၂၀၁၅ ခုနွစ္ ကမာၻ႔ AIDS ေရာဂါ တိုက္ဖ်က္ေရး ေန႔အတြက္ Getting to Zero ေရာဂါျဖစ္ပြားမႈပေပ်ာက္ၿပီး သုည အမွတ္ေရာက္ေရး ဦးတည္ေဆာင္ရြက္ ခ်က္အရ ဒီေရာဂါေၾကာင့္ ၂၀၀၀ ခုနွစ္ကစၿပီး ကူးစက္မႈ ၃၅% ေလ်ာ့က်လာေအာင္ ေဆာင္ရြက္ခဲ့ၿပီး ၂၀၀၄ ခုနစ္ေရာဂါျဖစ္မႈ အျမင့္ဆုံး အခ်ိန္ကစၾကည့္ရင္ ေရာဂါေၾကာင့္ ေသဆုံးမႈ ၄၂% က်ဆင္းသြားတယ္လို႔ ကုလသမဂၢက ေျပာပါတယ္။
HIV/AIDS ေရာဂါတိုက္ဖ်က္ေရးအတြက္ ေဆာင္ရြက္ခဲ့တဲ့ ခရီး တေလွ်ာက္ ေရာဂါရွိသူေတြရဲ႕ ေသြးထဲက ကူးစက္ပိုးပမာဏေလ်ာ့က်ျပီး တျခား သူေတြကို ေရာဂါမကူးေအာင္ ေဆး၀ါးကုသနိုင္ၿပီး သင့္ေလ်ာ္တဲ့ ေဆးကုသမႈေတြနဲ႔ HIV ေရာဂါရွိသူေတြ သက္တမ္းပိုရွည္ေအာင္ေဆာင္ရြက္ ေပးနိုင္ခဲ့ပါတယ္။
ေန႔စဥ္ ေဆးတလုံးေသာက္ျခင္းအားျဖင့္ HIV ေရာဂါပိုး မရွိေသးသူေတြ ကို ေရာဂါကူးစက္မႈကေန အကာအကြယ္ေပးနို္င္တယ္လို႔ အေမရိကန္ ကူးစက္ေရာဂါထိန္းခ်ဳပ္ေရးဌာနက ေျပာပါတယ္။ ဒီေရာဂါပိုးနဲ႔ ပတ္သက္ၿပီး အခ်ဳိးအေကြ႕တခုျဖစ္ေအင္ေဆာင္ရြက္နိုင္ခဲ့တယ္လို႔ HIV/AIDS ဆိုင္ရာ ေရာဂါသုေတသနလုပ္ငန္းေတြ နွစ္ေပါင္းမ်ားစြာ ေဆာင္ရြက္ခဲ့တဲ့ အမ်ဳိးသား က်န္းမာေရးအဖြဲ႔ NIH က Dr. Anthony Fauci ကေျပာဆိုလိုက္ပါတယ္။
ကမာၻေပၚမွာ HIV ေရာဂါစြဲကပ္ေနသူေပါင္း ၃၇ သန္း ရွိတဲ့အထဲက တနွစ္ကို လူ ၁သန္းေလာက္ေသဆုံးမႈရွိျပီး ၂ သန္းေလာက္ ေရာဂါကူးစက္တဲ့ဒဏ္ ခံစားေန ရေပမဲ့ အာဖရိကေတာင္ပိုင္း သဲကႏၲာရေဒသမွာ ေရာဂါတိုက္ဖ်က္ေရးအတြက္ တိုးတက္ေအာင္ျမင္မႈတြရွိခဲ့ပါတယ္။
ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
...............
AIDS ရောဂါဖြစ်ပွားမှုနဲ့ သေဆုံးမှု လျော့နည်းလာ
၂၀၁၅ ခုနှစ် ကမ္ဘာ့ AIDS ရောဂါ တိုက်ဖျက်ရေး နေ့အတွက် Getting to Zero ရောဂါဖြစ်ပွားမှုပပျောက်ပြီး သုည အမှတ်ရောက်ရေး ဦးတည်ဆောင်ရွက် ချက်အရ ဒီရောဂါကြောင့် ၂၀၀၀ ခုနှစ်ကစပြီး ကူးစက်မှု ၃၅% လျော့ကျလာအောင် ဆောင်ရွက်ခဲ့ပြီး ၂၀၀၄ ခုနစ်ရောဂါဖြစ်မှု အမြင့်ဆုံး အချိန်ကစကြည့်ရင် ရောဂါကြောင့် သေဆုံးမှု ၄၂% ကျဆင်းသွားတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
HIV/AIDS ရောဂါတိုက်ဖျက်ရေးအတွက် ဆောင်ရွက်ခဲ့တဲ့ ခရီး တလျှောက် ရောဂါရှိသူတွေရဲ့ သွေးထဲက ကူးစက်ပိုးပမာဏလျော့ကျပြီး တခြား သူတွေကို ရောဂါမကူးအောင် ဆေးဝါးကုသနိုင်ပြီး သင့်လျော်တဲ့ ဆေးကုသမှုတွေနဲ့ HIV ရောဂါရှိသူတွေ သက်တမ်းပိုရှည်အောင်ဆောင်ရွက် ပေးနိုင်ခဲ့ပါတယ်။
နေ့စဉ် ဆေးတလုံးသောက်ခြင်းအားဖြင့် HIV ရောဂါပိုး မရှိသေးသူတွေ ကို ရောဂါကူးစက်မှုကနေ အကာအကွယ်ပေးနို်င်တယ်လို့ အမေရိကန် ကူးစက်ရောဂါထိန်းချုပ်ရေးဌာနက ပြောပါတယ်။ ဒီရောဂါပိုးနဲ့ ပတ်သက်ပြီး အချိုးအကွေ့တခုဖြစ်အေင်ဆောင်ရွက်နိုင်ခဲ့တယ်လို့ HIV/AIDS ဆိုင်ရာ ရောဂါသုတေသနလုပ်ငန်းတွေ နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့တဲ့ အမျိုးသား ကျန်းမာရေးအဖွဲ့ NIH က Dr. Anthony Fauci ကပြောဆိုလိုက်ပါတယ်။
ကမ္ဘာပေါ်မှာ HIV ရောဂါစွဲကပ်နေသူပေါင်း ၃၇ သန်း ရှိတဲ့အထဲက တနှစ်ကို လူ ၁သန်းလောက်သေဆုံးမှုရှိပြီး ၂ သန်းလောက် ရောဂါကူးစက်တဲ့ဒဏ် ခံစားနေ ရပေမဲ့ အာဖရိကတောင်ပိုင်း သဲကန္တာရဒေသမှာ ရောဂါတိုက်ဖျက်ရေးအတွက် တိုးတက်အောင်မြင်မှုတွရှိခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Sunday, November 29, 2015
AIDS ေရာဂါျဖစ္ပြားမႈနဲ႔ ေသဆံုးမႈ ေလ်ာ့နည္းလာ
AIDS ေရာဂါျဖစ္ပြားမႈနဲ႔ ေသဆံုးမႈ ေလ်ာ့နည္းလာ
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
November 29, 2015
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
November 29, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment