Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, November 28, 2015

ေရြးေကာက္ပြဲအနုိင္ရ ဒီခ်ဳပ္ကိုယ္စားလွယ္မ်ားေတြ႕ဆံုပြဲမွာ ေဒၚေအာင္ဆန္းစုၾကည္ ဘာေတြ သတိေပးေျပာဆိုသြားလဲ

ရန္ကုန္၊ ႏိုဝင္ဘာ ၂၈

NLD အနုိင္ရလႊတ္ေတာ္ကို္္ယ္စားလွယ္ေတြရဲ႕ လစာကိုရာခိုင္ႏႈန္းနဲ႔ ျဖတ္ေတာက္သြားမယ့္ အေၾကာင္း၊ ကိုယ္စားလွယ္ေတြ အမွားလုပ္ရင္ ဥပဒအတိုင္းျဖစ္ေစျပီး ေထာင္က်သြားရင္ေတာင္ ေထာင္၀င္စာပဲလာေတြ႕မယ့္အေၾကာင္း ၊ ကိုယ္စာလွယ္ေတြကို ေစာင့္ၾကည့္ျ႔ပီး စာေမးပြဲေတြ အဆင့္ဆင့္နဲ႔ အရည္အေသြး ျမွင့္တင္မယ့္အေၾကာင္းေတြကို ဒီေန႔ ရန္ကုန္ျမိဳ႕ေတာ္၀င္ႏွင္းဆီမွာျပဳလုပ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေရြးေကာက္ပြဲအနုိင္ရ ဒီခ်ဳပ္ကိုယ္စားလွယ္မ်ားေတြ႕ဆံုပြဲမွာ ေဒၚေအာင္ဆန္းစုၾကည္က သတိေပးေျပာဆိုသြားပါတယ္။

ဒီေန႔ ေဒၚေအာင္ဆန္းစုၾကည္ ဘာေတြ သတိေပးေျပာဆိုသြားလဲ ဆိုတာေတြကို ေတြ႕ဆံုပြဲတက္ေရာက္ခဲ့တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ုဳပ္ ဒဂံုျမိဳ႕နယ္ ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚသက္သက္ခိုင္ရဲ႕ ျပန္လည္ေျပာျပမႈေတြ အရ ေရးသားတင္ျပလိုက္ရပါတယ္။

ဒဂံုျမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚသက္သက္ခိုင္ ၏ ျပန္လည္ေျပာျပမႈ အျပည့္အစံု
-------

==ကိုယ္စားလွယ္ေတြ ကို ကိုယ္စားလွယ္စီစစ္ေရးအဖြဲ႕ေတြ ဖြဲ႕ျပီးေတာ့ ေစာင့္ၾကည့္သြားမယ္။ ျပည္သူေတြက ေရြးခ်ယ္ျပီးတင္ေျမာက္လိုက္တဲ့ ကိုယ္စားလွယ္ေတြက ျပည္သူ႕ကိုယ္စားလွယ္ျဖစ္ထိုက္ မျဖစ္ထိုက္ကိုဒီငါးႏွစ္လံုး သက္ေသျပနုိင္ရမယ္။ ဒါေၾကာင့္ ေစာင့္ၾကည့္ သြားမယ္။

==ကိုယ္စားလွယ္ေတြကို သင္တန္းေတြေပးမယ္။ တိုင္းရင္းသားကိုယ္စားလွယ္ေတြကို အရင္သင္တန္းေပးမယ္။ ဘာလို႔လဲဆိုေတာ့ တိုင္းရင္းသားအေရး ျငိမ္းခ်မ္းေရးေတြက အေရးၾကီးတဲ့အတြက္ သူတို႔ကို အရင္ေပးမယ္။ ျပီးရင္ ျပည္နယ္တိုင္းအလိုက္ ကိုယ္စားလွယ္ေတြကို သင္တန္းေတြေပးမယ္။

==ပြဲျပီးေတာ့ ကိုယ့္ရဲ႕ နာမည္ ကၽြမ္းက်င္ရာနယ္ပယ္၊ ဘယ္လႊတ္ေတာ္က၀င္ျပိဳင္တယ္ ကိုယ့္ကိုကိုယ္မိတ္ဆက္တဲ့သေဘာေပါ့။ ျပီးေတာ့ကိုယ့္ရဲ႕ပညာအေရအခ်င္း၊ ကိုယ္စိတ္၀င္စားတာ၊ ကိုယ္လုပ္ခ်င္တာ၊ ကိုယ္လုပ္နုိင္တဲ့ေနရာေတြကို ေရးျပီးထားခဲ့ခိုင္းတယ္။

==ကိုယ္စားလွယ္ေတြကို အဂၤလိပ္စာကိုလည္း စာေမးပြဲစစ္မယ္။ စာေမးပြဲစစ္ျပီးေတာ့ ရတဲ့အမွတ္အလုိက္ကိုၾကည့္ျပီး နုိင္ငံတကာ ကဖိတ္တဲ့အစည္းအေ၀းေတြကို လႊတ္မယ္။ တက္ရတဲ့အခါမွာလည္း ကိုယ့္ရဲ႕ကၽြမ္းက်င္မႈအလိုက္ ကိုယ့္ရဲ႕အဂၤလိပ္စာေကာင္းမြန္မႈအလိုက္ေရြးတာျဖစ္တယ္။ တစ္ခါမွ မပါဘူးဆိုရင္ သူဟာ ဒီလိုလႊတ္ဖို႔ အရည္အခ်င္းမရွိလို႔ျဖစ္တယ္။ လူမွန္ေနရာမွန္ ျဖစ္ဖို႔ သင္တန္းေပးတာေတြလုပ္ျပီး ကိုယ္စားလွယ္ေတြရဲ႕ အရည္အေသြးကိုျမွင့္သြားမယ္လို႔ ေျပာပါတယ္။

