Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, November 27, 2015

ေကာင္းက်ိဳး ကိုယ္၌ တည္ခဲ့ပါသလား

သုရီလင္း| November 27, 2015 |
၈၈အေရးေတာ္ပံု, ျမန္မာ႐ုပ္ရွင္, ဆင္ဆာ,
ေကာင္းက်ိဳးကိုယ္၌ တည္ေစမင္း ဇာတ္ကားပိုစတာ
ၿပီးခဲ့တဲ့ႏွစ္တုန္းဆီက သမိုင္းဝင္ ၈၈ အေရးေတာ္ပံု ျပကြက္ေတြ ပါဝင္ေနာက္ခံထားတဲ့ ျမန္မာ႐ုပ္ရွင္ဇာတ္ကားတကား ႐ိုက္ကူးေနတယ္၊ မၾကာခင္ ႐ံုတင္ျပသေတာ့မယ္ လို႔ သတင္းေတြကေန သိရတဲ့အခါ အမွန္အတိုင္းေျပာရရင္ က်မ ေတာ္ေတာ္ စိတ္ဝင္စားပါတယ္။

က်မတို႔ တေတြဟာ ႏိုင္ငံေရးေနာက္ခံ ႐ုပ္ရွင္ မေျပာနဲ႔၊ ရိပ္ရိပ္ေလးပါရင္ေတာင္ ဆင္ဆာျဖတ္ ေတာက္တဲ့ေခတ္မွာ ႀကီးျပင္းလာၾကရတာ မဟုတ္လား။ ဆင္ဆာျဖတ္ေတာက္ျခင္းဟာ က်မတို႔ကို တကယ့္ျပင္ပက လူေတြကို၊ ေခတ္ကို ထင္ဟပ္တဲ့ အႏုပညာအစစ္ေတြနဲ႔ တျဖည္းျဖည္း အလွမ္းေဝး လာေစခဲ့ပါတယ္။ ဘယ္ဇာတ္႐ုပ္ဆိုရင္ ဘယ္လို စ႐ိုက္မ်ိဳး ရွိရမယ္ ဆိုတာ ပံုေသ ျဖစ္လာခဲ့ၿပီ။ ႐ုပ္ရွင္ ထဲက တရားသူႀကီးေတြဟာ တရားမွ်တတယ္၊ ရဲေတြဟာ တာဝန္သိပ္သိတယ္။ ဝန္ထမ္းေတြ လာဘ္ေပးလာဘ္ယူ ကင္းရွင္းတယ္၊ ေငြပံုေပးေတာင္ ယူမွာ မဟုတ္ဘူး။ စစ္သား ဆိုရင္ စိတ္ထားျမင့္ျမတ္သူ၊ စြန္႔လႊတ္စြန္႔စားသူ စတဲ့စတဲ့ ပံုေသကားက် ဇာတ္ေကာင္စ႐ိုက္ေတြနဲ႔ပဲ က်မတို႔ ရင္းႏွီးခဲ့ရတာ ၾကာၿပီ။

ေဟာ … ဆင္ဆာ လြတ္ျပန္ပါၿပီ ဆိုေတာ့လည္း က်မတို႔ ေမွ်ာ္လင့္ၾကျပန္တာပါပဲ။ ဘယ္လို ဇာတ္မ်ိဳးေတြ ႐ိုက္ျပလိမ့္ မလဲ ရယ္လို႔။ ဒါေပမယ့္ ဆင္ဆာလြတ္ၿပီးေနာက္ ထြက္လာတဲ့ ဗီဒီယိုဇာတ္ကား တခ်ိဳ႕မွာေတာ့ က်မတို႔ ေမွ်ာ္လင့္ၾက သလို မဟုတ္ပါဘဲ နမ္းခန္းလို၊ အိမ္ေထာင္ရွင္ေတြရဲ႕ အတြင္းက်က် ဇာတ္ဝင္ခန္းလိုမ်ိဳးကိုပဲ ထည့္႐ိုက္ လာတာ ေတြ႔ၾက ရတဲ့အခါ ဆင္ဆာလြတ္ဖို႔ အေရးဆိုဖူးသူေတြကိုေတာင္ အားနာစရာ ျဖစ္မိတယ္။ က်မတို႔ တကယ္ ၾကည့္ခ်င္တဲ့ ႐ုပ္ရွင္ေတြ ျဖစ္မလာခဲ့ဘူးဆိုပါေတာ့။

အခုလထဲ ႐ံုတင္ျပသလာတဲ့ “ေကာင္းက်ိဳး ကိုယ္၌ တည္ေစမင္း” ဟာ သတင္းစကားေတြ ၾကားရတာနဲ႔တင္ ေမွ်ာ္လင့္ေစျပန္တဲ့ ႐ုပ္ရွင္ပါ။ ႏိုဝင္ဘာ တတိယပတ္ထဲမွာ ၾကည့္ျဖစ္တဲ့ ဒီ႐ုပ္ရွင္ဟာ ေဇာ္ျမင့္ဦးရဲ႕ ဇာတ္လမ္း၊ ဇာတ္ၫႊန္းကို ဒါ႐ိုက္တာ ေဇပါ ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။

ဒီ႐ုပ္ရွင္မွာ တခ်ိန္က ၈၈ အေရးေတာ္ပံုမွာ ပါဝင္ခဲ့သူ၊ ေထာင္က်ရာက လြတ္ေျမာက္ၿပီးေနာက္ မိတ္ေဆြ အၿငိမ္းစား ေထာင္မႉးရဲ႕ ရြာမွာ လိုအပ္ေနတဲ့ ေနရာတေနရာစာ ကြက္လပ္ျဖည့္ဖို႔ ေရာက္လာသူ ဘသိန္းအျဖစ္ ခန္႔စည္သူ၊ ယံုၾကည္ လက္ထပ္မိတဲ့ ခင္ပြန္းက နယ္စပ္တေနရာမွာ ေရာင္းစားခံရရာက လြတ္ေျမာက္၊ ရြာျပန္ေရာက္ၿပီး တ႐ုတ္ ကုမၸဏီက ေက်ာက္ထုတ္လုပ္ရာမွာ လုပ္သားတဦးအျဖစ္ လုပ္ကိုင္ေနတဲ့ မေဗဒါအျဖစ္ ခိုင္သင္းၾကည္၊ ယဥ္ယဥ္ေလး ႐ူးေနရွာသူ ရြာသူေလး အိေခ်ာ အျဖစ္ အိေခ်ာပို၊ အၿငိမ္းစားေထာင္မႉး အျဖစ္ ရြာျပန္ေရာက္လာၿပီးခါမွ တရြာလံုး ပ်က္စီးျခင္း ဆိုက္ေနတာကို မ႐ႈရက္ႏိုင္ ျဖစ္ေနသူ ဦးေအာင္သန္းအျဖစ္ အ႐ိုင္း၊ အိေခ်ာရဲ႕ အစ္ကို၊ လူက ဆိုးမိုက္တာ မဟုတ္ပါဘဲ ေသြးဆိုးသူ ဖိုးခ်က္အျဖစ္ ဘုန္းသွ်ံတို႔နဲ႔ အတူ ဇာတ္ပို႔ဇာတ္ရံေပါင္း မ်ားစြာနဲ႔ အုန္းေခ်ာနယ္သူ နယ္သားမ်ား ပါဝင္သ႐ုပ္ေဆာင္ထားတာပါ။

