Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, November 26, 2015

အမျိုးသမီး သုဘရာဇာ

အမျိုးသမီး သုဘရာဇာ…………..

ရန်ကုန် နိုဝင်ဘာ ၂၂ - အနီရောင်ကနုတ်ပန်းကတ္တီပါစောင်နဲ့ ပတ်ထားတဲ့ အသက်
၉၀ ကျော်အရွယ် အဘွားအိုရဲ့ ရုပ်ကလာဒ်ကို လက်နှစ်ဖက်ကနေ သေချာစုကိုင်ကာ
ထင်းတွေဖြန့်ခင်းထားတဲ့မီးသဂြိုလ်စက်အတွင်းကိုထည့်ဖို့ အသက် ၄၀ အရွယ်
အမျိုး သမီးတဦးနဲ့ အမျိုးသား ၄ ဦးတို့ ကြိုးစားနေကြပါတယ်။
“ကျမအထဲဝင်ပြီး ဆွဲယူလိုက်မယ်”လို့ အသက် ၄၀ ဝန်းကျင် မကြည်ကြည်ဝင်းက
ပြောရင်း မီးသဂြိုလ်စက်အတွင်းကို အလောင်းဘေးကနေ
ခက်ခက်ခဲခဲခါးကိုင်းကာဝင်သွားပါတယ်။
တခြားအမျိုးသားတွေက တားဆီးပေမယ့်လည်း သူကမမူပါဘူး။မီးသဂြိုလ်စက်အတွင်းကနေ
အ လောင်းရဲ့ ဦးခေါင်းပိုင်းကို ဖြေးဖြေးမရင်း
သူစိတ်ကြိုက်အနေအထားဖြစ်အောင် သုံးမီနစ်ခန့်ပြင်ဆင်ပြီး ပြန်ဆင်းလာပါတယ်။
အဲဒီနောက် ရေနံဆီအနည်းငယ်လောင်းကာ တထွာလောက်ရှိတဲ့ အဝတ်စကို မီးရှို့ကာ
မီးသဂြိုလ်စက်အတွင်းထည့်သွင်းကာ တံခါးကို ဖြေးဖြေးချင်း
ကြပ်အောင်ပိတ်လိုက်ပါတယ်။
“အရင်က ကျမအမျိုးသားလုပ်တာ သူရှိတုန်းကဆိုရင် ကျမတို့ သားအမိတွေကို
အိမ်ပြင်တောင်မထွက်ခိုင်းဘူး သူတယောက် တည်းပဲ လုပ်တာ”လို့ မကြည်ကြည်ဝင်းက
ပြောပါတယ်
သူအမျိုးသားကွယ်လွန်ပြီးတာငါးနှစ်ရှိပြီးဖြစ်ပြီး
အမျိုးသမီးတစ်ဦးဖြစ်ပေမယ့် သုဘရာဇာလုပ်ငန်းကို လုပ်ကိုင်နေတာဟာ ၇
နှစ်ခန့်ရှိနေပြီဖြစ်ပါတယ်။ သူတို့မိသားစု ဟာ သုသာန်ထဲက တဲသာသာ
အိမ်လေးမှာ နေထိုင်ကြတာပါ။
သူတို့မိသားစုနေထိုင်တဲ့ သုသာန်ဟာ ပခုက္ကူမြို့လယ်ရှိ ဆေးရုံကနေ
သုံးမိုင်အကွာအဝေးမှာတည်ရှိတာကြောင့် သုံးမိုင် ကုန်းသုသာန်လို့
လူသိများပါတယ်။ ပခုက္ကူကနေ မြိုင်ကိုသွားတဲ့ ကားလမ်းဘေးမှာရှိပါတယ်။
သုဘရာဇာမျိုးရိုး
မကြည်ကြည်ဝင်းဟာ ရေစကြိုမြို့သူ ဖြစ်ပြီး လယ်ပိုင် ယာပိုင်
အလယ်အလတ်တန်းစားမိသားစုကမွေးဖွားလာသူပါ။ သူရဲ့ အမျိုးသား ဟာ ရေစကြိုမြို့
ဆန်ပွဲရုံမှာ အလုပ်လုပ်ရင်းတွေ့ဆုံခဲ့တဲ့နောက် ပခုက္ကူကိုရွေ
့ပြောင်းလာခဲ့ပါတယ်။
“ကျမပခုက္ကူစရောက်တော့ အမျိုးသားက သူအိမ်မှာ မထားဘူး သူရဲ့
သူငယ်ချင်းတွေအိမ်မှာ လည့်ပတ်ပြီးထားခဲ့တာ ကျမ အဲဒီလို
တနှစ်နီးပါးလောက်နေခဲ့ရတယ်”လို့ သူက ပြောပါတယ်။
သူအမျိုးသားရဲ့ဖခင်ရဲ့အသက်မွေးဝမ်းကျောင်းလုပ်ငန်းနဲ့ပတ်သတ်လို့ဖုံးကွယ်ထားခံရပြီး
ဘေးပတ်ဝင်းကျင်က လူတွေ ပြောမှ အဖြစ်မှန်ကို
မကြည်ကြည်ဝင်းသိခဲ့ရပါတယ်။သူအမျိုးသားရဲ့ ဖခင်ဟာ လူတကာက ရှောင်ဖယ်ကျတဲ့
မင်္ဂလာမရှိဘူးလို့နှာခေါင်းရူံ့ကျတဲ့ သုဘရာဇာအလုပ် ကိုလုပ်ကိုင်သူပါ။
“အရင်က သူတို့ဒီလုပ်ငန်းလုပ်ကြတာ ကျမမသိဘူး သားကြီးကိုယ်ဝန်ရှိတဲ့
အချိန်မှာ ကျမစသိခဲ့တယ် ဘာပဲဖြစ်ဖြစ် ရောက်ရာဘဝမှာ ကျရာ အလုပ်ကို
လုပ်ကိုင်မယ်ဆိုတဲ့ စိတ်နဲ့ လုပ်ခဲ့တယ် ဒီအလုပ်ကလည်းရိုးရိုးသားသား
ရှာဖွေစား သောက်တဲ့ သမာအာဇီဝအလုပ်ပဲလို့ ဖြေသိမ့်နိုင်ခဲ့တယ်”လို့ သူက
ဆိုပါတယ်။
သူဘယ်လိုပဲဖြေသိမ့်ပါစေ မကြည်ကြည်ဝင်းရဲ့ အိမ်ထောင်သည်ဘ၀ဟာ မျက်ရည်တွေနဲ့