==ေနာက္တစ္ခုက ေတာ့ ေကာ့မူးျမိဳ႕နယ္ကစျပီးေတာ့ ကိုယ္စားလွယ္ေတြ အကုန္ပါ၀င္ျပီးေတာ့ ကိုယ့္တစ္ျမိဳ႕နယ္လံုးသန္႔ရွင္းသြားေအာင္ အမႈိက္ေကာက္ရမယ္။ ဘာျဖစ္လုိ႔ ဒီလိုလုပ္တာလည္းဆိုေတာ့ ျပည္သူလူထု လုပ္တဲ့အလုပ္မ်ိဳးကို ကိုယ္စားလွယ္ကလည္းလုပ္နုိင္ရမယ္။ ကိုယ္စားလွယ္ဦးေဆာင္ျပီးေတာ့ အမႈိက္ေကာက္ရမယ္။ ဒါကိုလည္း ညႊန္ၾကားခ်က္နဲ႔လာမယ္လို႔ေျပာပါတယ္။ ကိုယ့္ရဲ႔ျမိဳ႕နယ္ရဲ႕ တာ၀န္ကို အေလးထားျပီးေဆာင္ရြက္ရမယ္လို႔ေျပာပါတယ္။ ကိုယ္မလုပ္နိင္တာကို ျပည္သူေတြ လုပ္နုိင္လိမ့္မယ္လုိ႔ မေတြးဘဲ ကိုယ္မလုပ္နုိင္တာကို ျပည္သူလည္း လုပ္နုိင္မွာမဟုတ္ဘူး။ ကိုယ္တိုင္ကဦးေဆာင္ျပီး လုပ္ျပရမယ္ေျပာပါတယ္။

==အဖြဲ႕ခ်ဳပ္ရဲ႕ရည္မွန္းခ်က္၊ သမိုင္း၊ က်င့္သံုးေနတဲ့စံနႈန္းစံထားေတြသိရမယ္ေျပာပါတယ္။ ဒါေတြကိုလည္းေလ့လာထားပါ။ လူတုိင္းလူတိုင္းကိုစာေမးပြဲစစ္မယ္။ စာေမးပြဲက်လုိ႔ ရွိရင္ ထပ္ေျဖရမယ္။ က်ရင္ထပ္ေျဖရမယ္။ ဒါဆို အခ်ိန္လည္းႏွစ္ခါပိုကုန္တယ္။ လူလည္းပိုပင္ပန္းတယ္။ အဓိကကေတာ့ အရွက္ကြဲတယ္။ ဒါေၾကာင့္အဓိကကေတာ့ေအာင္ေအာင္ ေျဖၾကရမယ္။
ျပီးရင္ ေလ့လာၾကရမွာ ဖြဲ႕စည္းပံုအေျခခံဥပေဒ၊ ဒါကိုလည္း စာေမးပြဲစစ္သလိုစစ္မယ္။ ေနာက္ျပီး အဖြဲ႕ခ်ုဳပ္ကေန ထုတ္ထားတဲ့ေရြးေကာက္ပြဲေၾကညာစာတမ္း၊ ကိုသိရမယ္။

==ျပည္သူလူထုနဲ႔ဆက္ဆံေရးေျပလည္ရမယ္။ ေနာက္တစ္ခုက ပါတီတြင္း ၊လႊတ္ေတာ္ကိုယ္စားလွယ္ေတြ အခ်င္းခ်ငး္ရဲ႕ဆက္ဆံေရးလည္း ေကာင္းမြန္ရမယ္။ အခ်င္းခ်င္းလည္းညီညႊတ္မႈရွိရမယ္။ အဖြဲ႕ခ်ဳပ္အတြင္းမွာ အစုအဖြဲ႕ေတြြဖြဲ႕ျပီးေတာ့ ဆရာေမြးတာ တျပည့္ေမြးျပီး ဂိုဏ္းဂနေတြဖြဲ႕တာ လက္သင့္မခံဘူး။ ဒါကို အန္တီစုက ဘယ္လိုေျပာလည္းဆိုေတာ့ "ကၽြန္မတိုက္ၾကီးထဲမွာ တဲအိမ္ေလးေတြ လာလာေဆာက္တာ လက္မခံဘူး" လုိ႔ေျပာတယ္။ ဒါေပမဲ့ ပုဂၢိဳလ္ေရးအရ ခင္မင္တာရင္းႏီွးတာ အလုပ္အတူတူလုပ္တာကေတာ့ ဒါကို ေတာ့ခြင့္ျပဳလို႔ရတယ္။ ဥပေဒခ်ိဳးေဖာက္ခဲ့ရင္ေတာ့ ဥပေဒအတိုင္းပဲအေရးယူမယ္။ ကိုယ့္အခ်င္းခ်င္းမို႔လို႔ သက္ညွာမွာမဟုတ္ဘူးလို႔ေျပာပါတယ္။

==ျပီးေတာ့ ျပည္သူလူထုညိဳညွင္တာ မခံရပါေစနဲ႔ ၊ျပည္သူလူထုေမတၱာပ်က္သြားလို႔ရွိရင္ ကို္ယ့္ရဲ႕ နုိင္ငံေရးဘ၀လည္းေသသြားတယ္ေပါ့။ ဒါပိုအေရးၾကီးတယ္လို႔လည္းေျပာပါတယ္။

==ေနာက္တစ္ခုက campaign period ေတြမွာ ေအာင္နုိင္ေရးကညႊန္ၾကားခ်က္သည္ ျမို႕နယ္အလုိက္ကို ကိုယ္စားလွယ္ေလာင္းေတြစုေပါင္းျပီးေတာ့မွ အလုပ္လုပ္ၾကရမယ္။ ဒီလိုစုေပါင္းျပီး အလုပ္လုပ္တဲ့အခ်ိန္မွာ အဖြဲ႕အစည္းစိတ္ဓါတ္မရွိဘဲနဲ႔ ျပႆနာေတြ ဘာေတြျဖစ္ထားတာရွိလု႔ိရွိရင္လည္း ဒါကိုေရးျပီးတင္ပါ။ ဒီcampaign ကိုလည္း ဘယ္လို စုစုစည္းစည္းလုပ္ခဲ့လဲ၊ ဘယ္သူကဘယ္ေနရာမွာ တာ၀န္ယူျပီးလုပ္ခဲ့လဲဆိုတာကို စာတင္ရမယ္။ တာ၀န္သိတဲ့စိတ္ဓါတ္နဲ႔ကိုယ့္တုိင္းျပည္အတြက္ ဆိုတာမ်ိဳးကိုလုပ္ရမယ္။ ကိုယ့္ကိုကိုယ္နိမ့္ခ်ရမယ္။ ကိုယ့္ကိုကိုယ္နိမ့္ခ်မွ ကိုယ္ကသင္ၾကားခ်င္တယ္၊တက္ခ်င္ေပးတယ္ ၊ သိခ်င္ေသးတယ္ဆိုမွသာလွ်င္ ေအာင္ျမင္မႈရဲ႕အစျဖစ္တယ္။ ကိုယ့္ဟာကိုမနိမ့္ခ်ပဲ၊ ကိုယ့္ကိုကိုယ္ျပီးျပည့္စံုတယ္ထင္ရင္ သင္စရာမလို၊ ထပ္သိစရာမလိုေတာ့ဘူးဆိုရင္ ကိုယ့္ရဲ႕တိုးတက္မႈဟာရပ္သြားတယ္ ဆိုျပီးဆံုးမပါတယ္။