ဇာတ္ကားကို ၈၈ အေရးအေတာ္ပံု ျမင္ကြင္းမ်ားနဲ႔ စဖြင့္ပါတယ္။ ႐ုပ္ရွင္၊ ႐ုပ္ေသပံုရိပ္မ်ားၾကားမွာ ဘသိန္းရဲ႕ ေတာ္လွန္းေရး လႈပ္ရွားမႈ၊ စစ္ေၾကာေရး ေရာက္ရပံု၊ ေနာက္ ေထာင္က်ပံုေတြ ရိပ္ခနဲရိပ္ခနဲ ထည့္သြင္းျပသပါတယ္။ ဒီဇာတ္ဝင္ခန္းေတြ ၾကည့္ရတဲ့အခါ သမိုင္းကို တကယ္ေနာက္ခံထားတဲ့ ႐ုပ္ရွင္ ၾကည့္ရေတာ့မွာပါလားလို႔ က်မ ထင္တယ္။ ဒီလို ထင္ျမင္ေစတဲ့ ႐ုပ္ရွင္ပိုစတာကိုၾကည့္ၿပီး က်မ ဘာသာေတာင္ ဇာတ္လမ္းကို ႀကိဳေတြးလိုက္ပါေသး တယ္။

သို႔ေသာ္လည္း ႐ုပ္ရွင္အဖြင့္ ဒီဇာတ္ဝင္ခန္းဟာ ၈၈ နဲ႔ ပတ္သက္လို႔ ဇာတ္ကားတခုလံုးရဲ႕ တခုတည္းေသာ ကိုယ္စားျပဳမႈ ျဖစ္ခဲ့ပါတယ္။ ႐ုပ္ရွင္႐ိုက္ကူးတဲ့ အခ်ိန္မွာ လံုးလံုးလ်ားလ်ား မလြတ္လပ္ေသးတာေၾကာင့္ ျဖစ္ပါလိမ့္မယ္ လို႔ ျမန္မာ ႐ုပ္ရွင္ၾကည့္ေနက် ပရိသတ္တေယာက္ပီပီ ေျဖေတြး ေတြးေပးလိုက္ေတာ့လည္း စိတ္ခ်မ္းသာပါတယ္။

ေနာက္ထပ္ ေနာက္ထပ္ ဇာတ္ဝင္ခန္းေတြကေတာ့ တမ်ိဳးေျပာင္းခဲ့ပါၿပီ။ ရြာလူႀကီးျဖစ္ေနတဲ့ ဦးေအာင္သန္း ရြာစဥ္တေလွ်ာက္ လမ္းေလွ်ာက္ေနရင္း ျမင္ရတဲ့ ျမင္ကြင္းေတြနဲ႔ ရြာရဲ႕ လူေနမႈဘဝကို ဆက္လက္ပံုေဖာ္ပါတယ္။ ကေလးေတြဟာ ေက်ာင္းခ်ိန္မွာ ေက်ာင္းမတက္ေသးဘဲ လူႀကီးေတြဆီက ကူးစက္လာတဲ့ ပိုက္ဆံေၾကး ကစားေနၾကတာေတြ၊ အမ်ိဳးသမီးေတြက ႏွစ္လံုး၊ သံုးလံုးထိုးတဲ့ ကိစၥမွာ ေပ်ာ္ေမြ႔ေနတာေတြ၊ အမ်ိဳးသားေတြက ေသာက္စား မူးယစ္ေနတာ၊ ရန္ျဖစ္ေနတာေတြ စတာ စတာေတြနဲ႔ ရြာကို လွည့္ပတ္ျပပါတယ္။

ရြာရဲ႕ အနီးဝန္းက်င္မွာေတာ့ တ႐ုတ္ကုမၸဏီရဲ႕ ေက်ာက္ထုတ္လုပ္ေရး လုပ္ငန္းရွိပါတယ္။ ရြာသူရြာသား ေတာ္ေတာ္မ်ားမ်ားက အဲဒီက အလုပ္သမားေတြပါ။ အဲဒီအထဲမွာ မေဗဒါလည္း ပါပါတယ္။ လုပ္သားေတြကို အဆမတန္ ခိုင္းေစရာမွာ၊ အႏိုင္က်င့္ရာမွာေတာ့ “ၾကက္တူေရြးက ေတာ္ေတာ္ မယ္ေဖာ္က ကဲကဲ” ဆိုသလို တ႐ုတ္လူမ်ိဳး မန္ေနဂ်ာ က်င္းလိက နည္းနည္း ျမန္မာလူမ်ိဳး ဝန္ထမ္းေတြက မ်ားမ်ားပါပဲ။

