Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, October 30, 2015

မဲစာရင္း လူပိုမႈ စစ္ေဆးေပးဖို႔ NLD တိုက္တြန္း


မဲစာရင္းစိစစ္ေနတဲ့ ရပ္ကြက္ေရြးေကာက္ပြဲေကာ္မရွင္႐ံုး။ (ေအာက္တိုဘာ ၃၀၊ ၂၀၁၅)
 မဲစာရင္းမွာ လူပုိ အမည္စာရင္းေတြ ပါေနတာေၾကာင့္ ေရြးေကာက္ပြဲေကာ္မ႐ွင္ အေနနဲ႔ ဒီကိစၥကို အေရးယူေဆာင္ရြက္ေပးဖို႔ NLD ပါတီက ေရြးေကာက္ပြဲေကာ္မရွင္ ကို အေၾကာင္းၾကားထားပါတယ္။ ေလာေလာဆယ္ မႏၱေလးတိုင္းနဲ႔ တနသၤာရီ တိုင္းေတြ မွာ မဲစာရင္းထဲ လူပုိပါေနတာကို ေတြ႔႐ွိရတယ္လို႔ ေဒသခံ NLD ပါတီ ကိုယ္စားလွယ္ေလာင္းေတြက ေျပာပါတယ္။ ဆက္သြယ္ေမးျမန္းထားတဲ့ ကိုဉာဏ္ဝင္းေအာင္က တင္ျပပါမယ္။

ေရြးေကာက္ပြဲနီး လာခ်ိန္မွာပဲ မဲစာရင္းထဲမွာ လူပုိ အမည္စာရင္းေတြ ပါေန တာေၾကာင့္ သတိထားၿပီး ရပ္ေက်း အဆင့္ထိ စိစစ္ေဆာင္ရြက္ၾကဖို႔ NLD ပါတီ ဗဟုိက သူ႔ရဲ႕ပါတီ၀င္ေတြကို ၿပီးခဲ့တဲ့ရက္ပုိင္းအတြင္း သတိေပးခ်က္ ထုတ္ျပန္ ထားပါတယ္။

မႏၱေလးတိုင္း မဟာေအာင္ေျမၿမဳိ႕နယ္မွာဆိုရင္ လူေသာင္းဂဏန္းေက်ာ္ မဲပို စာရင္းထဲ ပါေနတာကို NLD ပါတီက စစ္ေဆးေတြ႔ရွိခဲ့ရတယ္လို႔ NLD ပါတီ မႏၱေလးတိုင္း ေရြးေကာက္ပြဲ ေအာင္ႏိုင္ေရးအဖြဲ႔က ဦးေရႊလွက VOA ကိုေျပာပါတယ္။

"မဟာေအာင္ေျမကို ကြင္းဆင္းစစ္ေဆးဖို႔ လာအေၾကာင္းၾကားတဲ့အခါမွာ သူတို႔ ၿမိဳ႕နယ္က အရင္ဆံုး တက္လာတာေတြေပါ့။ ရပ္ကြက္ႀကီး ဆိုရင္ ေလးရပ္ကြက္ေလာက္ ကို ဆင္းၾကည့္လိုက္တဲ့အခါမွာ မဲစာရင္းထဲမယ္ လူေနထိုင္ျခင္း မရွိပဲနဲ႔ လူေတြပိုေနတာ ေသာင္းဂဏန္း အထိေအာင္ ေတြ႔တယ္ ဆိုေတာ့ အဲ့တာနဲ႔ပတ္သက္လို႔ တင္ျပတဲ့အခါမွာ ၿမိဳ႕နယ္ေကာ္မရွင္ က ေျဖရွင္းေပးႏုိင္ျခင္း မရွိပါဘူး။ "

တနသၤာရီတုိင္း ၿမိတ္ၿမိဳ့ ျမင္းၿခံရပ္ကြက္မွာဆိုရင္လဲ ရပ္ကြက္တခုထဲမွာတင္ လူ ၇၀၀ ေက်ာ္ မဲစာရင္းထဲ အပုိပါေနတယ္လို႔ တနသၤာရီတုိင္း မဲဆႏၵနယ္ အမွတ္(၂) တုိင္းေဒသႀကီး လႊတ္ေတာ္ကုိယ္စားလွယ္ေလာင္း ေဒၚရီရီခ်ဳိက ေျပာပါတယ္။

