Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, November 29, 2015

႐ုပ္ရွင္ အႀကိဳခံစားျခင္း နကၡတ္မွားတဲ့ တိုက္ပြဲ

On  Sun, 2015-11-29 06:30Issue No.No.932 Sunday, November 29, 2015

- ဒီေန႔ရဲ႕ ႐ုပ္ရွင္အၫႊန္းက႑မွာေတာ့ မိသားစု ဒရာမာဇာတ္ကားေလးတစ္ကားကို ၫႊန္းေပးလုိက္ပါတယ္။

လက်္ာက သူေဌးႀကီးဦးဇမၺဴရဲ႕ တစ္ဦးတည္းေသာ သားပါ။ လက်္ာက သူေဌးသားတစ္ေယာက္ ျဖစ္တာေၾကာင့္ သူငယ္ခ်င္းေတြနဲ႔အတူ ေပ်ာ္ေပ်ာ္ေန ေပ်ာ္ေပ်ာ္စား ေပါ့ေပါ့ပါးပါးပဲ ေနပါတယ္။ တစ္ရက္မွာေတာ့ သူကလပ္သြားတာကို သူ႔အေဖသိသြားၿပီး ဆူပါတယ္။ ဆူေပမယ့္လည္း သူကေတာ့ လူငယ္တစ္ေယာက္ရဲ႕ အခြင့္အေရးအေနနဲ႔ ခ်က္က်က် ျပန္ေျပာပါတယ္။ ေနာက္ဆုံးမွာေတာ့ သူ႔အေဖက ျပင္ဦးလြင္မွာရွိတဲ့ ေကာ္ဖီၿခံမွာ သြားၿပီးေလ့လာဖို႔လႊတ္လုိက္ပါတယ္။

ျပင္ဦးလြင္မွာ လက်္ာ ေကာင္မေလးတစ္ေယာက္နဲ႔ ဆုံခဲ့ပါတယ္။ ဆုံတာကလည္း သူနဲ႔အတူ လုိက္လာတဲ့ သူငယ္ခ်င္းေတြေၾကာင့္ပါ။ နယ္လွည့္လုပ္ အားေပးတဲ့ ေစတနာ့၀န္ထမ္းပရဟိတ ဆရာ၀န္မေလးေတြကို ရြာသားတစ္ေယာက္ ခြၽန္ေပးလုိက္တာေၾကာင့္ အႏွိပ္ခန္းနဲ႔ မွားတာက ဇာတ္လမ္းစခဲ့တာပါ။

အဲဒါေၾကာင့္ ေကာင္မေလးေတြက သူတုိ႔ကို ပညာေပးခံလုိက္ရတာပါ။ ဒါေပမဲ့ လက်္ာကေတာ့ သူနဲ႔ ေတြ႕တဲ့ ႏုိရာဆိုတဲ့ ေကာင္မေလးကို သနားၿပီး ဘ၀အေၾကာင္းေတြ ေမးေနတာေၾကာင့္ ပညာေပးမခံလုိက္ရပါဘူး။ ေနာက္ၿပီး ႏုိရာကို အႏွိပ္ခန္းက ေကာင္မေလးမွန္းသိသိနဲ႔ လက္ထပ္ခြင့္ေတာင္းခဲ့ပါတယ္။ ေနာက္ေန႔မွာ လက္ထပ္မယ္ဆုိၿပီး သူတို႔ ဆုံခဲ့တဲ့ ေန ရာေလးမွာ ႏုိရာကုိ လက်္ာက ေစာင့္ခိုင္းခဲ့ပါတယ္။ လက်္ာ ေစာင့္ခုိင္းခဲ့ေပမယ့္ ႏုိရာကေတာ့ မလာခဲ့ပါဘူး။ ဒါေပမဲ့ ႏုိရာတို႔ကားက လက်္ာတို႔ေရွ႕က ျဖတ္သြားခဲ့တာေၾကာင့္ ႏုိရာ့အေၾကာင္းကို စုံစမ္းဖို႔ သဲလြန္စ ရခဲ့ပါတယ္။ တကယ္ေတာ့ ႏုိရာက ေနာက္ဆုံးႏွစ္ေဆးေက်ာင္းသူတစ္ေယာက္ပါ။ ရန္ကုန္ကို ျပန္ေရာက္တဲ့ အခ်ိန္မွာေတာ့ သူႏုိရာအေၾကာင္း ကို ရေအာင္စုံစမ္းၿပီး နီးစပ္ခြင့္ရေအာင္ ႀကိဳးစားခဲ့လို႔ ခ်စ္သူေတြ ျဖစ္ခဲ့ၾကပါတယ္။