ျမန္မာဝန္ထမ္း ဇာတ္ေဆာင္ရဲ႕ အိုဗာ နည္းနည္းျဖစ္တဲ့ အမူအရာေၾကာင့္ နင္းျပားလုပ္သားေတြရဲ႕ ဘဝျပကြက္က ပိုၿပီး ဇာတ္နာပါတယ္။ မေဗဒါဟာ အလုပ္ျပဳတ္မွာ ေၾကာက္လို႔ ၿငိမ္ခံတတ္တဲ့ လုပ္သားေတြ ၾကားထဲမွာေတာ့ တစ္မူ ထူးသူပါပဲ။ ႀကီးၾကပ္သူ ျမန္မာဝန္ထမ္းသာမက တ႐ုတ္မန္ေနဂ်ာကိုပါ မမႈသူ၊ မဟုတ္မခံသူ ပါ။ တရက္မွာေတာ့ လုပ္သားတဦး လက္မွာ ထိခိုက္ဒဏ္ရာရတဲ့ အခါ အလုပ္က တာဝန္မယူေတာ့ ရြာျပန္ေဆးကုဖို႔ ေခၚလာရင္း လမ္းမွာ ရြာကိုလာတဲ့ ဘသိန္းနဲ႔ ဆံုပါတယ္။

မေဗဒါဟာ ဘသိန္းကို ေထာင္ထြက္လူဆိုး တေယာက္လို႔ ထင္တယ္။ တျဖည္းျဖည္း က်ခါမွ ဒီလူဟာ လူဆိုး တေယာက္ မဟုတ္ဘဲ စိတ္ထား ေကာင္းမြန္သူ ျဖစ္ေၾကာင္း မေဗဒါ သိလာတယ္။ ဘသိန္းဟာ ရြာက လူေတြကို စာဖတ္ပါ၊ စာဖတ္ပါ မၾကာမၾကာ ေျပာေလ့ရွိသူပါပဲ။ စာၾကည့္တိုက္ေလး ဖြင့္ဖို႔ရာ စိတ္အားထက္သန္သူ ပါပဲ။ နယ္စပ္မွာ ေရာင္းစားခံရလို႔ မေဗဒါနဲ႔ အတူ ထြက္ေျပးလာရာက လမ္းမွာ ေသဆံုးခဲ့ရတဲ့ သမီးေလးအတြက္ ေၾကကြဲ ရလြန္းလို႔ လူေတြနဲ႔ ေဝးေဝးမွာ ေနေနသူ ဦးဘေဝကိုလည္း သူ႔နဲ႔အတူ ပူးေပါင္းေအာင္ စည္း႐ံုးႏိုင္ခဲ့ပါတယ္။

ဘသိန္းဟာ အ႐ူးမေလး အိေခ်ာနဲ႔လည္း ရင္းရင္းႏွီးႏွီး ရွိလာတယ္။ သူတို႔ ရင္းႏွီးပံုကို ျမင္တဲ့သူ၊ သံသယျဖစ္တဲ့ သူလည္း ရွိေပါ့။  ဘသိန္းအေပၚ ယံုၾကည္ခင္မင္လာတဲ့ မေဗဒါကလည္း သူတို႔ႏွစ္ဦး မုန္႔အတူစား ရယ္ေမာေနတာကို ျမင္ဖူးေပါ့။

တဖက္မွာေတာ့ မေဗဒါ အလုပ္လုပ္ရာ တ႐ုတ္ ကုမၸဏီကလည္း လုပ္သားေတြ အေပၚ အႏိုင္က်င့္တုန္းပဲ။ ရြာသားေတြ ကေတာ့ ေရြးစရာ လမ္းမရွိလို႔ ဇြတ္မွိတ္လုပ္ေနရတယ္ ေပါ့ေလ။ တရက္မွာေတာ့ ေငြအတြက္ သူ႔ခႏၶာကို တ႐ုတ္ မန္ေနဂ်ာဆီ ေပးလိုက္ရရွာတဲ့ ေငြမႈန္႔ကို တ႐ုတ္မန္ေနဂ်ာ ႐ံုးခန္းအထိ မေဗဒါလိုက္ေခၚတယ္၊ ျပစ္တင္စြပ္စြဲတယ္။ ေနာက္ဆံုးေတာ့ ေငြမႈန္ဟာ ေလာကကို အ႐ံႈးေပး စြန္႔ခြာ သြားတယ္။ ဘသိန္းကေတာ့ ေငြမႈန္ ေသရတာဟာ တ႐ုတ္ မန္ေနဂ်ာေၾကာင့္ ဘဝပ်က္ရလို႔ ဆိုတာထက္ မေဗဒါရဲ႕ ပံုစံမဟုတ္တဲ့ ေျဖရွင္းပံုေၾကာင့္လို႔ ဆိုတယ္။ မေဗဒါဟာ အလုပ္ကိုလည္း စြန္႔လႊတ္လိုက္ၿပီ။

ဒီၾကားထဲ အ႐ူးမေလး အိေခ်ာတေယာက္ သားအိမ္ထဲ အလံုးျဖစ္ရာမွာ ကိုယ္ဝန္လို႔ အရပ္ လက္သည္က ေျပာတာေၾကာင့္ ဘသိန္းဟာ သံသယဒဏ္ကို ခံရပါတယ္။ အိေခ်ာေရာ ဘသိန္းပါ ဖိုးခ်က္ရဲ႕ အ႐ိုက္အႏွက္ကို ခံရပါတယ္။ ေရာဂါအမွန္ ေပၚလို႔ သံသယကင္းခံရတဲ့ အခ်ိန္မွာေတာင္ အိေခ်ာဟာ အစ္ကိုကို ေၾကာက္သြားေတာ့ တာပဲ။

ရြာမွာေတာ့ စာၾကည့္တိုက္ေလး တခုဖြင့္ဖို႔ ျပင္ဆင္ေနၿပီ။ လိုအပ္တဲ့ ေက်ာက္အတြက္ ေက်ာက္ထုတ္လုပ္ငန္းက သြားသယ္ယူတဲ့ မေဗဒါဟာ တ႐ုတ္ကုမၸဏီရဲ႕ ဖမ္းဆီးျခင္းကိုခံရတယ္။ ရြာသားေတြရယ္ ဘသိန္းရယ္ လိုက္သြားၿပီး ေတာင္းဆိုခါမွ လႊတ္ေပးတာပါ။ စာၾကည့္တိုက္ေလးလည္း ဖြင့္ႏိုင္ခဲ့တယ္ဆိုပါေတာ့။ ဖြင့္ပြဲေန႔မွာပဲ ဘသိန္းကို ဓားနဲ႔ လာေပါက္တဲ့ တခ်ိန္က တ႐ုတ္ကုမၸဏီက ျမန္မာဝန္ထမ္းေဟာင္း ေနာက္ကို ဖိုးခ်က္က ဓားနဲ႔လိုက္၊ ဖိုးခ်က္ရဲ႕ ဓားကိုင္မ်က္ႏွာ ခက္ထန္ထန္ကို အေၾကာက္လြန္ရာက အိေခ်ာတေယာက္ အသက္ဆံုးပါးခဲ့ရ ပါတယ္။