" အမွတ္(၁) နယ္ေျမ ျမင္းျခံရပ္ကြက္မွာေတာ့ ေတာ္ေတာ္ေလးကို ပိုေနတာ ေတြ႔ သြားရၿပီ။ လူ ၇စ၀ ေက်ာ္ေလာက္ ပိုတယ္လို႔ေျပာတယ္။ အခု က်မတို႔ေတြက ရပ္ကြက္တုိင္းကို လႈံ႔ေဆာ္စာ ပို႔ၿပီ။ က်မတို႔ မဲစာရင္းမတိုက္ရေသးဘူး။ ေရြးေကာ္ကို သြားေျပာေနတယ္ ခရိုင္ေရြးေကာ္ကို။ အဲ့တာကို သူတို႔က က်မတို႔ကို ၂ရက္ေန႔မွ ထုတ္ေပးမယ္ေျပာေနတယ္။ ရပ္ကြက္မဲစာရင္းကိုေတာ့ ထုတ္ေပး လိုက္ၿပီေျပာတယ္။ ဒါေပမဲ့ ျမင္းျခံရပ္ကြက္ကေတာ့ မဲစာရင္းေတြ ပိုေနတယ္။ က်မတို႔ အခုရပ္ေက်းတုိင္းကို စာပို႔ၿပီးေတာ့ ဆင္းေနၾကၿပီ။"

မဲစာရင္းထဲ လူပုိပါေနတာကို စိစစ္ၿပီးတင္ျပႏိုင္မယ္ ဆုိရင္ ေရြးေကာက္ပြဲေန႔ မတုိင္ခင္ ျပန္လည္ျပင္ဆင္ ေပးသြားမွာျဖစ္တယ္လို႔ ေရြးေကာက္ပြဲ ေကာ္မ႐ွင္ကေျပာေၾကာင္း ဦးေရႊလွက ေျပာပါတယ္။

"မဲစာရင္းနဲ႔ပတ္သက္လို႔ သူတို႔ကေျပာတာေတာ့ ၿမိဳ႕ကြက္သစ္ေတြ ရိုက္တုန္းက ပံုစံ(၆)နဲ႔ ရိုက္ၿပီး အရင္တုန္းက အိမ္ေထာင္စုစာရင္းေတြ ဝင္ထားၿပီး လူေတြက တျခားတနယ္တေက်းေျပာင္းသြားၿပီး အိမ္ေထာင္စုစာရင္းက်ေတာ့ မေျပာင္းဘူး က်န္ေနတဲ့သေဘာမ်ိဳး ေျပာပါတယ္။ တကယ္လို႔သာ အေထာက္အထား တိတိက်က်နဲ႔ ပိုလ်ံေနတာကို တင္ျပႏုိင္ရင္ေတာ့ ေနာက္ဆံုး မဲစာရင္းစစ္ေဆးတဲ့ အထိေအာင္ ပယ္ဖ်က္ေပးမယ္လို႔ ေျပာပါတယ္"

အခုလို မဲစာရင္း မမွန္မကန္တာေတြ မ်ားေနရင္ ေရြးေကာက္ပြဲမွာ မမွ်တတာေတြ ႐ွိလာႏုိင္ေၾကာင္း လႊတ္ေတာ္ကုိယ္စားလွယ္ေလာင္း ေဒၚရီရီခ်ဳိ က ေထာက္ျပ ပါတယ္။

"မဲစာရင္းကိုယ္တုိင္က မွန္မွန္ကန္ကန္ရွိမွပဲ သမာသမတ္ပိုက်မွာေပါ့။ မဲစာရင္း ပိုေနတယ္ဆိုတာ အႀကိမ္က မနည္းေတာ့ဘူးေလ။ တတိယအႀကိမ္ပဲ။ ဒီတခါ အတည္ပဲ ယူရေတာ့မယ့္ စာရင္းျဖစ္ပါတယ္။ မဲစာရင္းပိုေနတဲ့ဆိုတဲ့ ဥစၥာက က်မတို႔အတြက္ ထိခိုက္နစ္နာမႈ ရွိႏိုင္တယ္။ အဲ့တာ မမွ်တဘူးလို႔ပဲ ေျပာရမယ္။"

ႏုိ၀င္ဘာ ၈-ရက္ ေရြးေကာက္ပြဲေန႔မွာ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း တေယာက္အတြက္ မဲ႐ုံကိုယ္စားလွယ္တဦးနဲ႔ အကူကုိယ္စားလွယ္ တဦး စုစုေပါင္း ၂ဦးသာ မဲ႐ုံးမွာ လာေရာက္ေစာင့္ၾကည့္ခြင့္ ႐ွိတယ္လို႔ ေရြးေကာက္ပြဲေကာ္မ႐ွင္ က ေၾကညာခ်က္ ထုတ္ျပန္ထားေပမယ့္ ေလာေလာဆယ္ မႏၱေလးမွာေတာ့ မဲ႐ုံေစာင့္ၾကည့္ဖုိ႔ ကိုယ္စားလွယ္ တဦးစီသာ ခြင့္ျပဳမယ္ဆိုၿပီး မႏၱေလးတိုင္းေရြးေကာက္ပြဲ ေကာ္မ႐ွင္က ႏႈတ္မိန္႔နဲ႔ ေျပာဆိုလာတဲ့အေပၚ မႏၱေလးတိုင္းမွာ ရွိတဲ့ NLD ပါတီနဲ႔ အျခားပါတီေတြကပါ ကန္႔ကြက္ထားေၾကာင္း ဦးေရႊလွက ေျပာပါတယ္။