ခက်ခဲကြမ်းတမ်းခဲ့ပါတယ်။ လက်ထပ်ပြီးမကြာခင်မှာပဲ ယောက်ကျားဖြစ်သူက
အရက်သေစာကိုအလွန် အကျွံသောက်သူအဖြစ်ပြောင်းလဲသွားပါတယ်။
“ကျမတို့ဟာ ပုံမှန်ဆိုရင်တော့ မလုပ်ဖြစ်လောက်ဘူး ယောက္ခမနဲ့ ပတ်သက်တဲ့
ပုဂိုလ်ရေးခံစားချက်တွေကြောင့်ပါ ကျမက အမေမရှိတော့ ယောက္ခမကို အမေလို
သဘောထားခဲ့တာပါ ဒါပေမယ့် ယောက္ခမရဲ့ သွေးထိုးမှုကြောင့် ကျမဟာ ယောကျာင်္း
ရိုက်နှက်မှုကို အမြဲခံစားရတယ်”လို့ သူက စီးကျလာတဲ့ မျက်ရည်တွေကို လက်နဲ့
သုတ်ရင်းပြောပါတယ်။
သူများအိမ်ဝိုင်းထဲမှာ ကုတင်တလုံးစာနေရာလေးမှာ မိုးမလုံတဲ့ နေရာလေးမှာ
သားသမီးတွေနဲ့ မကြည်ကြည်ဝင်းနေခဲ့ရပါတယ်။
ယောက်ကျားဖြစ်သူကတော့သူကမိဘအိမ်မှာပဲနေထိုင်ပြီးသူတို့မိသားစုရဲ့
အိမ်ကိုမပြန်တာများပါတယ်။
“ကျမတို့ ထမင်းမစားပဲနေခဲ့ရတဲ့ ရက်တွေက အများကြီးပါ။ ရပ်ကွက်တွေထဲက
အိမ်တွေမှာ ကျမတို့ ဝမ်းစာနဲ့ ကလေးတွေကို ကျောင်းထားဖို့
စရိတ်ပဲပေးပါဆိုပြီးအဝတ်လျှော်တယ် သားသမီး တွေကို ကျမရှာကျွေးတယ်
ကျောင်းထား ပေးတယ်”လို့ မျက်လုံးတွေနီလာပြီး မျက်ရည်မကျအောင်ထိန်း ကာ
မကြည်ကြည် ဝင်းက ပြောပါတယ်။
၂၀၀၃ ခုနှစ်စပြီး အိမ်တကာမှာ အဝတ်လိုက်လျောက်ကာ
ကိုယ့်ဝမ်းကိုယ်ကျောင်းခဲ့ပါတယ်။၂၀၀၇ ခုနှစ်မှာ
မကြည်ကြည်ဝင်းတို့မိသားစုဟာ ယောက္ခ တွေဆီကနေ သုဘရာဇာအလုပ်ကို
လွဲပြောင်းရယူပြီး လုပ်ကိုင်ခဲ့ပါတယ်။
“တခါတလေ သူစိတ်ကောင်းဝင်ချိန်မှာတော့ သားသမီးတွေက ပညာသင်နေတော့
ဒီလုပ်ငန်းလုပ်တယ်ဆိုရင် သူများ တွေနှိမ့်ချမှာစိုးလို့ အသုဘချလာရင်
အကုန်လုံးကို အပြင်မထွက်ခိုင်းဘူး သူက ယောကျာင်္းဘာမှ
မဖြစ်ဘူးဆိုတာမျိုးလညှ်းရှိ တတ်တယ်”လို့ သူက ပြောပါတယ်။
မကြည်ကြည်ဝင်းမှာသားသမီး ၆ ဦးရှိပြီး သားအကြီးနှစ်ဦးက အိမ်ထောင်ကျပြီး
သူတို့မိသားစုနဲ့သူဖြစ်သွားပါပြီ။ သူဟာ ၉ တန်း၊ ငါးတန်း၊
လေးတန်း၊သူငယ်တန်းတက်နေတဲ့သားသမီး ၄ ဦးကို
ဒီလုပ်ငန်းနဲ့ကျောင်းထားပေးနေရပါတယ်။
ဖခင်တယောက်ရဲ့ တာဝန်ကို ယောကျာင်္းဖြစ်သူက မကျေပွန်ခဲ့ပေမယ့် မိခင်ဖြစ်တဲ့
မကြည်ကြည်ဝင်းကတော့ သားသမီးတွေကို သူလိုဘဝမျိုးကနေ
ရုန်းထွက်နိုင်ဖို့အတွက် ပညာရေးကို
အလေးထားသင်ပေးလိုပါတယ်။မကြည်ကြည်ဝင်းဟာ လေးတန်းအထိသာ
ကျောင်းတက်ခဲ့ရသူပါ။သားသမီးတွေကလည်း
သူတို့တို့ကျောင်းထားထမင်းကျွှေးခဲ့တဲ့သည် လုပ်ငန်းနဲ့ ပတ်သက်ပြီး
နားလည်မှုရှိသူတွေပါ။
“ကျမကလေးတွေက ပညာတတ်စေချင်တယ် ကျမလိုဖြစ်မှာကို စိတ်ပူတယ်
ကျမဒီလုပ်ငန်းလုပ်လို့ အမျိုးတွေက မဆက်သွယ်လည်း ကျမဂရုမစိုက်ဘူး ဒါပေမယ့်
သူတို့တွေက ခေါ်ပါတယ် ကျမက သူတို့ဂုဏ်သိက္ခာကို ကြည့်ပြီးတော့
အဆက်အသွယ်မလုပ်ဘူး သူတို့ကတော့ လာပါတယ် ကျမကသာ မသွားတာပါ” လို့
သူကပြောပါတယ်။
စောင့်ရှောက်မှုပေးတာ
သုံးမိုင်ကုန်းသုသာန်မှာ ဗုဒ္ဒဘာသာဝင၊်အစ္စလာမ် ဘာသာဝင်၊ခရစ်ယာန်ဘာသာဝင်၊
တရုတ်လူမျိုး တွေ အတွက်လည်း သုသာန်မြေနေရာ သီးခြားသတ်မှတ်ပေးထားပါတယ်။
ပခုက္ကူမြို့ပေါ်မှာ ရပ်ကွက် ၁၅ ခုရှိပြီး သုသာန်ကတော့ တခုပဲ ရှိပါတယ်။
သူ့ယောက်ကျားကိုလည်း ဒီသုသာန်ရဲ့ ဘယ်ဘက်ခြမ်းမှာရှိတဲ့
ဇီးပင်လေးအောင်မှာသူမြုတ်နှံခဲ့ပါတယ်။
