အခုအခါမှာတော့ ဆိုရှယ်နက်ဝေါ့ခ်လောကရဲ့ ဘုရင်ဖြစ်တဲ့ Facebook ဟာ အလားတူ စွမ်းဆောင်ရည် မျိုးကို Messenger မှာ ထုတ်ပေးသွားဖို့ ရှိပါတယ်။
( Ye Wint )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref : Mirror
...........
Messenger မှာ ပို ့ပြီး တစ်နာရီအကြာမှာ အလိုအလျောက်ဖျက်ပစ်နိုင်မယ့်ဓာတ်ပုံတွေကို Facebook မိတ်ဆက်သွားမည်
Facebook ဟာ ဒီ စွမ်းဆောင်ရည်အသစ်ကို ပြင်သစ်နိုင်ငံမှာ လက်ရှိစမ်းသပ်လျက်ရှိပြီး တစ်ကမ္ဘာလုံးက အသုံးပြုတွေထံ မကြာမီ ထုတ်ပေးသွားမှာဖြစ်တယ်လို ့သိရပါတယ်။
ဒီ feature ကို လက်ရှိ Snapchat မှာ အသုံးပြုနိုင်ပြီး user တွေအနေနဲ ့အချင်းချင်းပုံပေးပို ့ရာမှာ လက်ခံရရှိသူကို ပုံကို save မလုပ်ထားနိုင်အောင် အလိုအလျောက်ဖျက်ပစ်နိုင်ပါတယ်။
အခုအခါမှာတော့ ဆိုရှယ်နက်ဝေ့ါခ်လောကရဲ့ ဘုရင်ဖြစ်တဲ့ Facebook ဟာ အလားတူ စွမ်းဆောင်ရည် မျိုးကို Messenger မှာ ထုတ်ပေးသွားဖို ့ရှိပါတယ်။
ပြင်သစ်နိုင်ငံက Facebook သုံးစွဲသူတွေဟာ ယခုအခါမှာ ပေးပို ့ပြီး တစ်နာရီကြာပြီးနောက်မှာ အလိုအလျောက်ပျက်သွားမယ့် ဓာတ်ပုံပေးပို ့မှုစွမ်းဆောင်ရည်အသစ်ကို စတင်အသုံးပြုနေနိုင်ပြီ ဖြစ်တယ်လို ့ဆိုပါတယ်။
သူတို ့အနေနဲ ့ပြင်သစ်မှာ ကနဦးအဆင့်အနေနဲ ့ယခု စွမ်းဆောင်ရည်ကို စမ်းသပ်လျက်ရှိတယ်လို ့ Facebook ကလည်း အတည်ပြုပေးခဲ့ပြီး မကြာခင်ရက်ပိုင်းတစ်ခုခုမှာ တစ်ကမ္ဘာလုံးသုံးစွဲနိုင်တော့မှာ ဖြစ်တယ်လို ့ဆိုပါတယ်။
“ ယနေ ့မှစပြီး၊ ပေးပို ့ပြီးနောက် တစ်နာရီအကြာမှာ အလိုအလျောက်ပျက်သွားမယ့် မက်ဆေ့တွေကို ပေးပို ့နိုင်မယ့် feature တစ်ခုကို ပြင်သစ်မှာ အသေးစားစမ်းသပ်မှုလေးတွေ ကျွန်တော်တို ့ပြုလုပ်နေပါတယ်။ ဒီလို အလိုအလျောက်ပျောက်သွားမယ့်မက်ဆေ့တွေ ပို ့နိုင်ခြင်းက Messenger မှာ တစ်ယောက်နဲ ့တစ်ယောက် ဆက်သွယ်ရာမှာ user တွေ ရွေးချယ်အသုံးပြုနိုင်မယ့် ပျော်စရာနည်းလမ်းတစ်ခု ဖြစ်ပါတယ်။ user တွေအနေနဲ ့စမ်းသပ်ပြီးရင် သူတို ့ဆီက တုံ ့ပြန်ချက်တွေ ကြားရဖို ့ကျွန်တော်တို ့မျှော်လင့် ထားပါတယ်။” လို ့Facebook ရဲ့ ပြောရေးဆိုခွင့်ရှိသူအမျိုးသမီးတစ်ဦးက ရေးသားထားပါတယ်။
Facebook ဟာ Snapchat ကို ၂၀၁၃ ခုနှစ်တုန်းက ဒေါ်လာ ၃ ဘီလီယံနဲ ့ဝယ်ယူဖို ့ကြိုးစားခဲ့တယ်လို ့သတင်း ထွက်ခဲ့ဖူးပြီး ဒီကမ်းလှမ်းမှုကို Snapchat ရဲ့ CEO Evan Spiegel က ပယ်ချခဲ့တယ်လို ့ဆိုပါတယ်။
Facebook ဟာ Messenger အတွက် စွမ်းဆောင်ရည်အသစ်အမြောက်အမြားကို နေ ့စဉ်လိုလို အသစ် မိတ်ဆက်ပေးလျက်ရှိပြီး မကြာသေးမီကလည်း ကိုယ့်ဖုန်းကင်မရာထဲက ဓာတ်ပုံတွေအကုန်လုံးကို စကင် ဖတ်နိုင်မယ့် feature အသစ်တစ်ခုကို မိတ်ဆက်ပေးခဲ့သလို spam filter ကိုလည်း ပြောင်းလဲပေးခဲ့ပါတယ်။
( Ye Wint )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref : Mirror
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, November 17, 2015
Reviewed by MP4 YoU
on
November 17, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment