Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, November 27, 2015

ခြပ္ေဒါင္းသခင္မႏွင့္ ေဟာင္ဂိုဏ္း၏ မုသားဝကၤပါ

အခန္း (၁)
အခ်ိန္ကား
အာဏာ႐ွင္ေခတ္
ေဟာင္ မင္းဆက္
ေျပာင္မင္း နန္းတက္စဥ္အခါသမယ...
တိုင္းျပည္အႏွံ႔ ဆင္းရဲမြဲေတမႈျပႆနာမ်ားႏွင့္ ႀကီးႏိုင္ငယ္ညႇင္းဟူေသာ ဥပေဒမဲ့ကိစၥရပ္မ်ား ေျမာက္မ်ားစြာ ရိွေနခ်ိန္...
တိုင္းျပည္၏ အေ႐ွ႕တံခါးမွ တ႐ုတ္ျပည္ဖြား ျမန္မာျပည္သားမ်ားဝင္ေရာက္ခ်ယ္လွယ္လုပ္ကိုင္ေနသည့္ ကာလ....
အေနာက္တံခါးမွ ဘဂၤလားနယ္သား လူမ်ိဳးျခားတို႔ ဒလေဟာဝင္ေနသည့္ အခိုက္....
တိုင္းျပည္ျပႆနာမ်ား ေျဖ႐ွင္းရန္
လူစြမ္းေကာင္း သိုင္းအေက်ာ္အေမာ္မ်ား အလွ်ိဳအလွ်ိဳထြက္ေပၚလာၾကသည္။
‪#‎ပီအာဝိုင္း‬
ခြပ္ေဒါင္းသခင္မ ေမတၱာေဒဝီ ၿငိမ္းခ်မ္းေရးေတာင္ၾကား၌ ပိတ္မိေနစဥ္ကာလ၊ ေမတၱာေဒဝီ၏ အသံုးအေဆာင္ ခေမာက္တခ်ပ္သိုင္းကြက္ျဖင့္ သိုင္းေလာကာအတြင္းသို႔ ဝင္ေရာက္လာေသာ အမ်ိဳးသမီးႀကီးတေယာက္....
လူအမ်ားမွ ေမတၱာေဒဝီမရိွေတာ့သည့္ေနာက္ ကိုယ္စား ခေမာက္တခ်ပ္သိုင္းပညာ ကိုေတြ႔လိုက္ရ၍ အားတက္သေရာ ဝန္းရံေထာက္ခံလိုက္ၾကရာ ေျပာင္မင္း၏ လႊတ္ေတာ္အတြင္းသို႔ မပင္မပန္းျဖင့္ေရာက္ရိွသြားေလေတာ့သည္။
လႊတ္ေတာ္တြင္း၌ ကိုယ္က်ိဳးမဖက္က်င့္စဥ္ကို က်င့္ရမည့္အစား ပီအာဟုေခၚေသာ ေအာက္လမ္းက်င့္စဥ္တခုကို ေလ့က်င့္မိရာမွ ေသြးလည္ပတ္မႈေဖာက္ျပန္ေနေသာ အမ်ိဳးသမီးႀကီးတေယာက္...
‪#‎အသူရာေလမ်ိဳးေဝ‬
ဖိႏိွပ္ခံျပည္သူတခ်ိဳ႕၏ ဘဝမ်ားစြာကိုျမႇင့္တင္ေပးမည္ဟူေသာ ေႂကြးေၾကာ္သံျဖင့္ သိုင္းေလာကအတြင္းသို႔ဝင္ေရာက္လာေသာ အသူရာသိုင္းသမား တေယာက္....
ေဟာင္ဘုရင္အဆက္ဆက္အသံုးျပဳခဲ့ေသာ မုသားမာယာ ဝကၤပါသိုင္းကြက္ႏွင့္ ထိပ္တိုက္ရင္ဆိုင္ရန္ စီစဥ္ေနစဥ္မွာ အ႐ိုးေမွ်ာ္ဓားသမားမ်ား၏ ေျမႇာက္ပင့္ေပးမႈေၾကာင့္ စိတ္ႀကီးဝင္ကာ ခြပ္ေဒါင္းသခင္မကိုပါ ပခံုးခ်င္းတိုင္းလာသည္အထိ ေျပာင္းလဲေဖာက္ျပန္သြားေသာ သိုင္းသမားတေယာက္....
‪#‎ဝတ္ရံုနီသိုင္းသမား‬ ဝီတလာ
ေဟာင္ဘုရင္မင္းဆက္မွ ေခြးဘီလူးမင္း၏ ဇာတိမွ ထြက္ေပၚလာေသာ ဝတ္ရံုနီသိုင္းသမားတေယာက္....
အမ်ိဳးသားေရးက်င့္စဥ္ကို ေလ့က်င့္ရင္း ကိုယ္တိုင္တီထြင္ထားေသာ မ်ိဳးေစာင့္သိုင္းျဖင့္နာမည္ႀကီးလာျခင္းျဖစ္သည္။
၄င္းမ်ိဳးေစာင့္သိုင္းကြက္သည္ ေလးကြက္မွ်သာရိွေသာ္လည္း တဖက္သားကို ဒုကၡေပးႏိုင္ေလာက္ေအာင္ အစြမ္းထက္ေပသည္။ သူသည္ ထိုသိုင္းေလးကြက္ျဖင့္ က်င္လည္ရင္း တဖက္လပ္မ်ိဳးခ်စ္ဓားသမားမ်ားကေခၚေသာ အမ်ိဳးသားေရးသိုင္းသမားဟူေသာ နာမည္ကို ဂုဏ္ယူေနဟန္ရိွသည္။
မည္သို႔ပင္ျဖစ္ေစ သူသည္လည္း နာမည္တလံုးႏွင့္ မဟုတ္ပါေလာ...
‪#‎ေဟာင္ဘုရင့္ဂုိဏ္း‬
တိုင္းျပည္ကို ရာစုႏွစ္ထက္ဝက္ေက်ာ္ၾကာအုပ္ခ်ဳပ္ခဲ့ၾကေသာ ဂိုဏ္းႀကီးတခုျဖစ္သည္။
ပထမဆံုး ဂိုဏ္းခ်ဳပ္ႀကီးမွာ တိုင္းျပည္၏ေက်းဇူး႐ွင္မ်ားျဖစ္ေသာ သူရဲေကာင္း သံုးက်ိပ္အဖြဲ႔ဝင္တေယာက္ျဖစ္သည္။
အမည္မွာ တဘို႔႐ွင္ငဝင္းျဖစ္ေလသည္။
မိစာၦက်င့္စဥ္မ်ားက်င့္သည့္ ဂိုဏ္းျဖစ္သည္ႏွင့္အညီ ဂိုဏ္းခ်ဳပ္၏ေနာက္ဆံုးအေျခအေနမွာ ဇာတ္သိမ္းမလွခဲ့ေပ။
ေဟာင္ဂိုဏ္း၏ နာမည္အႀကီးဆံုးစရင္းတြင္ တဘို႔႐ွင္ငဝင္းၿပီးလ်င္ ဘုရင္႐ူးငေရႊပင္ျဖစ္သည္။
ေျပာင္ဘုရင္သည္ ဘုရင္း႐ူးငေရႊမွ နန္းတင္ထားျခင္းျဖစ္သည္။
‪#‎မဘသဂိုဏ္း‬
ေဟာင္ဘုရင္ဂိုဏ္းၿပီးလ်င္ နာမည္ဆိုးနဲ႔ေက်ာ္ၾကားေသာဂိုဏ္းအမည္မွာ မဘသဂိုဏ္းျဖစ္သည္။
မဘသဂိုဏ္းသည္ မူလက အမ်ိဳးဘာသာသာသနာက်င့္စဥ္ဟူေသာ အထက္လမ္းက်င့္စဥ္ကိုက်င့္သံုးရန္ဟု ေႂကြးေၾကာ္ထားေသာ္လည္း ဝတ္ရံုနီသိုင္းသမား၏ တီထြင္ထားေသာ ဖ႐ုႆဝါစာက်င့္စဥ္တခုကိုမွားယြင္း က်င့္သံုးမိရာမွ တျဖည္းျဖည္း လူထု၏ အထင္ေသးျခင္းကို ခံလာၾကရသည္။
သို႔ေသာ္ ဝတ္ရံုနီသိုင္းသမားကို တပည့္ခံေနၾကေသာ တဖက္ပိတ္ဓားသမားအင္အားမွာ မ်ားျပားလြန္းရကား ဆက္လက္ရပ္တည္ႏိုင္ၾကေလသည္။
ယင္းတဖက္ပိတ္ဓားသမားမ်ား၏ အားထားရေသာ ေခါင္းေဆာင္ဖင္ေျပာင္ခက္ထန္မွာ မ်ိဳးေစာင့္သိုင္းကြက္ေလးဆင့္က်င့္ေနစဥ္မွာ ဗီဇေဟာင္းျဖစ္ေသာ လိင္တူခ်င္းတက္မက္ျခင္းေဝဒနာေပၚလာ၍ အ႐ွက္တကြဲအက်ိဳးနည္းျဖစ္ကာ သိုင္းေလာက၏ ေဝဖန္ျခင္းကို ခံခဲ့ရေလသည္။
‪#‎ခြပ္ေဒါင္းၾကယ္ျဖဴဂုိဏ္းႏွင့္‬ သစၥာေဒဝီ
ၿငိမ္းခ်မ္းေရးေတာင္ၾကားတြင္ ႏွစ္ကာလၾကာ႐ွည္စြာ ပိတ္ဆို႔ခံထားရေသာ သိုင္းေလာကႏွင့္ တိုင္းျပည္၏ ေတာ္ဝင္နန္းေတာ္မွ ခြပ္ေဒါင္းသခင္ႀကီး၏ အေထြးဆံုးသမီးေတာ္ သစၥာေဒဝီ (ေမတၱာေဒဝီ ဟုလည္းေခၚသည္)...
ခြပ္ေဒါင္းသခင္ႀကီးမွာ တိုင္းျပည္ေရးရာမ်ားေဆာင္ရြက္ေနစဥ္ မစၦရိယငေစာႏွင့္အေပါင္းပါ တဖက္ပိတ္ဓားသမားမ်ား၏ လုပ္ၾကံျခင္းခံလိုက္ရသည္။
သစၥာေဒဝီမွာ ဖခင္၏အေမြျဖစ္ေသာ ကိုယ္က်ိဳးစြန္႔က်င့္စဥ္ကို ဆက္လက္ေလ့က်င့္ရင္း ယင္းက်င့္စဥ္မ်ား၏ အေျခခံျဖစ္ေသာ ေမတၱာႏွင့္သစၥာဟူေသာ က်င့္ႏိုင္ခဲလွေသာ အတြင္းအားက်င့္စဥ္ကုိေအာင္ျမင္ၿပီးျဖစ္ရာ ဖခင္၏ ႐ိုးသားျခင္းသိုင္းပညာႏွင့္ေပါင္းလိုက္ျခင္းေၾကာင့္ ၿပိဳင္ဘက္ကင္းေနျခင္းျဖစ္သည္။
သူမ၏ ‪#‎ခြပ္ေဒါင္းၾကယ္ျဖဴဂိုဏ္း‬ မွာလည္း အျဖဴေရာင္သိုင္းသမားမ်ားႏွင့္သာ ဖြဲ႔စည္းထားျခင္းျဖစ္ၿပီး မည္သည့္အေဆာင္အေယာင္ခံစားခြင့္ကိုမွ် မေပးသည့္အျပင္ ေဟာင္ဂိုဏ္း၏ ဒုကၡေပးျခင္းေၾကာင့္ ဘဝပါပ်က္ႏိုင္ေသာေၾကာင့္ ေတာ္ရံုစိတ္ဓာတ္မာေက်ာသူမ်ားအဖို႔ ဂိုဏ္းဝင္ရန္ စိတ္ကူးပင္မယဥ္ၾကေပ။
ထို႔ျပင္ ေဟာင္ဂိုဏ္းမွ ထိပ္သီိးသိုင္းသမားမ်ားျဖစ္ေသာ
‪#‎လမ္းတျခမ္းငလင္း‬
‪#‎ပါး႐ိုက္လက္ဝါးငအုန္း‬
‪#‎အေႏွးယဥ္သိန္းေအာင္‬
‪#‎လႊတ္ခနဲငဦး‬
‪#‎ေလအိုးလွေဆြ‬
‪#‎ဝါးရင္းဒုတ္ငေသာင္း‬ စသည့္ အေက်ာ္အေမာ္မ်ားလည္း အသီိးသီးထြက္ေပၚလာၾကသည္။
....................................................................
အခန္း (၂)
တေန႔
လူသူျပတ္လပ္ေသာ ေတာလမ္းတေနရာ
မိန္းမငယ္ေလးတေယာက္ ေလးကန္ေသာေျခလွမ္းမ်ားႏွင့္ လမ္းေလွ်ာက္ေနစဥ္ အေ႐ွ႕မွ လူရိပ္သံုးခု ဖ်တ္ခနဲေပၚလာသည္။
မိန္းကေလး သေဘာေပါက္လိုက္သည္။
မုဒိမ္းဂိုဏ္းမွ အဖြဲ႔ဝင္မ်ားျဖစ္သည္ကို သူတို႔၏အဆီျပန္ေနေသာမ်က္ႏွာႏွင့္ ရမၼက္မီးေတာက္ေနေသာ မ်က္လံုးတစံုကေဖာ္ျပေနသည္။
မိန္းကေလး အသက္ကိုဝေအာင္႐ွဴသြင္း၍ တေတာလံုးၾကားေအာင္ ေအာ္ဟစ္အကူအညီေတာင္းလိုက္သည္။
"ကယ္ၾကပါအံုး႐ွင္"
မုဒိမ္းဂုိဏ္းဝင္မ်ားသည္ လ်င္ျမန္စြာဖမ္းယူ၍ အတင္းအဓမၼ သားမယားျပဳက်င့္ရန္ ႀကိဳးစားၾကေလေတာ့သည္။
ထိုစဥ္...
"ဝွစ္"
"ေျဖာင္း"
"ဒုတ္"
"အင့္"
"အား"
အနီေရာင္ဝတ္ရံုျဖင့္ လူတေယာက္ ေလေပြတခုအလား လ်င္ျမန္စာေရာက္ရိွလာၿပီး မုဒိ္မ္းသမား သံုးေယာက္ကို ၅ စကၠန့္အတြင္းလွဲသိပ္လိုက္သည္။
မိန္းကးေလအရမ္း အံ့ၾသတုန္လႈပ္သြားသည္
သူမဘဝတြင္ ဤမွ်ေလာက္အစြမ္းထက္ေသာသိုင္းသမားကို မျမင္ဖူးေခ်။
သူမသည္ အားကိုးတႀကီးျဖင့္ ထိုဝတ္ရံုနီဝတ္ထားသူအနားကို ေျပးသြားလိုက္သည္။ ထီု႔ေနာက္ ေက်းဇူးတင္ေၾကာင္းေျပာမည္အလုပ္မွာ..
"မလိုပါဘူး ကေလးမ၊ ဒါက က်ဳပ္လုပ္ေနက်အလုပ္တခုပါ၊ ကေလးမကို တခုေမတၱာရပ္ခံခ်င္တာကေတာ့ ကုလားနဲ႔ေခြးဆိုရင္ ေခြးကိုပဲ လင္အျဖစ္ေရြးလိုက္ပါ"
"႐ွင္"
မဆီမဆိုင္ စကားမ်ားေျပာဆိုကာ ၄င္းဝတ္ရံုနီႀကီးကို မလ်က္ ေလေပြတခုအလား ေျပးထြက္သြားေလေတာ့သည္။
ထိုအခါမွ မိန္းကေလးသည္ တစံုတေယာက္ကိုသတိရလ်က္ ေရရြတ္လိုက္သည္။
"ဝတ္ရံုနီသိုင္းသမား ဝီတလာ"
မွန္ေပသည္။
ထိုသူကား မ်ိဳးေစာင့္သိုင္းေလးကြက္ျဖင့့္နာမည္ႀကီးေနေသာ ဝတ္ရံုနီသိုင္းသမား ဝီတလာပင္ျဖစ္ေလသည္။
အခန္း (၃)
"မလုပ္ၾကပါနဲ႔႐ွင္၊ က်မတို႔မွာ ဒီေျမကြက္နဲ့ ဒီအိမ္ေလးပဲရိွလို႔ပါ"
အမ်ိဳးသမီးတဦး၏ ဝမ္းနည္းစြာငိုေႂကြးသံႏွင့္အတူ ေတာင္းပန္သံေတြကို နားအရသာခံေနၾကေသာ ေဟာင္ဂိုဏ္းဝင္မ်ားသည္ အိမ္ကေလးကို အညိဳးတႀကီးၿဖိဳခ်ေလေတာ့သည္။
"ရပ္လို္က္ၾကစမ္း"
ျခံဝန္းအတြင္းသို႔
ဝါးလံုး႐ွည္တေခ်ာင္းကို ေက်ာပိုး၍ ေသရည္အိတ္ခါးမွာခ်ိတ္ထားေသာ လူတေယာက္သည္ မေၾကာက္မရြံဝင္ေရာက္လာေလသည္။
"မင္းက ဘယ္သူလဲ"ဟု ေဟာင္ဂုိဏ္းသားတဦး၏ အေမးကို တျခားဂိုဏ္းသားတဦးက ဝင္ေျဖလိုက္သည္။
"အသူရာသို္င္းသမား ေလမ်ိဳးေဝ"
"ဟားဟား.. ဟားဟား "
ေလမ်ိဳးေဝက်ယ္ေလာင္စြာ ရယ္ေမာလိုက္သည္။ ထို႔ေနာက္ လက္စြဲေတာ္ ဝါးလံုးကိုေဝွ႕ယမ္းကာ သိုင္းကြက္ခင္းလိုက္သည္။
ထိုစဥ္
"ဝွစ္... ေဒါက္"
ေလးတိုးသံၾကားလိုက္၍ ေလမိ်ဳးေဝအမိအရကာကြယ္လိုက္ရာ ေရႊဓားတေခ်ာင္း ေလမ်ိဳးေဝ၏ ဝါးလံုးတြင္ စိုက္ဝင္လ်က္ရိွသည္။
ေလမ်ိဳးေဝ အထိတ္တလန္႔ျဖစ္သြားသည္။ ယင္းေရႊဓားမွာ ေဟာင္ဂိုဏ္းမွ ညာလက္ရံုးႀကီး ဝါးရင္းဒုတ္ငေသာင္း၏ သတိေပးဓားခ်က္ပင္ျဖစ္သည္။
ယင္းသတိေပးခ်က္ကို လက္ခံလ်င္ေရႊဓားကိုရ၍ လက္မခံလ်င္ လက္စေဖ်ာက္ချခင္းခံရေလသည္။ သိုင္းေလာကတြင္ ဝါးရင္းဒုတ္ငေသာင္း၏ အစေဖ်ာက္ျခင္းခံရေသာ သိုင္းသမားအေရအတြက္မနည္းေတာ့ေပ။
ထိုအေၾကာင္းသိထားေသာ ေလမ်ိဳးေဝမွာ ေရႊဓားကိုႏႈတ္ယူ၍ တရိွန္ထိုးေျပးထြက္သြားေလေတာ့သည္။
အိမ္႐ွင္အမ်ိဳးသမီးမွာလည္း အားကိုးရမည့္အထင္ႏွင့္ ေမ််ွ၊ာ္လင့္တႀကီးၾကည့္ေနရာမွ ထြက္ေျပးသြားေသာ ေလမ်ိဳးေဝကိုၾကည့္ကာ စိတ္ပၽက္စြာျဖင့္ ေခါင္းငိုက္စိုက္က်သြားေလေတာ့သည္။
သို႔ႏွင့္ အိမ္႐ွင္လည္း ရိွစုမဲ့စုပစၥည္းေလးမ်ားထုပ္ကာ ျခံဝန္းႀကီးႏွင့္ေဝးရာသို႔ တေရြ႔ေရြ႔ထြက္ခြာသြားေလေတာ့သည္။
အခန္း (၄)
တ႐ုတ္ျပည္ဖြားေသာ္လည္း ျမန္မာျပည္သားအျဖစ္ အထူးအခြင့္ေရးရ တ႐ုတ္လူမ်ိဳးတို႔၏ အပို္င္စားရေသာ လုပ္ငန္ခြင္းတေနရာ...