 အဲဒီအခ်ိန္မွာ ဦးဇမၺဴက ေတာ့ အိပ္မက္ဆိုးေတြ မက္ေနပါ တယ္။ ဦးဇမၺဴက လက်္ာငယ္ငယ္ ေလးကတည္းက ကားအက္ဆီး ဒင့္ျဖစ္ၿပီး ေအာက္ပုိင္းေသသြားခဲ့တာပါ။ သူအိပ္မက္ထဲမွာ သူနဲ႔သိတဲ့ ပန္းပန္ဆုိတဲ့ အမ်ဳိးသ မီးက သူ႔ကို ေရကန္ထဲ တြန္းခ်ခဲ့ ပါတယ္။ ပန္းပန္ဆုိတာ ဘယ္သူ လဲ။ ဦးဇမၺဴဘာေၾကာင့္ အိပ္မက္ ဆုိးေတြ မက္ေနရတာလဲ။ လက်္ာနဲ႔ ႏုိရာတို႔ရဲ႕ ေရွ႕ဆက္မယ့္ ဘ၀ကေကာ ေခ်ာေခ်ာေမြ႕ေမြ႕ ျဖစ္မွာလား ဆုိတာကိုေတာ့ ရန္ကုန္၊ မႏၲေလး အပါအ၀င္ ၿမိဳ႕ေတာ္ ေတာ္မ်ားမ်ား ႐ုံတင္ျပသေနတဲ့ နကၡတ္မွားတဲ့ တုိက္ပဲြဆုိတဲ့ ဇာတ္ ကားေလးမွာ ဆက္လက္႐ႈစား ေပးပါ။ ဒီဇာတ္ကားမွာ ေနတုိးက ဦးဇမၺဴနဲ႔ လက်္ာအျဖစ္ သ႐ုပ္ ေဆာင္ထားၿပီး ပန္းပန္အျဖစ္ သက္မြန္ျမင့္၊ ႏုိရာအျဖစ္ ရတနာ ျဖဴျဖဴေအာင္တို႔က ပါ၀င္သ႐ုပ္ ေဆာင္ထားပါတယ္။ စတီးလ္ရဲ႕ ဇာတ္လမ္းကို သည္ေခတ္ေန ဇာတ္ၫႊန္းေရးထားၿပီး ဒါ႐ုိက္တာ ညြန္႔ျမန္မာ ညီညီေအာင္က ႐ုိက္ ကူးပုံေဖာ္ထားပါတယ္။
7Daydaily
...................
ရုပ်ရှင် အကြိုခံစားခြင်း

နက္ခတ်မှားတဲ့ တိုက်ပွဲ

On  Sun, 2015-11-29 06:30Issue No.No.932 Sunday, November 29, 2015

- ဒီနေ့ရဲ့ ရုပ်ရှင်အညွှန်းကဏ္ဍမှာတော့ မိသားစု ဒရာမာဇာတ်ကားလေးတစ်ကားကို ညွှန်းပေးလိုက်ပါတယ်။

လကျ်ာက သူဌေးကြီးဦးဇမ္ဗူရဲ့ တစ်ဦးတည်းသော သားပါ။ လကျ်ာက သူဌေးသားတစ်ယောက် ဖြစ်တာကြောင့် သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်နေ ပျော်ပျော်စား ပေါ့ပေါ့ပါးပါးပဲ နေပါတယ်။ တစ်ရက်မှာတော့ သူကလပ်သွားတာကို သူ့အဖေသိသွားပြီး ဆူပါတယ်။ ဆူပေမယ့်လည်း သူကတော့ လူငယ်တစ်ယောက်ရဲ့ အခွင့်အရေးအနေနဲ့ ချက်ကျကျ ပြန်ပြောပါတယ်။ နောက်ဆုံးမှာတော့ သူ့အဖေက ပြင်ဦးလွင်မှာရှိတဲ့ ကော်ဖီခြံမှာ သွားပြီးလေ့လာဖို့လွှတ်လိုက်ပါတယ်။