“ကျမ သားအငယ်လေး ကိုယ်ဝန်ကြီး နေ့စေ့လစေ့မွေးဖို့ ခုနှစ်ရက်ပဲအလိုမှာ
ကျမအမျိုးသားက ဓားနဲ့ လိုက်ထိုးလို့ ဒီမီးသဂြိုလ်စက်ကြီးထဲမှာ
ပတ်ပြေးခဲ့ရတယ် နောက်ဆုံးတံခါးပေါက်နားမှာ ထိုးမိဖို့
တထွာလောက်ပဲလိုတော့တဲ့ အချိန်ကျမှ တံခါးတွေက အလိုလိုပိတ် သွားပြီး
အသက်ဘေးက လွတ်ခဲ့တာ ဒီနေရာမှာနေတဲ့ သူတွေက ကျမကိုစောင့်ရှောက် ပေးတယ်
ထင်တယ်”လို့ သူဟာ အတိတ်ကို ပြောရင်းမျက်ရည်တွေစီးကျလာပါတယ်။
မကြည်ကြည်ဝင်းဟာ သုသာန်အတွင်း ဇရပ်ရဲ့ခေါင်းရင်းဘက်မှာရှိတဲ့ စေတီမှာ
မနက်ပိုင်းစောစော ပန်း၊ရေချမ်း၊ ဆီမီးကပ် လှူပူဇော်တာတွေလုပ်ပါတယ်။
သုသာန်အတွင်းမှာ တမာပင်၊ ကုက္ကိုပင်၊ မဲဇလီပင်တွေအများအပြားရှိပေမယ့်
မြေပြင်မှာတော့ သစ်ရွက် သစ်ကိုင်းမရှိဘဲ သန့်ရှင်းသပ်ရပ်နေပါတယ်။
အဲဒီသုသာန်ထဲ မီးသဂြိုလ်စက် နှစ်လုံးရှိပါတယ်။ တလုံးက
စည်ပင်သာယာရေးဝန်ကြီးဌာနပိုင်ဖြစ်ပြီး တခုက နာရေးကူ ညီမှုအသင်း (ရန်ကုန်)က
လှူဒါန်းထားတာဖြစ်ပါတယ်။
“နှစ်စဉ် အကျွတ်အလွတ်ပွဲ လုပ်ပေးတယ် ဒီနှစ်မလုပ်တော့ဘူးလို့ စိတ်ထဲမှာ
တွေးနေတာ သူတို့ လုပ်ပေးဖို့ အိမ်မက်ထဲကနေ လာပြောကြတယ် မြေပုံတွေထဲက
ထလာပြီး ပြောကြတာ၊အရင်က မီးသဂြိုလ်စက်အတွင်းမှာ ရေသန့်ဗူးတွေလွတ်ကျသံတွေ၊
သံလုံးတွေလွတ်ချတာတွေကြုံတွေ့ရတယ်”လို့ သူကပြောပါတယ်။
သူက “တခြားသူတွေကတော့ ကြောက်မှာတော့ ကျမအတွက်တော့ မကြောက်တတ်တော့ဘူး
တခါတလေ အိမ်မက်ထဲမှာ အမျိုးသမီးကြီးတွေက ထလာပြီး ဆံပင်တွေမှာ
သဲတွေပေနေလို့ ခေါင်းဖီးပေးပါ၊ ခေါင်းလျော်ပေးပါ၊ ဆံထုံးလေး ထုံးပေးပါ
ဆိုတာမျိုးပြောတတ်တယ် တခါတလေကျတော့ အမျှဝေပေးဖို့ သားသမီးတွေကို
ပြောပေးခိုင်းတာမျိုးလည်း ကြုံရတယ်”လို့ပြောပါတယ်။
မကြည်ကြည်ဝင်းဟာ သုဘရာဇာအလုပ်ကို တလ ကျပ် ၁၅၀၀၀ ရကတည်းက
လုပ်ကိုင်ခဲ့တာဖြစ်ပြီး အခုဆိုရင် ကျပ် တသိန်းနှစ်
သောင်းကျပ်ရရှိနေပါပြီ။ အဲဒီငွေဟာ လူများတဲ့ သူတို့မိသားစုအတွက်တော့
လောက်ငတဲ့ဝင်ငွေတော့ မဟုတ်ပါဘူး။
ဒီအလုပ်ပဲ မက်မောတယ်
မကြည်ကြည်ဝင်းဟာ သူအမျိုးသားဆုံးပြီးတဲံ့ နောက်ပိုင်းမှာ
သုဘရာဇာလုပ်ငန်းကို လုပ်ကိုင်ဖို့ သူရဲ့ နံမည်နဲ့ စည်ပင်သာ
ယာရေးဝန်ကြီးဌာနကို စာတင်ခဲ့ပေမယ့် အမျိုးသမီးဖြစ်တဲ့ အတွက် အချိန်ကြာတဲ့
အလုပ်လုပ်ကိုင်ခွင့်ကျမလာခဲ့တာကြောင့် နောက်ဆုံး သားအကြီးဆုံးနံမည်နဲ့
လုပ်ကိုင်ခဲ့ရပါတယ်။
“ကျမအမျိုးသားဆုံးပြီးနောက်ပိုင်းမှာ ကျမပိုပြီးတော့ ဒီလုပ်ငန်းကို
လုပ်ဖြစ်တယ် မိသားစုစားဝတ်နေရေးအတွက်လည်းပါတယ် ကျန်တဲ့ လုပ်ငန်းတွေလည်း
ကျမမလုပ်တတ်ဘူး” လို့ သူကပြောပါတယ်။
မြန်မာနိုင်ငံဟာ သုဘရာဇာအလုပ်ကို အမျိုးသားအများစုက
လုပ်ကိုင်ကြတာဖြစ်ပြီး အမျိုးသမီး သုဘရာဇာကတော့ မကြားဘူးသေးပါဘူး။
အခုတော့ မကြည်ကြည်ဝင်းဟာ အမျိုးသမီး သုဘရာဇာတဦးဖြစ် နာရေးကူညီမှုအသင်း
စတင်တည် ထောင်သူ ဦးကျော်သူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာတင်ပြီး ပရိသတ်ကို
ပြောခဲ့ပါတယ်။
နာမည်ကျော် မင်းသားကြီး မာလွန်ဘရန်ဒိုဟာ ကမ္ဘာ့ရုပ်ရှင်လောကကို
စွန့်ခွာခဲ့ပြီး ၁၉၈၀-၁၉၉၀ အတွင်းမှာ အရေးပေါ်လူနာတင်ယာဉ်တွေ၊
