Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, November 17, 2015

ေဆးဖက္ဝင္ မာလကာရြက္

ေနအိမ္အမ်ားစုမွာ မာလ ကာပင္ေတြစိုက္ပ်ဳိးထားေလ့ရွိၿပီး အသီးကိုသာအဓိကထားစားသံုး ေလ့ရွိၾကပါတယ္။ သို႔ေသာ္လည္း အမ်ားစုသတိမမူမိတ့ဲအခ်က္က ေတာ့ မာလကာရြက္ရဲ႕အံ့ဖြယ္ ေဆးဖက္ဝင္အစြမ္းသတၱိေတြပဲ ျဖစ္ပါတယ္။

မာလကာရြက္ဟာ သဘာဝ ေဆးဝါးတစ္မ်ဳိးျဖစ္ၿပီး ဓာတ္တိုး ဆန္႔က်င္ဂုဏ္သတၱိ၊ ေရာဂါပိုး မႊားေတြကူးစက္တာကိုကာကြယ္ ႏိုင္တဲ့အစြမ္းသတၱိ၊ ေရာင္ရမ္း တာေတြ၊ နာက်င္တာေတြကို ေပ်ာက္ကင္းေစတဲ့ဂုဏ္သတၱိ ေတြပါဝင္ပါတယ္။ ယေန႔ေခတ္ မွာဆိုရင္ မာလကာရြက္ကေန ေဆးဝါးတို႔၊ မာလကာရြက္လက္ ဖက္ေျခာက္တို႔ပါ ထုတ္လုပ္သံုးစြဲ လာၾကၿပီျဖစ္ပါတယ္။

ကိုယ္အေလးခ်ိန္ေလွ်ာ့ခ် ခ်င္ရင္လည္း မာလကာရြက္က ေထာက္ကူေပးႏိုင္ၿပီး ေသြးတြင္း သၾကားဓာတ္ပမာဏကို ေလွ်ာ့ခ် ေပးႏိုင္တာေၾကာင့္ ဆီးခ်ဳိေရာဂါ အတြက္ပါ ေကာင္းက်ဳိးျပဳပါ တယ္။ မာလကာရြက္လက္ဖက္ ေျခာက္ကို သံုးလေလာက္ ေသာက္ေပးမယ္ဆုိရင္ ခႏၶာကိုယ္ကိုအ က်ဳိးမျပဳတဲ့ ကိုလက္စထေရာေတြ ကိုဖယ္ရွားေပးႏိုင္တယ္လို႔ဆုိပါ တယ္။

ဝမ္းပ်က္ဝမ္းေလွ်ာနဲ႔ ဝမ္း ကိုက္တာေတြျဖစ္ၿပီဆိုရင္လည္း မာလကာရြက္က ေဆးဖက္ဝင္ ျပန္ပါတယ္။ ေနာက္ၿပီး အစာအ ဆိပ္သင့္တာေတြ၊ ေအာ့အန္တာေတြနဲ႔ အစာမေၾကျဖစ္တာေတြကို လည္း သက္သာေပ်ာက္ကင္းေစ ပါတယ္။ ဒါ့အျပင္ ပန္းနာရင္က်ပ္ ေရာဂါအတြက္ဆိုရင္လည္း မာ လကာရြက္နဲ႔ ကုသႏိုင္ပါေသး တယ္။

သြားကိုက္တာ၊ လည္ေခ်ာင္းနာတာနဲ႔ သြားဖံုးေရာဂါေတြဆိုရင္ လည္း မာလကာရြက္လတ္လတ္ ဆတ္ဆတ္ကိုေခ်ၿပီး အရည္ညႇစ္ ပလုတ္က်င္းေပးရင္ေပ်ာက္ကင္း ႏုိင္ပါတယ္။ ဒါေၾကာင့္မို႔ မာလ ကာရြက္ကို သြားတိုက္ေဆးထုတ္ လုပ္ရာမွာထည့္သြင္းၾကပါတယ္။ ခံတြင္းနံ႔သင္းဖုိ႔အတြက္သာမက ခံတြင္းက်န္းမာေရးအတြက္ မာ လကာရြက္ကုိ ႀကိတ္ေျခအႏွစ္ျပဳ လုပ္ၿပီး အိမ္မွာသဘာဝေဆးဝါး အျဖစ္သံုးႏိုင္ပါတယ္။

