Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, October 18, 2015

၂၀၁၄ ခုႏွစ္တုန္းက One Direction အဖြဲ႔ဟာ တစ္ရက္ ကို စတာလင္ေပါင္ ၂ သိန္း ၀င္ေငြရရွိခဲ့



ဆယ္ေက်ာ္သက္ မိန္းကေလးတို႔ အသည္းစြဲ One Direction အဖြဲ႕ဟာ မႏွစ္ကတုန္းက တစ္ေန႔ကို စတာလင္ေပါင္ ၂ သိန္းခန္႔ ၀င္ေငြ ရရွိခဲ့တယ္လို႔ သိရပါတယ္။

အမ်ိဳးသားတီး၀ိုင္းအဖြဲ႔ 1D ဟာ ၂၀၁၄ ခုႏွစ္မွာ စတာလင္ေပါင္ ၇၃ သန္းေက်ာ္ ၀င္ေငြရွိခဲ့ၿပီး အသားတင္ အက်ိဳးအျမတ္ တင္ စတာလင္ေပါင္ ၄၅ သန္း ေက်ာ္ ရရွိခဲ့တယ္လို႔ သိရပါတယ္။

ဒီစာရင္းဇယား ေတြဟာ မႏွစ္က One Direction အဖြဲ႕ရဲ႕ အကြဲအၿပဲေတြ မျဖစ္ေပၚခင္က ေနာက္ဆံုး နယ္လွည့္ေဖ်ာ္ေျဖပြဲေတြအၿပီးမွာ တြက္ခ်က္ထားတဲ့ ၀င္ေငြေတြပဲျဖစ္ပါတယ္။ အခုလည္း Louis Tomlinson နဲ႔ Harry Styles တို႔ေရးသားထားတဲ့ သီခ်င္းေတြပါ၀င္မယ့္ အယ္လ္ဘမ္ အသစ္ကိုလည္း ထုတ္လုပ္လုိက္ျပန္တဲ့အတြက္ ႏွစ္သစ္ကူးမတိုင္ခင္မွာ ၂၀၁၅ ခုႏွစ္အတြက္ ၀င္ေငြေတြ တိုးပြားလာဦးမွာျဖစ္ပါတယ္။

One Direction အဖြဲ႕ဟာ အယ္လ္ဘမ္ အေခြ အခ်ပ္ေရေပါင္း ၄၅ သန္းေက်ာ္ေရာင္းခ်ထားခဲ့ၿပီးျဖစ္သလို ၂၀၁၁ ခုႏွစ္ကေနစတင္ၿပီး ဧရာမ နယ္လွည့္ေဖ်ာ္ေျဖပြဲေတြ ၄ ႀကိမ္ ေလာက္က်င္းပခဲ့ၿပီးပါၿပီ။ ၂၀၁၃ ခုႏွစ္တုန္းကလည္း သူတို႔အဖြဲ႕ဟာ စတာလင္ေပါင္ ၄၉ သန္းခန္႔ ၀င္ေငြရွိခဲ့သလို အက်ိဳးအျမတ္တင္ပဲ ၄.၇ သန္းခန္႔ ရရွိခဲ့ပါေသးတယ္။

အသက္ ၂၂ ႏွစ္အရြယ္ Liam Payne ၊ အသက္ ၂၁ ႏွစ္အရြယ္ Harry Styles ၊ အသက္ ၂၂ ႏွစ္အရြယ္ Niall Horan နဲ႔ အသက္ ၂၃ ႏွစ္အရြယ္ Louis Tomlinson စတဲ့ လက္က်န္ အဖြဲ႕၀င္ ၄ ဦးဟာ အဖြဲ႕ထဲက ထြက္ခြာသြားတဲ့ အသက္ ၂၂ ႏွစ္အရြယ္ Zayn Malik ကို သူ႔ရဲ႕ ၂၀ ရာခိုင္ႏႈန္း ေ၀စု ကို ခြဲေပးဖို႔ အေၾကြးက်န္ေနပါေသးတယ္။ ဘာေၾကာင့္လဲဆိုေတာ့ Zayn ဟာ ၿပီးခဲ့တဲ့ မတ္လ အထိ 1D အဖြဲ႕၀င္ ျဖစ္ေနေသးလို႔ပါ။

ထြက္ေပၚထားတဲ့ သတင္းေတြအရေတာ့ Harry Styles ဟာ ေလာ့အိန္ဂ်လိစ္ မွာ စတာလင္ေပါင္ ၆ သန္း တန္တဲ့ ေနအိမ္တစ္လံုး နဲ႔ လန္ဒန္ေျမာက္ပိုင္းမွာ စတာလင္ေပါင္ ၃ သန္း တန္တဲ့ အိမ္တစ္လံုးကို ၀ယ္ယူထားၿပီးပါၿပီီ။ Louis Tomlinson ကေတာ့ Harry Styles ရဲ႕ ေနအိမ္နားမွာပဲ စတာလင္ေပါင္ ၂.၂၅ သန္း တန္တဲ့ အိမ္တစ္လံုးကို ၀ယ္ယူထားၿပီး Niall Horan ကေတာ့ Hertfordshire မွာ ေပါင္ ၁ သန္းတန္ အိမ္တစ္လံုး နဲ႔ ေလာ့အိန္ဂ်လိစ္ မွာ Kardashian မိသားစုေတြ ေနအိမ္နဲ႔ နီးတဲ့ ေပါင္ ၁.၅ သန္းတန္ အိမ္တစ္လံုးတို႔ကို ၀ယ္ယူထားတယ္လို႔သိရပါတယ္။ Liam ကေတာ့ Surrey မွာ ေပါင္ ၅.၁ သန္း တန္ အိမ္တစ္လံုးကို ၀ယ္ယူထားပါတယ္။

( Mario )

#သစ္ထူးလြင္(နာမည္ႀကီးပုဂၢိဳလ္မ်ား)
#celebrity.thithtoolwin.com

Ref : Mirror
....................................................................................