== ျပီးေတာ့ သင့္ေတာ္တဲ့အၾကံျပဳခ်က္ေတြကိုတင္နုိင္တယ္။ အၾကံျပဳခ်က္တင္ေတာ့မယ္ဆိုတဲ့အခ်ိန္မွာ ကိုယ့္ရဲ႕အၾကံျပဳခ်က္က ကိုယ္စားလွယ္တစ္ေယာက္ရဲ႕အဆင့္အတန္းနဲ႔ကိုက္ညီတဲံ့အၾကံျပဳခ်က္ျဖစ္ရမယ္။ ကိုယ့္အၾကံျပဳခ်က္ကို ရျပီးလို႔ရွိရင္လည္း အၾကံျပဳခ်က္ကို ေဘးနားမွာရွိတဲ့လူေတြနဲ႔လည္းတုိင္ပင္ပါ။ တစ္ကယ္ကိုဆီေလ်ာ္တဲ့အၾကံျပဳခ်က္မ်ိဳးကိုပဲ လက္ခံခ်င္တယ္ေပါ့ေနာ္ ေျပာခဲ့ပါတယ္။

== ျပီးေတာ ကိုယ္စားလွယ္ေတြဆီကေန လစာျဖတ္မယ္။ လစာဘာလုိ႔ျဖတ္ရလည္းဆိုရင္ ဥပမာ -ျပည္ေထာင္စုကိုယ္စားလွယ္ေတြ အဆင့္ဆိုရင္ တစ္လကို ႏွစ္သိန္းခြဲျဖတ္မယ္။ ထိပ္ဆံုးေရာက္တဲ့သူဆိုရင္ အနည္းဆံုးလစာရဲ႕တစ္၀က္ေလာက္ထိျဖတ္မယ္။ ဘာလုိ႔လဲဆိုေတာ့ ျပည္သူေတြက ဆင္းရဲေနတယ္။ ျပည္သူေတြကမဲေပးလိုက္ျပီးေတာ့မွ ကိုယ္စားလွယ္ေတြက လစာက ကိုယ့္ရဲ႕စား၀တ္ေနေရးထက္ပိုလွ်ံေနတယ္ဆိုတာ သိတယ္။ ဒါေၾကာင့္ျပည္သူေတြရဲ႕ မ်က္ႏွာကိုေထာက္ထားတဲ့အေနနဲ႔ ျပည္သူနဲ႔တစ္သားတည္းေနတဲံ့ယဥ္ေက်းမႈမ်ိဳးျဖစ္ေအာင္လုိ႔ လစာကိုျဖတ္မယ္။ ဒုတိယတစ္ခ်က္ကလည္း အဖြဲ႕ခ်ဳပ္ကဆင္းရဲတာေၾကာင့္မို႔ လို႔ ျပဳျပင္ေျပာင္းလဲစရာေတြရွိတယ္။ ရံုးခန္းငွားဖို႔ေတြရွိတယ္။ ဥပမာ - အဖဲြ႕ခ်ဳပ္က ျမိဳ႕နယ္အဆင့္မွာရံုးခန္းမငွားနုိင္ဘူး။ ရံုးခန္းမငွားနုိင္ေတာ့ ေစတနာရွင္ေတြ တစ္ခိ်ိဳ႕အလ်ွဴရွင္ေတြကေန ဆိုင္းပုဒ္တင္ထားခိုင္းတယ္။ ဒါက ေနာင္တစ္ခ်ိန္မွာဘာျဖစ္လာနုိင္လဲဆိုရင္ အဖြဲ႕ခ်ဳပ္အတြင္းမွာ အလွဴရွင္ေတြက မေလ်ာ္ၾသဇာသံုးျပီးေတာ့ အဖြဲ႕ခ်ဳပ္အတြင္းမွာ ၀င္စြက္ဖက္တာေတြ ရွိနုိင္တယ္။ အဲ့ဒါေၾကာင့္မို႔လို႔ လစာျဖတ္မယ္။

==ပိုင္ဆိုင္မႈအေနနဲ႔ အခုခ်ိန္မွာ ကၽြန္မတို႔က ေရြးေကာက္ပြဲကိုယ္စားလွယ္ေလာင္းအေနနဲ႔ ပါတီကိုတင္ထားရတယ္။ အဲ့ဒီပိုင္ဆိုင္မႈေတြကိုလည္း ငါးႏွစ္အတြင္းမွာ တစ္ခ်ိန္လံုးစစ္ေဆးသြားမယ္ ေျပာပါတယ္။

==ျပည္သူကမဲေပးလိုက္တာဟာ ကၽြန္မတို႔ ကိုတာ၀န္ေပးလို္္က္တာပဲျဖစ္တယ္။ တစ္ခ်ိန္တည္းမွာ လုပ္ပိုင္ခြင့္ကိုေပးလိုက္တာလည္းျဖစ္တယ္။ အဲ့လိုလုပ္ပိုင္ခြင့္ကို ေပးလုိက္တာကဆိုရင္ ကိုယ့္အတြက္တစ္ကယ့္ကိုစည္းကမ္းျပည့္၀တဲ့ဒီမိုကေရစီဖက္ဒရယ္ျပည္ေထာင္စု တည္ေထာင္ဖုိ႔ အခြင့္အေရးတစ္ရပ္လည္းျဖစ္တယ္။ အဲ့ဒီအခြင့္အေရးကလည္း အျမဲတမ္းမရနုိင္ဘူး။ တစ္ခါတစ္ေလမွရတဲ့ထူျခားတဲ့အခြင့္အေရးျဖစ္တဲ့အတြက္ ျပည္သူလူထုရဲ႕ေက်းဇူးကို ျပန္ဆပ္နုိင္ဖုိ႔ အားလံုးအလုပ္လုပ္ရမယ္ေပါ့ေနာ္ ေျပာတယ္။ အခ်ိန္ကိုေလးစားရမယ္။ အခ်ိန္ကိုေလးစားတာကလည္း သူမ်ားကိုပါေလးစားတာျဖစ္တယ္။ ဥပမာ -ဦးတင္ဦးကေနာက္က်မွလာမယ္။ ေဒၚေအာင္ဆန္းစုၾကည္ကေနာက္က်မွလာမယ္။ ဆိုလို႔ရွိ္ရင္တစ္ျခားသူေတြ အကုန္လံုးကေစာင့္ေနရတယ္။ လူၾကီးေတြလာမွစမယ္ဆိုရင္ အခ်ိန္ကို မေလးစားဘူး၊ တစ္ျခားသူေတြက ဒီအခ်ိန္မွာ ဒီ့ထက္အက်ိဳးမ်ားတဲ့အလုပ္ကိုလုပ္ေနရ တာမ်ိဳးျဖစ္နုိင္တယ္။ ဒါေၾကာင့္အခ်ိန္ကိုေလးစားဖို႔ ေျပာပါတယ္။