အသုဘသင်္ဂြိုလ်ခြင်းတွေကို လုပ်ကိုင်ပေးခဲ့သလို မြန်မာနိုင်ငံက
ရုပ်ရှင်မင်းသားကြီး ဦးကျော်သူ ဟာလည်း အလားတူလုပ်ငန်းတွေကို
လုပ်ကိုင်နေပါတယ်။
အစောပိုင်းကာလတွေက သုဘရာဇာလုပ်ငန်းလုပ်ကိုင်သူတွေအပေါ်မှာ
နိမ့်ချဆက်ဆံမှုတွေ၊ မသတီစရာလူတွေအဖြစ် သတ်မှတ်ထားပြီးငွေကြေးကျပ်တည်းတဲ့
ပြည်သူတွေအများစုရဲ့ အားကိုးမှုကို ရရှိပြီးနောက် အခုနောက်ပိုင်းမှာတော့
ပရဟိတ လုပ်ငန်းအသွင်အဖြစ်လူတွေက အမြင်ပြောင်းလဲလာကြပါပြီ။
“ဝတဲ့သူတွေပါလာမျိုးဆိုရင် နာရေးကူညီမှုအသင်းတွေကပါ
ဝိုင်းဝန်းပြီးကူညီလုပ်ကိုင်ပေးတယ် ကျမဒီအလုပ်နဲ့ ပတ်သက်ပြီး
စိတ်ဓာတ်ကျတာမျိုးမဖြစ်ဘူး မိသားစုကိစ္စတွေကြောင့်ပဲ
ကျမစိတ်အနှောင့်အယှက်ဖြစ်ရတာပါ ဒီလုပ်ငန်းနဲ့ ပတ်သက်ပြီးရွံ့ ရှာတာ
ကြောက်တာတော့ မဖြစ်ဘူး ဒီလုပ်ငန်းကို ကုသိုလ်ရတယ်လို့ ကျမထင်တယ် တခါတလေ
အမျိုးသားဖြစ်ဖြစ် အမျိုး သမီးဖြစ်ဖြစ် မီးသဂြိုလ်စက်ထဲ ထိုးထည့်တဲ့ အခါ
အဆင်မပြေလို့ ကျော်ဝင်ရတာမျိုးဖြစ်ရင် ကန်တော့ တောင်းပန်ပြီးတော့ဝင် တယ်”
လို့သူက ရှင်းပြပါတယ်။
အလောင်းတခုအတွက် မြေတွင်းတူးခဟာ ၂၅၀၀ ကျပ်ဖြစ်ပြီး လူငှားမရတဲ့ အခါမှာ
မကြည်ကြည်ဝင်းဟာ ကိုယ်တိုင် မြေတွင်း တူးတာလည်း လုပ်ကိုင်ပါတယ်။
“မှုခင်းတွေဖြစ်တဲ့ အခါ ကျမကို လာပြီး အလောင်းတွေဖော်ပေးဖို့
ပိုက်ဆံပေးပါ့မယ်လို့ တာဝန်ရှိသူတွေ ကလာခေါ် တာလုပ် တယ် အဲဒီလို
အလုပ်ကိုတော့ ကျမလုပ်မလုပ်ဘူးလို့ ငြင်းတယ် ကျမဆီကို
ပိုက်ဆံမရှိဘူးလာပြောရင် ကျမကိုယ်တိုင် တွင်း တူးပြီး အလကားချပေးတယ်
အခုနာရေးကူညီမှု အသင်းတွေပေါ်လာလို့ တွင်းတူးခ ၂၅၀၀ ကျပ်ကို အပြည့်ရတာ
အရင်က အဲဒီလိုမရဘူး”လို့ သူက ရှင်းပြပါတယ်။
ချောက်ရေနံမြေပေါက်ကွဲဖြစ်စဉ်က တနေ့ကို အလောင်းပေါင်း ၂၀ ခန့်ကို ၁၀
ရက်ကျော်လူအထပ်လိုက်မီးသဂြိုလ်ပေးရတာ၊ ပခုက္ကူရေဘေးမှာလည်း အလောင်းတွေ့ရင်
တွေ့သလို လုပ်ကိုင်ပေးရတာတွေဟာ သူဘဝအတွက် မမေ့နိုင်တဲ့ သံဝေ ဂရစေ တယ်လို့
သူက ဆိုပါတယ်။
ပခုက္ကူ သုံးမိုင်ကုန်းသုသာန်မှာ တလကို အလောင်းပေါင်း ၆၀ ကျော်ကို
မြေမြုပ်တာ၊ မီးသဂြိုလ်တာ လုပ်ဆောင်ရပြီး အပူရှိန်ပူပြင်းတဲ့ကာလဆိုရင်
တနေ့ကို ရှစ်လောင်းခန့် သဂြိုလ်ရတယ်လို့ဆိုပါတယ်။
မကြည်ကြည်ဝင်းရဲ့ ငါးတန်းတက်နေတဲ့ သားဟာကျောင်းစာကို
စိတ်ဝင်စားမှုအားနည်းပြီး သုဘရာဇာလုပ်ငန်းကို စိတ်ဝင်စားမှုနေပါတယ်။သူဟာ
ခုနှစ်တာအတွင်း လူအလောင်းပေါင်း
ငါးသောင်းကျော်ကိုမြုတ်နှံသဂြိုလ်ပေးခဲ့ပြီးပါပြီ။
“ဒီလုပ်ငန်းတွေကို ဆက်လုပ်ဖြစ်နေတာကလည်း ကျမယောကျာင်္းရဲ့
လုပ်ငန်းလည်းဖြစ်တယ် ကျမယောကျာင်္းခေါင်းချခဲ့ နေရာလည်းဖြစ်တဲ့ အတွက်
ဒီနေရာမှာ ကျမဆက်နေချင်တယ် ကျမရေစကြိုကို ပြန်ပြီးအမွေရထားတဲ့
နေရာမှာလည်း ပြန်လုပ်လို့ရတာပဲ ဒါပေမယ့် ကျမအဲဒါတွေကို
ဒီလုပ်ငန်းလောက်မမက်ဘူး” လို့ပြောလိုက်ကာသူ့ရဲ့ညိုးငယ်နေတဲ့အကြည့်က
သူယောကျာင်္းကို မြုပ်ထားတဲ့ ဇီးပင်လေးဆီကိုရောက်သွားပါတယ်။

author/photo မေစုကြည်

(နိုဝင်ဘာ ၂၄ ရက်နေ့ ထုတ်ကုမုဒြာဂျာနယ်မှ)
Kumudra
.....................
အမိုးသမီး သုဘရာဇာ…………..

