Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, November 29, 2015

Miss Internet ဆုကို ျမန္မာကသုံးႏွစ္ဆက္ရႏုိင္ဖို႔ ပရိသတ္ Vote ေပးဖို႔ ေမွ်ာ္လင့္ေနတဲ့ Lေဘာက္ႏူး



ပိုလန္ႏုိင္ငံတြင္ ျပဳလုပ္ ေနေသာ Miss Supranational ၿပိဳင္ပဲြအတြက္ တရား၀င္မဲေပး ျခင္းကို ႏုိ၀င္ဘာ ၂၆ ရက္တြင္ စတင္လုိက္ရာ အင္ဒိုနီးရွားအလွ မယ္က မဲစာရင္း၌ ဦးေဆာင္ေန ေၾကာင္း သတင္းရရွိသည္။

Miss Internet ဆုကို ျမန္မာ ႏုိင္ငံက ၂ ႏွစ္ဆက္တုိက္ရရွိ ထားၿပီး မဲအမ်ားဆုံးရရွိသည့္ အ လွမယ္သည္ ေနာက္ဆုံး ဆန္ခါ တင္အလွမယ္ ႏွစ္ဆယ္ဦးတြင္ အလုိအေလ်ာက္ပါ၀င္ခြင့္ ရရွိ မည္ ျဖစ္သည္။

မဲေပးျခင္းကို ယခင္ႏွစ္မ်ား ကဲ့သို႔ပင္ Payment Voting စနစ္ျဖင့္ မဲေပးႏုိင္ၿပီး မဲ (၁၀) ႀကိမ္အ တြက္ အေမရိကန္ေဒၚလာ ငါးေဒၚလာက်သင့္မည္ျဖစ္သည္။

ယခုႏွစ္ Miss Supranatio nal ၿပိဳင္ပဲြကို ျမန္မာႏုိင္ငံ ကုိယ္ စားျပဳအလွမယ္အေနျဖင့္ ကခ်င္ တုိင္းရင္းသူ Lေဘာက္ႏူးက သြား ေရာက္ယွဥ္ၿပိဳင္လ်က္ ရွိသည္။

‘‘အရင္ ၂ ႏွစ္ဆက္တုိက္ Supranational ပဲြမွာ ျမန္မာက Miss Internet ဆုေတြရထားခဲ့ ၾကတာဆုိေတာ့ ႏူးအလွည့္မွာ လည္း ႏူးတို႔က ကခ်င္တုိင္းရင္း သားမ်ားအတြက္ေရာ ႏုိင္ငံနဲ႔ လူ မ်ဳိးအတြက္ပါ မ်ဳိးခ်စ္စိတ္ေတြကို ကမၻာကသိေအာင္ ျပသခ်င္မိတာမို႔ ေရွ႕အစဥ္အလာမပ်က္ရေအာင္ သုံးႏွစ္ဆက္တုိက္ Internet ဆုရခ်င္မိပါတယ္ရွင့္။ အားလုံး၀ိုင္းၿပီး Vote ေပးၾကမယ္လို႔လည္း ေမွ်ာ္လင့္ပါတယ္ရွင့္’’ ဟု Lေဘာက္ႏူးက ၎၏ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာ တြင္ ေရးသားထားသည္။

Miss Supranational ၿပိဳင္ ပဲြကို ပိုလန္ႏုိင္ငံတြင္ အိမ္ရွင္အ ျဖစ္ ႏုိ၀င္ဘာ ၁၈ ရက္မွ ဒီဇင္ဘာ ၄ ရက္အထိ က်င္းပလ်က္ရွိၿပီး ႏုိင္ငံေပါင္း ၈၀ ေက်ာ္မွ ကိုယ္စား ျပဳ အလွမယ္ေလးမ်ား ယွဥ္ၿပိဳင္ လ်က္ ရွိသည္။