ဇာတ္က ဒီမွာတင္ မဆံုးေသးပါဘူး။ တ႐ုတ္ ကုမၸဏီက ေက်ာက္ေတာင္ကို မိုင္းခြဲဖို႔ ႀကံတဲ့အခါ တရြာလံုး လိုက္သြားၾကၿပီး ကန္႔ကြက္တယ္။ ေနာက္ဆံုးေတာ့ ခြဲလိုက္တာပါပဲ။ ေက်ာက္ေတာင္ၿပိဳ၊ ေျမေတြအက္၊ ေတာင္ေပၚ ေရကန္က ေရေတြ ဒလေဟာ ၿပိဳက်၊ လူေတြလည္း အရွိန္နဲ႔ လြင့္ေမ်ာပါ ေပါ့။ ေနာက္ဆံုး ဇာတ္ဝင္ခန္းကေတာ့ သခ်ႋဳင္းေျမပါပဲ။ ထပ္မံဆံုးပါးသူက ဘယ္သူ ဆိုတာေတာ့ က်မ မေျပာလိုေတာ့ပါဘူး။

႐ုပ္ရွင္ၾကည့္ ပရိသတ္ တေယာက္အေနနဲ႔ ဒီ႐ုပ္ရွင္အေပၚ ျမင္တဲ့ အျမင္ကို ေျပာပါဆိုရင္ “ေကာင္းက်ိဳးကိုယ္၌ တည္ေစမင္း” ဟာ အထင္နဲ႔ အျမင္လြဲခဲ့ရတဲ့ ႐ုပ္ရွင္လို႔ ဆိုပါရေစ။ သမိုင္းဝင္ ျဖစ္ရပ္ေတြကို ေနာက္ခံထားမယ့္ ႐ုပ္ရွင္လို႔ ထင္ခဲ့တယ္။ လြဲပါတယ္။ ေနာက္ထပ္ ေျပာစရာတခုကေတာ့ ႐ုပ္ရွင္မွာ ေျပာခ်င္တာေတြကို ၿပံဳအံုထည့္ လိုက္တာပါ။ ဥပမာ ပညာေပးလိုတာ၊ လူေတြ ၾကားခ်င္တဲ့ ႏိုင္ငံေရးစကားမ်ိဳး ေျပာတာ စတာေတြပါ။ ဒီအေျပာကိုပဲ တျခားေသာ အႏုပညာေျမာက္ ပံုမ်ိဳးနဲ႔ ေျပာလည္း ရရဲ႕နဲ႔ ထပ္ခါထပ္ခါ အတံုးလိုက္ အတစ္လိုက္ ေျပာတာမ်ိဳးပါ။

က်မ အစ္မ တေယာက္ ေျပာတဲ့စကားနဲ႔ပဲ ေျပာရရင္ “ၾကက္သားကို ျပမယ္ ဆိုပါေတာ့၊ ဒီအတိုင္း အတံုးလိုက္ ျပမလား၊ လွလွပပ ျပင္ဆင္ခ်က္ျပဳတ္ၿပီး ျပမလား” ဆိုတာပါပဲ။

က်မ ၾကည့္ခဲ့ရတဲ့ “ေကာင္းက်ိဳးကိုယ္၌ တည္ေစမင္း” ကေတာ့ ၾကက္သားကို အတံုးလိုက္ ခ်ျပခဲ့တာပါ။ ရည္ရြယ္ခ်က္ ေကာင္းပါလ်က္နဲ႔ အႏုပညာ ေျမာက္ေအာင္၊ လိုရင္းေရာက္ေအာင္ မျပႏိုင္ခဲ့တာ ႏွေျမာစရာပါပဲ။ ႐ိုက္ခ်က္ေတြဟာ သမား႐ိုးက်မ်ား ပါတယ္။ လွပၿပီး ေျပာစရာ႐ိုက္ခ်က္မ်ိဳး မခံစားခဲ့ရပါဘူး။ တခ်ိဳ႕ဇာတ္ဝင္ခန္းေတြမွာ ဇာတ္ေကာင္ေတြ ရဲ႕ အသံျမႇင့္ စကားေျပာသံနဲ႔ နားဆူလွပါတယ္။

အဓိကဇာတ္ေဆာင္ေတြရဲ႕ အမူအရာဟာ ပံုမွန္ထက္ နည္းနည္းစီ ပိုေနၾကပါတယ္။ ကြက္တိျဖစ္တဲ့ ဇာတ္ဝင္ခန္းလည္း ရွိပါတယ္။ ဥပမာ ႀကိဳးဆြဲခ် သတ္ေသတဲ့ ေငြမႈန္႔အနားမွာ ဘသိန္းနဲ႔ မေဗဒါ စကားေျပာစဥ္ အမူအရာေတြကို စိတ္တိုင္း မက်လွေပမယ့္ ေငြမႈန္႔ေျခေထာက္ကို ဖက္လို႔ မေဗဒါ မ်က္ရည္က်တဲ့ အမူအရာကေတာ့ သိပ္ေကာင္းပါတယ္။

အဓိက ေျပာခ်င္တဲ့ တခ်က္ ရွိပါေသးတယ္။ အဲဒါကေတာ့ ဇာတ္ရဲ႕ အရွိန္ကို လံုးဝမထိန္းတာ၊ မကစားတာပါ။ ဒီေနရာမွာ တက္၊ ဒီေနရာမွာ ခဏ ခပ္ေျပေျပ စသျဖင့္မဟုတ္ဘဲ အတက္အက်က ဆြဲေဆာင္မႈ နည္းပါတယ္။ ဇာတ္ကို ရပ္သင့္တဲ့ ေနရာ ရွိပါရဲ႕နဲ႔ မရပ္ပါဘူး။ ျပန္ဆက္ပါတယ္။ အဲဒီေတာ့ ဘာျဖစ္တံုးဆို ေနာက္ဆံုးခန္း မတိုင္ခင္ ေရွ႕တခန္းက ေရကန္ၿပိဳက်ပံု၊ လူေတြ ေမ်ာပါပံုကို အထူးျပဳလုပ္ ခ်က္ေတြသံုးတာ သိပ္အားနည္းတာကို ျမင္ရေတာ့ တာပဲ။ ဒီလိုျပကြက္မ်ိဳးကို မႏိုင္နင္းပါဘဲ မျပသင့္ပါဘူး။