ေမတၱာသုတ္ရြတ္ေနေသာ သံဃာအပါးကုိးဆယ္ေက်ာ္မွာ ညတညတြင္ ေဟာင္ဂိုဏ္း၏ ရက္စက္စြာလုပ္ၾကံမႈခံလိုက္ရသည္။
သို႔ေသာ္ အမ်ိဳးသားေရးအမည္ခံ ဝတ္ရံုနီသိုင္းသမား ဝီတလာမွာ ထိုညက အိပ္ေပ်ာ္သြားသျဖင့္ လက္စြမ္းမျပလိုက္ရေပ။
ထို႔ေနာက္ အရပ္သားေဒၚခင္ဝင္းတေယာက္ ေဟာင္ဂိုဏ္း၏အမိန္႔ျဖင့္ အသတ္ခံလိုက္ရေသာေန႔ကလည္း ဝီတလာတေယာက္ ဂူေအာင္း၍ ႏွာေစးသိုင္းေလ့က်င့္ေန၍ ဝင္မပါလိုက္ရေခ်။
ထိုအခ်ိန္ ဘဂၤလီႏွစ္ေယာက္မွ အသက္မျပည့္ေသးေသာ ျမန္မာအမ်ိဳးသမီးတေယာက္ကို အဓမၼျပဳက်င့္ေနသည္ဟု သတင္းထြက္လာေသာအခါ ဝီတလာတေယာက္ "ဝုန္းခနဲ"ထကာ ႏွားေစးသို္င္းက်င့္ေနရာမွ "ဝွစ္ "ခနဲ ေျပးထြက္သြားေလေတာ့သည္။
ျဖစ္စဥ္အမွန္မွာ မင္းမႈထမ္းရဲမက္တဦးမွ က်ဴးလြန္ျခင္းျဖစ္ေန၍ ဝတ္ရံုနီသိုင္းသမား လက္ေ႐ွာင္ရျပန္သည္။ က်င့္လက္စ ႏွာေစးသိုင္း ျပန္ေလ့က်င့္ေနေလေတာ့သည္။
...........................................
ေနရာကား
မင္းေနျပည္ေတာ္ အတြင္း
ေဟာင္ဂိုဏ္းဝင္မ်ားသည္ တစံုတခုေသာ ကိစၥႀကီးအတြက္ ျပင္ဆင္ေနၾကသည္။
၅ ႏွစ္တႀကိမ္က်င္းပေသာ သိုင္းၿပိဳင္ပြဲႀကီးျဖစ္သည္။ ထိုၿပိဳ္င္ပြဲတြင္ သစၥာေဒဝီသခင္မကိုယ္တိုင္ ဝင္ၿပိဳင္မည္ဟု သိရိွထားေသာေၾကာင့္ ေဟာင္ဂိုဏ္းခ်ပ္ႀကီးအပါအဝင္ တတို္င္းျပည္လံုးရိွ အနက္ေရာင္ သို္င္းသမားမ်ား ေျခခ်င္းလိမ္ေနၾကေတာ့သည္။
လမ္းၾကားတေနရာ...
"ဝွစ္"
"ေျဖာက္... ေျဖာက္..ေျဖာက္"
ခြပ္ေဒါင္းၾကယ္ျဖဴဂိုဏ္းသားမ်ားကို ဝတ္ရံုနီသိုင္းသမားႏွင့္ အသူရာသိုင္းသမားဦးေဆာင္ေသာ တဖက္ပိတ္ဓားသမားမ်ားက ဝိုင္းဝန္းလုပ္ၾကံေနၾကျခင္းျဖစ္သည္။
အေျခအေနမွာ ခြပ္ေဒါင္းၾကယ္ျဖဴဂိုဏ္းသားမ်ားအေရးနိမ့္စျပဳလာသည္။
"ေဝါ"
"ဝုန္း... ဝုန္း..... ဝုန္း"
အျဖဴေရာင္အလင္းတန္းႀကီးႏွင့္အတူ အျဖဴေရာင္အရိပ္တခု ေပၚလာရာ ခြပ္ေဒါင္းၾကယ္ျဖဴဂိုဏ္းသားမ်ားကို ဝိုင္းထားေသာ တဖက္ပိတ္ဓားသမားမ်ား လြင့္စင္ထြက္သြားၿပီး ဝတ္ရံုနီႏွင့္ အသူရာသိုင္းသမားႏွစ္ဦးသာ ရပ္လ်က္က်န္ခဲ့သည္။
ထိုအျဖဴေရာင္အရိပ္ကို တုန္လႈပ္ေခ်ာက္ခ်ားစြာ ၾကည့္ေနေသာ ဝီတလာႏွင့္ ေလမ်ိဳးေဝတို႔ တိုးညႇင္းစြာ ေရရြတ္လိုက္သည္။
"ခြပ္ေဒါင္းသခင္မ သစၥာေဒဝီ"
ထို႔ေနာက္ သူတို႔ႏွစ္ဦး အ႐ူးသိုင္းကြက္ခင္းလိုက္ၾကေလေတာ့သည္။

Yae Tay Za
....
ခြပ္ေဒါင္းသခင္မႏွင့္ ေဟာင္ဂိုဏ္း၏ မုသားဝကၤပါ (ဒုတိယပိုင္း)
===============================
(ယခင္ပိုစ့္မွ့အဆက္)
သစၥာေဒဝီသည္ ဝီတလာတို႔ႏွစ္ေယာက္ကို တခ်က္မွ် ေဝ့ၾကည့္လိုက္ကာ သူမ၏ လက္ေအာက္ငယ္သားမ်ားကို ေနရာမွထြက္သြားရန္ အခ်က္ျပလိုက္သည္။
ေလမ်ိဳးေဝႏွင့္ ဝီတလာမွာ ေက်ာခ်င္းကပ္လ်က္ အ႐ူးသိုင္းကြက္ကို ဟန္ပါပါခင္းလိုက္ကာ သစၥာေဒဝီထံသို႔ တၿပိဳက္နက္တိုးဝင္သြားေလသည္။
"ယား"
"ဝွစ္"
ေလမ်ိဳးေဝ၏ အ႐ူးကြက္မ်ားႏွင့္ ဝီတလာ၏ ဖ႐ုႆဝါစာလက္ဝါး႐ိုက္ခ်က္မ်ားသည္ သစၥာေဒဝီတကိုယ္လံုးသို႔ ဦးတည္လ်က္ရိွရကား လြန္စြာေၾကာက္မက္ဖြယ္ေကာင္းေသာ ထိုးႏွက္ခ်က္မ်ားျဖစ္ေပသည္။
"ဝုန္း"
"ဝွစ္... ဝွစ္"
သစၥာေဒဝီသည္လည္း အရိပ္မဲ့ဥေပကၡာသိုင္းကြက္ျဖင့္ အသာအယာေ႐ွာင္တိမ္းလ်က္ရိွရာ ကေနေသာ ေဒါင္းမေလးသဖြယ္ ျဖစ္ေနေခ်ေတာ့သည္။
သိုင္းကြက္ ႏွစ္ဆယ္ေက်ာ္လာသည္အထိ သူမ၏ အဝတ္အစားကိုပင္ မထိသျဖင့္ ပိုမိုေဒါသထြက္လာေသာ ဝီတလာသည္ သူ၏လက္စြဲေတာ္ မ်ိဳးေစာင့္သိုင္းေလးကြက္ကို ထုတ္သံုးလိုက္သည္ႏွင့္ ေလမ်ိဳးေဝသည္လည္း သူအကြၽမ္းက်င္ဆံုး သိုင္းကြက္ျဖစ္ေသာ ဝါးလံုးခ်ီးသုတ္သိုင္းျဖင့္ ပတ္ရမ္းေလေတာ့သည္။
"ဟိုင္းယား... ဟိုင္းယား"
"ဝွစ္... ဝွစ္... ဝွစ္"
"ေျဖာင္း"
"အား"
တႀကိမ္တြင္ ေလမ်ိဳးေဝ၏ ဝါးလံုးျဖင့္ ဝီတလာ၏ ညာဖက္နားထင္ကို ျဖတ္႐ိုက္မိသြားေလရာ ဝီတလာမွာ နာက်င္စြာေအာ္ဟစ္မိသြားျခင္းျဖစ္သည္။
သစၥာေဒဝီမွာ တန္ျပန္သိုင္းကြက္မ်ား ထုတ္မသံုးေသးပဲ အထိအခိုက္အနည္းဆံုးျဖစ္ေသာ အရိပ္မဲ့ဥေပကၡာသိုင္းကို အျမင့္ဆံုးျမႇင့့္တင္လိုက္ေသာအခါ ဝီတလာႏွင့္ ေလမ်ိဳးေဝမွာ သစၥာေဒဝီ၏ အရိပ္ကိုပင္မျမင္ရေတာ့ပဲ သူတို႔ႏွစ္ေယာက္သာ တိုက္ခိုက္ေနသလိုႀကီး ျဖစ္လာသျဖင့္ အထိတ္တလန္႔ ေနာက္သို႔ခုန္ဆုတ္လိုက္ၾကသည္။
မိမိတို႔၏ တိုက္ကြက္မ်ားကို ေရကုန္ေရခမ္းထုတ္သုံးေနေသာ္လည္း သစၥာေဒဝီ၏ အရိပ္မဲ့ဥေပကၡာသိုင္းကို ထိုးေဖာက္ႏိုင္ျခင္းမရိွသည္ကို နဖူးေတြ႔ဒူးေတြ႔ ေတြ႔ျမင္လိုက္ရေသာအခါ ၾကက္သီးေမႊးညႇင္းမ်ားကိုယ္စီထလ်က္ ရိွေခ်၏
ထို႔ေနာက္ ႏွစ္ေယာက္သား တိုင္ပင္ထားသည့္အလား မိမိတို႔ကိုယ္ပိုင္ သက္ေစာင့္ပညာျဖစ္ေသာ ‪#‎ေနာက္က်တဲ့ေခ်ေထာက္သစၥာေဖာက္ကိ္ုယ္ေဖာ့ပညာ‬ ကိုသံုးလ်က္ ဒေရာေသာပါး ေျပးထြက္သြားေလေတာ့သည္။
သစၥာေဒဝီလည္း ဒေရာေသာပါး ေျပးထြက္သြားေသာ ေလမ်ိဳးေဝထံမွ က်က်န္ခဲ့ေသာ ေရႊဓားေလးကို ေတြ႕လိုက္ေသာအခါ သိပ္မၾကာေသးခင္ကာလမွ မိမိအား ရက္ရက္စက္စက္လုပ္ၾကံခဲ့ေသာ ဒီပဲယင္းေတာင္ၾကားမွ ညတညကို ျပန္၍သတိရသြားေလေတာ့သည္။
အခန္း (၅)
ဒီပဲယင္းေတာင္ၾကားမွ ေတာလမ္းတေနရာ...
ပတ္ဝန္းက်င္ တခုလံုးပိန္းပိတ္ေအာင္ အေမွာင္က်လ်က္ရိွေခ်၏
တခါတရံ ဆြဲဆြဲငင္ငင္ အူလိုက္ေသာေခြးအူသံတခ်ိဳ႕ေၾကာင့္ ညသည္ပို၍ ေၾကာက္မက္ဖြယ္ေကာင္းေနေလသည္။
ပုရစ္သံတခ်ိဳ႕ကလြဲလ်င္ တိတ္ဆိတ္ေနေသာအေျခအေနသည္ မုန္တိုင္းမလာခင္ ေလၿငိမ္ေနျခင္းသည့္ပံုစံျဖစ္ေနေပသည္။
ေမွာင္ရိပ္ထဲတြင္ကား လူတခ်ိဳ႕တိတ္တဆိတ္လႈပ္႐ွားလ်က္ရိွေလသည္။ သူတို႔သည္ တစံုတခုကို ေစာင့္ေမွ်ာ္ေနဟန္ရိွရာ အခ်င္းခ်င္းလက္တို႔၍ ေမးျမန္းေနၾကေလသည္။
"ေဟ်ာင့္... အခုလာတဲ့လူက ဘယ္သူတုန္း"
"မသိဘူးေလကြာ၊ ေမးမေနပါနဲ႔ကြာ၊ ငါတို႔ေန႔စားခ ရေနတာပဲဟာ"
"ဟ.. ရတာေတာ့ ရတာေပါ့၊ ေတာ္ၾကာ အဖမ္းခံေနရမွာစိုးလို႔ပါ"
"ဘာမွမပူပါနဲ႔ကြာ၊ ေဟာင္ဂိုဏ္းက ဝါးရင္းဒုတ္ဌာနမႉး ငေသာင္းကိုယ္တိုင္ ေျပာထားတာပဲ၊ သူခိုင္းတဲ့အတိုင္းသာလုပ္ ျဖစ္တဲ့ျပႆနာသူတာဝန္ယူတယ္တဲ့ကြ"
"ေအးပါကြာ၊ အာ့ဆိုလည္း ပီးေရာ၊ ႐ိုက္ဆို႐ိုက္၊ သတ္ဆိုသတ္ၾကရံုေပါ့"
"ဒါပဲေလကြာ၊ ဒီထဲမွာ မေန႔တေန႔ကမွ ေထာင္ထဲကထုတ္လာတဲ့ မိစာၦသိုင္းသမားေတြပါ ပါေနတယ္ကြ၊ ငါတို႔က ေအးေဆးပါကြာ"
ေမွာင္ရိပ္ထဲမွ စကားသံမ်ား တိတ္ဆိတ္သြားသည္။ အေၾကာင္းမွာ ေတာလမ္းအဝမွေစာင့္ေနေသာ ကင္းအဖြဲ႔မွ အခ်က္ေပးမီးေရာင္ ထြက္ေပၚလာျခင္းေၾကာင့္ျဖစ္သည္။
"အမိန္႔ေစာင့္"
အဖြဲ႔ေခါင္းေဆာင္ျဖစ္ဟန္တူသူတေယာက္မွ တပ္လွန္႔လိုက္ျခင္းပင္ျဖစ္သည္။ ပတ္ဝန္းက်င္တခုလံုး ေအးစက္တိတ္ဆိတ္သြားကာ မုန္တိုင္းႏွင့္နီးကပ္လာၿပီဟု ခံစားေနၾကရေလသည္။
မၾကာမီွ
ယာဥ္တန္းတခု ေတာလမ္းအတိုင္း တျဖည္းျဖည္း ေမာင္းႏွင္လာၾကသည္။
ယာဥ္ေ႐ွ႕တြင္ တပ္ဆင္ထားေသာ အလံေလးမွ ေလတိုးသံေၾကာင့္ တဖ်တ္ဖ်တ္လူးလြန္႔လ်က္ရိွေလသည္။
ထိုစဥ္ ႐ုတ္တရက္ ပတ္ဝန္းက်င္တခုလံုး လင္းထိန္သြားသည္။ အေၾကာင္းမွာ ႀကိဳတင္ျပင္ဆင္ထားေသာ ေအာက္လင္းဓာတ္မီးႀကီးမ်ားျဖင့္ ယာဥ္တန္းအားထိုးခ်ိန္လိုက္ေသာေၾကာင့္ပင္ျဖစ္သည္။
"႐ိုက္"
"အကုန္႐ိုက္သတ္ကြာ"
"တေယာက္မွ မလြတ္ေစနဲ႔ေဟ့"
"ဒုတ္"
"ခြပ္"
"အား"
ေတာလမ္းတခုလံုး ငရဲပြက္သလို ဆူညံသြားေလသည္။ ေစာေစာက တိတ္ဆိတ္ေနေသာ ပတ္ဝန္းက်င္သည္ ႐ိုက္သံ၊ ႏွက္သံ၊ နာက်င္စြာေအာ္ဟစ္သံမ်ားျဖင့္ ပဲ့တင္ထပ္လ်က္ရိွေခ်ေတာ့သည္။
"ဒါ ခြပ္ေဒါင္းသခင္ႀကီးရဲ႕ သမီးေနာ္၊ မင္းတို႔ေကာင္ေတြ သမိုင္းဝင္သြားမယ္"
လုပ္ၾကံခံရေသာ ယာဥ္တန္းထဲမွ ထြက္ေပၚလာေသာ အသံျဖစ္သည္။ ထိုအသံၾကားသည္ႏွင့္ ႐ိုက္ႏွက္ေနသူမ်ား အနည္းငယ္အရိွန္သတ္လိုက္ၾကသည္။
ဟုတ္ပါသည္။
လုပ္ၾကံခံေနရေသာ ယာဥ္တန္းမွာ ခြပ္ေဒါင္းသခင္ႀကီး၏ သမီးေထြး သစၥာေဒဝီ၏ ယာဥ္တန္းပင္ျဖစ္ေလသည္။
ထိုယာဥ္တန္းကို ေခါင္းေဆာင္လာသူမွာလည္း တခ်ိန္ကတိုင္းျပည္ကို က်ဴးေက်ာ္ခဲ့ၾကဖူးေသာ အေ႐ွ႕တ႐ုတ္ျဖဴႏွင့္ အေနာက္မူဂ်ာဟစ္မ်ားကို ရြပ္ရြပ္ခြၽံခြၽံတိုက္ထုတ္ခဲ့ဖူးေသာ အသက္အငယ္ဆံုး စစ္သူႀကီး မဟာသူရတင္ဦးပင္ ျဖစ္ေလသည္။
သို႔ေသာ္ ေဟာင္ဂိုဏ္းခ်ဳပ္ႀကီး၏ တခ်က္လြတ္အမိန္႔ျဖင့္ လာေရာက္လုပ္ၾကံၾကျခင္းျဖစ္၍ ဘယ္လိုနည္းႏွင့္မွ် ခရီးဆက္သြားခြင့္ကား မျပဳႏိုင္ၾကေခ်။
တဖန္ ဝါးရင္းဒုတ္ဌာနမႉးငေသာင္း၏ အနီးကပ္လိုက္ပါအမိန္႔ေပးကြပ္ကဲမႈတို႔ေၾကာင့္ ဤမွ်အင္အားမ်ားျပားစြာျဖင့္ သမိုင္းဝင္မည့္လုပ္ၾကံမႈႀကီးကို လက္ရဲဇက္ရဲ ျပဳလုပ္ေနၾကျခင္းျဖစ္ေလသည္။
"ဘာျဖစ္ျဖစ္ အကုန္ခ်ကြာ"
လူအုပ္ႀကီး၏ ေနာက္ဖက္မွ အမိန္႔ေပးသံတခုအဆံုးမွာ မဲမဲျမင္ရာ႐ိုက္ႏွက္ၾကေလေတာ့သည္။ ဝိုင္း၍႐ိုက္ႏွက္ေနၾကသူမ်ားသည္ လက္ပတ္အနီမ်ား ပတ္ထားသည္ကို သတိျပဳမိေပသည္။
ဘုန္းႀကီးတခ်ိဳ႕လည္း တုတ္တေခ်ာင္းျဖင့္ သဃၤန္းစြန္ေတာင္စြဲကာ ဝင္ေရာက္႐ိုက္ႏွက္လ်က္ရိွသည္ကို အံ့ျသဖြယ္ရာေတြ႔ျမင္ရေလသည္။