မာလကာရြက္ကို ေသြးလြန္ တုပ္ေကြးေရာဂါနဲ႔ ပေရာ့စတိတ္ ကင္ဆာေရာဂါကုသဖို႔လည္း အ သံုးျပဳပါတယ္။ ဓာတ္မတည့္လို႔ ယားယံတာ၊ အဖုအပိမ္႔ထြက္တာ ေတြျဖစ္ရင္လည္း မာလကာရြက္ နဲ႔ပြတ္ေပးရင္ သက္သာေပ်ာက္ ကင္းႏိုင္သလို ထိခိုက္ရွနာျဖစ္ရင္ လည္း မာလကာရြက္ကိုႀကိတ္ေျခ ၿပီးအံုေပးရင္ေပ်ာက္ကင္းႏိုင္ပါ တယ္။

အေရျပားအေရာင္မမွန္တာ ေတြ၊ ဝက္ၿခံ၊ ဆားဝက္ၿခံေတြကို လည္း မာလကာရြက္အႏွစ္နဲ႔ သုတ္လိမ္းၿပီး ေပ်ာက္ကင္းေအာင္ျပဳလုပ္ႏုိင္သလို မာလကာရြက္အႏွစ္နဲ႔ ေပါင္းတင္ေပးရင္လည္း အေရျပားတြန္႔တာေတြေပ်ာက္ ကင္းၿပီး တင္းရင္းလွပေစပါ တယ္။ ဒါတင္မကေသးဘဲ မာလ ကာရြက္လက္တစ္ဆုပ္စာကို ေရ တစ္လီတာေလာက္နဲ႔ မိနစ္ ၂၀ ေလာက္ျပဳတ္ၿပီး ေအးသြားတဲ့ အခါ မာလကာရြက္ျပဳတ္ရည္နဲ႔ ဦးေရျပားကိုသုတ္လိမ္းၿပီး ႏွိပ္ နယ္ေပးရင္ ဆံပင္ကြၽတ္တာေတြ ေပ်ာက္ကင္းၿပီး သန္စြမ္းေစပါ တယ္။

Ref: stylecraze

7day daily
......................
ဆေးဖက်ဝင် မာလကာရွက်


နေအိမ်အများစုမှာ မာလ ကာပင်တွေစိုက်ပျိုးထားလေ့ရှိပြီး အသီးကိုသာအဓိကထားစားသုံး လေ့ရှိကြပါတယ်။ သို့သော်လည်း အများစုသတိမမူမိတဲ့အချက်က တော့ မာလကာရွက်ရဲ့အံ့ဖွယ် ဆေးဖက်ဝင်အစွမ်းသတ္တိတွေပဲ ဖြစ်ပါတယ်။

မာလကာရွက်ဟာ သဘာဝ ဆေးဝါးတစ်မျိုးဖြစ်ပြီး ဓာတ်တိုး ဆန့်ကျင်ဂုဏ်သတ္တိ၊ ရောဂါပိုး မွှားတွေကူးစက်တာကိုကာကွယ် နိုင်တဲ့အစွမ်းသတ္တိ၊ ရောင်ရမ်း တာတွေ၊ နာကျင်တာတွေကို ပျောက်ကင်းစေတဲ့ဂုဏ်သတ္တိ တွေပါဝင်ပါတယ်။ ယနေ့ခေတ် မှာဆိုရင် မာလကာရွက်ကနေ ဆေးဝါးတို့၊ မာလကာရွက်လက် ဖက်ခြောက်တို့ပါ ထုတ်လုပ်သုံးစွဲ လာကြပြီဖြစ်ပါတယ်။