==ေနာက္တစ္ခုက စည္းကမ္းလိုက္နာရမယ္၊ စည္းကမ္းထိန္းသိမ္္းေရးကိုလည္း ေသခ်ာဖြဲ႕မယ္၊ ပါတီမွာ အားနည္းခ်က္ေတြရွိတာေတြရွိတယ္၊ ဒါေတြကိုျပဳျပင္ရမယ္။ ကိုယ္စားလွယ္တစ္ေယာက္ခ်င္းစီက ေမးခြန္းကိုေမးတက္ရမယ္။ ေမးတဲ့အခ်ိန္မွာလည္း ကိုယ့္ရဲ႕ေမးခြန္းဟာ တိက်ရမယ္၊ ထိထိမိမိရွိရမယ္။ တစ္ျခားအစည္းအေ၀းေတြမွာ နားမေထာင္ထားပဲ သူမ်ားေမးျပီးသားကိုထေမးတာတို႔ ၊ ေမးျပီးသားေမးခြန္းကို ျပန္ေမးတာတုိ႔ ဒါေတြ မျဖစ္ေအာင္ လုပ္ရမယ္လုိ႔ေျပာတယ္။

== ျပီးေတာ့ ကိုယ္စားလွယ္မ်ားရဲ႕တာ၀န္ကိုသိရမယ္ေျပာတယ္။ ဒါကေတာ့ ကၽြန္မတို႔က အေျခခံဥပေဒထဲမွာပါျပီးသားဆိုေတာ့ ကိုယ္စားလွယ္မ်ားရဲ႕ တာ၀န္ကိုသိရမယ္။ သိေအာင္လုပ္ထားရမယ္။ ေနာက္တစ္ခုက ရဲေဘာ္ရဲဘက္စိတ္ထားရမယ္။ NLDရဲ႕အလံရိ္ပ္ကို၀င္လာတာဆိုေတာ့ အားလံုးတစ္ေယာက္နဲ႔တစ္ေယာက္ရဲေဘာ္ရဲဘက္စိတ္နဲ႔ ယံုၾကည္ခ်က္ရွိတဲ့ ရဲေဘာ္ရဲဘက္ဆက္ဆံေရးမ်ိဳးကို တည္ေထာင္သြားရမယ္။ ဒီလႈိင္းဂ်ာနယ္ကိုမွန္မွန္ဖတ္ဖို႔လည္းတို္က္တြန္းခဲ့တယ္။ ဒီလႈိင္းထဲမွာ ပါတီရဲ႕မူ၀ါဒေတြ သေဘာထားေၾကညာခ်က္ေတြ ပါတယ္။

==ေနာက္ျပီးေတာ့ ေငြေရးေၾကးေရးျပႆနာ ကိုသတိထားဖုိ႔လိုတယ္။ တစ္ခါတစ္ေလၾကရင္ ေငြေရးေၾကးေရးျပႆနာ ၊ေငြေရးေၾကးေရးမလံုေလာက္တာေတြရွိမယ္၊ ဒါကိုကိုယ့္နည္းကိုယ့္ဟန္နဲ႔ ေျဖရွင္းျပီးေတာ့မွ မွားသြားလို႔ရွိရင္ေတာ့ အမွားကို အမွန္လုပ္ေပးလို႔မရဘူး။ ျပႆနာေတြရွိမယ္လို႔ ထင္လိဳ႔႔ရွိရင္ အကူအညီလိုလို႔ရွိရင္ေတာင္းနိုင္တယ္။ ၾကိဳးစားျပီးေတာ့ကုူညီမယ္၊ မွားလို႔ရွိရင္ေတာ့ အမွားကို အမွန္လုပ္ေပးလို႔မရဘူး။ အမွားျဖစ္သြားရင္ေတာ့ဥပေဒအရပဲ အေရးယူမယ္။ ဥပေဒအရအေရးယူလို႔ ေထာင္ေတြဘာေတြက်သြားရင္ေတာ့ အဖဲြ႕ခ်ဳပ္ ရဲေဘာ္ရဲဘက္စိတ္နဲ႔ ေထာင္၀င္စာေတာ့လာေတြ႕မယ္လို႔ ေျပာပါတယ္။ ဒါကိုယ့္လူေတြျဖစ္တယ္။ ကိုယ့္လူေတြျဖစ္ေတာ့ နုိင္ငံေတာ္ရဲ႕တာ၀န္နဲ႔ပတ္သတ္ျပီးေတာ့မွ အဖြဲ႕ခ်ဳပ္ကေန အခ်င္းခ်င္းမို႔လို႔သက္ညွာမွာမဟုတ္ဘူး။ အကူအညီလိုရင္ မသိရင္လာေမးပါ ၊မတက္ရင္လာေမးပါ၊ တိုးတိုးတိတ္ေျပာလည္းရတယ္။ အကူအညီေပးဖို႔အဆင္သင့္ပဲ။ ဒါေပမဲ့ ကိုယ့္နည္းကိုယ့္ဟန္နဲ႔မွန္တယ္ထင္ျပီး ေျဖရွင္းလိုက္လို႔ မွားသြားရင္ေတာ့ အမွားကို အမွန္ေျပာင္းလဲေပးမွာမဟုတ္ဘူး။ ဥပေဒကိုခ်ိဳးေဖာက္ရင္ ဥပေဒအတိုင္းပဲအေရးယူသြားမယ္။ ဒါေပမဲ့ ကိုယ့္ရဲ႕အဖဲြ႕အစည္းကလူျဖစ္တဲ့အတြက္ ေနာက္ဆံုးေထာင္က်သြားရင္ေတာ့ ေထာင္၀င္စာလာေတြ႕မယ္။ ဥပေဒအရေတာ့သက္ညွာမွာမဟုတ္ဘူး လို႔ေျပာျပီးနိဂံုးခ်ဳပ္သြားတယ္။