ရန္ကုန် နိုဝင္ဘာ ၂၂ - အနီရောင္ကနုတ္ပန်းကတ္တီပါစောင္နဲ့ ပတ္ထားတဲ့ အသက်
၉၀ ကော််အရြယ် အဘြားအိုရဲ့ ရုပ္ကလာဒ္ကို လက်နွစ္ဖက္ကေန သေခ်ာစုကိုင္ကာ
ထင်းတျြေဖန့်ခင်းထားတဲ့မီးသဂြိုလ္စက်အတြင်းကိုထည့်ဖို့ အသက် ၄၀ အရြယ်
အမိုး သမီးတဦးနဲ့ အမိုးသား ၄ ဦးတို့ ကြိုးစားနေကြပါတယ်။
“က်မအထဲဝင်ပြီး ဆြဲယူလိုက္မယ်”လို့ အသက် ၄၀ ဝန်းက်င် မကြည်ကြည်ဝင်းက
ျေပာရင်း မီးသဂြိုလ္စက်အတြင်းကို အေလာင်းဘေးကေန
ခက္ခက္ခဲခဲခါးကိုင်းကာဝင်ြသားပါတယ်။
တျခားအမိုးသားတြေက တားဆီးပေမယ့်လည်း သူကမမူပါဘူး။မီးသဂြိုလ္စက်အတြင်းကေန
အ လောင်းရဲ့ ဦးခေါင်းပိုင်းကိုျေဖျးေဖးမရင်း
သူစိတ်ကြိုက်ေအနအထာျးဖစ်အောင် သုံးမီနစ္ခန့်ျပင္ဆင်ပြီျးပန္ဆင်းလာပါတယ်။
အဲဒီနောက် ရေနံဆီအနည်းငယ်လောင်းကာ တထြာလောက်ရွိတဲ့ အဝတ္စကို မီးရှို့ကာ
မီးသဂြိုလ္စက်အတြင်းထည့်သြင်းကာ တံခါးကိုျေဖျးေဖးခ်င်း
ကြပ်အောင္ပိတ္လိုက္ပါတယ်။
“အရင္က က်မအမိုးသားလုပ္တာ သူရွိတုန်းကဆိုရင် က်မတို့ သားအမိတြေကို
အိမ်ျပင်တောင္မထြက္ခိုင်းဘူး သူတေယာက် တည်းပဲ လုပ္တာ”လို့ မကြည်ကြည်ဝင်းက
ျေပာပါတယ်
သူအမိုးသားကြယ္လြန်ျပီးတာငါးနွစ်ရျွိပီျးဖစ်ျပီး
အမိုးသမီးတစ်ဦျးဖစ်ပေမယ့် သုဘရာဇာလုပ်ငန်းကို လုပ္ကိုင်နေတာဟာ ၇
နွစ္ခန့်ရွိနေပျြီဖစ္ပါတယ်။ သူတို့မိသားစု ဟာ သုသာန္ထဲက တဲသာသာ
အိမ်လေးမွာ နေထိုင်ကြတာပါ။
သူတို့မိသားစုနေထိုင္တဲ့ သုသာန်ဟာ ပခုက္ကူမြို့လယ်ရွိ ဆေးရုံကေန
သုံးမိုင်အကြာအေဝးမွာတည်ရွိတာကြောင့် သုံးမိုင် ကုန်းသုသာန္လို့
လူသိမ်ားပါတယ်။ ပခုက္ကူကေန မြိုင္ကိုသြားတဲ့ ကားလမ်းဘေးမွာရွိပါတယ်။
သုဘရာဇာမိုးရိုး
မကြည်ကြည်ဝင်းဟာ ရေစကြိုမြို့သျူဖစ်ပြီး လယ္ပိုင် ယာပိုင်
အလယ်အလတ္တန်းစားမိသားစုကေမြးဖြားလာသူပါ။ သူရဲ့ အမိုးသား ဟာ ရေစကြိုမြို့
ဆန္ပြဲရုံမွာ အလုပ္လုပ်ရင်းတြေ့ဆုံခဲ့တဲ့နောက် ပခုက္ကူကိုရြေ
့ျေပာင်းလာခဲ့ပါတယ်။
“က်မပခုက္ကူစေရာက်တော့ အမိုးသားက သူအိမ္မွာ မထားဘူး သူရဲ့
သူငယ္ခ်င်းတြေအိမ္မွာ လည့်ပတ်ပြီးထားခဲ့တာ က်မ အဲဒီလို
တနွစ္နီးပါးလောက်နေခဲ့ရတယ်”လို့ သူကျေပာပါတယ်။
သူအမိုးသားရဲ့ဖခင်ရဲ့အသက်မြေးဝမ်းကော်င်းလုပ်ငန်းနဲ့ပတ်သတ္လို့ဖုံးကြယ္ထားခံရျပီး
ဘေးပတ်ဝင်းက်င္က လူတြေျေပာမွ အျဖစ္မွန္ကို
မကြည်ကြည်ဝင်းသိခဲ့ရပါတယ်။သူအမိုးသားရဲ့ ဖခင်ဟာ လူတကာက ရွောင္ဖယ္က်တဲ့
မဂင်္လာမရွိဘူးလို့နွာခေါင်းရူံ့က်တဲ့ သုဘရာဇာအလုပ် ကိုလုပ္ကိုင်သူပါ။
“အရင္က သူတို့ဒီလုပ်ငန်းလုပ်ကြတာ က်မမသိဘူး သားကြီးကိုယ်ဝန်ရွိတဲ့
အခိန္မွာ က်မစသိခဲ့တယ် ဘာပျဲဖစ်ျဖစ် ရောက်ရာဘဝမွာ က်ရာ အလုပ္ကို
လုပ္ကိုင္မယ္ဆိုတဲ့ စိတ္နဲ့ လုပ္ခဲ့တယ် ဒီအလုပ္ကလည်းရိုးရိုးသားသား
ရွာဖြေစား သောက္တဲ့ သမာအာဇီဝအလုပ္ပဲလို့ျေဖသိမ့်နိုင္ခဲ့တယ်”လို့ သူက
ဆိုပါတယ်။
သူဘယ္လိုပျဲေဖသိမ့်ပါစေ မကြည်ကြည်ဝင်းရဲ့ အိမ်ထောင်သည္ဘ၀ဟာ မ်က်ရည်တြေနဲ့
ခက္ခဲကြမ်းတမ်းခဲ့ပါတယ်။ လက္ထပ်ျပီးမကြာခင္မွာပဲ ယောက္က်ာျးဖစ်သူက
အရက်သေစာကိုအလြန် အက်ြံသောက်သူအျဖစ်ျေပာင်းလဲသြားပါတယ်။
