Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, November 28, 2015

ဆွေမျိုးတွေကိုကူညီပါကအရေးယူမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော


ရွေးကောက်ပွဲမှာအနိုင်ရရှိခဲ့တဲ့ ရန်ကုန်၊ပဲခူး၊ဧရာဝတီတိုင်းဒေသကြီး နဲ့ မွန်ပြည်နယ် ရခိုင်ပြည်နယ်နဲ့ ကရင် ပြည်နယ်က ကိုယ်စား လှယ်တွေနဲ့ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဟာဒီ က နေ့ ရန်ကုန်မြို့ မှာ တွေ့ ဆုံ ခဲ့ပါတယ်။

ဒီလိုတွေ့ ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ကိုယ်စား လှယ်တွေအနေနဲ့  မိမိတို့ ရဲ့ဆွေမျိုးညီအကိုမောင်နှမတွေနဲ့ မိတ်ဆွေတွေကို အကူအညီပေးပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ် လိုပြောကြားခဲ့ပါတယ်။ဒါကြောင့် အခုကတည်းက ကိုယ်ရဲ့ဆွေမျိုးတွေကို လုံးဝအ ကူအညီမပေးနိုင်တဲ့အကြောင်းနဲ့ ဒါဟာ NLD ပါတီရဲ့စည်းကမ်းဖြစ်တယ်ဆိုတာကို ပြောထားဖို့ လဲမှာကြားလိုက်တဲ့ အကြောင်း ဒီကနေ့ တွေ့ ဆုံပွဲကိုတက်ရောက်ခဲ့တဲ့ကိုယ်စား လှယ်တွေကဘီဘီစီကိုပြောပါတယ်။

ဒါအပြင် NLD ပါတီကိုယ်စားလှယ်တွေအနေနဲ့ စည်းမျဉ်းစမ်း ကမ်းတွေကိုချိုးဖေါက်ပါ ကသူကိုယ်တိုင်အရေးယူမှာ ဖြစ်ပြီး တခြားလူတွေချိုးဖေါက်ပါက အမျိုးသားပြန်လည်သင့်မြတ်ရေးအရ စဉ်းစားမည်ဖြစ်ကြောင်း အလုပ်လုပ်တဲ့အခါစိတ်စေတနာသည် သာအဓိကဖြစ်တဲ့အတွက် မည်သည့်အလုပ်ကို မဆိုစေတနာထားပြီး လုပ်ဆောင်ဖို့ ကိုလဲမှာကြား လိုက်ကြောင်း လဲကိုယ်စားလှယ်တွေကပြောပါတယ်။

NLD ကိုယ်စားလှယ်တွေအနနဲ့ ၂၀၀၈ ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၊ပါတီရဲ့စည်းမျဉ်းစည်း ကမ်းနဲ့ ပါတီရေးမူဝါဒတွေကိုဖတ်ထားဖိုနဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ နဲ့ ၁၃ ရက်တွေမှာ ကျေးရွာတွေနဲ့ မြို့ နယ်တွေမှာသန့် ရှင်းရေးတွေလုပ်ဖို့ ကိုလဲ ဒေါ်အောင်ဆန်းစုကြည်ကမှာကြားလိုက်ပါတယ်။
BBC Burmese

No comments:

Post a Comment