကားခဲ့သည္။
"အားလုံးေပါင္း ၂၀% ရရင္ေတာင္ စစ္တပ္ရဲ႕ ၂၅% နဲ႔ေပါင္းရင္ ၄၅% ျဖစ္ေနၿပီေလ၊ ေနာက္ တုိင္းရင္းသားပါတီေတြကုိလည္း ၁၅% ေလာက္ လြမ္းမုိးႏုိင္မယ္လုိ႔ တြက္ထားေတာ့ NLD က ၄၀% ေလာက္ပဲ က်န္မွာေပါ႔၊ ညႊန္႔ေပါင္းလုိ သြားႏုိင္မယ္၊ ဦးသိန္းစိန္လည္း သမၼတဆက္လုပ္ရမယ္၊ ဒါကုိ အေမရိကန္နဲ႔ အီးယူကလည္း ဆက္လက္ၿပီး ေထာက္ခံမႈ ေပးေနမယ္လုိ႔ သမၼတရဲ႕ အႀကံေပးမ်ားက တြက္ခ်က္ခဲ့ပါတယ္" ဟု ၄င္းက ဆက္လက္၍ ရွင္းျပခဲ့သည္။
သုိ႔ေသာ္ ေနာက္ဆုံး ရလဒ္တြင္ ျပည္ခုိင္ၿဖိဳ းက ၈% သာ ျပည္ေထာင္စုလႊတ္ေတာ္တြင္ ေနရာရခဲ့ၿပီး NLD က ၇၇% ေက်ာ္ သိမ္းဆည္းသြားျခင္းေၾကာင့္
ေၾကာင္စီစီျဖင့္ ေရြးေကာက္ပဲြလြန္ကာလတြင္ ဦးသိန္းစိန္အစုိးရမွာ ဟန္ခ်က္ပ်က္ ၿငိမ္သက္ေနျခင္း ျဖစ္သည္ဟု အက္ရွေလက သုံးသပ္ေရးသားခဲ့သည္။
ေျပာင္းလဲလာသည့္ ႏုိင္ငံေရးျမင္ကြင္းတြင္ လုိက္ပါျပဳျပင္ေျပာင္းလဲရန္ ဖိအားရွိေနသူမွာ ႀကံ႕ခုိင္ေရးပါတီ တစ္ဦးတည္း မဟုတ္ေပ။ လူနည္းစု တုိင္းရင္းသားမ်ား ေနထုိင္ရာ ေဒသမ်ားတြင္ NLD အႏုိင္ရခဲ့ျခင္းက တုိင္းရင္းသားပါတီမ်ားအား ၄င္းတုိ႔၏ အင္အားကုိ ျပန္လည္သံုးသပ္ရန္ ဖိအားျဖစ္ေစခဲ့ၿပီး မဲဆႏၵရွင္မ်ား၏ အမွန္တကယ္ လုိလားသည့္ ဆႏၵမ်ားကုိ ျပန္လည္သံုးသပ္ရမည္ျဖစ္သည္။
လက္ရွိ အေျခအေနအရ လႊတ္ေတာ္တြင္ စစ္တပ္က တင္သြင္းမည့္ သမၼတေလာင္းမွာ ယခင္ ထင္မွတ္ထားသကဲ့သုိ႔ လက္ရွိသမၼတ ဦးသိန္းစိန္ ျဖစ္ဖြယ္မရွိေတာ့ဘဲ လက္ရွိ အုပ္ခ်ဳပ္ေရး ႏွင့္ ႏုိင္ငံေရးတြင္ ပါ၀င္ေနသူ အၿငိမ္းစား ဗုိလ္ခ်ဳပ္တစ္ဦးဦး ျဖစ္ဖြယ္ရွိသည္။
ေနာက္ဆုံး ေသခ်ာသည့္ အခ်က္တစ္ခုမွာ ျမန္မာနုိင္ငံေရး၏ အနာဂတ္သည္ စစ္တပ္ႏွင့္ NLD တုိ႔ သေဘာတူညီမႈ ရရွိႏုိင္ျခင္းရွိမရွိအေပၚတြင္ မူတည္ေနျခင္း ျဖစ္သည္။
ႏုိ၀င္ဘာ ၈ ေရြးေကာက္ပြဲတြင္ ေတာင္ၿပဳိကမ္းၿပဳိ အႏုိင္ရခဲ့သျဖင့္ ေဒၚေအာင္ဆန္းစုၾကည္ ႏွင့္ NLD ပါတီမွာ ေစ့စပ္ညိွႏိႈင္းရာတြင္ အလြန္အားေကာင္းသည့္ အေနအထားကုိ ရရွိခဲ့ေသာ္လည္း တည္ဆဲအေျခခံဥပေဒ၊ ျပည္တြင္းစစ္ႏွင့္ ယခင္စစ္အစုိးရလက္ထက္ စီးပြားေရးအရ ေျခကုပ္သိမ္းပုိက္ထားမႈမ်ားေၾကာင့္ စစ္တပ္ႏွင့္ ပူးေပါင္းေဆာင္ရြက္မွသာ NLD အေနျဖင့္ အစုိးရဖဲြ႕ၿပီး တုိင္းျပည္ကုိ ထိေရာက္စြာ ေျပာင္းလဲ ႏုိင္မည္ျဖစ္သည္။
ေမာင္ႏုိး
The Ladies News Journal
.................