“ေကာင္းက်ိဳးကိုယ္၌ တည္ေစမင္း” ႐ုပ္ရွင္မွာ ေက်နပ္ေလာက္စရာရယ္လို႔ ၈၈ အေရးေတာ္ပံု ျမင္ကြင္းေတြကို ဇာတ္ကားဖြင့္ဖြင့္ခ်င္း နာက်င္စဖြယ္ ျမင္ရတာပါ။ ဒီလိုျမင္ကြင္းေတြ၊ တကယ့္ ႐ုပ္သံ မွတ္တမ္းေတြကို ႐ုပ္ရွင္႐ံုမွာ ပထမဆံုး ၾကည့္ခြင့္ရတာတခုသာ က်မလို ပရိသတ္တေယာက္အတြက္ ေျဖႏိုင္စရာ ရွိရတယ္။ အားထုတ္မႈ အတြက္ေတာ့ ေက်းဇူးတင္ရပါတယ္။
Irrawaddy
...................
ကောင်းကျိုး ကိုယ်၌ တည်ခဲ့ပါသလား
သုရီလင်း| November 27, 2015 |
၈၈အရေးတော်ပုံ, မြန်မာရုပ်ရှင်, ဆင်ဆာ,
ကောင်းကျိုးကိုယ်၌ တည်စေမင်း ဇာတ်ကားပိုစတာ
ပြီးခဲ့တဲ့နှစ်တုန်းဆီက သမိုင်းဝင် ၈၈ အရေးတော်ပုံ ပြကွက်တွေ ပါဝင်နောက်ခံထားတဲ့ မြန်မာရုပ်ရှင်ဇာတ်ကားတကား ရိုက်ကူးနေတယ်၊ မကြာခင် ရုံတင်ပြသတော့မယ် လို့ သတင်းတွေကနေ သိရတဲ့အခါ အမှန်အတိုင်းပြောရရင် ကျမ တော်တော် စိတ်ဝင်စားပါတယ်။

ကျမတို့ တတွေဟာ နိုင်ငံရေးနောက်ခံ ရုပ်ရှင် မပြောနဲ့၊ ရိပ်ရိပ်လေးပါရင်တောင် ဆင်ဆာဖြတ် တောက်တဲ့ခေတ်မှာ ကြီးပြင်းလာကြရတာ မဟုတ်လား။ ဆင်ဆာဖြတ်တောက်ခြင်းဟာ ကျမတို့ကို တကယ့်ပြင်ပက လူတွေကို၊ ခေတ်ကို ထင်ဟပ်တဲ့ အနုပညာအစစ်တွေနဲ့ တဖြည်းဖြည်း အလှမ်းဝေး လာစေခဲ့ပါတယ်။ ဘယ်ဇာတ်ရုပ်ဆိုရင် ဘယ်လို စရိုက်မျိုး ရှိရမယ် ဆိုတာ ပုံသေ ဖြစ်လာခဲ့ပြီ။ ရုပ်ရှင် ထဲက တရားသူကြီးတွေဟာ တရားမျှတတယ်၊ ရဲတွေဟာ တာဝန်သိပ်သိတယ်။ ဝန်ထမ်းတွေ လာဘ်ပေးလာဘ်ယူ ကင်းရှင်းတယ်၊ ငွေပုံပေးတောင် ယူမှာ မဟုတ်ဘူး။ စစ်သား ဆိုရင် စိတ်ထားမြင့်မြတ်သူ၊ စွန့်လွှတ်စွန့်စားသူ စတဲ့စတဲ့ ပုံသေကားကျ ဇာတ်ကောင်စရိုက်တွေနဲ့ပဲ ကျမတို့ ရင်းနှီးခဲ့ရတာ ကြာပြီ။

ဟော … ဆင်ဆာ လွတ်ပြန်ပါပြီ ဆိုတော့လည်း ကျမတို့ မျှော်လင့်ကြပြန်တာပါပဲ။ ဘယ်လို ဇာတ်မျိုးတွေ ရိုက်ပြလိမ့် မလဲ ရယ်လို့။ ဒါပေမယ့် ဆင်ဆာလွတ်ပြီးနောက် ထွက်လာတဲ့ ဗီဒီယိုဇာတ်ကား တချို့မှာတော့ ကျမတို့ မျှော်လင့်ကြ သလို မဟုတ်ပါဘဲ နမ်းခန်းလို၊ အိမ်ထောင်ရှင်တွေရဲ့ အတွင်းကျကျ ဇာတ်ဝင်ခန်းလိုမျိုးကိုပဲ ထည့်ရိုက် လာတာ တွေ့ကြ ရတဲ့အခါ ဆင်ဆာလွတ်ဖို့ အရေးဆိုဖူးသူတွေကိုတောင် အားနာစရာ ဖြစ်မိတယ်။ ကျမတို့ တကယ် ကြည့်ချင်တဲ့ ရုပ်ရှင်တွေ ဖြစ်မလာခဲ့ဘူးဆိုပါတော့။