အမွန္မွာ ေဟာင္ဂိုဏ္းမွခြင့္ျပဳခ်က္ျဖင့္ ဝါးရင္းဒုတ္ငေသာင္း၏ လက္သတ္ေမြးထားေသာ ဘုန္းႀကီးအတုမ်ားျဖစ္ေလသည္။
"ဒုတ္"
"ေျဖာင္း"
"အင့္"
"အား"
သစၥာေဒဝီမွာ အျပင္သို႔ထြက္၍ ရင္ဆိုင္မည္တကဲကဲလုပ္ေနရာ ယာဥ္ေမာင္းက ပါးနပ္စြာပင္ ယာဥ္တံခါးမ်ားကို ေသာ့ခ်လ်က္ ယာဥ္ကိုကြၽမ္းက်င္စြာ ေမာင္းထြက္လိုက္သည္။
ထို႔ေနာက္ အတန္ၾကာေမာင္းႏွင္ၿပီးေနာက္ လမ္းခုလတ္တြင္ အသင့္ေစာင့္ေနၾကေသာ ရဲမက္မ်ားႏွင့္ ေတြ႔ကာ ယာယီစခန္းသို႔ဖမ္းဆီး ႔ေခၚေဆာင္ျခင္းကို ခံလိုက္ရေလသည္။
သစၥာေဒဝီသည္ မိမိ၏အဖြဲ႔ဝင္မ်ား ရက္ရက္စက္စက္ လုပ္ၾကံခံရမႈေၾကာင့္ လြန္စြာစိတ္ထိခိုက္လ်က္ရိွရာ ရဲရဲေတာက္ စကားတခြန္းကို ေျပာခ်လိုက္ေလသည္။
"က်မကို သတ္ခ်င္ရင္ အခုသတ္လိုက္ပါ၊ မဟုတ္ရင္ေတာ့ အခုကိစၥကို ေျဖ႐ွင္းေပးပါ "
ထိုစကားတခြန္းေျပာၿပီးခ်ိန္မွစ၍ သူမအား ၿငိမ္းခ်မ္းေရးေတာင္ၾကားသို႔ပို႔ေဆာင္ကာ ပိတ္ဆို႔ထားလိုက္ေလေတာ့သည္။
ထိုဒီပဲယင္းညသည္ ေဟာင္ဂိုဏ္း၏ အရက္စက္ဆံုးေသာ လုပ္ၾကံမႈႀကီးျဖစ္ၿပီး စနစ္တက်ေရးဆြဲထားေသာ ဗ်ဴဟာလည္းျဖစ္ေပသည္။
သစၥာေဒဝီ၏ ျဖဴစင္ေသာသီလႏွင့္ အဖြဲ႔ဝင္မ်ား၏ အသက္စြန္႔ကယ္တင္မႈေတြေၾကာင့္ လြတ္ေျမာက္လာခဲ့ျခင္းျဖစ္သည္။
သူမအတြက္ ထိုညသည္ ေမ့ႏိုင္စရာအေၾကာင္းမရိွေသာ ေသြးစြန္းေသာညတညျဖစ္ေခ်ေတာ့သည္။
အခန္း (၆)
"ဝုန္း"
"ဒါ ဘယ္လိုျဖစ္တာလဲ"
ဝါးရင္းဒုတ္ငေသာင္း ေဒါသထြက္ကာ စားပြဲခံုႀကီးအား ထုခြဲခ်လိုက္ရင္း မႈန္ကုတ္ကုတ္ရပ္ေနၾကေသာ ဝီတလာႏွင့္ ေလမ်ိဳးေဝကို ေမးခြန္းထုတ္ေနျခင္းျဖစ္သည္။
"က်ေနာ္တို႔ထင္တာထက္ အမ်ားႀကီးခက္ခဲတယ္ ဌာနမႉး"
ေလမ်ိဳးေဝတေယာက္ ကတုန္ကယင္ျဖင့္ အစီရင္ခံလိုက္သည္။ ဝီတလာလည္း မေနသာေတာ့ပဲ ..
"ဟုတ္တယ္ ဌာနမႉး၊ ဒါေတာင္ သူသံုးသြားတာ တကြက္ထဲရယ္"
"ေတာ္စမ္းပါကြာ၊ မင္းတို႔ေျပာလိုက္ရင္ ဆင္ေျခဆင္လက္ကမ်ားေနတယ္၊ ဂိုဏ္းခ်ဳပ္ႀကီးကို ငါဘယ္လိုအစီရင္ခံရမွန္းမသိေတာ့ဘူး"
ဝါးရင္းဒုတ္ငေသာင္းမွာ သူ႔ကိုယ္သူအထင္ႀကီးလ်က္ရိွရာ သစၥာေဒဝီကို သူ႔အေနျဖင့္အႏိုင္ရလိိ္မ့္မည္ဟု ထင္ေနေလသည္။
သူထင္လည္း ထင္ခ်င္စရာပင္။
ေဟာင္ဂိုဏ္းခ်ဳပ္ႀကီး ေခြးဘီးလူးငေရႊကိုယ္တိုင္ ခ်ီးျမႇင့္ထားေသာ ညာလက္ရံုးဝါးရင္းဒုတ္ဌာနမႉးဆိုေသာဘြဲ႔မွာ လက္ရိွေျပာင္ဘုရင္ထက္ပင္ ျသဇာအာဏာႀကီးမားက်ယ္ျပန္႔သျဖင့္ ဘုရင့္ထက္ႀကီးေသာရာထူးရိွလ်င္ပင္ လုပ္ႏိုင္ေၾကာင္း ထုတ္ေျပာထားျခင္းျဖစ္သည္။
"ကဲ .. ဒါဆိုရင္ေတာ့ က်န္တဲ့ ဌာနခြဲမႉးေတြအကုန္လံုးကို စာပို႔လိုက္၊ သစၥာေဒဝီနဲ႔ သူ႔ရဲ႕ခြပ္ေဒါင္းၾကယ္ျဖဴအဖဲြ႔သားေတြကို ေတြ႔တဲ့ေနရာမွာ လုပ္ၾကံၾကလို႔"
"အိုကြာ.. ျဖစ္ႏိုင္ရင္ လံုးဝအလြတ္မေပးၾကနဲ႔လို႔၊ မီွရာဖမ္းကိုက္ၾကလို႔၊ ၾကားလား"
စာပို႔၊ စာလက္ခံဌာနမွ ဌာနခြဲမႉး ‪#‎သပြတ္အူငထြဋ္လည္း‬ ခ်က္ခ်င္းပင္ အေကာင္အထည္ေဖာ္ေလေတာ့သည္။
ဤသို႔ျဖင့္ ေဟာင္ဂိုဏ္းဝင္မ်ားသည္ ခြပ္ေဒါင္းၾကယ္ျဖဴဂိုဏ္းအား အၿငိဳးထားကာ ေတြ႔ရာသခ်ႋဳင္း ဓားမဆိုင္းပဲ လုပ္ၾကံၾကေလေတာ့သည္။
သစၥာေဒဝီသည္လည္း ထိုသတင္းကိုၾကား၍ မိမိအဖြဲ႔သားမ်ားကို ေခြး႐ူးကာကြယ္ေဆးမ်ားတိုက္ကာ အရိပ္မဲ့ဥေပကၡာသိုင္း၏ အေျခခံသိုင္းကြက္မ်ားကို သင္ၾကားေပးထားေလသည္။
အေၾကာင္းမွာ ေဟာင္ဂိုဏ္းဝင္မ်ားသည္ ေခြး႐ူးအဆိပ္ကို တြင္က်ယ္စြာအသံုးျပဳသူမ်ားျဖစ္သည္ႏွင့္အညီ ေဟာင္ဂိုဏ္း၏ အဆင့္အနိမ့္ဆံုးဂိုဏ္းဝင္မ်ားကို သင္ၾကားေပးထားေသာ မီွရာကုန္းကိုက္သိုင္းကြက္မွာ လြန္စာရက္စက္ေသာ သိုင္းကြက္ျဖစ္ေပသည္။
အကိုက္ခံရသူသည္ ၄င္းတို႔အသံုးျပဳေသာ ေခြး႐ူးအဆိပ္ေၾကာင့္ ေခြး႐ူးျပန္သြားသည္ကမ်ားေလသည္။
ထိုအေၾကာင္းကိုသိထားေသာ သစၥာေဒဝီသည္ ႀကိဳတင္ျပင္ဆင္ထားျခင္းျဖစ္သည္။
ေတာလမ္းတေနရာ...
"ဂါး... "
"ဝူး... ဝူး"
ေဟာင္ဂိုဏ္းဝင္တခ်ိဳ႕မွ အေပၚကိုေမာ့ၾကည့္ကာ ေဒါသထြက္ေနၾကျခင္းျဖစ္သည္။ တခ်က္တခ်က္ အရိပ္သ႑န္တခုကို ေတြ႔ေနရေသာေၾကာင့္ျဖစ္သည္။
ထိုအရိပ္သ႑န္မွာ သစၥာေဒဝီ၏ အရိပ္ပင္ျဖစ္သည္။ အလြန္ပင္ ျမန္ဆန္လြန္းရကား ပညာႏုေသာ ေဟာင္ဂိုဏ္းဝင္မ်ားမွာ ႀကိတ္မႏိုင္ခဲမရျဖစ္ေနလ်က္ရိွေလသည္။
သို႔ႏွင့္ ေဟာင္ဂိုဏ္းဝင္မ်ားသည္ ျပည္သူတခ်ိဳ႕အား အႏိုင္က်င့္လ်က္ ေဒါသကိုေျဖေဖ်ာက္ၾကေလေတာ့သည္။
"ဖယ္ၾကစမ္း"
"ျဖန္း"
"မလုပ္ပါနဲ႔႐ွင္.. မတရားအႏိုင္မက်င့္ၾကပါနဲ႔၊ ဒါက ဘိုးဘြားပိုင္ ေျမကြက္ပါ႐ွင္"
"အသာေနၾကစမ္း၊ ငါတို႔က ေစတနာနဲ႔ တိုင္းျပည္ကို ပိုေကာင္းေအာင္လုပ္ေပးေနတာ"
"ေနပါေစ႐ွင္၊ ဒီအတိုင္းေလးပဲ ေအးေအးခ်မ္းခ်မ္းလုပ္ကိုင္စားေသာက္ပါရေစ"
"တိတ္စမ္း၊ ဒီတ႐ုတ္ႀကီးက နင္တို႔ေျမေတြကို အလကားသိမ္းတာမဟုတ္ဘူး၊ ငါတို႔ဘုရင္ရဲ႕အမိန္႔နဲ႔ လာသိမ္းတာမို႔ သူတို႔ကိုဘာမွသြားေျပာစရာမလိုဘူးေနာ္၊ ႐ွင္းလား"
"နင္တို႔ လုပ္စရာမရိွအလုပ္မရိွရင္ သူတို႔တ႐ုတ္ျပည္ေခၚသြားေပးမယ္တဲ့၊ အိမ္ေဖာ္အလုပ္ျဖစ္ျဖစ္၊ အေပ်ာ္မယ္အလုပ္ျဖစ္ျဖစ္ လုပ္လို႔ရတယ္တဲ့၊ စိတ္ပါရင္ ေယာက်္ားေတာင္ယူလို႔ရတယ္တဲ့၊ ၾကားလား၊ နင္တို႔ေတြ ဒီထက္ေကာင္းတဲ့လူ ႐ွာၾကည့္စမ္းပါအံုး"
"ဒီမွာ က်မတို႔ကို ေခြးနဲ႔ပဲယူရမယ္လို႔ ဝတ္ရံုနီသိုင္းသမားက ေျပာထားၿပီးသား"
"ဟား..ဟား.. ဟားဟား
နင္ေျပာတဲ့ ဝတ္ရံုနီသိုင္းသမားဆိုတာ ငါတို႔ေဟာင္ဂိုဏ္းရဲ႕ သစၥာခံတေယာက္ဆိုတာမသိေသးဘူးထင္တယ္၊ ဒီမွာ နင္ေျပာတဲ့ ဝတ္ရံုနီသိုင္းသမားက ငါတို႔ေဟာင္ဂိုဏ္းနဲ႔တ႐ုတ္ႀကီးေတြကို ဘယ္တုန္းကမ်ား ပစ္မွားဖူးလို႔လဲ"
"႐ွင္"
"ေအး၊ ျမဲျမဲမွတ္ထား၊ ေလာေလာဆယ္ ငါတို႔ိကုိ အာခံရဲဲတာဆိုလို႔ ခြပ္ေဒါင္းၾကယ္ျဖဴတဂိုဏ္းပဲရိွတယ္၊ အဲဒီဂိုဏ္းကိုလည္း လက္စတံုးဖို႔ အားလံုးစီစဥ္ထားၿပီးသား"
"သြားမယ္ေဟ့"
ေျပာေျပာဆိုဆိုျဖင့္ ထြက္သြားေသာ ေဟာင္ဂိုဏ္းသားမ်ား၏ ေနာက္ေက်ာကိုၾကည့္ကာ မ်က္ရည္ဝိုင္းလ်က္ က်န္ရစ္ခဲ့သူမွာကား သာမန္ဆင္းရဲသားျပည္သူတဦး။
ထိုအေျခအေနကို အစအဆံုးၾကည့္ေနသူတေယာက္ရိွသည္။ ထိုသူမွာ ခြပ္ေဒါင္းသခင္မ သစၥာေဒဝီပင္ျဖစ္သည္။
သူမအေနျဖင့္ အၾကမ္းမဖက္ခ်င္သျဖင့္ တရားေသာနည္းျဖင့္ေျဖ႐ွင္းဖို႔ႀကိဳးစားေနျခင္းကို အခြင့္ေကာင္းယူကာ ျပည္သူႏွင့္ သူမအဖြဲ႔ဝင္မ်ားကို အႏိုင္က်င့္ေနၾကေသာ အယုတ္တမာမ်ားအဖြဲ႔ကို ပညာေပးရန္စိတ္ကူးတခုရ၍ ရပ္ၾကည့္ေနရာမွ လွစ္ခနဲေျပးထြက္သြားေလသည္။
အခန္း(၇)
"ဝွစ္"
"ဝီွး... "
"ဟ.. ဘာလဲဟ"
ဝါးရင္းဒုတ္ငေသာင္း ေခါင္းေဆာင္ေသာ ေဟာင္ဂိုဏ္းအဖြဲ႔မ်ား တ႐ုတ္ႀကီး၏ လုပ္ငန္းခြင္မွ ဆတ္ေၾကးေကာက္အျပန္၊ ေတာလမ္းတေနရာအေရာက္တြင္ လူရိပ္တခုျဖတ္ေျပးသြားသျဖင့္ အလန္႔တၾကားေအာ္ေနၾကျခင္းျဖစ္သည္။
"ရန္သူျဖစ္မယ္၊ မေပါ့ၾကနဲ႔ေဟ့၊ ဂ႐ုစိုက္"
ေဟာင္ဂိုဏ္း၏ ဘ႑ာေရးအတြက္အထူးအားထားရေသာ ဝါးရင္းဒုတ္ငေသာင္းအတြက္ ဒီလိုအခ်ိန္သည္ အေရးႀကီးေသာအခ်ိန္ျဖစ္ေပသည္။
သူရလာခဲ့ေသာ ဆတ္ေၾကးမွာ မ်ားျပားသည့္အတြက္ အထူးသတိထားေနသည့္ၾကားမွ အေနာက္အယွက္ေပၚလာျခင္းျဖစ္သည္။
"ဝီွး... ေဒါက္"
"အား"
"ဝွစ္... ဝွစ္"
"အင့္... အု"
မည္သည့္အရပ္မွလာမွန္မသိေသာ ဓားပ်ံမ်ားသည္ ေဟာင္ဂိုဏ္းဝင္မ်ားကို တေယာက္ၿပီးတေယာက္ ဇီဝိန္ေႁခြေနေပသည္။
"သတၱိရိွရင္ ထြက္ခဲ့ကြ"
"ဆႏၵေတြမေစာပါနဲ႔ေလ၊ လာပါၿပီဗ်"
"ဝွစ္"
"ဖတ္"
အျဖဴေရာင္ဝတ္စံုကို သပ္ရပ္စြာဝတ္ဆင္ထားေသာ လူလတ္ပိုင္းေယာက်္ားတေယာက္၊ လ်င္ျမတ္ဖ်တ္လတ္စြာ ေရာက္ရိွလာပံုက အဆင့္ျမင့္သိုင္းသမားတဦးမွန္း သိသာလွသည္။
"မင္းဘယ္သူလဲ"
"‪#‎အမွန္တရားဓားသမား‬ ေနမ်ိဳးဇင္"
"ဟား... ဟား... မင္းအဆင့္ေလာက္နဲ႔တက္မလာနဲ႔ေလ၊ ငါ့နာမည္ေရာ ၾကားဖူးရဲ႕လား"
"သိပ္ၾကားဖူးတာေပါ့ေလ၊ ခ်ီးသုတ္ဒုတ္ငေသာင္းဆိုတာမို႔လား"
"မင္း... မင္း.. ေစာ္ကားလွခ်ည္လား"
"ကဲကြာ" "ဝွစ္" "ေဖ်ာက္"
ေျပာေျပာဆိုဆိုျဖင့္ တိုက္ခိုက္လာေသာ ငေသာင္း၏ မိုးပ်ံ႐ိုက္ခ်က္မ်ားကို အသာအယာေ႐ွာင္ထြက္ရင္း အဆင့္ျမင့္ေျခကန္ခ်က္တခ်က္ျဖင့္ လစ္ဟာေနေသာ နံၾကားသို႔ ကန္ထည့္လိုက္ရာ ေဒါသမြန္ထူေနေသာ ငေသာင္းမွာ ကားခနဲလြင့္က်သြားေလသည္။
"ဘုန္း"
"အင့္"
"ဝွစ္"
ထိုစဥ္ တ႐ုတ္ႀကီးေရာက္လာၿပီး ေငြထုပ္ကိုယူေဆာင္ကာ အံ့မခန္းကိုယ္ေဖာ့ပညာျဖင့္ ျပန္လည္ေျပးထြက္သြားေလသည္။
အမွန္တရားဓားသမားလည္း တစံုတခုျဖင့္ တ႐ုတ္ႀကီးထံသို႔ပစ္လႊင့္လိုက္ရာ အားခနဲ ေအာ္၍ တ႐ုတ္ႀကီးျပဳတ္ၾကသြားေလသည္။
ထိုအခ်ိန္တြင္ပင္ ေျပာင္ဘုရင့္တပ္မ်ားေရာက္ရိွလာၿပီး အမွန္တရားဓားသမားကို တ႐ုတ္ႀကီးအားလုပ္ၾကံမႈျဖင့္ ဖမ္းဆီး ေခၚေဆာင္သြားေလေတာ့သည္။
ဝါးရင္းဒုတ္ငေသာင္းလည္း တ႐ုတ္ႀကီးက်ခဲ့ေသာ ဆတ္ေၾကးေငြထုပ္ကို ျပန္ေကာက္မည္အျပဳ.....