The Ladies News Journal

တပ်မတော်၏ လက်တွဲဖော်သစ်
|| Opinion ||
မြန်မာနိုင်ငံ၏ နိုင်ငံရေးမြင်ကွင်းမှာ လုံးဝ ပြောင်းလဲသွားခဲ့ပြီဟု ချင်းမိုင်တက္ကသိုလ်မှ မြန်မာ့အရေး ကျွမ်းကျင်သူ အက်ရှလေဆောင် က ဆိုသည်။ “ဘယ်အရာမှ မတူနိုင်တော့ပါဘူး” ဟု အက်ရှလေက ပြောကြားသည်။ အထင်ရှားဆုံး ပြောင်းလဲမှုတစ်ခုမှာ တစ်ချိန်က အင်အားကြီးခဲ့သော ကြံ့ခိုင်ရေးပါတီသည် နို၀င်ဘာ ၈ ရွေးကောက်ပွဲရလဒ်အရ ပြိုဆင်းသွားခဲ့ပြီး နိုင်ငံရေးပုံစံသစ် ထွက်ပေါ်လာခြင်းဖြစ်သည်။
ကြံ့ခိုင်ရေးပါတီမှ ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့ရာတွင် ပါတီပူးတွဲဥက္ကဋ္ဌ ဦးဌေးဦးလည်း ပါ၀င်ခဲ့သည်။ ပြည်ခိုင်ဖြို းပါတီ၏ ဒုဥက္ကဌများ အတွင်းရေးမှုများ ဗဟိုကော်မတီဝင်များ အားလုံးနီးပါး ရှုံးနိမ့်ခဲ့ကြသည်။ သမ္မတ ဦးသိန်းစိန်၏ အစိုးရအဖွဲ့မှ ပြည်ထောင်စု ၀န်ကြီး ၁၈ ဦး ၀င်ရောက် ယှဉ်ပြိုင်ရာတွင် ၂ ဦးသာ အနိုင်ရရှိခဲ့သည်။ တပ်မှ အငြိမ်းစားယူပြီး ရွေးကောက်ပွဲ ၀င်ခဲ့ကြသည့် ဗိုလ်ချုပ်ကြီးများ ဗိုလ်ချုပ်များ စစ်တပ်အရာရှိများ အများစုလည်း ရှုံးနိမ့်ခဲ့ကြသည်။
ထိုကြောင့် ကြံ့ခိုင်ရေးပါတီအတွင်းမှ ပြုပြင်ပြောင်းလဲရေး စိတ်ဓာတ်ရှိသည့် ခေါင်းဆောင်များက ပါတီကို ဖွဲ့စည်းပုံဟောင်းမှနေ၍ “တတိယ” ပါတီအဖြစ် အသစ် ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းကြမည်မှာ သေချာသည်ဟု အက်ရှလေက ဆိုသည်။ ထိုသို့ ပြန်လည်တည်ဆောက်ရန်အတွက် ပါတီဝင်အဆင့်ဆင့်မှ အရည်အချင်းရှိသူများ ရွေးချယ်ရန်၊ ပါတီအမည်နှင့် အမှတ်တံဆိပ်များ ပြောင်းလဲရန်နှင့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်ရန် တို့ကို စတင်ဆွေးနွေးနေပြီဟု ဆိုသည်။
ရွေးကောက်ပွဲ မတိုင်မီ အင်အားသုံး ဖြုတ်ချခံခဲ့ရသည့် သူရဦးရွှေမန်း လက်ထက်တွင် တိတ်တဆိတ် ကောက်ခံခဲ့သည့် စစ်တမ်းအတိုင်း ရွေးကောက်ပွဲ ရလဒ် ထွက်လာခဲ့မှုကြောင့် သူရဦးရွှေမန်းသည် အမြော်အမြင်ရှိသည် ပါတီအတွက် အမှန်တကယ် အလုပ်လုပ်ခဲ့သူ အရည်အချင်းရှိသူအဖြစ် အောက်ခြေပါတီဝင်များကြား ထောက်ခံမှုများ ပိုမိုများပြားလာသည်။