ဒီေန႔ျပဳလုပ္တဲ့ ကို္ယ္စားလွယ္မ်ားနဲ႔ေတြ႕ဆံုပြဲမွာ အစိုးရအဖြဲ႕ဖြဲ႕စည္းေရးကိစၥနဲ႔ပတ္သတ္ျပီး ေဒၚေအာင္ဆန္းစုၾကည္ဟာ တစ္ခြန္းမွ မေျပာခဲ့ဘူးလို႔လည္း ေတြ႕ဆံုပြဲတက္ေရာက္ခဲ့တဲ့ ကိုယ္စားလွယ္ေတြ ဆီက တစ္ဆင့္သိရပါတယ္။

ရဲလြင္
ဓါတ္ပံု--ေအာင္နိင္စိုး (ကစၦပ)
Popular News Journal
...................
ရွေးကောက်ပွဲအနိုင်ရ ဒီချုပ်ကိုယ်စားလှယ်များတွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဘာတွေ သတိပေးပြောဆိုသွားလဲ

ရန်ကုန်၊ နိုဝင်ဘာ ၂၈

NLD အနိုင်ရလွှတ်တော်ကို််ယ်စားလှယ်တွေရဲ့ လစာကိုရာခိုင်နှုန်းနဲ့ ဖြတ်တောက်သွားမယ့် အကြောင်း၊ ကိုယ်စားလှယ်တွေ အမှားလုပ်ရင် ဥပဒအတိုင်းဖြစ်စေပြီး ထောင်ကျသွားရင်တောင် ထောင်ဝင်စာပဲလာတွေ့မယ့်အကြောင်း ၊ ကိုယ်စာလှယ်တွေကို စောင့်ကြည့်ြ့ပီး စာမေးပွဲတွေ အဆင့်ဆင့်နဲ့ အရည်အသွေး မြှင့်တင်မယ့်အကြောင်းတွေကို ဒီနေ့ ရန်ကုန်မြို့တော်ဝင်နှင်းဆီမှာပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရွေးကောက်ပွဲအနိုင်ရ ဒီချုပ်ကိုယ်စားလှယ်များတွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြောဆိုသွားပါတယ်။

ဒီနေ့ ဒေါ်အောင်ဆန်းစုကြည် ဘာတွေ သတိပေးပြောဆိုသွားလဲ ဆိုတာတွေကို တွေ့ဆုံပွဲတက်ရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုုပ် ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင်ရဲ့ ပြန်လည်ပြောပြမှုတွေ အရ ရေးသားတင်ပြလိုက်ရပါတယ်။

ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင် ၏ ပြန်လည်ပြောပြမှု အပြည့်အစုံ
-------

==ကိုယ်စားလှယ်တွေ ကို ကိုယ်စားလှယ်စီစစ်ရေးအဖွဲ့တွေ ဖွဲ့ပြီးတော့ စောင့်ကြည့်သွားမယ်။ ပြည်သူတွေက ရွေးချယ်ပြီးတင်မြောက်လိုက်တဲ့ ကိုယ်စားလှယ်တွေက ပြည်သူ့ကိုယ်စားလှယ်ဖြစ်ထိုက် မဖြစ်ထိုက်ကိုဒီငါးနှစ်လုံး သက်သေပြနိုင်ရမယ်။ ဒါကြောင့် စောင့်ကြည့် သွားမယ်။

==ကိုယ်စားလှယ်တွေကို သင်တန်းတွေပေးမယ်။ တိုင်းရင်းသားကိုယ်စားလှယ်တွေကို အရင်သင်တန်းပေးမယ်။ ဘာလို့လဲဆိုတော့ တိုင်းရင်းသားအရေး ငြိမ်းချမ်းရေးတွေက အရေးကြီးတဲ့အတွက် သူတို့ကို အရင်ပေးမယ်။ ပြီးရင် ပြည်နယ်တိုင်းအလိုက် ကိုယ်စားလှယ်တွေကို သင်တန်းတွေပေးမယ်။

==ပွဲပြီးတော့ ကိုယ့်ရဲ့ နာမည် ကျွမ်းကျင်ရာနယ်ပယ်၊ ဘယ်လွှတ်တော်ကဝင်ပြိုင်တယ် ကိုယ့်ကိုကိုယ်မိတ်ဆက်တဲ့သဘောပေါ့။ ပြီးတော့ကိုယ့်ရဲ့ပညာအရေအချင်း၊ ကိုယ်စိတ်ဝင်စားတာ၊ ကိုယ်လုပ်ချင်တာ၊ ကိုယ်လုပ်နိုင်တဲ့နေရာတွေကို ရေးပြီးထားခဲ့ခိုင်းတယ်။

==ကိုယ်စားလှယ်တွေကို အင်္ဂလိပ်စာကိုလည်း စာမေးပွဲစစ်မယ်။ စာမေးပွဲစစ်ပြီးတော့ ရတဲ့အမှတ်အလိုက်ကိုကြည့်ပြီး နိုင်ငံတကာ ကဖိတ်တဲ့အစည်းအဝေးတွေကို လွှတ်မယ်။ တက်ရတဲ့အခါမှာလည်း ကိုယ့်ရဲ့ကျွမ်းကျင်မှုအလိုက် ကိုယ့်ရဲ့အင်္ဂလိပ်စာကောင်းမွန်မှုအလိုက်ရွေးတာဖြစ်တယ်။ တစ်ခါမှ မပါဘူးဆိုရင် သူဟာ ဒီလိုလွှတ်ဖို့ အရည်အချင်းမရှိလို့ဖြစ်တယ်။ လူမှန်နေရာမှန် ဖြစ်ဖို့ သင်တန်းပေးတာတွေလုပ်ပြီး ကိုယ်စားလှယ်တွေရဲ့ အရည်အသွေးကိုမြှင့်သွားမယ်လို့ ပြောပါတယ်။