ကိုယ်အလေးချိန်လျှော့ချ ချင်ရင်လည်း မာလကာရွက်က ထောက်ကူပေးနိုင်ပြီး သွေးတွင်း သကြားဓာတ်ပမာဏကို လျှော့ချ ပေးနိုင်တာကြောင့် ဆီးချိုရောဂါ အတွက်ပါ ကောင်းကျိုးပြုပါ တယ်။ မာလကာရွက်လက်ဖက် ခြောက်ကို သုံးလလောက် သောက်ပေးမယ်ဆိုရင် ခန္ဓာကိုယ်ကိုအ ကျိုးမပြုတဲ့ ကိုလက်စထရောတွေ ကိုဖယ်ရှားပေးနိုင်တယ်လို့ဆိုပါ တယ်။

ဝမ်းပျက်ဝမ်းလျှောနဲ့ ဝမ်း ကိုက်တာတွေဖြစ်ပြီဆိုရင်လည်း မာလကာရွက်က ဆေးဖက်ဝင် ပြန်ပါတယ်။ နောက်ပြီး အစာအ ဆိပ်သင့်တာတွေ၊ အော့အန်တာတွေနဲ့ အစာမကြေဖြစ်တာတွေကို လည်း သက်သာပျောက်ကင်းစေ ပါတယ်။ ဒါ့အပြင် ပန်းနာရင်ကျပ် ရောဂါအတွက်ဆိုရင်လည်း မာ လကာရွက်နဲ့ ကုသနိုင်ပါသေး တယ်။

သွားကိုက်တာ၊ လည်ချောင်းနာတာနဲ့ သွားဖုံးရောဂါတွေဆိုရင် လည်း မာလကာရွက်လတ်လတ် ဆတ်ဆတ်ကိုချေပြီး အရည်ညှစ် ပလုတ်ကျင်းပေးရင်ပျောက်ကင်း နိုင်ပါတယ်။ ဒါကြောင့်မို့ မာလ ကာရွက်ကို သွားတိုက်ဆေးထုတ် လုပ်ရာမှာထည့်သွင်းကြပါတယ်။ ခံတွင်းနံ့သင်းဖို့အတွက်သာမက ခံတွင်းကျန်းမာရေးအတွက် မာ လကာရွက်ကို ကြိတ်ခြေအနှစ်ပြု လုပ်ပြီး အိမ်မှာသဘာဝဆေးဝါး အဖြစ်သုံးနိုင်ပါတယ်။

မာလကာရွက်ကို သွေးလွန် တုပ်ကွေးရောဂါနဲ့ ပရော့စတိတ် ကင်ဆာရောဂါကုသဖို့လည်း အ သုံးပြုပါတယ်။ ဓာတ်မတည့်လို့ ယားယံတာ၊ အဖုအပိမ့်ထွက်တာ တွေဖြစ်ရင်လည်း မာလကာရွက် နဲ့ပွတ်ပေးရင် သက်သာပျောက် ကင်းနိုင်သလို ထိခိုက်ရှနာဖြစ်ရင် လည်း မာလကာရွက်ကိုကြိတ်ခြေ ပြီးအုံပေးရင်ပျောက်ကင်းနိုင်ပါ တယ်။

အရေပြားအရောင်မမှန်တာ တွေ၊ ဝက်ခြံ၊ ဆားဝက်ခြံတွေကို လည်း မာလကာရွက်အနှစ်နဲ့ သုတ်လိမ်းပြီး ပျောက်ကင်းအောင်ပြုလုပ်နိုင်သလို မာလကာရွက်အနှစ်နဲ့ ပေါင်းတင်ပေးရင်လည်း အရေပြားတွန့်တာတွေပျောက် ကင်းပြီး တင်းရင်းလှပစေပါ တယ်။ ဒါတင်မကသေးဘဲ မာလ ကာရွက်လက်တစ်ဆုပ်စာကို ရေ တစ်လီတာလောက်နဲ့ မိနစ် ၂၀ လောက်ပြုတ်ပြီး အေးသွားတဲ့ အခါ မာလကာရွက်ပြုတ်ရည်နဲ့ ဦးရေပြားကိုသုတ်လိမ်းပြီး နှိပ် နယ်ပေးရင် ဆံပင်ကျွတ်တာတွေ ပျောက်ကင်းပြီး သန်စွမ်းစေပါ တယ်။

Ref: stylecraze

7day daily

No comments:

Post a Comment