ပြင်ဦးလွင်မှာ လကျ်ာ ကောင်မလေးတစ်ယောက်နဲ့ ဆုံခဲ့ပါတယ်။ ဆုံတာကလည်း သူနဲ့အတူ လိုက်လာတဲ့ သူငယ်ချင်းတွေကြောင့်ပါ။ နယ်လှည့်လုပ် အားပေးတဲ့ စေတနာ့ဝန်ထမ်းပရဟိတ ဆရာဝန်မလေးတွေကို ရွာသားတစ်ယောက် ချွန်ပေးလိုက်တာကြောင့် အနှိပ်ခန်းနဲ့ မှားတာက ဇာတ်လမ်းစခဲ့တာပါ။

အဲဒါကြောင့် ကောင်မလေးတွေက သူတို့ကို ပညာပေးခံလိုက်ရတာပါ။ ဒါပေမဲ့ လကျ်ာကတော့ သူနဲ့ တွေ့တဲ့ နိုရာဆိုတဲ့ ကောင်မလေးကို သနားပြီး ဘဝအကြောင်းတွေ မေးနေတာကြောင့် ပညာပေးမခံလိုက်ရပါဘူး။ နောက်ပြီး နိုရာကို အနှိပ်ခန်းက ကောင်မလေးမှန်းသိသိနဲ့ လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ နောက်နေ့မှာ လက်ထပ်မယ်ဆိုပြီး သူတို့ ဆုံခဲ့တဲ့ နေ ရာလေးမှာ နိုရာကို လကျ်ာက စောင့်ခိုင်းခဲ့ပါတယ်။ လကျ်ာ စောင့်ခိုင်းခဲ့ပေမယ့် နိုရာကတော့ မလာခဲ့ပါဘူး။ ဒါပေမဲ့ နိုရာတို့ကားက လကျ်ာတို့ရှေ့က ဖြတ်သွားခဲ့တာကြောင့် နိုရာ့အကြောင်းကို စုံစမ်းဖို့ သဲလွန်စ ရခဲ့ပါတယ်။ တကယ်တော့ နိုရာက နောက်ဆုံးနှစ်ဆေးကျောင်းသူတစ်ယောက်ပါ။ ရန်ကုန်ကို ပြန်ရောက်တဲ့ အချိန်မှာတော့ သူနိုရာအကြောင်း ကို ရအောင်စုံစမ်းပြီး နီးစပ်ခွင့်ရအောင် ကြိုးစားခဲ့လို့ ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။

 အဲဒီအချိန်မှာ ဦးဇမ္ဗူက တော့ အိပ်မက်ဆိုးတွေ မက်နေပါ တယ်။ ဦးဇမ္ဗူက လကျ်ာငယ်ငယ် လေးကတည်းက ကားအက်ဆီး ဒင့်ဖြစ်ပြီး အောက်ပိုင်းသေသွားခဲ့တာပါ။ သူအိပ်မက်ထဲမှာ သူနဲ့သိတဲ့ ပန်းပန်ဆိုတဲ့ အမျိုးသ မီးက သူ့ကို ရေကန်ထဲ တွန်းချခဲ့ ပါတယ်။ ပန်းပန်ဆိုတာ ဘယ်သူ လဲ။ ဦးဇမ္ဗူဘာကြောင့် အိပ်မက် ဆိုးတွေ မက်နေရတာလဲ။ လကျ်ာနဲ့ နိုရာတို့ရဲ့ ရှေ့ဆက်မယ့် ဘဝကကော ချောချောမွေ့မွေ့ ဖြစ်မှာလား ဆိုတာကိုတော့ ရန်ကုန်၊ မန္တလေး အပါအဝင် မြို့တော် တော်များများ ရုံတင်ပြသနေတဲ့ နက္ခတ်မှားတဲ့ တိုက်ပွဲဆိုတဲ့ ဇာတ် ကားလေးမှာ ဆက်လက်ရှုစား ပေးပါ။ ဒီဇာတ်ကားမှာ နေတိုးက ဦးဇမ္ဗူနဲ့ လကျ်ာအဖြစ် သရုပ် ဆောင်ထားပြီး ပန်းပန်အဖြစ် သက်မွန်မြင့်၊ နိုရာအဖြစ် ရတနာ ဖြူဖြူအောင်တို့က ပါ၀င်သရုပ် ဆောင်ထားပါတယ်။ စတီးလ်ရဲ့ ဇာတ်လမ်းကို သည်ခေတ်နေ ဇာတ်ညွှန်းရေးထားပြီး ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်က ရိုက် ကူးပုံဖော်ထားပါတယ်။
7Daydaily

No comments:

Post a Comment