==နောက်တစ်ခုက တော့ ကော့မူးမြို့နယ်ကစပြီးတော့ ကိုယ်စားလှယ်တွေ အကုန်ပါ၀င်ပြီးတော့ ကိုယ့်တစ်မြို့နယ်လုံးသန့်ရှင်းသွားအောင် အမှိုက်ကောက်ရမယ်။ ဘာဖြစ်လို့ ဒီလိုလုပ်တာလည်းဆိုတော့ ပြည်သူလူထု လုပ်တဲ့အလုပ်မျိုးကို ကိုယ်စားလှယ်ကလည်းလုပ်နိုင်ရမယ်။ ကိုယ်စားလှယ်ဦးဆောင်ပြီးတော့ အမှိုက်ကောက်ရမယ်။ ဒါကိုလည်း ညွှန်ကြားချက်နဲ့လာမယ်လို့ပြောပါတယ်။ ကိုယ့်ရဲ့မြို့နယ်ရဲ့ တာဝန်ကို အလေးထားပြီးဆောင်ရွက်ရမယ်လို့ပြောပါတယ်။ ကိုယ်မလုပ်နိင်တာကို ပြည်သူတွေ လုပ်နိုင်လိမ့်မယ်လို့ မတွေးဘဲ ကိုယ်မလုပ်နိုင်တာကို ပြည်သူလည်း လုပ်နိုင်မှာမဟုတ်ဘူး။ ကိုယ်တိုင်ကဦးဆောင်ပြီး လုပ်ပြရမယ်ပြောပါတယ်။

==အဖွဲ့ချုပ်ရဲ့ရည်မှန်းချက်၊ သမိုင်း၊ ကျင့်သုံးနေတဲ့စံနှုန်းစံထားတွေသိရမယ်ပြောပါတယ်။ ဒါတွေကိုလည်းလေ့လာထားပါ။ လူတိုင်းလူတိုင်းကိုစာမေးပွဲစစ်မယ်။ စာမေးပွဲကျလို့ ရှိရင် ထပ်ဖြေရမယ်။ ကျရင်ထပ်ဖြေရမယ်။ ဒါဆို အချိန်လည်းနှစ်ခါပိုကုန်တယ်။ လူလည်းပိုပင်ပန်းတယ်။ အဓိကကတော့ အရှက်ကွဲတယ်။ ဒါကြောင့်အဓိကကတော့အောင်အောင် ဖြေကြရမယ်။
ပြီးရင် လေ့လာကြရမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဒါကိုလည်း စာမေးပွဲစစ်သလိုစစ်မယ်။ နောက်ပြီး အဖွဲ့ချုုပ်ကနေ ထုတ်ထားတဲ့ရွေးကောက်ပွဲကြေညာစာတမ်း၊ ကိုသိရမယ်။

==ပြည်သူလူထုနဲ့ဆက်ဆံရေးပြေလည်ရမယ်။ နောက်တစ်ခုက ပါတီတွင်း ၊လွှတ်တော်ကိုယ်စားလှယ်တွေ အချင်းချငး်ရဲ့ဆက်ဆံရေးလည်း ကောင်းမွန်ရမယ်။ အချင်းချင်းလည်းညီညွှတ်မှုရှိရမယ်။ အဖွဲ့ချုပ်အတွင်းမှာ အစုအဖွဲ့တွွေဖွဲ့ပြီးတော့ ဆရာမွေးတာ တပြည့်မွေးပြီး ဂိုဏ်းဂနတွေဖွဲ့တာ လက်သင့်မခံဘူး။ ဒါကို အန်တီစုက ဘယ်လိုပြောလည်းဆိုတော့ "ကျွန်မတိုက်ကြီးထဲမှာ တဲအိမ်လေးတွေ လာလာဆောက်တာ လက်မခံဘူး" လို့ပြောတယ်။ ဒါပေမဲ့ ပုဂ္ဂိုလ်ရေးအရ ခင်မင်တာရင်းနှီးတာ အလုပ်အတူတူလုပ်တာကတော့ ဒါကို တော့ခွင့်ပြုလို့ရတယ်။ ဥပဒေချိုးဖောက်ခဲ့ရင်တော့ ဥပဒေအတိုင်းပဲအရေးယူမယ်။ ကိုယ့်အချင်းချင်းမို့လို့ သက်ညှာမှာမဟုတ်ဘူးလို့ပြောပါတယ်။

==ပြီးတော့ ပြည်သူလူထုညိုညှင်တာ မခံရပါစေနဲ့ ၊ပြည်သူလူထုမေတ္တာပျက်သွားလို့ရှိရင် ကို်ယ့်ရဲ့ နိုင်ငံရေးဘဝလည်းသေသွားတယ်ပေါ့။ ဒါပိုအရေးကြီးတယ်လို့လည်းပြောပါတယ်။

==နောက်တစ်ခုက campaign period တွေမှာ အောင်နိုင်ရေးကညွှန်ကြားချက်သည် မြို့နယ်အလိုက်ကို ကိုယ်စားလှယ်လောင်းတွေစုပေါင်းပြီးတော့မှ အလုပ်လုပ်ကြရမယ်။ ဒီလိုစုပေါင်းပြီး အလုပ်လုပ်တဲ့အချိန်မှာ အဖွဲ့အစည်းစိတ်ဓါတ်မရှိဘဲနဲ့ ပြဿနာတွေ ဘာတွေဖြစ်ထားတာရှိလို့ရှိရင်လည်း ဒါကိုရေးပြီးတင်ပါ။ ဒီcampaign ကိုလည်း ဘယ်လို စုစုစည်းစည်းလုပ်ခဲ့လဲ၊ ဘယ်သူကဘယ်နေရာမှာ တာဝန်ယူပြီးလုပ်ခဲ့လဲဆိုတာကို စာတင်ရမယ်။ တာဝန်သိတဲ့စိတ်ဓါတ်နဲ့ကိုယ့်တိုင်းပြည်အတွက် ဆိုတာမျိုးကိုလုပ်ရမယ်။ ကိုယ့်ကိုကိုယ်နိမ့်ချရမယ်။ ကိုယ့်ကိုကိုယ်နိမ့်ချမှ ကိုယ်ကသင်ကြားချင်တယ်၊တက်ချင်ပေးတယ် ၊ သိချင်သေးတယ်ဆိုမှသာလျှင် အောင်မြင်မှုရဲ့အစဖြစ်တယ်။ ကိုယ့်ဟာကိုမနိမ့်ချပဲ၊ ကိုယ့်ကိုကိုယ်ပြီးပြည့်စုံတယ်ထင်ရင် သင်စရာမလို၊ ထပ်သိစရာမလိုတော့ဘူးဆိုရင် ကိုယ့်ရဲ့တိုးတက်မှုဟာရပ်သွားတယ် ဆိုပြီးဆုံးမပါတယ်။