၂၀၁၄ ခုနှစ်တုန်းက One Direction အဖွဲ့ဟာ တစ်ရက် ကို စတာလင်ပေါင် ၂ သိန်း ၀င်ငွေရရှိခဲ့

ယ်ကျော်သက် မိန်းကလေးတို့ အသည်းစွဲ One Direction အဖွဲ့ဟာ မနှစ်ကတုန်းက တစ်နေ့ကို စတာလင်ပေါင် ၂ သိန်းခန့် ၀င်ငွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
အမျိုးသားတီးဝိုင်းအဖွဲ့ 1D ဟာ ၂၀၁၄ ခုနှစ်မှာ စတာလင်ပေါင် ရ၃ သန်းကျော် ၀င်ငွေရှိခဲ့ပြီး အသားတင် အကျိုးအမြတ် တင် စတာလင်ပေါင် ၄၅ သန်း ကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒီစာရင်းဇယား တွေဟာ မနှစ်က One Direction အဖွဲ့ရဲ့ အကွဲအပြဲတွေ မဖြစ်ပေါ်ခင်က နောက်ဆုံး နယ်လှည့်ဖျော်ဖြေပွဲတွေအပြီးမှာ တွက်ချက်ထားတဲ့ ၀င်ငွေတွေပဲဖြစ်ပါတယ်။ အခုလည်း Louis Tomlinson နဲ့ Harry Styles တို့ရေးသားထားတဲ့ သီချင်းတွေပါ၀င်မယ့် အယ်လ်ဘမ် အသစ်ကိုလည်း ထုတ်လုပ်လိုက်ပြန်တဲ့အတွက် နှစ်သစ်ကူးမတိုင်ခင်မှာ ၂၀၁၅ ခုနှစ်အတွက် ၀င်ငွေတွေ တိုးပွားလာဦးမှာဖြစ်ပါတယ်။
One Direction အဖွဲ့ဟာ အယ်လ်ဘမ် အခွေ အချပ်ရေပေါင်း ၄၅ သန်းကျော်ရောင်းချထားခဲ့ပြီးဖြစ်သလို ၂၀၁၁ ခုနှစ်ကနေစတင်ပြီး ဧရာမ နယ်လှည့်ဖျော်ဖြေပွဲတွေ ၄ ကြိမ် လောက်ကျင်းပခဲ့ပြီးပါပြီ။ ၂၀၁၃ ခုနှစ်တုန်းကလည်း သူတို့အဖွဲ့ဟာ စတာလင်ပေါင် ၄၉ သန်းခန့် ၀င်ငွေရှိခဲ့သလို အကျိုးအမြတ်တင်ပဲ ၄.၇ သန်းခန့် ရရှိခဲ့ပါသေးတယ်။
အသက် ၂၂ နှစ်အရွယ် Liam Payne ၊ အသက် ၂၁ နှစ်အရွယ် Harry Styles ၊ အသက် ၂၂ နှစ်အရွယ် Niall Horan နဲ့ အသက် ၂၃ နှစ်အရွယ် Louis Tomlinson စတဲ့ လက်ကျန် အဖွဲ့ဝင် ၄ ဦးဟာ အဖွဲ့ထဲက ထွက်ခွာသွားတဲ့ အသက် ၂၂ နှစ်အရွယ် Zayn Malik ကို သူ့ရဲ့ ၂၀ ရာခိုင်နှုန်း ဝေစု ကို ခွဲပေးဖို့ အကြွေးကျန်နေပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ Zayn ဟာ ပြီးခဲ့တဲ့ မတ်လ အထိ 1D အဖွဲ့ဝင် ဖြစ်နေသေးလို့ပါ။
ထွက်ပေါ်ထားတဲ့ သတင်းတွေအရတော့ Harry Styles ဟာ လော့အိန်ဂျလိစ် မှာ စတာလင်ပေါင် ၆ သန်း တန်တဲ့ နေအိမ်တစ်လုံး နဲ့ လန်ဒန်မြောက်ပိုင်းမှာ စတာလင်ပေါင် ၃ သန်း တန်တဲ့ အိမ်တစ်လုံးကို ၀ယ်ယူထားပြီးပါပြီီ။ Louis Tomlinson ကတော့ Harry Styles ရဲ့ နေအိမ်နားမှာပဲ စတာလင်ပေါင် ၂.၂၅ သန်း တန်တဲ့ အိမ်တစ်လုံးကို ၀ယ်ယူထားပြီး Niall Horan ကတော့ Hertfordshire မှာ ပေါင် ၁ သန်းတန် အိမ်တစ်လုံး နဲ့ လော့အိန်ဂျလိစ် မှာ Kardashian မိသားစုတွေ နေအိမ်နဲ့ နီးတဲ့ ပေါင် ၁.၅ သန်းတန် အိမ်တစ်လုံးတို့ကို ၀ယ်ယူထားတယ်လို့သိရပါတယ်။ Liam ကတော့ Surrey မှာ ပေါင် ၅.၁ သန်း တန် အိမ်တစ်လုံးကို ၀ယ်ယူထားပါတယ်။
( Mario )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : Mirror

No comments:

Post a Comment