“က်မတို့ဟာ ပုံမွန္ဆိုရင်တော့ မလုပ်ျဖစ်လောက္ဘူး ယောက္ခမနဲ့ ပတ်သက္တဲ့
ပုဂိုလ်ရေးခံစားခ်က်တြေကြာင့်ပါ က်မက အေမမရွိတော့ ယောက္ခမကို အေမလို
သေဘာထားခဲ့တာပါ ဒါပေမယ့် ယောက္ခမရဲ့ သြေးထိုးမှုကြောင့် က်မဟာ ယောက်ာင်္း
ရိုက်နွက္မှုကို အမြဲခံစားရတယ်”လို့ သူက စီးက်လာတဲ့ မ်က်ရည်တြေကို လက္နဲ့
သုတ်ရင်ျးေပာပါတယ်။
သူမ်ားအိမ်ဝိုင်းထဲမွာ ကုတင္တလုံးစာနေရာလေးမွာ မိုးမလုံတဲ့ နေရာလေးမွာ
သားသမီးတြေနဲ့ မကြည်ကြည်ဝင်းနေခဲ့ရပါတယ်။
ယောက္က်ာျးဖစ်သူကေတာ့သူကမိဘအိမ္မွာပဲနေထိုင်ျပီးသူတို့မိသားစုရဲ့
အိမ္ကိုမျပန္တာမ်ားပါတယ်။
“က်မတို့ ထမင်းမစားပဲနေခဲ့ရတဲ့ ရက်တြေက အမ်ားကြီးပါ။ ရပ္ကြက်တြေထဲက
အိမ်တြေမွာ က်မတို့ ဝမ်းစာနဲ့ ကေလးတြေကို ကော်င်းထားဖို့
စရိတ္ပဲပေးပါဆိုပြီးအဝတ်လွေ်္တာယ် သားသမီး တြေကို က်မရွာကျြေးတယ်
ကော်င်းထား ပေးတယ်”လို့ မ်က္လုံးတြေနီလာပြီး မ်က်ရည္မက်အောင္ထိန်း ကာ
မကြည်ကြည် ဝင်းကျေပာပါတယ်။
၂၀၀၃ ခုနွစ္စပြီး အိမ္တကာမွာ အဝတ္လိုက်လော်က္ကာ
ကိုယ့်ဝမ်းကိုယ်ကော်င်းခဲ့ပါတယ်။၂၀၀၇ ခုနွစ္မွာ
မကြည်ကြည်ဝင်းတို့မိသားစုဟာ ယောက္ခ တြေဆီကေန သုဘရာဇာအလုပ္ကို
လြျဲေပာင်းရယူပြီး လုပ္ကိုင္ခဲ့ပါတယ်။
“တခါတေလ သူစိတ်ကောင်းဝင္ခိန္မွာတော့ သားသမီးတြေက ပညာသင်နေတာ့
ဒီလုပ်ငန်းလုပ္တယ္ဆိုရင် သူမ်ား တြေနွိမ့်ခ်မွာစိုးလို့ အသုဘခ်လာရင်
အကုန္လုံးကို အျပင္မထြက္ခိုင်းဘူး သူက ယောက်ာင်္းဘာမွ
မျဖစ္ဘူးဆိုတာမိုးလည်ွးရွိ တတ္တယ်”လို့ သူကျေပာပါတယ်။
မကြည်ကြည်ဝင်းမွာသားသမီး ၆ ဦးရွိပြီး သားအကြီးနွစ်ဦးက အိမ်ထောင္က်ျပီး
သူတို့မိသားစုနဲ့သျူဖစ်ြသားပျါပီ။ သူဟာ ၉ တန်း၊ ငါးတန်း၊
လေးတန်း၊သူငယ္တန်းတက်နေတဲ့သားသမီး ၄ ဦးကို
ဒီလုပ်ငန်းနဲ့ကော်င်းထားပေးနေရပါတယ်။
ဖခင္တေယာက်ရဲ့ တာဝန္ကို ယောက်ာင်္ျးဖစ်သူက မေက်ပြန္ခဲ့ပေမယ့် မိခင်ျဖစ္တဲ့
မကြည်ကြည်ဝင်းကေတာ့ သားသမီးတြေကို သူလိုဘဝမိုးကေန
ရုန်းထြက်နိုင္ဖို့အတြက် ပညာရေးကို
အေလးထားသင်ပေးလိုပါတယ်။မကြည်ကြည်ဝင်းဟာ လေးတန်းအထိသာ
ကော်င်းတက္ခဲ့ရသူပါ။သားသမီးတြေကလည်း
သူတို့တို့ကော်င်းထားထမင်းကျွှေးခဲ့တဲ့သည် လုပ်ငန်းနဲ့ ပတ်သက်ပြီး
နားလည္မွုရွိသူတြေပါ။
“က်မကေလးတြေက ပညာတတ်စေခ်င္တယ် က်မလျိုဖစ္မွာကို စိတ္ပူတယ်
က်မဒီလုပ်ငန်းလုပ္လို့ အမိုးတြေက မဆက်ြသယ္လည်း က်မဂရုမစိုက္ဘူး ဒါပေမယ့်
သူတို့တြေက ခေါ်ပါတယ် က်မက သူတို့ဂုဏ်သိက္ခာကို ကြည့်ပြီးတော့
အဆက်အသြယ္မလုပ္ဘူး သူတို့ကေတာ့ လာပါတယ် က်မကသာ မသြားတာပါ” လို့
သူကျေပာပါတယ်။
စောင့်ရွောက္မှုပေးတာ
သုံးမိုင္ကုန်းသုသာန္မွာ ဗုဒ္ဒဘာသာဝင၊်အစ္စလာမ် ဘာသာဝင်၊ခရစ်ယာန္ဘာသာဝင်၊
တရုတ္လူမိုး တြေ အတြက္လည်း သုသာန်ျေမေနရာ သီျးခားသတ္မွတ်ပေးထားပါတယ်။
ပခုက္ကူမြို့ပေါ်မွာ ရပ္ကြက် ၁၅ ခုရွိပြီး သုသာန္ကေတာ့ တခုပဲ ရွိပါတယ်။
သူ့ယောက္က်ားကိုလည်း ဒီသုသာန်ရဲ့ ဘယ္ဘက်ျခမ်းမွာရွိတဲ့
ဇီးပင်လေးအောင္မွာသျူမုတ်နွံခဲ့ပါတယ်။
“က်မ သားအငယ်လေး ကိုယ်ဝန်ကြီး နေ့စေ့လေစ့မြေးဖို့ ခုနွစ်ရက္ပဲအလိုမွာ