== ပြီးတော့ သင့်တော်တဲ့အကြံပြုချက်တွေကိုတင်နိုင်တယ်။ အကြံပြုချက်တင်တော့မယ်ဆိုတဲ့အချိန်မှာ ကိုယ့်ရဲ့အကြံပြုချက်က ကိုယ်စားလှယ်တစ်ယောက်ရဲ့အဆင့်အတန်းနဲ့ကိုက်ညီတဲံ့အကြံပြုချက်ဖြစ်ရမယ်။ ကိုယ့်အကြံပြုချက်ကို ရပြီးလို့ရှိရင်လည်း အကြံပြုချက်ကို ဘေးနားမှာရှိတဲ့လူတွေနဲ့လည်းတိုင်ပင်ပါ။ တစ်ကယ်ကိုဆီလျော်တဲ့အကြံပြုချက်မျိုးကိုပဲ လက်ခံချင်တယ်ပေါ့နော် ပြောခဲ့ပါတယ်။

== ပြီးတော ကိုယ်စားလှယ်တွေဆီကနေ လစာဖြတ်မယ်။ လစာဘာလို့ဖြတ်ရလည်းဆိုရင် ဥပမာ -ပြည်ထောင်စုကိုယ်စားလှယ်တွေ အဆင့်ဆိုရင် တစ်လကို နှစ်သိန်းခွဲဖြတ်မယ်။ ထိပ်ဆုံးရောက်တဲ့သူဆိုရင် အနည်းဆုံးလစာရဲ့တစ်ဝက်လောက်ထိဖြတ်မယ်။ ဘာလို့လဲဆိုတော့ ပြည်သူတွေက ဆင်းရဲနေတယ်။ ပြည်သူတွေကမဲပေးလိုက်ပြီးတော့မှ ကိုယ်စားလှယ်တွေက လစာက ကိုယ့်ရဲ့စားဝတ်နေရေးထက်ပိုလျှံနေတယ်ဆိုတာ သိတယ်။ ဒါကြောင့်ပြည်သူတွေရဲ့ မျက်နှာကိုထောက်ထားတဲ့အနေနဲ့ ပြည်သူနဲ့တစ်သားတည်းနေတဲံ့ယဉ်ကျေးမှုမျိုးဖြစ်အောင်လို့ လစာကိုဖြတ်မယ်။ ဒုတိယတစ်ချက်ကလည်း အဖွဲ့ချုပ်ကဆင်းရဲတာကြောင့်မို့ လို့ ပြုပြင်ပြောင်းလဲစရာတွေရှိတယ်။ ရုံးခန်းငှားဖို့တွေရှိတယ်။ ဥပမာ - အဖွဲ့ချုပ်က မြို့နယ်အဆင့်မှာရုံးခန်းမငှားနိုင်ဘူး။ ရုံးခန်းမငှားနိုင်တော့ စေတနာရှင်တွေ တစ်ချိို့အလျှူရှင်တွေကနေ ဆိုင်းပုဒ်တင်ထားခိုင်းတယ်။ ဒါက နောင်တစ်ချိန်မှာဘာဖြစ်လာနိုင်လဲဆိုရင် အဖွဲ့ချုပ်အတွင်းမှာ အလှူရှင်တွေက မလျော်သြဇာသုံးပြီးတော့ အဖွဲ့ချုပ်အတွင်းမှာ ၀င်စွက်ဖက်တာတွေ ရှိနိုင်တယ်။ အဲ့ဒါကြောင့်မို့လို့ လစာဖြတ်မယ်။

==ပိုင်ဆိုင်မှုအနေနဲ့ အခုချိန်မှာ ကျွန်မတို့က ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းအနေနဲ့ ပါတီကိုတင်ထားရတယ်။ အဲ့ဒီပိုင်ဆိုင်မှုတွေကိုလည်း ငါးနှစ်အတွင်းမှာ တစ်ချိန်လုံးစစ်ဆေးသွားမယ် ပြောပါတယ်။

==ပြည်သူကမဲပေးလိုက်တာဟာ ကျွန်မတို့ ကိုတာဝန်ပေးလို််က်တာပဲဖြစ်တယ်။ တစ်ချိန်တည်းမှာ လုပ်ပိုင်ခွင့်ကိုပေးလိုက်တာလည်းဖြစ်တယ်။ အဲ့လိုလုပ်ပိုင်ခွင့်ကို ပေးလိုက်တာကဆိုရင် ကိုယ့်အတွက်တစ်ကယ့်ကိုစည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့ အခွင့်အရေးတစ်ရပ်လည်းဖြစ်တယ်။ အဲ့ဒီအခွင့်အရေးကလည်း အမြဲတမ်းမရနိုင်ဘူး။ တစ်ခါတစ်လေမှရတဲ့ထူခြားတဲ့အခွင့်အရေးဖြစ်တဲ့အတွက် ပြည်သူလူထုရဲ့ကျေးဇူးကို ပြန်ဆပ်နိုင်ဖို့ အားလုံးအလုပ်လုပ်ရမယ်ပေါ့နော် ပြောတယ်။ အချိန်ကိုလေးစားရမယ်။ အချိန်ကိုလေးစားတာကလည်း သူများကိုပါလေးစားတာဖြစ်တယ်။ ဥပမာ -ဦးတင်ဦးကနောက်ကျမှလာမယ်။ ဒေါ်အောင်ဆန်းစုကြည်ကနောက်ကျမှလာမယ်။ ဆိုလို့ရှိ်ရင်တစ်ခြားသူတွေ အကုန်လုံးကစောင့်နေရတယ်။ လူကြီးတွေလာမှစမယ်ဆိုရင် အချိန်ကို မလေးစားဘူး၊ တစ်ခြားသူတွေက ဒီအချိန်မှာ ဒီ့ထက်အကျိုးများတဲ့အလုပ်ကိုလုပ်နေရ တာမျိုးဖြစ်နိုင်တယ်။ ဒါကြောင့်အချိန်ကိုလေးစားဖို့ ပြောပါတယ်။