"ေဝါ"
"ဝွစ္"
အျဖဴေရာင္အရိပ္တခု ႐ုတ္တရက္ ေကာင္းကင္ထက္မွ ထိုးဆင္းလာကာ ယင္းေငြထုပ္အနီးတြင္ရပ္၍
"ဒါ ျပည္သူေငြေတြ မင္းကိုယူသြားခြင့္မေပးႏိုင္ဘူး"
"အဲဒါဆိုရင္ေတာ့ ငါ့ကုိသတ္ႏိုင္ရင္ယူသြားေလ"
စကားဆံုးသည္ႏွင့္ ငေသာင္းသည္ သူ၏လက္စြဲေတာ္ ဝါးရင္းဒုတ္ကိုဆြဲ၍ ဝ္ိဉာဥ္ေခ်ြသိုင္းကြက္ကို ခင္းလိုက္သည္။
ယင္းသိုင္းကြက္မွာ ဒီပဲယင္းညလုပ္ၾကံမႈတြင္ အသံုးျပဳခဲ့သျဖင့္ မွတ္မိေနေသာ အျဖဴေရာင္ပုဂၢိဳလ္မွာ မ်က္ေမွာင္တခ်က္က်ဳံ့လိုက္ကာ ေလေပၚသို႔ ခုန္တက္လိုက္သည္။
"ဟိတ္"
မာန္သြင္းသံႏွင့္အတူ ေျမႇာက္တက္သြားေသာ အျဖဴေရာင္အရိပ္႐ွင္မွာ ခြပ္ေဒါင္းသခင္မ သစၥာေဒဝီပင္ျဖစ္သည္။
သူမအေနျဖင့္ လက္စားေခ်လိုျခင္းမရိွေသာ္လည္း ျပည္သူ႔အက်ိဳးအတြက္ တ႐ုတ္လက္မွ ေငြထုပ္ကို ပိုင္႐ွင္အမွန္ျဖစ္ေသာ ျပည္သူ႔ထံသို႔ ျပန္လည္အပ္ႏွံလို၍ ဝင္ပါေနျခင္းျဖစ္ေပသည္။
ယခုလည္း သူမ၏ ေမတၱာလ်ပ္စီးသိုင္းကိုသံုး၍ တိုက္ကြက္ေဖာ္လိုက္သည္။
လ်ပ္စီးလက္သလို အလင္းတန္းႀကီးတခု ပတ္ဝန္းက်င္တခုလံုး ဖံုးလြမ္းသြားသည္။
ဝါးရင္းဒုတ္ငေသာင္း အံ့ျသမွင္သက္မိေနရာမွ သတိဝင္လာၿပီး တိုးဝင္လာေသာ ေလဖိအားတခုဆီသို႔ အတြင္းအားအကုန္သံုးကာ ခုခံထားလိုက္သည္။
ထိုစဥ္
႐ုတ္တရက္
သစၥာေဒဝီ သိုင္းကြက္ေျပာင္းလိုက္ရာ ငေသာင္းမွာ မိမိအတြင္းအားကို အရိွန္မထိန္းႏိုင္ျဖစ္ကာ ဖ႐ိုဖရဲျဖစ္သြားေလသည္။
"က်ား"
"ဝွစ္"
ေဒါသထြက္ေနၿပီျဖစ္ေသာ ငေသာင္းသည္ ေဟာင္ဂိုဏ္းခ်ဳပ္ႀကီးထံမွ လက္ေဆာင္ရရိွထာေသာ သက္ေစာင့္လက္နက္ကို ထုတ္သံုးဖို႔ဆံုးျဖတ္၍ သစၥာေဒဝီထံသို႔ တရိွန္ထိုးေျပးဝင္သြားေလေတာ့သည္။
...
..
ခြပ္ေဒါင္းသခင္မႏွင့္ ေဟာင္ဂိုဏ္း၏ မုသားဝကၤပါ (‪#‎တတိယပိုင္း‬)
=====================================
(ယခင္ပိုစ့္မွအဆက္)
ဝါးရင္းဒုတ္ငေသာင္း ခြပ္ေဒါင္းသခင္မဆီသို႔ တရိွန္ထိုးေျပးဝင္သြားေလသည္။ ထိုသိုင္းကြက္မွာ ေဟာင္ဂိုဏ္းခ်ဳပ္ ေခြးဘီလူးငေရႊတီထြင္ထားေသာ ‪#‎ငေတမာသိုင္းကြက္ပင္ျဖစ္ေတာ့သည္‬။
ခြပ္ေဒါင္းသခင္မသည္ ထိုသိုင္းကြက္ကို ဒီပဲယင္းေတာင္ၾကား၌ ‪#‎တေဇာက္ကန္း‬ စိုးဝင္း အသံုးျပဳသည္ကို ေတြ႔ဖူးသျဖင့္ ယင္းသိုင္းကြက္၏ အားနည္းခ်က္ကိုသိၿပီးျဖစ္ရာ ‪#‎ထီမထင္သိုင္းကြက္ျဖင့္‬ အသာအယာပင္ တံု႔ျပန္ေပးလိုက္သည္ႏွင့္ ဝါးရင္းဒုတ္ငေသာင္း ေနာက္သို႔လြင့္စင္ထြက္သြားေလသည္။
"ဟိတ္"
"ဝွစ္"
"ဝုန္း"
"အင့္"
ဝါးရင္းဒုတ္ငေသာင္း အေျခအေနမေကာင္းမွန္းသိလိုက္သည္။ သူ၏ေနာက္ဆံုးသက္ေစာင့္သိုင္းျဖင့္ပင္ အႏိုင္မယူႏိုင္လ်င္ ခြပ္ေဒါင္းသခင္မသည္ သူ၏ၿပိဳင္ဘက္မဟုတ္မွန္းသိလိုက္သည္။
ထိုစဥ္ ..
"ဝုန္း"
"ဝွီး"
"ဖတ္"
ေစာေစာက တကိုယ္ေတာ္ အမွန္တရားဓားသမားေနမ်ိဳးဇင္၏ ဓားပ်ံျဖင့္လဲက်ေနေသာ တ႐ုတ္ႀကီးသည္ မီးခိုးဗံုးလက္နက္ပံုးျဖင့္ ပတ္ဝန္းက်င္တခုလံုးမီးခိုးဖံုးလႊမ္းေစကာ ဝါးရင္းဒုတ္ငေသာင္း၏ ေငြထုပ္ကို ယူ၍ ထြက္ေျပးသြားေလသည္။
ဝါးရင္းဒုတ္ငေသာင္းမွာ ခြပ္ေဒါင္းသခင္မကို ဂ႐ုမစိုက္ႏိုင္ေတာ့ပဲ တ႐ုတ္ႀကီးေျပးထြက္ရာေနာက္သို႔ ‪#‎ေလာဘေဇာကိုယ္ေဖာ့ပညာသံုးလ်က္‬ အေျပးလိုက္သြားေလေတာ့သည္။
ခြပ္ေဒါင္းသခင္မမွာ တ႐ုတ္ႀကီး၏ မီးခိုးလံုးမ်ားေၾကာင့္ အဆိပ္ေငြ႔မ်ားဟုထင္ကာ ေလေပၚသို႔ခုန္တက္ကာ သစ္ပင္ထိပ္ဖ်ားမွ ေစာင့္ၾကည့္ေနလိုက္သည္။
ဝါးရင္းဒုတ္ငေသာင္းမွာ ခြပ္ေဒါင္းသခင္မႏွင့့္တိုက္ခိုက္ခဲ့စဥ္က အတြင္းဒဏ္ရာရထားသည္ျဖစ္ရာ ‪#‎မစၦရိယအတြင္းအားထည့္သံုးရေသာ‬ ေလာဘေဇာကိုယ္ေဖာ့ပညာကိုထုတ္သံုးလိုက္ရေသာေၾကာင့္ ဦးေႏွာက္ေသြးေၾကာျပတ္ကာ ထိုေနရာတြင္ပင္ ေသဆံုးသြားေလေတာ့သည္။
ထိုမစၦရိယအတြင္းအားေၾကာင့္ပင္ တေဇာက္ကန္းစိုးဝင္းလည္း ေသြးေၾကာေဖာက္ျပန္ကာ ေသြးအန္၍ ေသဆံုးခဲ့ရဖူးေလသည္။
သူ႔အကုသိုလ္ႏွင့္သူ အမိုက္ဇာတ္သိမ္းသြားေသာ ဝါးရင္ဒုတ္ငေသာင္းအားၾကည့္လ်က္
ခြပ္ေဒါင္းသခင္မလည္း ေမတၱာ႐ွင္ပီပီ နီးစပ္ရာပန္းမ်ားခူးကာ ပန္းျခင္းတခုျပဳလုပ္ကာထားရစ္ခဲ့ေလသည္။
အခန္း (၈)
ေနရာကား
ေျပာင္ဘုရင့္ လႊတ္ေတာ္အတြင္း..
‪#‎သံုးမ်က္ႏွာမိညိဳ‬
‪#‎တပြဲတိုးေမာင္ေကာင္း‬
‪#‎ပီအာဝိုင္း‬
‪#‎အသူရာေလမ်ိဳးေဝ‬
‪#‎သာေပါင္းငၫြန္႔‬ တို႔ ငါးေယာက္ႏွင့္ ေျပာင္ဘုရင္အစည္းအေဝးလုပ္ေနေလသည္။
ပထမဦးစြာ သံုးမ်က္ႏွာမိညိဳမွ လတ္တေလာအေျခအေနသည္ သိုင္းေလာက၌ သိုင္းဧကရာဇ္ဘြဲ႔ကိုထိုက္တန္သူမွာ ခြပ္ေဒါင္းသခင္မဟု နာမည္ႀကီးေနေၾကာင္းကို အခ်က္အလက္အစံုအလင္ျဖင့္ခ်ျပသည္။
ပီအာဝိုင္းမွာလည္း ထိုသတင္းမွာျဖစ္ႏိုင္ေခ်မရိွေၾကာင္း၊ အမွန္တကယ္ျဖစ္သင့္သူမွာ လက္ရိွေဟာင္ဂိုဏ္း၏ ပူးတြဲတာဝန္ခံ ‪#‎လူထူးဆန္းေရႊမန္းသာလ်င္‬ ျဖစ္ႏိုင္ေၾကာင္းေထာက္ျပကာ သူမအေနျဖင့္ လူထူးဆန္းေရႊမန္း၏သိုင္းပညာကိုျမင္ဖူးသျဖင့္ သူသာလ်င္ျဖစ္ႏိုင္ေၾကာင္းေထာက္ျပသည္။
သူရာေလမ်ိဳးေဝမွာႏွင့္ တပြဲထိုးေမာင္ေကာင္းမွာ သိုင္းပညာအဆင့္နိမ့္ၾကသူမ်ားပီပီ မည္သည့္မွတ္ခ်က္မွ်မေပးပဲ ေျပာင္ဘုရင္ႏွင့္စစ္သူႀကီး ‪#‎ဂဏန္းေအာင္လႈိင္‬ ကိုသာ တိုင္းျပည္သိမ္းရန္တိုက္တြန္းေနေလသည္။
သာေပါင္းငၫႊန္႔သည္ အတြင္းႀကိတ္ၾကံေနသူပီပီ ဘယ္သူဧကရာဇ္ျဖစ္ျဖစ္ သူ႔အတြက္တေနရာရေရးသာ ေတြးရင္းၿငိမ္သက္ေနေလသည္။
ထိုစဥ္ ေျပာင္ဘုရင္မွ မိမိတို႔အေနျဖင့္ လက္ရိွေနရာမေပ်ာက္ရန္ အသီးသီးတာဝန္ရိွၾကသည္ႏွင့္အညီ မိမိတို႔တတ္ႏိုင္သည့္ဘက္က ဝိုင္းဝန္းႀကိဳးပမ္းၾကတဲ့အခါ ခြပ္ေဒါင္းၾကယ္ျဖဴဂိုဏ္းသားမ်ားႏွင့္ ခြပ္ေဒါင္းသခင္မကို အလ်င္းသင့္သလိုလုပျ္ကံၾကရန္ အမိန္႔ခ်ရာ ေလမ်ိဳးေဝမွာ ခြပ္ေဒါင္းသခင္မ၏ အရိပ္မဲ့ဥေပကၡာသိုင္းကြက္ျဖင့္ ရင္ဆိုင္ခဲ့ဖူးသည္ကို သတိရလ်က္ အတန္ငယ္တြန္႔ဆုတ္သြားေလသည္။
သို႔ေသာ္ မိမိတို႔မွာ အင္အားေတာင့္တင္းသည္မို႔ သိပ္အျဖစ္မဆိုးႏိုင္ဟာေတြးကာ အသာအယာၿငိမ္ေနလိုက္သည္။
ထို႔ေနာက္ အသီးသီးလမ္းခြဲကာ ခြပ္ေဒါင္းၾကယ္ျဖဴဂိုဏ္းသား႐ွာပံုေတာ္ဖြင့္ၾကေလေတာ့သည္။
တေနရာတြင္ အသူရာေလမ်ိဳးေဝႏွင့္ ဝတ္ရံုနီဝီတလာတို႔၏ တပည္မ်ားျဖစ္ေသာ မ်ိဳးခ်စ္ဓားသမားမ်ားက ခြပ္ေဒါင္းဂိုဏ္းသားျဖစ္ေသာ ႏိုင္ငံလင္းကို လုပ္ၾကံရာမေအာင္ျမင္ခဲ့ေပ။
ထိုလတြင္ပင္ ဒီဗီြဘီသိုင္းၿပိဳင္ကြင္း၌ သံုးမ်က္ႏွာမိညိဳႏွင့္ ခြပ္ေဒါင္းျကယ္ျဖဴဂိုဏ္းမွ လူငယ္သိုင္းသမားလြင္ကိုလတ္တို႔ သိုင္းၿပိဳင္ရာ သံုးမ်က္ႏွာမိညိဳမွ ‪#‎ေတာင္ေရာက္ေျမာက္ေရာက္သိုင္းကြက္ျဖင့္‬ အပိုင္တိုက္ေသာ္လည္း လူငယ္သိုင္းသမားလြင္ကိုလတ္မွာ တန္ျပန္ေထာက္ကြက္မ်ားျဖင့္ ခုခံေခ်ပသြားရာ မ႐ႈမလွ႐ႈံးခဲ့ရျပန္သည္။
ပီအာဝိုင္းမွာျဖင့္ ေသြးေလေဖာက္ျပန္ေနသျဖင့္ သူ႔ဟာသူပင္အႏိုင္ႏိုင္ျဖစ္ေနေလရာ သူ႔တပည့္လူငယ္အတြဲျဖစ္ေသာ ‪#‎ျခံခုန္ထူးႏွင့္‬ ‪#‎စႏိုက္ေက်ာ္ဝင္းသန္းတို႔ကို‬ တာဝန္ေပးထားရသည္။
ျခံခုန္ထူးႏွင့္ စႏိႈက္ေက်ာ္ဝင္းသန္းတို႔သည္ ေတြ႔သမွ် ခြပ္ေဒါင္းၾကယ္ျဖဴဂိုဏ္းသားမ်ားကို သတ္ျဖတ္ႏိွမ္နင္းလာရာ ‪#‎လ်ိဳ႕ဝွက္သိုင္းသမား‬ ၾကက္ဖႀကီးႏွင့္ေတြ႔ကာ အလဲလဲအကြဲကြဲျဖင့္ ျပန္ဆုတ္ေျပးၾကရသည္။
မၾကာခင္က်င္းပေတာ့မည့္ သိုင္းဧကရာဇ္ေရြးၿပိဳင္ပြဲအတြက္ မတိုင္ခင္ကပင္ သိုင္းဂိုဏ္းအခ်င္းခ်င္းအေသးစားၿပိဳင္ပြဲမ်ားျဖင့္အားစမ္းလ်က္ရိွေလသည္။
ကိုးသိန္းကြင္း .....