က်မအမိုးသားက ဓားနဲ့ လိုက္ထိုးလို့ ဒီမီးသဂြိုလ္စက်ကြီးထဲမွာ
ပတ်ျေပးခဲ့ရတယ် နောက္ဆုံးတံခါးပေါက္နားမွာ ထိုးမိဖို့
တထြာလောက္ပဲလိုတော့တဲ့ အခိန္က်မွ တံခါးတြေက အလိုလိုပိတ် သြားပြီး
အသက်ဘေးက လြတ္ခဲ့တာ ဒီနေရာမွာနေတဲ့ သူတြေက က်မကိုစောင့်ရွောက် ပေးတယ်
ထင္တယ်”လို့ သူဟာ အတိတ္ကိုျေပာရင်းမ်က်ရည်တြေစီးက်လာပါတယ်။
မကြည်ကြည်ဝင်းဟာ သုသာန်အတြင်း ဇရပ်ရဲ့ခေါင်းရင်းဘက္မွာရွိတဲ့ စေတီမွာ
မနက္ပိုင်းစောစော ပန်း၊ရေခ်မ်း၊ ဆီမီးကပ် လွူပူဇ္တောာတြေလုပ္ပါတယ်။
သုသာန်အတြင်းမွာ တမာပင်၊ ကုက္ကိုပင်၊ မဲဇလီပင်တြေအမ်ားအျပားရွိပေမယ့်
ျေမျပင္မွာတော့ သစ်ြရက် သစ္ကိုင်းမရွိဘဲ သန့်ရွင်းသပ်ရပ်နေပါတယ်။
အဲဒီသုသာန္ထဲ မီးသဂြိုလ္စက် နွစ္လုံးရွိပါတယ်။ တလုံးက
စည္ပင်သာယာရေးဝန်ကြီးဌာနပိုင်ျဖစ်ပြီး တခုက နာရေးကူ ညီမှုအသင်း (ရန္ကုန်)က
လွူဒါန်းထားတျာဖစ္ပါတယ်။
“နွစ္စဉ် အကျတ်ြအလြတ္ပြဲ လုပ်ပေးတယ် ဒီနွစ္မလုပ်တော့ဘူးလို့ စိတ္ထဲမွာ
တြေးနေတာ သူတို့ လုပ်ပေးဖို့ အိမ္မက္ထဲကေန လျာေပာကြတယ်ျေမပုံတြေထဲက
ထလာပြီးျေပာကြတာ၊အရင္က မီးသဂြိုလ္စက်အတြင်းမွာ ရေသန့်ဗူးတြေလြတ္က်သံတြေ၊
သံလုံးတြေလြတ္ခ်တာတြေကြုံတြေ့ရတယ်”လို့ သူကျေပာပါတယ်။
သူက “တျခားသူတြေကေတာ့ ကြောက္မွာတော့ က်မအတြက်တော့ မေကြာက္တတ်တော့ဘူး
တခါတေလ အိမ္မက္ထဲမွာ အမိုးသမီးကြီးတြေက ထလာပြီး ဆံပင်တြေမွာ
သဲတြေပေနလို့ ခေါင်းဖီးပေးပါ၊ ခေါင်းလော််ပေးပါ၊ ဆံထုံးလေး ထုံးပေးပါ
ဆိုတာမိုျးေပာတတ္တယ် တခါတေလက်တော့ အမ်ွဝေပးဖို့ သားသမီးတြေကို
ျေပာပေးခိုင်းတာမိုးလည်း ကြုံရတယ်”လို့ျေပာပါတယ်။
မကြည်ကြည်ဝင်းဟာ သုဘရာဇာအလုပ္ကို တလ က်ပ် ၁၅၀၀၀ ရကတည်းက
လုပ္ကိုင္ခဲ့တျာဖစ်ပြီး အခုဆိုရင် က်ပ် တသိန်းနွစ်
သောင်းက်ပ်ရရွိနေပျါပီ။ အဲဒီငြေဟာ လူမ်ားတဲ့ သူတို့မိသားစုအတြက်တော့
လောက်ငတဲ့ဝင်ငြေတာ့ မဟုတ္ပါဘူး။
ဒီအလုပ္ပဲ မက်မောတယ်
မကြည်ကြည်ဝင်းဟာ သူအမိုးသားဆုံးပြီးတဲံ့ နောက္ပိုင်းမွာ
သုဘရာဇာလုပ်ငန်းကို လုပ္ကိုင္ဖို့ သူရဲ့ နံမည္နဲ့ စည္ပင်သာ
ယာရေးဝန်ကြီးဌာနကို စာတင္ခဲ့ပေမယ့် အမိုးသမီျးဖစ္တဲ့ အတြက် အခိန်ကြာတဲ့
အလုပ္လုပ္ကိုင္ခြင့်က်မလာခဲ့တာကြောင့် နောက္ဆုံး သားအကြီးဆုံးနံမည္နဲ့
လုပ္ကိုင္ခဲ့ရပါတယ်။
“က်မအမိုးသားဆုံးပြီးနောက္ပိုင်းမွာ က်မပိုပြီးတော့ ဒီလုပ်ငန်းကို
လုပ်ျဖစ္တယ် မိသားစုစားဝတ်နေရးအတြက္လည်းပါတယ် က်န္တဲ့ လုပ်ငန်းတြေလည်း
က်မမလုပ္တတ္ဘူး” လို့ သူကျေပာပါတယ်။
ျမန္မာနိုင်ငံဟာ သုဘရာဇာအလုပ္ကို အမိုးသားအမ်ားစုက
လုပ္ကိုင်ကြတျာဖစ်ပြီး အမိုးသမီး သုဘရာဇာကေတာ့ မကြားဘူးသေးပါဘူး။
အခုတော့ မကြည်ကြည်ဝင်းဟာ အမိုးသမီး သုဘရာဇာတဦျးဖစ် နာရေးကူညီမှုအသင်း
စတင္တည် ထောင်သူ ဦးကော််သူရဲ့ လူမှုကြန်ယက္စာမ်က်နွာမွာတင်ျပီး ပရိသတ္ကို
ျေပာခဲ့ပါတယ်။
နာမည်ကော်် မင်းသားကြီး မာလြန္ဘရန္ဒိုဟာ ကမ္ဘာ့ရုပ်ရွင်လောကကို
စြန့်ခြာချဲ့ပီး ၁၉၈၀-၁၉၉၀ အတြင်းမွာ အေရးပေါ်လူနာတင်ယာဉ်တြေ၊