အခုလထဲ ရုံတင်ပြသလာတဲ့ “ကောင်းကျိုး ကိုယ်၌ တည်စေမင်း” ဟာ သတင်းစကားတွေ ကြားရတာနဲ့တင် မျှော်လင့်စေပြန်တဲ့ ရုပ်ရှင်ပါ။ နိုဝင်ဘာ တတိယပတ်ထဲမှာ ကြည့်ဖြစ်တဲ့ ဒီရုပ်ရှင်ဟာ ဇော်မြင့်ဦးရဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်းကို ဒါရိုက်တာ ဇေပါ ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်မှာ တချိန်က ၈၈ အရေးတော်ပုံမှာ ပါဝင်ခဲ့သူ၊ ထောင်ကျရာက လွတ်မြောက်ပြီးနောက် မိတ်ဆွေ အငြိမ်းစား ထောင်မှူးရဲ့ ရွာမှာ လိုအပ်နေတဲ့ နေရာတနေရာစာ ကွက်လပ်ဖြည့်ဖို့ ရောက်လာသူ ဘသိန်းအဖြစ် ခန့်စည်သူ၊ ယုံကြည် လက်ထပ်မိတဲ့ ခင်ပွန်းက နယ်စပ်တနေရာမှာ ရောင်းစားခံရရာက လွတ်မြောက်၊ ရွာပြန်ရောက်ပြီး တရုတ် ကုမ္ပဏီက ကျောက်ထုတ်လုပ်ရာမှာ လုပ်သားတဦးအဖြစ် လုပ်ကိုင်နေတဲ့ မဗေဒါအဖြစ် ခိုင်သင်းကြည်၊ ယဉ်ယဉ်လေး ရူးနေရှာသူ ရွာသူလေး အိချော အဖြစ် အိချောပို၊ အငြိမ်းစားထောင်မှူး အဖြစ် ရွာပြန်ရောက်လာပြီးခါမှ တရွာလုံး ပျက်စီးခြင်း ဆိုက်နေတာကို မရှုရက်နိုင် ဖြစ်နေသူ ဦးအောင်သန်းအဖြစ် အရိုင်း၊ အိချောရဲ့ အစ်ကို၊ လူက ဆိုးမိုက်တာ မဟုတ်ပါဘဲ သွေးဆိုးသူ ဖိုးချက်အဖြစ် ဘုန်းသျှံတို့နဲ့ အတူ ဇာတ်ပို့ဇာတ်ရံပေါင်း များစွာနဲ့ အုန်းချောနယ်သူ နယ်သားများ ပါဝင်သရုပ်ဆောင်ထားတာပါ။

ဇာတ်ကားကို ၈၈ အရေးအတော်ပုံ မြင်ကွင်းများနဲ့ စဖွင့်ပါတယ်။ ရုပ်ရှင်၊ ရုပ်သေပုံရိပ်များကြားမှာ ဘသိန်းရဲ့ တော်လှန်းရေး လှုပ်ရှားမှု၊ စစ်ကြောရေး ရောက်ရပုံ၊ နောက် ထောင်ကျပုံတွေ ရိပ်ခနဲရိပ်ခနဲ ထည့်သွင်းပြသပါတယ်။ ဒီဇာတ်ဝင်ခန်းတွေ ကြည့်ရတဲ့အခါ သမိုင်းကို တကယ်နောက်ခံထားတဲ့ ရုပ်ရှင် ကြည့်ရတော့မှာပါလားလို့ ကျမ ထင်တယ်။ ဒီလို ထင်မြင်စေတဲ့ ရုပ်ရှင်ပိုစတာကိုကြည့်ပြီး ကျမ ဘာသာတောင် ဇာတ်လမ်းကို ကြိုတွေးလိုက်ပါသေး တယ်။

သို့သော်လည်း ရုပ်ရှင်အဖွင့် ဒီဇာတ်ဝင်ခန်းဟာ ၈၈ နဲ့ ပတ်သက်လို့ ဇာတ်ကားတခုလုံးရဲ့ တခုတည်းသော ကိုယ်စားပြုမှု ဖြစ်ခဲ့ပါတယ်။ ရုပ်ရှင်ရိုက်ကူးတဲ့ အချိန်မှာ လုံးလုံးလျားလျား မလွတ်လပ်သေးတာကြောင့် ဖြစ်ပါလိမ့်မယ် လို့ မြန်မာ ရုပ်ရှင်ကြည့်နေကျ ပရိသတ်တယောက်ပီပီ ဖြေတွေး တွေးပေးလိုက်တော့လည်း စိတ်ချမ်းသာပါတယ်။

နောက်ထပ် နောက်ထပ် ဇာတ်ဝင်ခန်းတွေကတော့ တမျိုးပြောင်းခဲ့ပါပြီ။ ရွာလူကြီးဖြစ်နေတဲ့ ဦးအောင်သန်း ရွာစဉ်တလျှောက် လမ်းလျှောက်နေရင်း မြင်ရတဲ့ မြင်ကွင်းတွေနဲ့ ရွာရဲ့ လူနေမှုဘဝကို ဆက်လက်ပုံဖော်ပါတယ်။ ကလေးတွေဟာ ကျောင်းချိန်မှာ ကျောင်းမတက်သေးဘဲ လူကြီးတွေဆီက ကူးစက်လာတဲ့ ပိုက်ဆံကြေး ကစားနေကြတာတွေ၊ အမျိုးသမီးတွေက နှစ်လုံး၊ သုံးလုံးထိုးတဲ့ ကိစ္စမှာ ပျော်မွေ့နေတာတွေ၊ အမျိုးသားတွေက သောက်စား မူးယစ်နေတာ၊ ရန်ဖြစ်နေတာတွေ စတာ စတာတွေနဲ့ ရွာကို လှည့်ပတ်ပြပါတယ်။

ရွာရဲ့ အနီးဝန်းကျင်မှာတော့ တရုတ်ကုမ္ပဏီရဲ့ ကျောက်ထုတ်လုပ်ရေး လုပ်ငန်းရှိပါတယ်။ ရွာသူရွာသား တော်တော်များများက အဲဒီက အလုပ်သမားတွေပါ။ အဲဒီအထဲမှာ မဗေဒါလည်း ပါပါတယ်။ လုပ်သားတွေကို အဆမတန် ခိုင်းစေရာမှာ၊ အနိုင်ကျင့်ရာမှာတော့ “ကြက်တူရွေးက တော်တော် မယ်ဖော်က ကဲကဲ” ဆိုသလို တရုတ်လူမျိုး မန်နေဂျာ ကျင်းလိက နည်းနည်း မြန်မာလူမျိုး ဝန်ထမ်းတွေက များများပါပဲ။

မြန်မာဝန်ထမ်း ဇာတ်ဆောင်ရဲ့ အိုဗာ နည်းနည်းဖြစ်တဲ့ အမူအရာကြောင့် နင်းပြားလုပ်သားတွေရဲ့ ဘဝပြကွက်က ပိုပြီး ဇာတ်နာပါတယ်။ မဗေဒါဟာ အလုပ်ပြုတ်မှာ ကြောက်လို့ ငြိမ်ခံတတ်တဲ့ လုပ်သားတွေ ကြားထဲမှာတော့ တစ်မူ ထူးသူပါပဲ။ ကြီးကြပ်သူ မြန်မာဝန်ထမ်းသာမက တရုတ်မန်နေဂျာကိုပါ မမှုသူ၊ မဟုတ်မခံသူ ပါ။ တရက်မှာတော့ လုပ်သားတဦး လက်မှာ ထိခိုက်ဒဏ်ရာရတဲ့ အခါ အလုပ်က တာဝန်မယူတော့ ရွာပြန်ဆေးကုဖို့ ခေါ်လာရင်း လမ်းမှာ ရွာကိုလာတဲ့ ဘသိန်းနဲ့ ဆုံပါတယ်။