ေဟာင္ဂိုဏ္းမွ လႊတ္ခနဲငဦးပါဝင္ေသာ ထိပ္တန္းေခါင္းေဆာင္မ်ားသည္ သိုင္းပညာအစြမ္းျပရန္ ေနရာယူထားၾကေလသည္။
ထို႔ေနာက္ ေဟာင္ဂိုဏ္းအတြင္းေရးမႉးလႊတ္ခနဲငဦးကိုယ္တိုင္ သိုင္းစြမ္းထြက္ျပေလသည္။
"ဟိုင္း"
"က်ား"
"ဝွစ္"
"ေျဖာင္း"
လႊတ္ခနဲငဦးသည္ ၄င္း၏ ေဟာင္ဂိုဏ္းသားမ်ားေ႐ွ႕တြင္ မိမိသည္ထိပ္တန္းသိုင္းသမားျဖစ္ေၾကာင္းႂကြားဝါလို၍ ရိွရိွသမွ်အစြမ္းကိုထုတ္လ်က္ ျပသေလေတာ့သည္။
‪#‎ေတာင္ၿဖိဳလက္ဝါးသိုင္း‬
‪#‎ရိွတာထုတ္ေရာင္းသိုင္း‬
‪#‎အငွါးခ်အစေပ်ာက္သိုင္း‬
‪#‎ေစတနာမဲ့သိုင္းကြက္မ်ားကို‬ အံ့မခန္းျပသပါေသာ္လည္း အထင္မႀကီးၾကသျဖင့္ ထျပန္ၾကေလရာ ကိုးသိန္းကြင္းကိုပါေသာ့ခတ္လိုက္ရေလေတာ့သည္။
သို႔ေသာ္ မိမိကိုယ္ကို အထင္ႀကီးလြန္းသူပီပီ သိုင္းေလာကသို႔ မိမိသာလ်င္ ဗိုလ္စြဲႏိုင္ေခ်မ်ားေၾကာင္း ႂကြားဝါလိုက္သည္။
အခန္း (၉)
"ေျဖာက္"
အသံတခု...
ခြပ္ေဒါင္းသခင္မ ဖ်တ္ခဲနဲအိပ္ယာေပၚမွ ဆင္းကာ ပတ္ဝန္းက်င္ကိုနားစြင့္လိုက္သည္။
႐ွပ္... ႐ွပ္.... ႐ွပ္
လူဆယ္ေယာက္ခန္႔၏ ေျခသံမ်ားသည္ ခြပ္ေဒါင္းသခင္မ၏အခန္းကို ဝန္းရံေနရာယူထားၾကျခင္းျဖစ္သည္။
ထို႔ေနာက္ အသင့္ပါလာေသာ မႈတ္ေျပာင္းမ်ားျဖင့္ အခန္းအတြင္းသို႔ တရပ္စပ္မႈတ္သြင္းလိုက္ၾကသည္။
ေဒါက္... ေဒါက္.... ေဒါက္
ေဒါက္... ေဒါက္.... ေဒါက္
အခန္းနံရံႏွင့္ ၾကမ္းျပင္အႏွံ႔ အဆိပ္လူးအပ္မ်ား စိုက္ဝင္ကုန္၏
ထို႔ေနာက္ ခဏတာၿငိမ္သက္သြားၾကေလသည္။
မုန္တိုင္းလာခါနီး ၿငိမ္သက္မႈမ်ိဳးပင္ျဖစ္သည္။
"က်ား"
"ေဟး"
"ဝုန္း"
အခန္းနံရံမ်ားကို ဖ်က္စီးကာ အခန္းအတြင္းသို႔ ဝင္ေရာက္လာၾကျခင္းျဖစ္သည္။ အိပ္ယာဆီသို႔တၿပိဳင္နက္ေျပးဝင္ကာ အပိုင္ဝိုင္း၍ ခုတ္ၾကေလသည္။
"ခနေနအံုး"
ေခါင္းေဆာင္ျဖစ္ဟန္တူသူတေယာက္မွ ဟန္႔တားလိုက္သျဖင့္ အားလံုးေနာက္ဆုတ္သြားၾကသည္။ ထိုသူသည္ ကုတင္ေပၚမွ မြစာက်ဲေနေသာ အိပ္ယာခင္းႏွင့္ေခါင္းအံုးကိုၾကည့္လ်က္ သက္ျပင္း႐ွည္တခ်က္ခ်လိုက္သည္။
"သူ ထြက္သြားၿပီ"
"ဟင္"
"အို"
"ဟာ"
အားလံုးအံ့အားသင့္သြားၾကသည္။ သတင္းအတိအက်ရထားသည္ျဖစ္၍ ပတ္ပတ္လည္ဝိုင္း၍ အပိုင္လုပ္ၾကံသည့္တိုင္ေအာင္ လြတ္သြားသည္ကို အံ့ၾသေနၾကျခင္းျဖစ္သည္။
"ဘယ္လိုလုပ္မလဲ အကိုႀကီးေလမိုး"
"မသိေသးဘူး ကိုေယာင္။ ေလာေလာဆယ္ သတိ ဝီရိယနဲ႔ေနၾက၊ လူမကြဲေစနဲ႔"
ခြပ္ေဒါင္းသခင္မကို လုပ္ၾကံၾကသူမ်ားမွာ ‪#‎အာဝါဒါးေလမိုးႏွင့္‬ ‪#‎ေဖာေ႐ွာငေယာင္တို႔‬ ဦးစီးေသာ ေလအိုးအဖြဲ႔သားမ်ားျဖစ္သည္။
၄င္းတို႔သည္ တခ်ိန္က ေဟာင္ဂိုဏ္းအဖြဲ႔ဝင္ေဟာင္းမ်ားျဖစ္ေသာ္လည္း ဘ႑ာအလြဲသံုးစားမႈႏွင့္ ဂိုဏ္းမွေမာင္းထုတ္ခံထားရေသာ သူမ်ားျဖစ္သည္။ ယခင္က ေဟာင္ဂိုဏ္းမွာတာဝန္ထမ္းစဥ္က အခ်ိဳအေခ်ာင္ေနရာမ်ား၌ တာဝန္ယူ၍ သက္သာသလိုေနခဲ့ေသာ လက္ေၾကာမတင္းသူမ်ားျဖစ္ရာ ဂိုဏ္းမွႏွင္ထုတ္လိုက္ေသာ္လည္း လုပ္မစားတတ္၍ ေပးတာယူေကြၽးတာစားဘဝျဖင့္ လမ္းေဘးလူမိုက္အဖြဲ႔ေခါင္းေဆာင္ လုပ္ေနျခင္းျဖစ္သည္။
ယခုလည္း ေဟာင္ဂိုဏ္းမွလက္ေထာက္ခ်လိုက္သျဖင့္ လာေရာက္လုပ္ၾကံရာ မေအာင္ျမင္သျဖင့္ ဘာဆက္လုပ္ရမွန္းမသိျဖစ္ေနစဥ္ အျပင္ဘက္မွ ရယ္သံသဲ့သဲ့ၾကားမိသျဖင့္ အျမန္ခုန္ထြက္လိုက္ၾကသည္။
"ဟင္"
"ခြပ္ေဒါင္းသခင္မ"
အျပင္ဘက္တြင္ကား...
ခြပ္ေဒါင္းသခင္မသည္ အျဖဴေရာင္ဝတ္စံုကိုသပ္ရပ္စြာဝတ္ဆင္လ်က္ ဝါးႏွစ္ျပန္ခန္႔ျမင့္ေသာ သစ္ပင္ထက္၌ ရပ္လ်က္ရိွေနေလသည္။
"မင္းတို႔ ဘယ္သူေတြလဲေတာ့ ငါစိတ္မဝင္စားဘူး၊ ငါဟာလည္း မင္းတို႔ၿပိဳင္ဘက္မဟုတ္ဘူး၊ အဲဒီေတာ့ မင္းတို႔ဖ်က္စီးလိုက္တဲ့အခန္းအတြက္ အဖိုးအခထားခဲ့ၿပီး ထြက္သြားလိုက္ပါ"
အာဝါဒါးေလမိုး ေဒါသထြက္သြားသည္။ မိမိ၏ ‪#‎အ႐ိုးကိုက္ဓားသိုင္းပညာႏွင့္‬ ေဖာေ႐ွာငေယာင္၏ ‪#‎ေဘာထမ္းလက္ဝါးသိုင္းပညာကို‬ ေတာ္ရံုသိုင္းသမားမ်ား မခုခံႏိုင္သည္က မ်ားသည္။
ခြပ္ေဒါင္းသခင္မ၏ အရိပ္မဲ့ဥေပကၡာသိုင္းပညာမွာ ၾကားရံုၾကားဖူး၍ မည္မွ်အစြမ္းထက္ေၾကာင္းမသိရေသးေပ။ ထို႔ေၾကာင့္ ေဖာေ႐ွာငေယာင္ကို မ်က္စပစ္လ်က္ တိုက္ကြက္ကိုစတင္လိုက္ေလသည္။
"ဟိုင္းယား"
"ရြမ္း.. ရြမ္း"
"ဝုန္း"
"ဝွစ္"
"ဝွီး"
ေလမိုးက သိုင္းကြက္ခင္းလိုက္သည္ႏွင့္ ငေယာင္လည္း လက္ဝါး႐ိုက္ခ်က္မ်ားကို တရစပ္႐ိုက္ထုတ္ကာ ခြပ္ေဒါင္းသခင္မဆီသို႔ တိုးဝင္သြားၾကသည္။
ထို႔အျပင္
ေလမိုးေနာက္လိုက္မ်ားျဖစ္ေသာ အ႐ိုးေမွ်ာ္ဓားသမားမ်ားမွလည္း အဆိပ္လူးအပ္မႈတ္ေျပာင္းမ်ားျဖင့္ ပစ္ခတ္တိုးဝင္လာၾကသည္။
ခြပ္ေဒါင္းသခင္မသည္ အပြဲပြဲႏြဲလာသူပီပီ မေၾကာက္မရြံပင္ သီလလက္ဝါးကြန္ခ်ာသိုင္းကြက္ကို သံုးလ်က္ ဦးတည္လာေသာအဆိပ္လူးအပ္မ်ားကို ႐ိုက္ထုတ္ဖယ္႐ွားကာ ငေယာင္၏ ေဘာမလက္ဝါး႐ိုက္ခ်က္ကို ထိပ္တိုက္႐ိုက္ခ်လိုက္ကာ ေလမိုး၏ အ႐ိုးကိုက္ဓားခ်က္မ်ားကိုပါ တဆက္တည္း ႐ိုက္ထုတ္လႊတ္လိုက္ရာ အာဝါဒါးေလမိုးႏွင့္ ေဖာေ႐ွာငေယာင္တို႔ႏွစ္ေယာက္စလံုး ေျခလွမ္းဆယ္လွမ္းစာမွွ် လြင့္စင္ကာေခြးက်ဝက္က် က်သြားေလေတာ့သည္။
"ေဝါ"
"ဝုန္း"
"ထန္း"
"ဝုန္း... အင့္"
"အား"
ငေယာင္မွာ မိမိလက္ဝါးကို ဆယ္ေပါင္တူႏွင့္အထုခံလိုက္ရသလိုျဖစ္ကာ လြင့္စင္သြားသကဲ့သို႔ ေလမိုး၏ဓားမွာလည္း ထက္ပိုင္းက်ိဳးကာ ျမင္းအကန္ခံလိုက္ရသလို လြင့္စင္လာျခင္းျဖစ္သည္။
ေလမိုးႏွင့္ငေယာင္ ေခါင္းေဆာင္ႏွစ္ေယာက္စလံုးမ႐ႈမလွ ခံလိုက္ရသည္ကိုေတြ႔ျမင္သြားေသာ အ႐ိုးေမွ်ာ္ဓားသမားမ်ားမွာ ထံုးစံအတိုင္း ဦးေႏွာက္မဲ့စြာေသြး႐ူးေသြးတမ္း ေျပးထြက္သြားၾကေလသည္။
ခြပ္ေဒါင္းသခင္မမွာ ေလမိုးႏွင့္ငေယာင္ကို ဂ႐ုဏာသက္ေသာ မ်က္လံုးမ်ားႏွင့္ၾကည့္ကာ အသက္ခ်မ္းသာေပးဖို႔ဆံုးျဖတ္၍ ေနရာမွ ရိပ္ခနဲေျပးထြက္သြားေလေတာ့သည္။
ေလမိုးမွာ ပါးစပ္မွတတြတ္တြတ္႐ြတ္ဆိုရင္း ကေယာင္ေခ်ာက္ခ်ားျဖစ္ေနေသာ ငေယာင္ကိုတြဲထူ၍ ေတာအုပ္ထဲသို႔ တိုးဝင္ေပ်ာက္ကြယ္သြားေလေတာ့သည္။
ေလမိုးႏႈတ္မွ ရြတ္ဆိုေသာ စကားလံုးမွာ...
"ျမႇားေတြ ပစ္ပါ"
"ျမႇားေတြ ပစ္ပါ" ဟူ၏။
အခန္း (၁၀)
ေဟာင္ဂိုဏ္းခ်ဳပ္ႀကီး ေခြးဘီလူးငေရႊ၏ စံအိမ္ေတာ္....
"ဝုန္း"
"မင္းတို႔ကို မေပါ့ဆၾကနဲ႔လို႔ အတန္တန္သတိေပးထားတဲ့ၾကားက အခုေတာ့ ငေသာင္းလည္းေသၿပီ၊ မင္းတို႔ဘာေဆာက္သံုးက်တံုးကြ.. ေဟ"
ေခြးဘီလူးငေရႊ ေဒါသထြက္ကာ စားပြဲခံုကို႐ိုက္ခ်ိဳးကာ ဆူပူႀကိမ္းေမာင္းေနျခင္းျဖစ္သည္။
"က်ေနာ္တို႔လည္း အတတ္ႏိုင္ဆံုးအဖြဲ႔ဝင္ေတြကို သတိေပးထားပါတယ္ ခ်ဳပ္ႀကီး၊ တတ္ႏိုင္သ၍ ခြပ္ေဒါင္းသခင္မကိုေ႐ွာင္ဖို႔ ေသခ်ာအေၾကာင္းၾကားထားပါတယ္"
သပြတ္အူငထြဋ္မွ ထေျပာျခင္းျဖစ္သည္။
"ဟိုေကာင္ ‪#‎႐ုပ္ေသးငေျပာင္‬ ၊ မင္းရဲ႕ေၾကးစားေတြေရာ ဘာထူးေသးလဲ"
ေလမိုးႏွင့္ငေယာင္တို႔အဖြဲ႔ကို ဆိုလိုျခင္းျဖစ္သည္။
"သူတို႔လည္း ခံလာရတယ္ ခ်ဳပ္ႀကီး"
"ေတာက္... ကြာ၊ အေရးထဲ တ႐ုတ္ႀကီးက ငါတို႔ဆတ္ေၾကးရထားတဲ့ေငြေတြကို ယူသြားေသးတယ္ကြာ၊ ငေျပာင္... ဟိုေကာင္ အမွန္တရားဓားသမားေနမ်ိဳးဇင္ကို ဘာလုပ္ထားလည္း"
"သူ႔ကို အက်ဥ္းခ်ထားပါတယ္၊ ခ်ဳပ္ႀကီး"
"ေအး.. ေကာင္းတယ္၊ တ႐ုတ္ေတြနဲ႔ကိစၥကို ဝင္ပါတဲ့ေကာင္မွန္သမွ် အဲဒီေကာင္ကိုၾကည့္ထားၾကလို႔ေျပာလိုက္၊ ဒီမွာ ဟိုခြပ္ေဒါင္းနဲ႔ ေခါင္နပန္းႀကီးေနရတဲ့အထဲ ဒီေကာင္ေတြက တေမွာက္"
"က်ေနာ္တို႔တတ္ႏိုင္သေလာက္ ႏိွမ္နင္းေပးပါ့မယ္ ခ်ဳပ္ႀကီး"
"ေအး.. ပီးေရာ၊ ဒီတခါက်ရင္ ‪#‎ပါး႐ိုက္လက္ဝါးငအုန္းနဲ႔‬ ‪#‎လမ္းတျခမ္းငလင္း‬ ေခါင္းေဆာင္ၿပီးသြားၾက၊ ‪#‎ေလအိုးလွေဆြပါ‬ ေခၚသြား၊ အဲဒီခြပ္ေဒါင္းသခင္မကို ရေအာင္ဖမ္းခဲ့ၾက"
"ဟုတ္ကဲ့.. ခ်ဳပ္ႀကီး"
ထို႔ေနာက္ ေဟာင္ဂိုဏ္းသားမ်ားသည္ ေခြးဘီလူးစံအိမ္ေတာ္မွ အသီးသီးထြက္ခြာသြားၾကေလသည္။
ေနျပည္ေတာ္မွ ခြပ္ေဒါင္းသခင္မရိွရာသို႔ ထြက္ခြာလာေသာ ငအုန္းတို႔သံုးေယာက္မွာ ေဟာင္ဂိုဏ္း၏ ထိပ္တန္းသိုင္းသမားမ်းာျဖစ္ရကား မည္သူမွ်ဂ႐ုမစိုက္ေသာ လူ႔ဂြစာမ်ားျဖစ္သည္။
မစၦရိယအတြင္းအားပညာကို အထြဋ္အထိပ္သို႔ ေရာက္ရိွေနေသာ ငအုန္းမွာအဖြဲ႔ေခါင္းေဆာင္ျဖစ္ၿပီး ေလအိုးလွေဆြမွာ သက္တမ္းအႏုဆံုး၊ သိုင္းပညာအနိမ့္ဆံုးျဖစ္သည္။ လမ္းတျခမ္းငလင္းမွာ ငအုန္းႏွင့္ ပညာသိပ္မကြာလွေသာ္လည္း ငအုန္းေလာက္ေမာက္မာျခင္းမရိွေပ။
ဤသို႔ျဖင့္ စကားတေျပာေျပာျဖင့္ ျမင္းကိုအသားက်စီးလာရာ တေနရာအေရာက္တြင္ ငအုန္းမွအခ်က္ျပ၍ ရပ္တန္႔့လိုက္ျကသည္။
အေၾကာင္းမွာ ေ႐ွ႕ဝါးသံုးျပန္အကြာေလာက္တြင္ သူတို႔လိုက္႐ွာေနေသာ ခြပ္ေဒါင္းသခင္မသည္ လမ္းကိုပိတ္၍ ရပ္ေနေသာေၾကာင့္ျဖစ္သည္။
ငအုန္းမွာ ေဒါသႀကီးသူပီပီ ငလင္းႏွင့္လွေဆြတို႔ကို မတိုင္ပင္ပဲ ခြပ္ေဒါင္းသခင္မထံသို႔ ခုန္ဝင္သြားေလေတာ့သည္။
...
..
ဆက္ရန္...
YaeTayZa

.......................