ထို့ပြင် သမ္မတ ဦးသိန်းစိန်၏ စေခိုင်းမှုဖြင့် တစ်သီးပုဂ္ဂလအဖြစ် ၀င်ရောက်မဲပြိုင်ခဲ့သည့် လူယုံများကြောင့် ပြည်ခိုင်ဖြို း၏ မဲကို ကွဲပြားသွားစေသည်ဟု ဗဟိုကော်မတီဝင် တစ်ဦးက The Nation သတင်းစာသို့ ပြောကြားခဲ့သည်။
၀င်ရောက်ယှဉ်ပြိုင်သူ အရေအတွက်အရ တတိယအကြီးဆုံး ဖြစ်ခဲ့သော်လည်း တစ်နေရာမျှ အနိုင်မရခဲ့သည့် အမျိုးသားဖွံ့ဖြိုးရေးပါတီတို့ ပါ၀င်သည်။ အဆိုပါ ပါတီကို သမ္မတအကြံပေးဖြစ်သူ ဦးနေဇင်လတ်က ရွေးကောက်ပွဲ ၆ လအလိုလောက်တွင် ဦးဆောင်ဖွဲ့စည့်ခဲ့ပြီး ဒေါ်လာ သန်းချီ အကုန်ကျခံကာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရုံးခန်းများဖွင့်ခြင်း၊ ကိုယ်စားလှယ်လောင်းများ ရှာဖွေခြင်း၊ သင်တန်းပေးခြင်း၊ မဲဆွယ်စရိတ် အလုံးစုံထုတ်ပေးခြင်းများ ပြုလုပ်ခဲ့သည် ဟု ပြည်တွင်းသတင်းများအရ သိရသည်။
အဆိုပါ ပါတီ၏ ထူးခြားချက်မှာ မ.ဘ.သ အောင်ပွဲအခမ်းအနားများကို တက်ရောက်ပြီး ၄င်းတို့ လွှတ်တော်ထဲ ရောက်ပါက သဃံာများကို မဲပေးခွင့်ရအောင် ကြို းပမ်းပေးမည်ဟုသည့် ကတိစကားပင်ဖြစ်သည်။ အမျိုးသားဖွံ့ဖြိုးရေးပါတီမှာ အမျိုးသားလွှတ်တော်အတွက် ကချင်ပြည်နယ်ရှိ မဲဆန္ဒနယ် တစ်ခုတည်း အတွက်သာ အနိုင်ရရှိခဲ့သဖြင့် အဆိုပါ ကတိစကားကို တည်နိုင်ဖို့ရန် ခက်ခဲမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် NLD ပါတီက အမျိုးသားလွှတ်တော်၏ ရ၉% ကို လွှမ်းမိုးထားပြီး ဖြစ်သောကြောင့် ဖြစ်သည်။
ရန်ကုန်မြို ့နေ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် တစ်ဦးကမူ "ဦးသိန်းစိန်က ပါတီခွဲ လူခွဲ ယှဉ်ပြိုင်ခြင်းဖြင့် လိုအပ်သည့် မဲရရှိနိုင်မည်ဟု အပိုင်တွက်ထားခဲ့ပုံပေါ်တယ်" ဟု ပြောကြားခဲ့သည်။
"အားလုံးပေါင်း ၂၀% ရရင်တောင် စစ်တပ်ရဲ့ ၂၅% နဲ့ပေါင်းရင် ၄၅% ဖြစ်နေပြီလေ၊ နောက် တိုင်းရင်းသားပါတီတွေကိုလည်း ၁၅% လောက် လွမ်းမိုးနိုင်မယ်လို့ တွက်ထားတော့ NLD က ၄၀% လောက်ပဲ ကျန်မှာပေါ့၊ ညွှန့်ပေါင်းလို သွားနိုင်မယ်၊ ဦးသိန်းစိန်လည်း သမ္မတဆက်လုပ်ရမယ်၊ ဒါကို အမေရိကန်နဲ့ အီးယူကလည်း ဆက်လက်ပြီး ထောက်ခံမှု ပေးနေမယ်လို့ သမ္မတရဲ့ အကြံပေးများက တွက်ချက်ခဲ့ပါတယ်" ဟု ၄င်းက ဆက်လက်၍ ရှင်းပြခဲ့သည်။