မဗေဒါဟာ ဘသိန်းကို ထောင်ထွက်လူဆိုး တယောက်လို့ ထင်တယ်။ တဖြည်းဖြည်း ကျခါမှ ဒီလူဟာ လူဆိုး တယောက် မဟုတ်ဘဲ စိတ်ထား ကောင်းမွန်သူ ဖြစ်ကြောင်း မဗေဒါ သိလာတယ်။ ဘသိန်းဟာ ရွာက လူတွေကို စာဖတ်ပါ၊ စာဖတ်ပါ မကြာမကြာ ပြောလေ့ရှိသူပါပဲ။ စာကြည့်တိုက်လေး ဖွင့်ဖို့ရာ စိတ်အားထက်သန်သူ ပါပဲ။ နယ်စပ်မှာ ရောင်းစားခံရလို့ မဗေဒါနဲ့ အတူ ထွက်ပြေးလာရာက လမ်းမှာ သေဆုံးခဲ့ရတဲ့ သမီးလေးအတွက် ကြေကွဲ ရလွန်းလို့ လူတွေနဲ့ ဝေးဝေးမှာ နေနေသူ ဦးဘဝေကိုလည်း သူ့နဲ့အတူ ပူးပေါင်းအောင် စည်းရုံးနိုင်ခဲ့ပါတယ်။

ဘသိန်းဟာ အရူးမလေး အိချောနဲ့လည်း ရင်းရင်းနှီးနှီး ရှိလာတယ်။ သူတို့ ရင်းနှီးပုံကို မြင်တဲ့သူ၊ သံသယဖြစ်တဲ့ သူလည်း ရှိပေါ့။  ဘသိန်းအပေါ် ယုံကြည်ခင်မင်လာတဲ့ မဗေဒါကလည်း သူတို့နှစ်ဦး မုန့်အတူစား ရယ်မောနေတာကို မြင်ဖူးပေါ့။

တဖက်မှာတော့ မဗေဒါ အလုပ်လုပ်ရာ တရုတ် ကုမ္ပဏီကလည်း လုပ်သားတွေ အပေါ် အနိုင်ကျင့်တုန်းပဲ။ ရွာသားတွေ ကတော့ ရွေးစရာ လမ်းမရှိလို့ ဇွတ်မှိတ်လုပ်နေရတယ် ပေါ့လေ။ တရက်မှာတော့ ငွေအတွက် သူ့ခန္ဓာကို တရုတ် မန်နေဂျာဆီ ပေးလိုက်ရရှာတဲ့ ငွေမှုန့်ကို တရုတ်မန်နေဂျာ ရုံးခန်းအထိ မဗေဒါလိုက်ခေါ်တယ်၊ ပြစ်တင်စွပ်စွဲတယ်။ နောက်ဆုံးတော့ ငွေမှုန်ဟာ လောကကို အရှုံးပေး စွန့်ခွာ သွားတယ်။ ဘသိန်းကတော့ ငွေမှုန် သေရတာဟာ တရုတ် မန်နေဂျာကြောင့် ဘဝပျက်ရလို့ ဆိုတာထက် မဗေဒါရဲ့ ပုံစံမဟုတ်တဲ့ ဖြေရှင်းပုံကြောင့်လို့ ဆိုတယ်။ မဗေဒါဟာ အလုပ်ကိုလည်း စွန့်လွှတ်လိုက်ပြီ။

ဒီကြားထဲ အရူးမလေး အိချောတယောက် သားအိမ်ထဲ အလုံးဖြစ်ရာမှာ ကိုယ်ဝန်လို့ အရပ် လက်သည်က ပြောတာကြောင့် ဘသိန်းဟာ သံသယဒဏ်ကို ခံရပါတယ်။ အိချောရော ဘသိန်းပါ ဖိုးချက်ရဲ့ အရိုက်အနှက်ကို ခံရပါတယ်။ ရောဂါအမှန် ပေါ်လို့ သံသယကင်းခံရတဲ့ အချိန်မှာတောင် အိချောဟာ အစ်ကိုကို ကြောက်သွားတော့ တာပဲ။

ရွာမှာတော့ စာကြည့်တိုက်လေး တခုဖွင့်ဖို့ ပြင်ဆင်နေပြီ။ လိုအပ်တဲ့ ကျောက်အတွက် ကျောက်ထုတ်လုပ်ငန်းက သွားသယ်ယူတဲ့ မဗေဒါဟာ တရုတ်ကုမ္ပဏီရဲ့ ဖမ်းဆီးခြင်းကိုခံရတယ်။ ရွာသားတွေရယ် ဘသိန်းရယ် လိုက်သွားပြီး တောင်းဆိုခါမှ လွှတ်ပေးတာပါ။ စာကြည့်တိုက်လေးလည်း ဖွင့်နိုင်ခဲ့တယ်ဆိုပါတော့။ ဖွင့်ပွဲနေ့မှာပဲ ဘသိန်းကို ဓားနဲ့ လာပေါက်တဲ့ တချိန်က တရုတ်ကုမ္ပဏီက မြန်မာဝန်ထမ်းဟောင်း နောက်ကို ဖိုးချက်က ဓားနဲ့လိုက်၊ ဖိုးချက်ရဲ့ ဓားကိုင်မျက်နှာ ခက်ထန်ထန်ကို အကြောက်လွန်ရာက အိချောတယောက် အသက်ဆုံးပါးခဲ့ရ ပါတယ်။