အသုဘသျင်္ဂိုလ်ျခင်းတြေကို လုပ္ကိုင်ပေးခဲ့သလျိုမန္မာနိုင်ငံက
ရုပ်ရွင္မင်းသားကြီး ဦးကော််သူ ဟာလည်း အလားတူလုပ်ငန်းတြေကို
လုပ္ကိုင်နေပါတယ်။
အေစာပိုင်းကာလေတြက သုဘရာဇာလုပ်ငန်းလုပ္ကိုင်သူတြေအေပ်ါမွာ
နိမ့်ခ်ဆက္ဆံမှုတြေ၊ မသတီစရာလူတြေအျဖစ် သတ္မွတ္ထားပြီးငြေကြးက်ပ္တည်းတဲ့
ျပည်သူတြေအမ်ားစုရဲ့ အားကိုးမွုကို ရရျွိပီးနောက် အခုနောက္ပိုင်းမွာတော့
ပရဟိတ လုပ်ငန်းအသြင်အျဖစ္လူတြေက အျမင်ျေပာင်းလဲလာကြပျါပီ။
“ဝတဲ့သူတြေပါလာမိုးဆိုရင် နာရေးကူညီမှုအသင်းတြေကပါ
ဝိုင်းဝန်းပြီးကူညီလုပ္ကိုင်ပေးတယ် က်မဒီအလုပ္နဲ့ ပတ်သက်ပြီး
စိတ္ဓာတ္က်တာမိုးမျဖစ္ဘူး မိသားစုကိစ္စတြေကြာင့်ပဲ
က်မစိတ်ေအနွာင့်အယွက်ျဖစ်ရတာပါ ဒီလုပ်ငန်းနဲ့ ပတ်သက်ပြီးရြံ့ ရွာတာ
ကြောက္တာတော့ မျဖစ္ဘူး ဒီလုပ်ငန်းကို ကုသိုလ်ရတယ္လို့ က်မထင္တယ် တခါတေလ
အမိုးသာျးဖစ်ျဖစ် အမိုး သမီျးဖစ်ျဖစ် မီးသဂြိုလ္စက္ထဲ ထိုးထည့်တဲ့ အခါ
အဆင္မျေပလို့ ကော််ဝင်ရတာမိုျးဖစ်ရင် ကန်တော့ တောင်းပန်ပြီးတော့ဝင် တယ်”
လို့သူက ရွင်ျးပပါတယ်။
အေလာင်းတခုအတြက်ျေမတြင်းတူးခဟာ ၂၅၀၀ က်ပ်ျဖစ်ပြီး လူငွားမရတဲ့ အခါမွာ
မကြည်ကြည်ဝင်းဟာ ကိုယ္တိုင်ျေမတြင်း တူးတာလည်း လုပ္ကိုင္ပါတယ်။
“မှုခင်းတျြေဖစ္တဲ့ အခါ က်မကို လာပြီး အေလာင်းတြေဖ်ာပေးဖို့
ပိုက္ဆံပေးပါ့မယ္လို့ တာဝန်ရွိသူတြေ ကလာခေါ် တာလုပ် တယ် အဲဒီလို
အလုပ္ကိုတော့ က်မလုပ္မလုပ္ဘူးလိျု့ငင်းတယ် က်မဆီကို
ပိုက္ဆံမရွိဘူးလျာေပာရင် က်မကိုယ္တိုင် တြင်း တူးပြီး အလကားခ်ပေးတယ်
အခုနာရေးကူညီမှု အသင်းတြေပ်ါလာလို့ တြင်းတူးခ ၂၅၀၀ က်ပ္ကို အျပည့်ရတာ
အရင္က အဲဒီလိုမရဘူး”လို့ သူက ရွင်ျးပပါတယ်။
ခော်က်ရေနံျေမေပါက္ကျြဲဖစ္စဥ္က တေန့ကို အေလာင်းပေါင်း ၂၀ ခန့်ကို ၁၀
ရက်ကေ်္လာူအထပ္လိုက္မီးသဂြိုလ်ပေးရတာ၊ ပခုက္ကူရေဘးမွာလည်း အေလာင်းတြေ့ရင်
တြေ့သလို လုပ္ကိုင်ပေးရတာတြေဟာ သူဘဝအတြက် မေမ့နိုင္တဲ့ သံဝေ ဂရေစ တယ္လို့
သူက ဆိုပါတယ်။
ပခုက္ကူ သုံးမိုင္ကုန်းသုသာန္မွာ တလကို အေလာင်းပေါင်း ၆၀ ကေ်္ကာို
ျေမျမုပ္တာ၊ မီးသဂြိုလ္တာ လုပ်ဆောင်ရပြီး အပူရွိန္ပျူပင်းတဲ့ကာလဆိုရင်
တေန့ကို ရွစ်လောင်းခန့် သဂြိုလ်ရတယ္လို့ဆိုပါတယ်။
မကြည်ကြည်ဝင်းရဲ့ ငါးတန်းတက်နေတဲ့ သားဟာကော်င်းစာကို
စိတ်ဝင္စားမှုအားနည်းပြီး သုဘရာဇာလုပ်ငန်းကို စိတ်ဝင္စားမှုနေပါတယ်။သူဟာ
ခုနွစ္တာအတြင်း လူအေလာင်းပေါင်း
ငါးသောင်းကေ်္ကျာိုမုတ်နွံသျဂိုလ်ပေးချဲ့ပီးပျါပီ။
“ဒီလုပ်ငန်းတြေကို ဆက္လုပ်ျဖစ်နေတာကလည်း က်မေယာက်ာင်္းရဲ့
လုပ်ငန်းလည်ျးဖစ္တယ် က်မေယာက်ာင်္းခေါင်းခ်ခဲ့ နေရာလည်ျးဖစ္တဲ့ အတြက်
ဒီနေရာမွာ က်မဆက်နေခ်င္တယ် က်မေရစကြိုကျိုပန်ပြီးအေမြရထားတဲ့
နေရာမွာလည်ျးပန္လုပ္လို့ရတာပဲ ဒါပေမယ့် က်မအဲဒါတြေကို
ဒီလုပ်ငန်းလောက္မမက္ဘူး” လို့ျေပာလိုက္ကာသူ့ရဲ့ညိုးငယ်နေတဲ့အကြည့်က
သူယောက်ာင်္းကျိုမုပ္ထားတဲ့ ဇီးပင်လေးဆီကိုရောက်ြသားပါတယ်။

author/photo မေစုကြည်

(နိုဝင္ဘာ ၂၄ ရက်နေ့ ထုတ္ကုမျုဒာဂ်ာနယ္မွ)
Kumudra

No comments:

Post a Comment