သို့သော် နောက်ဆုံး ရလဒ်တွင် ပြည်ခိုင်ဖြို းက ၈% သာ ပြည်ထောင်စုလွှတ်တော်တွင် နေရာရခဲ့ပြီး NLD က ရ၇% ကျော် သိမ်းဆည်းသွားခြင်းကြောင့်
ကြောင်စီစီဖြင့် ရွေးကောက်ပွဲလွန်ကာလတွင် ဦးသိန်းစိန်အစိုးရမှာ ဟန်ချက်ပျက် ငြိမ်သက်နေခြင်း ဖြစ်သည်ဟု အက်ရှလေက သုံးသပ်ရေးသားခဲ့သည်။
ပြောင်းလဲလာသည့် နိုင်ငံရေးမြင်ကွင်းတွင် လိုက်ပါပြုပြင်ပြောင်းလဲရန် ဖိအားရှိနေသူမှာ ကြံ့ခိုင်ရေးပါတီ တစ်ဦးတည်း မဟုတ်ပေ။ လူနည်းစု တိုင်းရင်းသားများ နေထိုင်ရာ ဒေသများတွင် NLD အနိုင်ရခဲ့ခြင်းက တိုင်းရင်းသားပါတီများအား ၄င်းတို့၏ အင်အားကို ပြန်လည်သုံးသပ်ရန် ဖိအားဖြစ်စေခဲ့ပြီး မဲဆန္ဒရှင်များ၏ အမှန်တကယ် လိုလားသည့် ဆန္ဒများကို ပြန်လည်သုံးသပ်ရမည်ဖြစ်သည်။
လက်ရှိ အခြေအနေအရ လွှတ်တော်တွင် စစ်တပ်က တင်သွင်းမည့် သမ္မတလောင်းမှာ ယခင် ထင်မှတ်ထားသကဲ့သို့ လက်ရှိသမ္မတ ဦးသိန်းစိန် ဖြစ်ဖွယ်မရှိတော့ဘဲ လက်ရှိ အုပ်ချုပ်ရေး နှင့် နိုင်ငံရေးတွင် ပါ၀င်နေသူ အငြိမ်းစား ဗိုလ်ချုပ်တစ်ဦးဦး ဖြစ်ဖွယ်ရှိသည်။
နောက်ဆုံး သေချာသည့် အချက်တစ်ခုမှာ မြန်မာနိုင်ငံရေး၏ အနာဂတ်သည် စစ်တပ်နှင့် NLD တို့ သဘောတူညီမှု ရရှိနိုင်ခြင်းရှိမရှိအပေါ်တွင် မူတည်နေခြင်း ဖြစ်သည်။
နို၀င်ဘာ ၈ ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြို အနိုင်ရခဲ့သဖြင့် ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ပါတီမှာ စေ့စပ်ညှိနှိုင်းရာတွင် အလွန်အားကောင်းသည့် အနေအထားကို ရရှိခဲ့သော်လည်း တည်ဆဲအခြေခံဥပဒေ၊ ပြည်တွင်းစစ်နှင့် ယခင်စစ်အစိုးရလက်ထက် စီးပွားရေးအရ ခြေကုပ်သိမ်းပိုက်ထားမှုများကြောင့် စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်မှသာ NLD အနေဖြင့် အစိုးရဖွဲ့ပြီး တိုင်းပြည်ကို ထိရောက်စွာ ပြောင်းလဲ နိုင်မည်ဖြစ်သည်။
မောင်နိုး
The Ladies News Journal

No comments:

Post a Comment