ဇာတ်က ဒီမှာတင် မဆုံးသေးပါဘူး။ တရုတ် ကုမ္ပဏီက ကျောက်တောင်ကို မိုင်းခွဲဖို့ ကြံတဲ့အခါ တရွာလုံး လိုက်သွားကြပြီး ကန့်ကွက်တယ်။ နောက်ဆုံးတော့ ခွဲလိုက်တာပါပဲ။ ကျောက်တောင်ပြို၊ မြေတွေအက်၊ တောင်ပေါ် ရေကန်က ရေတွေ ဒလဟော ပြိုကျ၊ လူတွေလည်း အရှိန်နဲ့ လွင့်မျောပါ ပေါ့။ နောက်ဆုံး ဇာတ်ဝင်ခန်းကတော့ သချႋုင်းမြေပါပဲ။ ထပ်မံဆုံးပါးသူက ဘယ်သူ ဆိုတာတော့ ကျမ မပြောလိုတော့ပါဘူး။

ရုပ်ရှင်ကြည့် ပရိသတ် တယောက်အနေနဲ့ ဒီရုပ်ရှင်အပေါ် မြင်တဲ့ အမြင်ကို ပြောပါဆိုရင် “ကောင်းကျိုးကိုယ်၌ တည်စေမင်း” ဟာ အထင်နဲ့ အမြင်လွဲခဲ့ရတဲ့ ရုပ်ရှင်လို့ ဆိုပါရစေ။ သမိုင်းဝင် ဖြစ်ရပ်တွေကို နောက်ခံထားမယ့် ရုပ်ရှင်လို့ ထင်ခဲ့တယ်။ လွဲပါတယ်။ နောက်ထပ် ပြောစရာတခုကတော့ ရုပ်ရှင်မှာ ပြောချင်တာတွေကို ပြုံအုံထည့် လိုက်တာပါ။ ဥပမာ ပညာပေးလိုတာ၊ လူတွေ ကြားချင်တဲ့ နိုင်ငံရေးစကားမျိုး ပြောတာ စတာတွေပါ။ ဒီအပြောကိုပဲ တခြားသော အနုပညာမြောက် ပုံမျိုးနဲ့ ပြောလည်း ရရဲ့နဲ့ ထပ်ခါထပ်ခါ အတုံးလိုက် အတစ်လိုက် ပြောတာမျိုးပါ။

ကျမ အစ်မ တယောက် ပြောတဲ့စကားနဲ့ပဲ ပြောရရင် “ကြက်သားကို ပြမယ် ဆိုပါတော့၊ ဒီအတိုင်း အတုံးလိုက် ပြမလား၊ လှလှပပ ပြင်ဆင်ချက်ပြုတ်ပြီး ပြမလား” ဆိုတာပါပဲ။

ကျမ ကြည့်ခဲ့ရတဲ့ “ကောင်းကျိုးကိုယ်၌ တည်စေမင်း” ကတော့ ကြက်သားကို အတုံးလိုက် ချပြခဲ့တာပါ။ ရည်ရွယ်ချက် ကောင်းပါလျက်နဲ့ အနုပညာ မြောက်အောင်၊ လိုရင်းရောက်အောင် မပြနိုင်ခဲ့တာ နှမြောစရာပါပဲ။ ရိုက်ချက်တွေဟာ သမားရိုးကျများ ပါတယ်။ လှပပြီး ပြောစရာရိုက်ချက်မျိုး မခံစားခဲ့ရပါဘူး။ တချို့ဇာတ်ဝင်ခန်းတွေမှာ ဇာတ်ကောင်တွေ ရဲ့ အသံမြှင့် စကားပြောသံနဲ့ နားဆူလှပါတယ်။

အဓိကဇာတ်ဆောင်တွေရဲ့ အမူအရာဟာ ပုံမှန်ထက် နည်းနည်းစီ ပိုနေကြပါတယ်။ ကွက်တိဖြစ်တဲ့ ဇာတ်ဝင်ခန်းလည်း ရှိပါတယ်။ ဥပမာ ကြိုးဆွဲချ သတ်သေတဲ့ ငွေမှုန့်အနားမှာ ဘသိန်းနဲ့ မဗေဒါ စကားပြောစဉ် အမူအရာတွေကို စိတ်တိုင်း မကျလှပေမယ့် ငွေမှုန့်ခြေထောက်ကို ဖက်လို့ မဗေဒါ မျက်ရည်ကျတဲ့ အမူအရာကတော့ သိပ်ကောင်းပါတယ်။

အဓိက ပြောချင်တဲ့ တချက် ရှိပါသေးတယ်။ အဲဒါကတော့ ဇာတ်ရဲ့ အရှိန်ကို လုံးဝမထိန်းတာ၊ မကစားတာပါ။ ဒီနေရာမှာ တက်၊ ဒီနေရာမှာ ခဏ ခပ်ပြေပြေ စသဖြင့်မဟုတ်ဘဲ အတက်အကျက ဆွဲဆောင်မှု နည်းပါတယ်။ ဇာတ်ကို ရပ်သင့်တဲ့ နေရာ ရှိပါရဲ့နဲ့ မရပ်ပါဘူး။ ပြန်ဆက်ပါတယ်။ အဲဒီတော့ ဘာဖြစ်တုံးဆို နောက်ဆုံးခန်း မတိုင်ခင် ရှေ့တခန်းက ရေကန်ပြိုကျပုံ၊ လူတွေ မျောပါပုံကို အထူးပြုလုပ် ချက်တွေသုံးတာ သိပ်အားနည်းတာကို မြင်ရတော့ တာပဲ။ ဒီလိုပြကွက်မျိုးကို မနိုင်နင်းပါဘဲ မပြသင့်ပါဘူး။

“ကောင်းကျိုးကိုယ်၌ တည်စေမင်း” ရုပ်ရှင်မှာ ကျေနပ်လောက်စရာရယ်လို့ ၈၈ အရေးတော်ပုံ မြင်ကွင်းတွေကို ဇာတ်ကားဖွင့်ဖွင့်ချင်း နာကျင်စဖွယ် မြင်ရတာပါ။ ဒီလိုမြင်ကွင်းတွေ၊ တကယ့် ရုပ်သံ မှတ်တမ်းတွေကို ရုပ်ရှင်ရုံမှာ ပထမဆုံး ကြည့်ခွင့်ရတာတခုသာ ကျမလို ပရိသတ်တယောက်အတွက် ဖြေနိုင်စရာ ရှိရတယ်။ အားထုတ်မှု အတွက်တော့ ကျေးဇူးတင်ရပါတယ်။
Irrawaddy

No comments:

Post a Comment