==နောက်တစ်ခုက စည်းကမ်းလိုက်နာရမယ်၊ စည်းကမ်းထိန်းသိမ််းရေးကိုလည်း သေချာဖွဲ့မယ်၊ ပါတီမှာ အားနည်းချက်တွေရှိတာတွေရှိတယ်၊ ဒါတွေကိုပြုပြင်ရမယ်။ ကိုယ်စားလှယ်တစ်ယောက်ချင်းစီက မေးခွန်းကိုမေးတက်ရမယ်။ မေးတဲ့အချိန်မှာလည်း ကိုယ့်ရဲ့မေးခွန်းဟာ တိကျရမယ်၊ ထိထိမိမိရှိရမယ်။ တစ်ခြားအစည်းအဝေးတွေမှာ နားမထောင်ထားပဲ သူများမေးပြီးသားကိုထမေးတာတို့ ၊ မေးပြီးသားမေးခွန်းကို ပြန်မေးတာတို့ ဒါတွေ မဖြစ်အောင် လုပ်ရမယ်လို့ပြောတယ်။

== ပြီးတော့ ကိုယ်စားလှယ်များရဲ့တာဝန်ကိုသိရမယ်ပြောတယ်။ ဒါကတော့ ကျွန်မတို့က အခြေခံဥပဒေထဲမှာပါပြီးသားဆိုတော့ ကိုယ်စားလှယ်များရဲ့ တာဝန်ကိုသိရမယ်။ သိအောင်လုပ်ထားရမယ်။ နောက်တစ်ခုက ရဲဘော်ရဲဘက်စိတ်ထားရမယ်။ NLDရဲ့အလံရိ်ပ်ကိုဝင်လာတာဆိုတော့ အားလုံးတစ်ယောက်နဲ့တစ်ယောက်ရဲဘော်ရဲဘက်စိတ်နဲ့ ယုံကြည်ချက်ရှိတဲ့ ရဲဘော်ရဲဘက်ဆက်ဆံရေးမျိုးကို တည်ထောင်သွားရမယ်။ ဒီလှိုင်းဂျာနယ်ကိုမှန်မှန်ဖတ်ဖို့လည်းတို်က်တွန်းခဲ့တယ်။ ဒီလှိုင်းထဲမှာ ပါတီရဲ့မူဝါဒတွေ သဘောထားကြေညာချက်တွေ ပါတယ်။

==နောက်ပြီးတော့ ငွေရေးကြေးရေးပြဿနာ ကိုသတိထားဖို့လိုတယ်။ တစ်ခါတစ်လေကြရင် ငွေရေးကြေးရေးပြဿနာ ၊ငွေရေးကြေးရေးမလုံလောက်တာတွေရှိမယ်၊ ဒါကိုကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းပြီးတော့မှ မှားသွားလို့ရှိရင်တော့ အမှားကို အမှန်လုပ်ပေးလို့မရဘူး။ ပြဿနာတွေရှိမယ်လို့ ထင်လို့့ရှိရင် အကူအညီလိုလို့ရှိရင်တောင်းနိုင်တယ်။ ကြိုးစားပြီးတော့ကုူညီမယ်၊ မှားလို့ရှိရင်တော့ အမှားကို အမှန်လုပ်ပေးလို့မရဘူး။ အမှားဖြစ်သွားရင်တော့ဥပဒေအရပဲ အရေးယူမယ်။ ဥပဒေအရအရေးယူလို့ ထောင်တွေဘာတွေကျသွားရင်တော့ အဖွဲ့ချုပ် ရဲဘော်ရဲဘက်စိတ်နဲ့ ထောင်ဝင်စာတော့လာတွေ့မယ်လို့ ပြောပါတယ်။ ဒါကိုယ့်လူတွေဖြစ်တယ်။ ကိုယ့်လူတွေဖြစ်တော့ နိုင်ငံတော်ရဲ့တာဝန်နဲ့ပတ်သတ်ပြီးတော့မှ အဖွဲ့ချုပ်ကနေ အချင်းချင်းမို့လို့သက်ညှာမှာမဟုတ်ဘူး။ အကူအညီလိုရင် မသိရင်လာမေးပါ ၊မတက်ရင်လာမေးပါ၊ တိုးတိုးတိတ်ပြောလည်းရတယ်။ အကူအညီပေးဖို့အဆင်သင့်ပဲ။ ဒါပေမဲ့ ကိုယ့်နည်းကိုယ့်ဟန်နဲ့မှန်တယ်ထင်ပြီး ဖြေရှင်းလိုက်လို့ မှားသွားရင်တော့ အမှားကို အမှန်ပြောင်းလဲပေးမှာမဟုတ်ဘူး။ ဥပဒေကိုချိုးဖောက်ရင် ဥပဒေအတိုင်းပဲအရေးယူသွားမယ်။ ဒါပေမဲ့ ကိုယ့်ရဲ့အဖွဲ့အစည်းကလူဖြစ်တဲ့အတွက် နောက်ဆုံးထောင်ကျသွားရင်တော့ ထောင်ဝင်စာလာတွေ့မယ်။ ဥပဒေအရတော့သက်ညှာမှာမဟုတ်ဘူး လို့ပြောပြီးနိဂုံးချုပ်သွားတယ်။

ဒီနေ့ပြုလုပ်တဲ့ ကို်ယ်စားလှယ်များနဲ့တွေ့ဆုံပွဲမှာ အစိုးရအဖွဲ့ဖွဲ့စည်းရေးကိစ္စနဲ့ပတ်သတ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ တစ်ခွန်းမှ မပြောခဲ့ဘူးလို့လည်း တွေ့ဆုံပွဲတက်ရောက်ခဲ့တဲ့ ကိုယ်စားလှယ်တွေ ဆီက တစ်ဆင့်သိရပါတယ်။

ရဲလွင်
ဓါတ်ပုံ--အောင်နိင်စိုး (ကစ္ဆပ)
Popular News Journal



No comments:

Post a Comment