ျမန္မာႏုိင္ငံအေနျဖင့္ Miss Supranational ၿပိဳင္ပဲြကို ၂၀၁၃ တြင္ စတင္ယွဥ္ၿပိဳင္ခဲ့ၿပီး ၂၀၁၃ တြင္ ခင္၀င့္၀ါ၊ ၂၀၁၄ တြင္ ဟန္သီတို႔က ျမန္မာႏုိင္ငံ ကိုယ္စားျပဳအလွမယ္မ်ားအျဖစ္ သြားေရာက္ယွဥ္ၿပိဳင္ခဲ့သည္။

7day daily
................
Miss Internet ဆုကို မြန်မာကသုံးနှစ်ဆက်ရနိုင်ဖို့ ပရိသတ် Vote ပေးဖို့ မျှော်လင့်နေတဲ့ Lဘောက်နူး

ပိုလန်နိုင်ငံတွင် ပြုလုပ် နေသော Miss Supranational ပြိုင်ပွဲအတွက် တရားဝင်မဲပေး ခြင်းကို နို၀င်ဘာ ၂၆ ရက်တွင် စတင်လိုက်ရာ အင်ဒိုနီးရှားအလှ မယ်က မဲစာရင်း၌ ဦးဆောင်နေ ကြောင်း သတင်းရရှိသည်။

Miss Internet ဆုကို မြန်မာ နိုင်ငံက ၂ နှစ်ဆက်တိုက်ရရှိ ထားပြီး မဲအများဆုံးရရှိသည့် အ လှမယ်သည် နောက်ဆုံး ဆန်ခါ တင်အလှမယ် နှစ်ဆယ်ဦးတွင် အလိုအလျောက်ပါ၀င်ခွင့် ရရှိ မည် ဖြစ်သည်။

မဲပေးခြင်းကို ယခင်နှစ်များ ကဲ့သို့ပင် Payment Voting စနစ်ဖြင့် မဲပေးနိုင်ပြီး မဲ (၁၀) ကြိမ်အ တွက် အမေရိကန်ဒေါ်လာ ငါးဒေါ်လာကျသင့်မည်ဖြစ်သည်။

ယခုနှစ် Miss Supranatio nal ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ် စားပြုအလှမယ်အနေဖြင့် ကချင် တိုင်းရင်းသူ Lဘောက်နူးက သွား ရောက်ယှဉ်ပြိုင်လျက် ရှိသည်။

‘‘အရင် ၂ နှစ်ဆက်တိုက် Supranational ပွဲမှာ မြန်မာက Miss Internet ဆုတွေရထားခဲ့ ကြတာဆိုတော့ နူးအလှည့်မှာ လည်း နူးတို့က ကချင်တိုင်းရင်း သားများအတွက်ရော နိုင်ငံနဲ့ လူ မျိုးအတွက်ပါ မျိုးချစ်စိတ်တွေကို ကမ္ဘာကသိအောင် ပြသချင်မိတာမို့ ရှေ့အစဉ်အလာမပျက်ရအောင် သုံးနှစ်ဆက်တိုက် Internet ဆုရချင်မိပါတယ်ရှင့်။ အားလုံးဝိုင်းပြီး Vote ပေးကြမယ်လို့လည်း မျှော်လင့်ပါတယ်ရှင့်’’ ဟု Lဘောက်နူးက ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင် ရေးသားထားသည်။

Miss Supranational ပြိုင် ပွဲကို ပိုလန်နိုင်ငံတွင် အိမ်ရှင်အ ဖြစ် နို၀င်ဘာ ၁၈ ရက်မှ ဒီဇင်ဘာ ၄ ရက်အထိ ကျင်းပလျက်ရှိပြီး နိုင်ငံပေါင်း ၈၀ ကျော်မှ ကိုယ်စား ပြု အလှမယ်လေးများ ယှဉ်ပြိုင် လျက် ရှိသည်။

မြန်မာနိုင်ငံအနေဖြင့် Miss Supranational ပြိုင်ပွဲကို ၂၀၁၃ တွင် စတင်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၃ တွင် ခင်ဝင့်ဝါ၊ ၂၀၁၄ တွင် ဟန်သီတို့က မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ်များအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့သည်။

7day daily

No comments:

Post a Comment