အခန်း (၁)
အချိန်ကား
အာဏာရှင်ခေတ်
ဟောင် မင်းဆက်
ပြောင်မင်း နန်းတက်စဉ်အခါသမယ...
တိုင်းပြည်အနှံ့ ဆင်းရဲမွဲတေမှုပြဿနာများနှင့် ကြီးနိုင်ငယ်ညှင်းဟူသော ဥပဒေမဲ့ကိစ္စရပ်များ မြောက်များစွာ ရှိနေချိန်...
တိုင်းပြည်၏ အရှေ့တံခါးမှ တရုတ်ပြည်ဖွား မြန်မာပြည်သားများဝင်ရောက်ချယ်လှယ်လုပ်ကိုင်နေသည့် ကာလ....
အနောက်တံခါးမှ ဘင်္ဂလားနယ်သား လူမျိုးခြားတို့ ဒလဟောဝင်နေသည့် အခိုက်....
တိုင်းပြည်ပြဿနာများ ဖြေရှင်းရန်
လူစွမ်းကောင်း သိုင်းအကျော်အမော်များ အလျှိုအလျှိုထွက်ပေါ်လာကြသည်။
‪#‎ပီအာဝိုင်း‬
ခွပ်ဒေါင်းသခင်မ မေတ္တာဒေဝီ ငြိမ်းချမ်းရေးတောင်ကြား၌ ပိတ်မိနေစဉ်ကာလ၊ မေတ္တာဒေဝီ၏ အသုံးအဆောင် ခမောက်တချပ်သိုင်းကွက်ဖြင့် သိုင်းလောကာအတွင်းသို့ ဝင်ရောက်လာသော အမျိုးသမီးကြီးတယောက်....
လူအများမှ မေတ္တာဒေဝီမရှိတော့သည့်နောက် ကိုယ်စား ခမောက်တချပ်သိုင်းပညာ ကိုတွေ့လိုက်ရ၍ အားတက်သရော ဝန်းရံထောက်ခံလိုက်ကြရာ ပြောင်မင်း၏ လွှတ်တော်အတွင်းသို့ မပင်မပန်းဖြင့်ရောက်ရှိသွားလေတော့သည်။
လွှတ်တော်တွင်း၌ ကိုယ်ကျိုးမဖက်ကျင့်စဉ်ကို ကျင့်ရမည့်အစား ပီအာဟုခေါ်သော အောက်လမ်းကျင့်စဉ်တခုကို လေ့ကျင့်မိရာမှ သွေးလည်ပတ်မှုဖောက်ပြန်နေသော အမျိုးသမီးကြီးတယောက်...
‪#‎အသူရာလေမျိုးဝေ‬
ဖိနှိပ်ခံပြည်သူတချို့၏ ဘဝများစွာကိုမြှင့်တင်ပေးမည်ဟူသော ကြွေးကြော်သံဖြင့် သိုင်းလောကအတွင်းသို့ဝင်ရောက်လာသော အသူရာသိုင်းသမား တယောက်....
ဟောင်ဘုရင်အဆက်ဆက်အသုံးပြုခဲ့သော မုသားမာယာ ဝင်္ကပါသိုင်းကွက်နှင့် ထိပ်တိုက်ရင်ဆိုင်ရန် စီစဉ်နေစဉ်မှာ အရိုးမျှော်ဓားသမားများ၏ မြှောက်ပင့်ပေးမှုကြောင့် စိတ်ကြီးဝင်ကာ ခွပ်ဒေါင်းသခင်မကိုပါ ပခုံးချင်းတိုင်းလာသည်အထိ ပြောင်းလဲဖောက်ပြန်သွားသော သိုင်းသမားတယောက်....
‪#‎ဝတ်ရုံနီသိုင်းသမား‬ ဝီတလာ
ဟောင်ဘုရင်မင်းဆက်မှ ခွေးဘီလူးမင်း၏ ဇာတိမှ ထွက်ပေါ်လာသော ဝတ်ရုံနီသိုင်းသမားတယောက်....
အမျိုးသားရေးကျင့်စဉ်ကို လေ့ကျင့်ရင်း ကိုယ်တိုင်တီထွင်ထားသော မျိုးစောင့်သိုင်းဖြင့်နာမည်ကြီးလာခြင်းဖြစ်သည်။
၄င်းမျိုးစောင့်သိုင်းကွက်သည် လေးကွက်မျှသာရှိသော်လည်း တဖက်သားကို ဒုက္ခပေးနိုင်လောက်အောင် အစွမ်းထက်ပေသည်။ သူသည် ထိုသိုင်းလေးကွက်ဖြင့် ကျင်လည်ရင်း တဖက်လပ်မျိုးချစ်ဓားသမားများကခေါ်သော အမျိုးသားရေးသိုင်းသမားဟူသော နာမည်ကို ဂုဏ်ယူနေဟန်ရှိသည်။
မည်သို့ပင်ဖြစ်စေ သူသည်လည်း နာမည်တလုံးနှင့် မဟုတ်ပါလော...
‪#‎ဟောင်ဘုရင့်ဂိုဏ်း‬
တိုင်းပြည်ကို ရာစုနှစ်ထက်ဝက်ကျော်ကြာအုပ်ချုပ်ခဲ့ကြသော ဂိုဏ်းကြီးတခုဖြစ်သည်။
ပထမဆုံး ဂိုဏ်းချုပ်ကြီးမှာ တိုင်းပြည်၏ကျေးဇူးရှင်များဖြစ်သော သူရဲကောင်း သုံးကျိပ်အဖွဲ့ဝင်တယောက်ဖြစ်သည်။
အမည်မှာ တဘို့ရှင်ငဝင်းဖြစ်လေသည်။
မိစ္ဆာကျင့်စဉ်များကျင့်သည့် ဂိုဏ်းဖြစ်သည်နှင့်အညီ ဂိုဏ်းချုပ်၏နောက်ဆုံးအခြေအနေမှာ ဇာတ်သိမ်းမလှခဲ့ပေ။
ဟောင်ဂိုဏ်း၏ နာမည်အကြီးဆုံးစရင်းတွင် တဘို့ရှင်ငဝင်းပြီးလျင် ဘုရင်ရူးငရွှေပင်ဖြစ်သည်။
ပြောင်ဘုရင်သည် ဘုရင်းရူးငရွှေမှ နန်းတင်ထားခြင်းဖြစ်သည်။
‪#‎မဘသဂိုဏ်း‬
ဟောင်ဘုရင်ဂိုဏ်းပြီးလျင် နာမည်ဆိုးနဲ့ကျော်ကြားသောဂိုဏ်းအမည်မှာ မဘသဂိုဏ်းဖြစ်သည်။
မဘသဂိုဏ်းသည် မူလက အမျိုးဘာသာသာသနာကျင့်စဉ်ဟူသော အထက်လမ်းကျင့်စဉ်ကိုကျင့်သုံးရန်ဟု ကြွေးကြော်ထားသော်လည်း ဝတ်ရုံနီသိုင်းသမား၏ တီထွင်ထားသော ဖရုဿဝါစာကျင့်စဉ်တခုကိုမှားယွင်း ကျင့်သုံးမိရာမှ တဖြည်းဖြည်း လူထု၏ အထင်သေးခြင်းကို ခံလာကြရသည်။
သို့သော် ဝတ်ရုံနီသိုင်းသမားကို တပည့်ခံနေကြသော တဖက်ပိတ်ဓားသမားအင်အားမှာ များပြားလွန်းရကား ဆက်လက်ရပ်တည်နိုင်ကြလေသည်။
ယင်းတဖက်ပိတ်ဓားသမားများ၏ အားထားရသော ခေါင်းဆောင်ဖင်ပြောင်ခက်ထန်မှာ မျိုးစောင့်သိုင်းကွက်လေးဆင့်ကျင့်နေစဉ်မှာ ဗီဇဟောင်းဖြစ်သော လိင်တူချင်းတက်မက်ခြင်းဝေဒနာပေါ်လာ၍ အရှက်တကွဲအကျိုးနည်းဖြစ်ကာ သိုင်းလောက၏ ဝေဖန်ခြင်းကို ခံခဲ့ရလေသည်။
‪#‎ခွပ်ဒေါင်းကြယ်ဖြူဂိုဏ်းနှင့်‬ သစ္စာဒေဝီ
ငြိမ်းချမ်းရေးတောင်ကြားတွင် နှစ်ကာလကြာရှည်စွာ ပိတ်ဆို့ခံထားရသော သိုင်းလောကနှင့် တိုင်းပြည်၏ တော်ဝင်နန်းတော်မှ ခွပ်ဒေါင်းသခင်ကြီး၏ အထွေးဆုံးသမီးတော် သစ္စာဒေဝီ (မေတ္တာဒေဝီ ဟုလည်းခေါ်သည်)...
ခွပ်ဒေါင်းသခင်ကြီးမှာ တိုင်းပြည်ရေးရာများဆောင်ရွက်နေစဉ် မစ္ဆရိယငစောနှင့်အပေါင်းပါ တဖက်ပိတ်ဓားသမားများ၏ လုပ်ကြံခြင်းခံလိုက်ရသည်။
သစ္စာဒေဝီမှာ ဖခင်၏အမွေဖြစ်သော ကိုယ်ကျိုးစွန့်ကျင့်စဉ်ကို ဆက်လက်လေ့ကျင့်ရင်း ယင်းကျင့်စဉ်များ၏ အခြေခံဖြစ်သော မေတ္တာနှင့်သစ္စာဟူသော ကျင့်နိုင်ခဲလှသော အတွင်းအားကျင့်စဉ်ကိုအောင်မြင်ပြီးဖြစ်ရာ ဖခင်၏ ရိုးသားခြင်းသိုင်းပညာနှင့်ပေါင်းလိုက်ခြင်းကြောင့် ပြိုင်ဘက်ကင်းနေခြင်းဖြစ်သည်။
သူမ၏ ‪#‎ခွပ်ဒေါင်းကြယ်ဖြူဂိုဏ်း‬ မှာလည်း အဖြူရောင်သိုင်းသမားများနှင့်သာ ဖွဲ့စည်းထားခြင်းဖြစ်ပြီး မည်သည့်အဆောင်အယောင်ခံစားခွင့်ကိုမျှ မပေးသည့်အပြင် ဟောင်ဂိုဏ်း၏ ဒုက္ခပေးခြင်းကြောင့် ဘဝပါပျက်နိုင်သောကြောင့် တော်ရုံစိတ်ဓာတ်မာကျောသူများအဖို့ ဂိုဏ်းဝင်ရန် စိတ်ကူးပင်မယဉ်ကြပေ။
ထို့ပြင် ဟောင်ဂိုဏ်းမှ ထိပ်သီိးသိုင်းသမားများဖြစ်သော
‪#‎လမ်းတခြမ်းငလင်း‬
‪#‎ပါးရိုက်လက်ဝါးငအုန်း‬
‪#‎အနှေးယဉ်သိန်းအောင်‬
‪#‎လွှတ်ခနဲငဦး‬
‪#‎လေအိုးလှဆွေ‬
‪#‎ဝါးရင်းဒုတ်ငသောင်း‬ စသည့် အကျော်အမော်များလည်း အသီိးသီးထွက်ပေါ်လာကြသည်။
....................................................................
အခန်း (၂)
တနေ့
လူသူပြတ်လပ်သော တောလမ်းတနေရာ
မိန်းမငယ်လေးတယောက် လေးကန်သောခြေလှမ်းများနှင့် လမ်းလျှောက်နေစဉ် အရှေ့မှ လူရိပ်သုံးခု ဖျတ်ခနဲပေါ်လာသည်။
မိန်းကလေး သဘောပေါက်လိုက်သည်။
မုဒိမ်းဂိုဏ်းမှ အဖွဲ့ဝင်များဖြစ်သည်ကို သူတို့၏အဆီပြန်နေသောမျက်နှာနှင့် ရမ္မက်မီးတောက်နေသော မျက်လုံးတစုံကဖော်ပြနေသည်။
မိန်းကလေး အသက်ကိုဝအောင်ရှူသွင်း၍ တတောလုံးကြားအောင် အော်ဟစ်အကူအညီတောင်းလိုက်သည်။
"ကယ်ကြပါအုံးရှင်"
မုဒိမ်းဂိုဏ်းဝင်များသည် လျင်မြန်စွာဖမ်းယူ၍ အတင်းအဓမ္မ သားမယားပြုကျင့်ရန် ကြိုးစားကြလေတော့သည်။
ထိုစဉ်...
"ဝှစ်"
"ဖြောင်း"
"ဒုတ်"
"အင့်"
"အား"
အနီရောင်ဝတ်ရုံဖြင့် လူတယောက် လေပွေတခုအလား လျင်မြန်စာရောက်ရှိလာပြီး မုဒိ်မ်းသမား သုံးယောက်ကို ၅ စက္ကန့်အတွင်းလှဲသိပ်လိုက်သည်။
မိန်းကးလေအရမ်း အံ့သြတုန်လှုပ်သွားသည်
သူမဘဝတွင် ဤမျှလောက်အစွမ်းထက်သောသိုင်းသမားကို မမြင်ဖူးချေ။
သူမသည် အားကိုးတကြီးဖြင့် ထိုဝတ်ရုံနီဝတ်ထားသူအနားကို ပြေးသွားလိုက်သည်။ ထီု့နောက် ကျေးဇူးတင်ကြောင်းပြောမည်အလုပ်မှာ..
"မလိုပါဘူး ကလေးမ၊ ဒါက ကျုပ်လုပ်နေကျအလုပ်တခုပါ၊ ကလေးမကို တခုမေတ္တာရပ်ခံချင်တာကတော့ ကုလားနဲ့ခွေးဆိုရင် ခွေးကိုပဲ လင်အဖြစ်ရွေးလိုက်ပါ"
"ရှင်"
မဆီမဆိုင် စကားများပြောဆိုကာ ၄င်းဝတ်ရုံနီကြီးကို မလျက် လေပွေတခုအလား ပြေးထွက်သွားလေတော့သည်။
ထိုအခါမှ မိန်းကလေးသည် တစုံတယောက်ကိုသတိရလျက် ရေရွတ်လိုက်သည်။
"ဝတ်ရုံနီသိုင်းသမား ဝီတလာ"
မှန်ပေသည်။
ထိုသူကား မျိုးစောင့်သိုင်းလေးကွက်ဖြင့့်နာမည်ကြီးနေသော ဝတ်ရုံနီသိုင်းသမား ဝီတလာပင်ဖြစ်လေသည်။
အခန်း (၃)
"မလုပ်ကြပါနဲ့ရှင်၊ ကျမတို့မှာ ဒီမြေကွက်နဲ့ ဒီအိမ်လေးပဲရှိလို့ပါ"
အမျိုးသမီးတဦး၏ ဝမ်းနည်းစွာငိုကြွေးသံနှင့်အတူ တောင်းပန်သံတွေကို နားအရသာခံနေကြသော ဟောင်ဂိုဏ်းဝင်များသည် အိမ်ကလေးကို အညိုးတကြီးဖြိုချလေတော့သည်။
"ရပ်လို်က်ကြစမ်း"
ခြံဝန်းအတွင်းသို့
ဝါးလုံးရှည်တချောင်းကို ကျောပိုး၍ သေရည်အိတ်ခါးမှာချိတ်ထားသော လူတယောက်သည် မကြောက်မရွံဝင်ရောက်လာလေသည်။
"မင်းက ဘယ်သူလဲ"ဟု ဟောင်ဂိုဏ်းသားတဦး၏ အမေးကို တခြားဂိုဏ်းသားတဦးက ဝင်ဖြေလိုက်သည်။
"အသူရာသို်င်းသမား လေမျိုးဝေ"
"ဟားဟား.. ဟားဟား "
လေမျိုးဝေကျယ်လောင်စွာ ရယ်မောလိုက်သည်။ ထို့နောက် လက်စွဲတော် ဝါးလုံးကိုဝှေ့ယမ်းကာ သိုင်းကွက်ခင်းလိုက်သည်။
ထိုစဉ်
"ဝှစ်... ဒေါက်"
လေးတိုးသံကြားလိုက်၍ လေမျိုးဝေအမိအရကာကွယ်လိုက်ရာ ရွှေဓားတချောင်း လေမျိုးဝေ၏ ဝါးလုံးတွင် စိုက်ဝင်လျက်ရှိသည်။
လေမျိုးဝေ အထိတ်တလန့်ဖြစ်သွားသည်။ ယင်းရွှေဓားမှာ ဟောင်ဂိုဏ်းမှ ညာလက်ရုံးကြီး ဝါးရင်းဒုတ်ငသောင်း၏ သတိပေးဓားချက်ပင်ဖြစ်သည်။
ယင်းသတိပေးချက်ကို လက်ခံလျင်ရွှေဓားကိုရ၍ လက်မခံလျင် လက်စဖျောက်ခခြင်းခံရလေသည်။ သိုင်းလောကတွင် ဝါးရင်းဒုတ်ငသောင်း၏ အစဖျောက်ခြင်းခံရသော သိုင်းသမားအရေအတွက်မနည်းတော့ပေ။
ထိုအကြောင်းသိထားသော လေမျိုးဝေမှာ ရွှေဓားကိုနှုတ်ယူ၍ တရှိန်ထိုးပြေးထွက်သွားလေတော့သည်။
အိမ်ရှင်အမျိုးသမီးမှာလည်း အားကိုးရမည့်အထင်နှင့် မျျှေ၊ာ်လင့်တကြီးကြည့်နေရာမှ ထွက်ပြေးသွားသော လေမျိုးဝေကိုကြည့်ကာ စိတ်ပျက်စွာဖြင့် ခေါင်းငိုက်စိုက်ကျသွားလေတော့သည်။
သို့နှင့် အိမ်ရှင်လည်း ရှိစုမဲ့စုပစ္စည်းလေးများထုပ်ကာ ခြံဝန်းကြီးနှင့်ဝေးရာသို့ တရွေ့ရွေ့ထွက်ခွာသွားလေတော့သည်။
အခန်း (၄)
တရုတ်ပြည်ဖွားသော်လည်း မြန်မာပြည်သားအဖြစ် အထူးအခွင့်ရေးရ တရုတ်လူမျိုးတို့၏ အပို်င်စားရသော လုပ်ငန်ခွင်းတနေရာ...
မေတ္တာသုတ်ရွတ်နေသော သံဃာအပါးကိုးဆယ်ကျော်မှာ ညတညတွင် ဟောင်ဂိုဏ်း၏ ရက်စက်စွာလုပ်ကြံမှုခံလိုက်ရသည်။
သို့သော် အမျိုးသားရေးအမည်ခံ ဝတ်ရုံနီသိုင်းသမား ဝီတလာမှာ ထိုညက အိပ်ပျော်သွားသဖြင့် လက်စွမ်းမပြလိုက်ရပေ။
ထို့နောက် အရပ်သားဒေါ်ခင်ဝင်းတယောက် ဟောင်ဂိုဏ်း၏အမိန့်ဖြင့် အသတ်ခံလိုက်ရသောနေ့ကလည်း ဝီတလာတယောက် ဂူအောင်း၍ နှာစေးသိုင်းလေ့ကျင့်နေ၍ ဝင်မပါလိုက်ရချေ။
ထိုအချိန် ဘင်္ဂလီနှစ်ယောက်မှ အသက်မပြည့်သေးသော မြန်မာအမျိုးသမီးတယောက်ကို အဓမ္မပြုကျင့်နေသည်ဟု သတင်းထွက်လာသောအခါ ဝီတလာတယောက် "ဝုန်းခနဲ"ထကာ နှားစေးသို်င်းကျင့်နေရာမှ "ဝှစ် "ခနဲ ပြေးထွက်သွားလေတော့သည်။
ဖြစ်စဉ်အမှန်မှာ မင်းမှုထမ်းရဲမက်တဦးမှ ကျူးလွန်ခြင်းဖြစ်နေ၍ ဝတ်ရုံနီသိုင်းသမား လက်ရှောင်ရပြန်သည်။ ကျင့်လက်စ နှာစေးသိုင်း ပြန်လေ့ကျင့်နေလေတော့သည်။
...........................................
နေရာကား
မင်းနေပြည်တော် အတွင်း
ဟောင်ဂိုဏ်းဝင်များသည် တစုံတခုသော ကိစ္စကြီးအတွက် ပြင်ဆင်နေကြသည်။
၅ နှစ်တကြိမ်ကျင်းပသော သိုင်းပြိုင်ပွဲကြီးဖြစ်သည်။ ထိုပြို်င်ပွဲတွင် သစ္စာဒေဝီသခင်မကိုယ်တိုင် ဝင်ပြိုင်မည်ဟု သိရှိထားသောကြောင့် ဟောင်ဂိုဏ်းချပ်ကြီးအပါအဝင် တတို်င်းပြည်လုံးရှိ အနက်ရောင် သို်င်းသမားများ ခြေချင်းလိမ်နေကြတော့သည်။
လမ်းကြားတနေရာ...
"ဝှစ်"
"ဖြောက်... ဖြောက်..ဖြောက်"
ခွပ်ဒေါင်းကြယ်ဖြူဂိုဏ်းသားများကို ဝတ်ရုံနီသိုင်းသမားနှင့် အသူရာသိုင်းသမားဦးဆောင်သော တဖက်ပိတ်ဓားသမားများက ဝိုင်းဝန်းလုပ်ကြံနေကြခြင်းဖြစ်သည်။
အခြေအနေမှာ ခွပ်ဒေါင်းကြယ်ဖြူဂိုဏ်းသားများအရေးနိမ့်စပြုလာသည်။
"ဝေါ"
"ဝုန်း... ဝုန်း..... ဝုန်း"
အဖြူရောင်အလင်းတန်းကြီးနှင့်အတူ အဖြူရောင်အရိပ်တခု ပေါ်လာရာ ခွပ်ဒေါင်းကြယ်ဖြူဂိုဏ်းသားများကို ဝိုင်းထားသော တဖက်ပိတ်ဓားသမားများ လွင့်စင်ထွက်သွားပြီး ဝတ်ရုံနီနှင့် အသူရာသိုင်းသမားနှစ်ဦးသာ ရပ်လျက်ကျန်ခဲ့သည်။
ထိုအဖြူရောင်အရိပ်ကို တုန်လှုပ်ချောက်ချားစွာ ကြည့်နေသော ဝီတလာနှင့် လေမျိုးဝေတို့ တိုးညှင်းစွာ ရေရွတ်လိုက်သည်။
"ခွပ်ဒေါင်းသခင်မ သစ္စာဒေဝီ"
ထို့နောက် သူတို့နှစ်ဦး အရူးသိုင်းကွက်ခင်းလိုက်ကြလေတော့သည်။

Yae Tay Za
....
ခွပ်ဒေါင်းသခင်မနှင့် ဟောင်ဂိုဏ်း၏ မုသားဝင်္ကပါ (ဒုတိယပိုင်း)
===============================
(ယခင်ပိုစ့်မှ့အဆက်)
သစ္စာဒေဝီသည် ဝီတလာတို့နှစ်ယောက်ကို တချက်မျှ ဝေ့ကြည့်လိုက်ကာ သူမ၏ လက်အောက်ငယ်သားများကို နေရာမှထွက်သွားရန် အချက်ပြလိုက်သည်။
လေမျိုးဝေနှင့် ဝီတလာမှာ ကျောချင်းကပ်လျက် အရူးသိုင်းကွက်ကို ဟန်ပါပါခင်းလိုက်ကာ သစ္စာဒေဝီထံသို့ တပြိုက်နက်တိုးဝင်သွားလေသည်။
"ယား"
"ဝှစ်"
လေမျိုးဝေ၏ အရူးကွက်များနှင့် ဝီတလာ၏ ဖရုဿဝါစာလက်ဝါးရိုက်ချက်များသည် သစ္စာဒေဝီတကိုယ်လုံးသို့ ဦးတည်လျက်ရှိရကား လွန်စွာကြောက်မက်ဖွယ်ကောင်းသော ထိုးနှက်ချက်များဖြစ်ပေသည်။
"ဝုန်း"
"ဝှစ်... ဝှစ်"
သစ္စာဒေဝီသည်လည်း အရိပ်မဲ့ဥပေက္ခာသိုင်းကွက်ဖြင့် အသာအယာရှောင်တိမ်းလျက်ရှိရာ ကနေသော ဒေါင်းမလေးသဖွယ် ဖြစ်နေချေတော့သည်။
သိုင်းကွက် နှစ်ဆယ်ကျော်လာသည်အထိ သူမ၏ အဝတ်အစားကိုပင် မထိသဖြင့် ပိုမိုဒေါသထွက်လာသော ဝီတလာသည် သူ၏လက်စွဲတော် မျိုးစောင့်သိုင်းလေးကွက်ကို ထုတ်သုံးလိုက်သည်နှင့် လေမျိုးဝေသည်လည်း သူအကျွမ်းကျင်ဆုံး သိုင်းကွက်ဖြစ်သော ဝါးလုံးချီးသုတ်သိုင်းဖြင့် ပတ်ရမ်းလေတော့သည်။
"ဟိုင်းယား... ဟိုင်းယား"
"ဝှစ်... ဝှစ်... ဝှစ်"
"ဖြောင်း"
"အား"
တကြိမ်တွင် လေမျိုးဝေ၏ ဝါးလုံးဖြင့် ဝီတလာ၏ ညာဖက်နားထင်ကို ဖြတ်ရိုက်မိသွားလေရာ ဝီတလာမှာ နာကျင်စွာအော်ဟစ်မိသွားခြင်းဖြစ်သည်။
သစ္စာဒေဝီမှာ တန်ပြန်သိုင်းကွက်များ ထုတ်မသုံးသေးပဲ အထိအခိုက်အနည်းဆုံးဖြစ်သော အရိပ်မဲ့ဥပေက္ခာသိုင်းကို အမြင့်ဆုံးမြှင့့်တင်လိုက်သောအခါ ဝီတလာနှင့် လေမျိုးဝေမှာ သစ္စာဒေဝီ၏ အရိပ်ကိုပင်မမြင်ရတော့ပဲ သူတို့နှစ်ယောက်သာ တိုက်ခိုက်နေသလိုကြီး ဖြစ်လာသဖြင့် အထိတ်တလန့် နောက်သို့ခုန်ဆုတ်လိုက်ကြသည်။
မိမိတို့၏ တိုက်ကွက်များကို ရေကုန်ရေခမ်းထုတ်သုံးနေသော်လည်း သစ္စာဒေဝီ၏ အရိပ်မဲ့ဥပေက္ခာသိုင်းကို ထိုးဖောက်နိုင်ခြင်းမရှိသည်ကို နဖူးတွေ့ဒူးတွေ့ တွေ့မြင်လိုက်ရသောအခါ ကြက်သီးမွှေးညှင်းများကိုယ်စီထလျက် ရှိချေ၏
ထို့နောက် နှစ်ယောက်သား တိုင်ပင်ထားသည့်အလား မိမိတို့ကိုယ်ပိုင် သက်စောင့်ပညာဖြစ်သော ‪#‎နောက်ကျတဲ့ချေထောက်သစ္စာဖောက်ကိ်ုယ်ဖော့ပညာ‬ ကိုသုံးလျက် ဒရောသောပါး ပြေးထွက်သွားလေတော့သည်။
သစ္စာဒေဝီလည်း ဒရောသောပါး ပြေးထွက်သွားသော လေမျိုးဝေထံမှ ကျကျန်ခဲ့သော ရွှေဓားလေးကို တွေ့လိုက်သောအခါ သိပ်မကြာသေးခင်ကာလမှ မိမိအား ရက်ရက်စက်စက်လုပ်ကြံခဲ့သော ဒီပဲယင်းတောင်ကြားမှ ညတညကို ပြန်၍သတိရသွားလေတော့သည်။
အခန်း (၅)
ဒီပဲယင်းတောင်ကြားမှ တောလမ်းတနေရာ...
ပတ်ဝန်းကျင် တခုလုံးပိန်းပိတ်အောင် အမှောင်ကျလျက်ရှိချေ၏
တခါတရံ ဆွဲဆွဲငင်ငင် အူလိုက်သောခွေးအူသံတချို့ကြောင့် ညသည်ပို၍ ကြောက်မက်ဖွယ်ကောင်းနေလေသည်။
ပုရစ်သံတချို့ကလွဲလျင် တိတ်ဆိတ်နေသောအခြေအနေသည် မုန်တိုင်းမလာခင် လေငြိမ်နေခြင်းသည့်ပုံစံဖြစ်နေပေသည်။
မှောင်ရိပ်ထဲတွင်ကား လူတချို့တိတ်တဆိတ်လှုပ်ရှားလျက်ရှိလေသည်။ သူတို့သည် တစုံတခုကို စောင့်မျှော်နေဟန်ရှိရာ အချင်းချင်းလက်တို့၍ မေးမြန်းနေကြလေသည်။
"ဟျောင့်... အခုလာတဲ့လူက ဘယ်သူတုန်း"
"မသိဘူးလေကွာ၊ မေးမနေပါနဲ့ကွာ၊ ငါတို့နေ့စားခ ရနေတာပဲဟာ"
"ဟ.. ရတာတော့ ရတာပေါ့၊ တော်ကြာ အဖမ်းခံနေရမှာစိုးလို့ပါ"
"ဘာမှမပူပါနဲ့ကွာ၊ ဟောင်ဂိုဏ်းက ဝါးရင်းဒုတ်ဌာနမှူး ငသောင်းကိုယ်တိုင် ပြောထားတာပဲ၊ သူခိုင်းတဲ့အတိုင်းသာလုပ် ဖြစ်တဲ့ပြဿနာသူတာဝန်ယူတယ်တဲ့ကွ"
"အေးပါကွာ၊ အာ့ဆိုလည်း ပီးရော၊ ရိုက်ဆိုရိုက်၊ သတ်ဆိုသတ်ကြရုံပေါ့"
"ဒါပဲလေကွာ၊ ဒီထဲမှာ မနေ့တနေ့ကမှ ထောင်ထဲကထုတ်လာတဲ့ မိစ္ဆာသိုင်းသမားတွေပါ ပါနေတယ်ကွ၊ ငါတို့က အေးဆေးပါကွာ"
မှောင်ရိပ်ထဲမှ စကားသံများ တိတ်ဆိတ်သွားသည်။ အကြောင်းမှာ တောလမ်းအဝမှစောင့်နေသော ကင်းအဖွဲ့မှ အချက်ပေးမီးရောင် ထွက်ပေါ်လာခြင်းကြောင့်ဖြစ်သည်။
"အမိန့်စောင့်"
အဖွဲ့ခေါင်းဆောင်ဖြစ်ဟန်တူသူတယောက်မှ တပ်လှန့်လိုက်ခြင်းပင်ဖြစ်သည်။ ပတ်ဝန်းကျင်တခုလုံး အေးစက်တိတ်ဆိတ်သွားကာ မုန်တိုင်းနှင့်နီးကပ်လာပြီဟု ခံစားနေကြရလေသည်။
မကြာမှီ
ယာဉ်တန်းတခု တောလမ်းအတိုင်း တဖြည်းဖြည်း မောင်းနှင်လာကြသည်။
ယာဉ်ရှေ့တွင် တပ်ဆင်ထားသော အလံလေးမှ လေတိုးသံကြောင့် တဖျတ်ဖျတ်လူးလွန့်လျက်ရှိလေသည်။
ထိုစဉ် ရုတ်တရက် ပတ်ဝန်းကျင်တခုလုံး လင်းထိန်သွားသည်။ အကြောင်းမှာ ကြိုတင်ပြင်ဆင်ထားသော အောက်လင်းဓာတ်မီးကြီးများဖြင့် ယာဉ်တန်းအားထိုးချိန်လိုက်သောကြောင့်ပင်ဖြစ်သည်။
"ရိုက်"
"အကုန်ရိုက်သတ်ကွာ"
"တယောက်မှ မလွတ်စေနဲ့ဟေ့"
"ဒုတ်"
"ခွပ်"
"အား"
တောလမ်းတခုလုံး ငရဲပွက်သလို ဆူညံသွားလေသည်။ စောစောက တိတ်ဆိတ်နေသော ပတ်ဝန်းကျင်သည် ရိုက်သံ၊ နှက်သံ၊ နာကျင်စွာအော်ဟစ်သံများဖြင့် ပဲ့တင်ထပ်လျက်ရှိချေတော့သည်။
"ဒါ ခွပ်ဒေါင်းသခင်ကြီးရဲ့ သမီးနော်၊ မင်းတို့ကောင်တွေ သမိုင်းဝင်သွားမယ်"
လုပ်ကြံခံရသော ယာဉ်တန်းထဲမှ ထွက်ပေါ်လာသော အသံဖြစ်သည်။ ထိုအသံကြားသည်နှင့် ရိုက်နှက်နေသူများ အနည်းငယ်အရှိန်သတ်လိုက်ကြသည်။
ဟုတ်ပါသည်။
လုပ်ကြံခံနေရသော ယာဉ်တန်းမှာ ခွပ်ဒေါင်းသခင်ကြီး၏ သမီးထွေး သစ္စာဒေဝီ၏ ယာဉ်တန်းပင်ဖြစ်လေသည်။
ထိုယာဉ်တန်းကို ခေါင်းဆောင်လာသူမှာလည်း တချိန်ကတိုင်းပြည်ကို ကျူးကျော်ခဲ့ကြဖူးသော အရှေ့တရုတ်ဖြူနှင့် အနောက်မူဂျာဟစ်များကို ရွပ်ရွပ်ချွံချွံတိုက်ထုတ်ခဲ့ဖူးသော အသက်အငယ်ဆုံး စစ်သူကြီး မဟာသူရတင်ဦးပင် ဖြစ်လေသည်။
သို့သော် ဟောင်ဂိုဏ်းချုပ်ကြီး၏ တချက်လွတ်အမိန့်ဖြင့် လာရောက်လုပ်ကြံကြခြင်းဖြစ်၍ ဘယ်လိုနည်းနှင့်မျှ ခရီးဆက်သွားခွင့်ကား မပြုနိုင်ကြချေ။
တဖန် ဝါးရင်းဒုတ်ဌာနမှူးငသောင်း၏ အနီးကပ်လိုက်ပါအမိန့်ပေးကွပ်ကဲမှုတို့ကြောင့် ဤမျှအင်အားများပြားစွာဖြင့် သမိုင်းဝင်မည့်လုပ်ကြံမှုကြီးကို လက်ရဲဇက်ရဲ ပြုလုပ်နေကြခြင်းဖြစ်လေသည်။
"ဘာဖြစ်ဖြစ် အကုန်ချကွာ"
လူအုပ်ကြီး၏ နောက်ဖက်မှ အမိန့်ပေးသံတခုအဆုံးမှာ မဲမဲမြင်ရာရိုက်နှက်ကြလေတော့သည်။ ဝိုင်း၍ရိုက်နှက်နေကြသူများသည် လက်ပတ်အနီများ ပတ်ထားသည်ကို သတိပြုမိပေသည်။
ဘုန်းကြီးတချို့လည်း တုတ်တချောင်းဖြင့် သင်္ဃန်းစွန်တောင်စွဲကာ ဝင်ရောက်ရိုက်နှက်လျက်ရှိသည်ကို အံ့သြဖွယ်ရာတွေ့မြင်ရလေသည်။
အမှန်မှာ ဟောင်ဂိုဏ်းမှခွင့်ပြုချက်ဖြင့် ဝါးရင်းဒုတ်ငသောင်း၏ လက်သတ်မွေးထားသော ဘုန်းကြီးအတုများဖြစ်လေသည်။
"ဒုတ်"
"ဖြောင်း"
"အင့်"
"အား"
သစ္စာဒေဝီမှာ အပြင်သို့ထွက်၍ ရင်ဆိုင်မည်တကဲကဲလုပ်နေရာ ယာဉ်မောင်းက ပါးနပ်စွာပင် ယာဉ်တံခါးများကို သော့ချလျက် ယာဉ်ကိုကျွမ်းကျင်စွာ မောင်းထွက်လိုက်သည်။
ထို့နောက် အတန်ကြာမောင်းနှင်ပြီးနောက် လမ်းခုလတ်တွင် အသင့်စောင့်နေကြသော ရဲမက်များနှင့် တွေ့ကာ ယာယီစခန်းသို့ဖမ်းဆီး ့ခေါ်ဆောင်ခြင်းကို ခံလိုက်ရလေသည်။
သစ္စာဒေဝီသည် မိမိ၏အဖွဲ့ဝင်များ ရက်ရက်စက်စက် လုပ်ကြံခံရမှုကြောင့် လွန်စွာစိတ်ထိခိုက်လျက်ရှိရာ ရဲရဲတောက် စကားတခွန်းကို ပြောချလိုက်လေသည်။
"ကျမကို သတ်ချင်ရင် အခုသတ်လိုက်ပါ၊ မဟုတ်ရင်တော့ အခုကိစ္စကို ဖြေရှင်းပေးပါ "
ထိုစကားတခွန်းပြောပြီးချိန်မှစ၍ သူမအား ငြိမ်းချမ်းရေးတောင်ကြားသို့ပို့ဆောင်ကာ ပိတ်ဆို့ထားလိုက်လေတော့သည်။
ထိုဒီပဲယင်းညသည် ဟောင်ဂိုဏ်း၏ အရက်စက်ဆုံးသော လုပ်ကြံမှုကြီးဖြစ်ပြီး စနစ်တကျရေးဆွဲထားသော ဗျူဟာလည်းဖြစ်ပေသည်။
သစ္စာဒေဝီ၏ ဖြူစင်သောသီလနှင့် အဖွဲ့ဝင်များ၏ အသက်စွန့်ကယ်တင်မှုတွေကြောင့် လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။
သူမအတွက် ထိုညသည် မေ့နိုင်စရာအကြောင်းမရှိသော သွေးစွန်းသောညတညဖြစ်ချေတော့သည်။
အခန်း (၆)
"ဝုန်း"
"ဒါ ဘယ်လိုဖြစ်တာလဲ"
ဝါးရင်းဒုတ်ငသောင်း ဒေါသထွက်ကာ စားပွဲခုံကြီးအား ထုခွဲချလိုက်ရင်း မှုန်ကုတ်ကုတ်ရပ်နေကြသော ဝီတလာနှင့် လေမျိုးဝေကို မေးခွန်းထုတ်နေခြင်းဖြစ်သည်။
"ကျနော်တို့ထင်တာထက် အများကြီးခက်ခဲတယ် ဌာနမှူး"
လေမျိုးဝေတယောက် ကတုန်ကယင်ဖြင့် အစီရင်ခံလိုက်သည်။ ဝီတလာလည်း မနေသာတော့ပဲ ..
"ဟုတ်တယ် ဌာနမှူး၊ ဒါတောင် သူသုံးသွားတာ တကွက်ထဲရယ်"
"တော်စမ်းပါကွာ၊ မင်းတို့ပြောလိုက်ရင် ဆင်ခြေဆင်လက်ကများနေတယ်၊ ဂိုဏ်းချုပ်ကြီးကို ငါဘယ်လိုအစီရင်ခံရမှန်းမသိတော့ဘူး"
ဝါးရင်းဒုတ်ငသောင်းမှာ သူ့ကိုယ်သူအထင်ကြီးလျက်ရှိရာ သစ္စာဒေဝီကို သူ့အနေဖြင့်အနိုင်ရလိိ်မ့်မည်ဟု ထင်နေလေသည်။
သူထင်လည်း ထင်ချင်စရာပင်။
ဟောင်ဂိုဏ်းချုပ်ကြီး ခွေးဘီးလူးငရွှေကိုယ်တိုင် ချီးမြှင့်ထားသော ညာလက်ရုံးဝါးရင်းဒုတ်ဌာနမှူးဆိုသောဘွဲ့မှာ လက်ရှိပြောင်ဘုရင်ထက်ပင် သြဇာအာဏာကြီးမားကျယ်ပြန့်သဖြင့် ဘုရင့်ထက်ကြီးသောရာထူးရှိလျင်ပင် လုပ်နိုင်ကြောင်း ထုတ်ပြောထားခြင်းဖြစ်သည်။
"ကဲ .. ဒါဆိုရင်တော့ ကျန်တဲ့ ဌာနခွဲမှူးတွေအကုန်လုံးကို စာပို့လိုက်၊ သစ္စာဒေဝီနဲ့ သူ့ရဲ့ခွပ်ဒေါင်းကြယ်ဖြူအဖွဲ့သားတွေကို တွေ့တဲ့နေရာမှာ လုပ်ကြံကြလို့"
"အိုကွာ.. ဖြစ်နိုင်ရင် လုံးဝအလွတ်မပေးကြနဲ့လို့၊ မှီရာဖမ်းကိုက်ကြလို့၊ ကြားလား"
စာပို့၊ စာလက်ခံဌာနမှ ဌာနခွဲမှူး ‪#‎သပွတ်အူငထွဋ်လည်း‬ ချက်ချင်းပင် အကောင်အထည်ဖော်လေတော့သည်။
ဤသို့ဖြင့် ဟောင်ဂိုဏ်းဝင်များသည် ခွပ်ဒေါင်းကြယ်ဖြူဂိုဏ်းအား အငြိုးထားကာ တွေ့ရာသချႋုင်း ဓားမဆိုင်းပဲ လုပ်ကြံကြလေတော့သည်။
သစ္စာဒေဝီသည်လည်း ထိုသတင်းကိုကြား၍ မိမိအဖွဲ့သားများကို ခွေးရူးကာကွယ်ဆေးများတိုက်ကာ အရိပ်မဲ့ဥပေက္ခာသိုင်း၏ အခြေခံသိုင်းကွက်များကို သင်ကြားပေးထားလေသည်။
အကြောင်းမှာ ဟောင်ဂိုဏ်းဝင်များသည် ခွေးရူးအဆိပ်ကို တွင်ကျယ်စွာအသုံးပြုသူများဖြစ်သည်နှင့်အညီ ဟောင်ဂိုဏ်း၏ အဆင့်အနိမ့်ဆုံးဂိုဏ်းဝင်များကို သင်ကြားပေးထားသော မှီရာကုန်းကိုက်သိုင်းကွက်မှာ လွန်စာရက်စက်သော သိုင်းကွက်ဖြစ်ပေသည်။
အကိုက်ခံရသူသည် ၄င်းတို့အသုံးပြုသော ခွေးရူးအဆိပ်ကြောင့် ခွေးရူးပြန်သွားသည်ကများလေသည်။
ထိုအကြောင်းကိုသိထားသော သစ္စာဒေဝီသည် ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်သည်။
တောလမ်းတနေရာ...
"ဂါး... "
"ဝူး... ဝူး"
ဟောင်ဂိုဏ်းဝင်တချို့မှ အပေါ်ကိုမော့ကြည့်ကာ ဒေါသထွက်နေကြခြင်းဖြစ်သည်။ တချက်တချက် အရိပ်သဏ္ဍန်တခုကို တွေ့နေရသောကြောင့်ဖြစ်သည်။
ထိုအရိပ်သဏ္ဍန်မှာ သစ္စာဒေဝီ၏ အရိပ်ပင်ဖြစ်သည်။ အလွန်ပင် မြန်ဆန်လွန်းရကား ပညာနုသော ဟောင်ဂိုဏ်းဝင်များမှာ ကြိတ်မနိုင်ခဲမရဖြစ်နေလျက်ရှိလေသည်။
သို့နှင့် ဟောင်ဂိုဏ်းဝင်များသည် ပြည်သူတချို့အား အနိုင်ကျင့်လျက် ဒေါသကိုဖြေဖျောက်ကြလေတော့သည်။
"ဖယ်ကြစမ်း"
"ဖြန်း"
"မလုပ်ပါနဲ့ရှင်.. မတရားအနိုင်မကျင့်ကြပါနဲ့၊ ဒါက ဘိုးဘွားပိုင် မြေကွက်ပါရှင်"
"အသာနေကြစမ်း၊ ငါတို့က စေတနာနဲ့ တိုင်းပြည်ကို ပိုကောင်းအောင်လုပ်ပေးနေတာ"
"နေပါစေရှင်၊ ဒီအတိုင်းလေးပဲ အေးအေးချမ်းချမ်းလုပ်ကိုင်စားသောက်ပါရစေ"
"တိတ်စမ်း၊ ဒီတရုတ်ကြီးက နင်တို့မြေတွေကို အလကားသိမ်းတာမဟုတ်ဘူး၊ ငါတို့ဘုရင်ရဲ့အမိန့်နဲ့ လာသိမ်းတာမို့ သူတို့ကိုဘာမှသွားပြောစရာမလိုဘူးနော်၊ ရှင်းလား"
"နင်တို့ လုပ်စရာမရှိအလုပ်မရှိရင် သူတို့တရုတ်ပြည်ခေါ်သွားပေးမယ်တဲ့၊ အိမ်ဖော်အလုပ်ဖြစ်ဖြစ်၊ အပျော်မယ်အလုပ်ဖြစ်ဖြစ် လုပ်လို့ရတယ်တဲ့၊ စိတ်ပါရင် ယောကျ်ားတောင်ယူလို့ရတယ်တဲ့၊ ကြားလား၊ နင်တို့တွေ ဒီထက်ကောင်းတဲ့လူ ရှာကြည့်စမ်းပါအုံး"
"ဒီမှာ ကျမတို့ကို ခွေးနဲ့ပဲယူရမယ်လို့ ဝတ်ရုံနီသိုင်းသမားက ပြောထားပြီးသား"
"ဟား..ဟား.. ဟားဟား
နင်ပြောတဲ့ ဝတ်ရုံနီသိုင်းသမားဆိုတာ ငါတို့ဟောင်ဂိုဏ်းရဲ့ သစ္စာခံတယောက်ဆိုတာမသိသေးဘူးထင်တယ်၊ ဒီမှာ နင်ပြောတဲ့ ဝတ်ရုံနီသိုင်းသမားက ငါတို့ဟောင်ဂိုဏ်းနဲ့တရုတ်ကြီးတွေကို ဘယ်တုန်းကများ ပစ်မှားဖူးလို့လဲ"
"ရှင်"
"အေး၊ မြဲမြဲမှတ်ထား၊ လောလောဆယ် ငါတိို့ကို အာခံရဲဲတာဆိုလို့ ခွပ်ဒေါင်းကြယ်ဖြူတဂိုဏ်းပဲရှိတယ်၊ အဲဒီဂိုဏ်းကိုလည်း လက်စတုံးဖို့ အားလုံးစီစဉ်ထားပြီးသား"
"သွားမယ်ဟေ့"
ပြောပြောဆိုဆိုဖြင့် ထွက်သွားသော ဟောင်ဂိုဏ်းသားများ၏ နောက်ကျောကိုကြည့်ကာ မျက်ရည်ဝိုင်းလျက် ကျန်ရစ်ခဲ့သူမှာကား သာမန်ဆင်းရဲသားပြည်သူတဦး။
ထိုအခြေအနေကို အစအဆုံးကြည့်နေသူတယောက်ရှိသည်။ ထိုသူမှာ ခွပ်ဒေါင်းသခင်မ သစ္စာဒေဝီပင်ဖြစ်သည်။
သူမအနေဖြင့် အကြမ်းမဖက်ချင်သဖြင့် တရားသောနည်းဖြင့်ဖြေရှင်းဖို့ကြိုးစားနေခြင်းကို အခွင့်ကောင်းယူကာ ပြည်သူနှင့် သူမအဖွဲ့ဝင်များကို အနိုင်ကျင့်နေကြသော အယုတ်တမာများအဖွဲ့ကို ပညာပေးရန်စိတ်ကူးတခုရ၍ ရပ်ကြည့်နေရာမှ လှစ်ခနဲပြေးထွက်သွားလေသည်။
အခန်း(၇)
"ဝှစ်"
"ဝှီး... "
"ဟ.. ဘာလဲဟ"
ဝါးရင်းဒုတ်ငသောင်း ခေါင်းဆောင်သော ဟောင်ဂိုဏ်းအဖွဲ့များ တရုတ်ကြီး၏ လုပ်ငန်းခွင်မှ ဆတ်ကြေးကောက်အပြန်၊ တောလမ်းတနေရာအရောက်တွင် လူရိပ်တခုဖြတ်ပြေးသွားသဖြင့် အလန့်တကြားအော်နေကြခြင်းဖြစ်သည်။
"ရန်သူဖြစ်မယ်၊ မပေါ့ကြနဲ့ဟေ့၊ ဂရုစိုက်"
ဟောင်ဂိုဏ်း၏ ဘဏ္ဍာရေးအတွက်အထူးအားထားရသော ဝါးရင်းဒုတ်ငသောင်းအတွက် ဒီလိုအချိန်သည် အရေးကြီးသောအချိန်ဖြစ်ပေသည်။
သူရလာခဲ့သော ဆတ်ကြေးမှာ များပြားသည့်အတွက် အထူးသတိထားနေသည့်ကြားမှ အနောက်အယှက်ပေါ်လာခြင်းဖြစ်သည်။
"ဝှီး... ဒေါက်"
"အား"
"ဝှစ်... ဝှစ်"
"အင့်... အု"
မည်သည့်အရပ်မှလာမှန်မသိသော ဓားပျံများသည် ဟောင်ဂိုဏ်းဝင်များကို တယောက်ပြီးတယောက် ဇီဝိန်ခြွေနေပေသည်။
"သတ္တိရှိရင် ထွက်ခဲ့ကွ"
"ဆန္ဒတွေမစောပါနဲ့လေ၊ လာပါပြီဗျ"
"ဝှစ်"
"ဖတ်"
အဖြူရောင်ဝတ်စုံကို သပ်ရပ်စွာဝတ်ဆင်ထားသော လူလတ်ပိုင်းယောကျ်ားတယောက်၊ လျင်မြတ်ဖျတ်လတ်စွာ ရောက်ရှိလာပုံက အဆင့်မြင့်သိုင်းသမားတဦးမှန်း သိသာလှသည်။
"မင်းဘယ်သူလဲ"
"‪#‎အမှန်တရားဓားသမား‬ နေမျိုးဇင်"
"ဟား... ဟား... မင်းအဆင့်လောက်နဲ့တက်မလာနဲ့လေ၊ ငါ့နာမည်ရော ကြားဖူးရဲ့လား"
"သိပ်ကြားဖူးတာပေါ့လေ၊ ချီးသုတ်ဒုတ်ငသောင်းဆိုတာမို့လား"
"မင်း... မင်း.. စော်ကားလှချည်လား"
"ကဲကွာ" "ဝှစ်" "ဖျောက်"
ပြောပြောဆိုဆိုဖြင့် တိုက်ခိုက်လာသော ငသောင်း၏ မိုးပျံရိုက်ချက်များကို အသာအယာရှောင်ထွက်ရင်း အဆင့်မြင့်ခြေကန်ချက်တချက်ဖြင့် လစ်ဟာနေသော နံကြားသို့ ကန်ထည့်လိုက်ရာ ဒေါသမွန်ထူနေသော ငသောင်းမှာ ကားခနဲလွင့်ကျသွားလေသည်။
"ဘုန်း"
"အင့်"
"ဝှစ်"
ထိုစဉ် တရုတ်ကြီးရောက်လာပြီး ငွေထုပ်ကိုယူဆောင်ကာ အံ့မခန်းကိုယ်ဖော့ပညာဖြင့် ပြန်လည်ပြေးထွက်သွားလေသည်။
အမှန်တရားဓားသမားလည်း တစုံတခုဖြင့် တရုတ်ကြီးထံသို့ပစ်လွှင့်လိုက်ရာ အားခနဲ အော်၍ တရုတ်ကြီးပြုတ်ကြသွားလေသည်။
ထိုအချိန်တွင်ပင် ပြောင်ဘုရင့်တပ်များရောက်ရှိလာပြီး အမှန်တရားဓားသမားကို တရုတ်ကြီးအားလုပ်ကြံမှုဖြင့် ဖမ်းဆီး ခေါ်ဆောင်သွားလေတော့သည်။
ဝါးရင်းဒုတ်ငသောင်းလည်း တရုတ်ကြီးကျခဲ့သော ဆတ်ကြေးငွေထုပ်ကို ပြန်ကောက်မည်အပြု.....
"ဝေါ"
"ဝှစ်"
အဖြူရောင်အရိပ်တခု ရုတ်တရက် ကောင်းကင်ထက်မှ ထိုးဆင်းလာကာ ယင်းငွေထုပ်အနီးတွင်ရပ်၍
"ဒါ ပြည်သူငွေတွေ မင်းကိုယူသွားခွင့်မပေးနိုင်ဘူး"
"အဲဒါဆိုရင်တော့ ငါ့ကိုသတ်နိုင်ရင်ယူသွားလေ"
စကားဆုံးသည်နှင့် ငသောင်းသည် သူ၏လက်စွဲတော် ဝါးရင်းဒုတ်ကိုဆွဲ၍ ဝ်ိဉာဉ်ချွေသိုင်းကွက်ကို ခင်းလိုက်သည်။
ယင်းသိုင်းကွက်မှာ ဒီပဲယင်းညလုပ်ကြံမှုတွင် အသုံးပြုခဲ့သဖြင့် မှတ်မိနေသော အဖြူရောင်ပုဂ္ဂိုလ်မှာ မျက်မှောင်တချက်ကျုံ့လိုက်ကာ လေပေါ်သို့ ခုန်တက်လိုက်သည်။
"ဟိတ်"
မာန်သွင်းသံနှင့်အတူ မြှောက်တက်သွားသော အဖြူရောင်အရိပ်ရှင်မှာ ခွပ်ဒေါင်းသခင်မ သစ္စာဒေဝီပင်ဖြစ်သည်။
သူမအနေဖြင့် လက်စားချေလိုခြင်းမရှိသော်လည်း ပြည်သူ့အကျိုးအတွက် တရုတ်လက်မှ ငွေထုပ်ကို ပိုင်ရှင်အမှန်ဖြစ်သော ပြည်သူ့ထံသို့ ပြန်လည်အပ်နှံလို၍ ဝင်ပါနေခြင်းဖြစ်ပေသည်။
ယခုလည်း သူမ၏ မေတ္တာလျပ်စီးသိုင်းကိုသုံး၍ တိုက်ကွက်ဖော်လိုက်သည်။
လျပ်စီးလက်သလို အလင်းတန်းကြီးတခု ပတ်ဝန်းကျင်တခုလုံး ဖုံးလွမ်းသွားသည်။
ဝါးရင်းဒုတ်ငသောင်း အံ့သြမှင်သက်မိနေရာမှ သတိဝင်လာပြီး တိုးဝင်လာသော လေဖိအားတခုဆီသို့ အတွင်းအားအကုန်သုံးကာ ခုခံထားလိုက်သည်။
ထိုစဉ်
ရုတ်တရက်
သစ္စာဒေဝီ သိုင်းကွက်ပြောင်းလိုက်ရာ ငသောင်းမှာ မိမိအတွင်းအားကို အရှိန်မထိန်းနိုင်ဖြစ်ကာ ဖရိုဖရဲဖြစ်သွားလေသည်။
"ကျား"
"ဝှစ်"
ဒေါသထွက်နေပြီဖြစ်သော ငသောင်းသည် ဟောင်ဂိုဏ်းချုပ်ကြီးထံမှ လက်ဆောင်ရရှိထာသော သက်စောင့်လက်နက်ကို ထုတ်သုံးဖို့ဆုံးဖြတ်၍ သစ္စာဒေဝီထံသို့ တရှိန်ထိုးပြေးဝင်သွားလေတော့သည်။
...
..
ဆက်ရန်...
Yae Tay Za

သိုင္း၀တၱဳႏွစ္သက္သူမ်ားအတြက္...............................................................................ခြပ္ေဒါင္းသ...
Posted by The Melting Pot 4 U on Friday, 27 November 2015

No comments:

Post a Comment