"မဲေပးမယ့္ေန႔မယ္ က်ေနာ္တို႔က မနက္ ငါးနာရီ ေလာက္ကေန မဲေရတြက္ၿပီးလို႔ မဲထုတ္ေတြကို ၿမိဳ႕နယ္ ေကာ္မရွင္႐ံုး သယ္သြားၿပီး ေနာက္ဆံုးပိတ္ မဲစာရင္းေတြ အၿပီးသတ္ ျပဳစုၿပီးတဲ့အထိ ဆိုလို႔ရွိရင္ နာရီႏွစ္ဆယ္ေလာက္ မဲ႐ံုကိုယ္စားလွယ္ေတြက မဲလက္မွတ္ေတြ ပို႔တဲ့ ၿမိဳ႕နယ္ ေကာ္မရွင္ အထိေအာင္ လုိက္ပါေဆာင္ရြက္မွာျဖစ္တဲ့အတြက္ ဒီႏွစ္ေယာက္တည္းနဲ႔ဆိုရင္ ဘယ္လိုမွ သူတို႔က မလံုေလာက္ဘူးေပါ့။ မလံုေလာက္တဲ့အျပင္ကိုမွ ဒီ မဲေရတြက္တဲ့အခါ ၾကည့္ဖို႔၊ မဲေပးတဲ့အခါ ၾကည့္ဖို႔ လက္မွတ္ေတြ စစ္ေဆးဖို႔ပဲ လူမလံုေလာက္တဲ့ အတြက္ စစ္ေဆးႏုိင္ဖို႔ အမွားအယြင္းျဖစ္သြားလို႔ရွိရင္ ကိုယ္စားလွယ္ေလာင္းေတြ အတြက္ေရာ ပါတီအတြက္ေရာ နစ္နာဆံုး႐ံႈးမႈေတြ အမ်ားႀကီးေပၚလာႏုိင္တယ္။ တကယ္လို႔သာ မမွန္မကန္ေဆာင္ရြက္မႈေတြ၊ လြဲမွားမႈေတြ ႀကီးႀကီးက်ယ္က်ယ္ျဖစ္သြားရင္ ကိုယ္စားလွယ္ေလာင္းရံႈးသြားႏုိင္တဲ့အတြက္ တခ်ိဳ႕ၿမိဳ႕နယ္ေတြ က ခြင့္မျပဳပဲ ကန္႔သတ္ထားလို႔ တုိင္းေကာ္မရွင္ကို က်ေနာ္ တင္ျပပါတယ္။ "

မႏၱေလးတိုင္းနဲ႔ တနသၤာရီတုိင္းမွာလိုပဲ အျခားတိုင္းနဲ့ ျပည္နယ္ေတြမွာလဲ မဲပိုစာရင္းေတြ ရွိေၾကာင္းသတင္းေတြထြက္ေပၚေနပါတယ္။

ကိုဉာဏ္ဝင္းေအာင္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
..................

မဲစာရင်းစိစစ်နေတဲ့ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်ရုံး။ (အောက်တိုဘာ ၃၀၊ ၂၀၁၅)
 မဲစာရင်းမှာ လူပို အမည်စာရင်းတွေ ပါနေတာကြောင့် ရွေးကောက်ပွဲကော်မရှင် အနေနဲ့ ဒီကိစ္စကို အရေးယူဆောင်ရွက်ပေးဖို့ NLD ပါတီက ရွေးကောက်ပွဲကော်မရှင် ကို အကြောင်းကြားထားပါတယ်။ လောလောဆယ် မန္တလေးတိုင်းနဲ့ တနင်္သာရီ တိုင်းတွေ မှာ မဲစာရင်းထဲ လူပိုပါနေတာကို တွေ့ရှိရတယ်လို့ ဒေသခံ NLD ပါတီ ကိုယ်စားလှယ်လောင်းတွေက ပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ရွေးကောက်ပွဲနီး လာချိန်မှာပဲ မဲစာရင်းထဲမှာ လူပို အမည်စာရင်းတွေ ပါနေ တာကြောင့် သတိထားပြီး ရပ်ကျေး အဆင့်ထိ စိစစ်ဆောင်ရွက်ကြဖို့ NLD ပါတီ ဗဟိုက သူ့ရဲ့ပါတီဝင်တွေကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း သတိပေးချက် ထုတ်ပြန် ထားပါတယ်။

မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်မှာဆိုရင် လူသောင်းဂဏန်းကျော် မဲပို စာရင်းထဲ ပါနေတာကို NLD ပါတီက စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ NLD ပါတီ မန္တလေးတိုင်း ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့က ဦးရွှေလှက VOA ကိုပြောပါတယ်။

"မဟာအောင်မြေကို ကွင်းဆင်းစစ်ဆေးဖို့ လာအကြောင်းကြားတဲ့အခါမှာ သူတို့ မြို့နယ်က အရင်ဆုံး တက်လာတာတွေပေါ့။ ရပ်ကွက်ကြီး ဆိုရင် လေးရပ်ကွက်လောက် ကို ဆင်းကြည့်လိုက်တဲ့အခါမှာ မဲစာရင်းထဲမယ် လူနေထိုင်ခြင်း မရှိပဲနဲ့ လူတွေပိုနေတာ သောင်းဂဏန်း အထိအောင် တွေ့တယ် ဆိုတော့ အဲ့တာနဲ့ပတ်သက်လို့ တင်ပြတဲ့အခါမှာ မြို့နယ်ကော်မရှင် က ဖြေရှင်းပေးနိုင်ခြင်း မရှိပါဘူး။ "

တနင်္သာရီတိုင်း မြိတ်မြို့ မြင်းခြံရပ်ကွက်မှာဆိုရင်လဲ ရပ်ကွက်တခုထဲမှာတင် လူ ရ၀၀ ကျော် မဲစာရင်းထဲ အပိုပါနေတယ်လို့ တနင်္သာရီတိုင်း မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ရီရီချိုက ပြောပါတယ်။

" အမှတ်(၁) နယ်မြေ မြင်းခြံရပ်ကွက်မှာတော့ တော်တော်လေးကို ပိုနေတာ တွေ့ သွားရပြီ။ လူ ရစဝ ကျော်လောက် ပိုတယ်လို့ပြောတယ်။ အခု ကျမတို့တွေက ရပ်ကွက်တိုင်းကို လှုံ့ဆော်စာ ပို့ပြီ။ ကျမတို့ မဲစာရင်းမတိုက်ရသေးဘူး။ ရွေးကော်ကို သွားပြောနေတယ် ခရိုင်ရွေးကော်ကို။ အဲ့တာကို သူတို့က ကျမတို့ကို ၂ရက်နေ့မှ ထုတ်ပေးမယ်ပြောနေတယ်။ ရပ်ကွက်မဲစာရင်းကိုတော့ ထုတ်ပေး လိုက်ပြီပြောတယ်။ ဒါပေမဲ့ မြင်းခြံရပ်ကွက်ကတော့ မဲစာရင်းတွေ ပိုနေတယ်။ ကျမတို့ အခုရပ်ကျေးတိုင်းကို စာပို့ပြီးတော့ ဆင်းနေကြပြီ။"

မဲစာရင်းထဲ လူပိုပါနေတာကို စိစစ်ပြီးတင်ပြနိုင်မယ် ဆိုရင် ရွေးကောက်ပွဲနေ့ မတိုင်ခင် ပြန်လည်ပြင်ဆင် ပေးသွားမှာဖြစ်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်ကပြောကြောင်း ဦးရွှေလှက ပြောပါတယ်။

"မဲစာရင်းနဲ့ပတ်သက်လို့ သူတို့ကပြောတာတော့ မြို့ကွက်သစ်တွေ ရိုက်တုန်းက ပုံစံ(၆)နဲ့ ရိုက်ပြီး အရင်တုန်းက အိမ်ထောင်စုစာရင်းတွေ ဝင်ထားပြီး လူတွေက တခြားတနယ်တကျေးပြောင်းသွားပြီး အိမ်ထောင်စုစာရင်းကျတော့ မပြောင်းဘူး ကျန်နေတဲ့သဘောမျိုး ပြောပါတယ်။ တကယ်လို့သာ အထောက်အထား တိတိကျကျနဲ့ ပိုလျံနေတာကို တင်ပြနိုင်ရင်တော့ နောက်ဆုံး မဲစာရင်းစစ်ဆေးတဲ့ အထိအောင် ပယ်ဖျက်ပေးမယ်လို့ ပြောပါတယ်"

အခုလို မဲစာရင်း မမှန်မကန်တာတွေ များနေရင် ရွေးကောက်ပွဲမှာ မမျှတတာတွေ ရှိလာနိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ရီရီချို က ထောက်ပြ ပါတယ်။

"မဲစာရင်းကိုယ်တိုင်က မှန်မှန်ကန်ကန်ရှိမှပဲ သမာသမတ်ပိုကျမှာပေါ့။ မဲစာရင်း ပိုနေတယ်ဆိုတာ အကြိမ်က မနည်းတော့ဘူးလေ။ တတိယအကြိမ်ပဲ။ ဒီတခါ အတည်ပဲ ယူရတော့မယ့် စာရင်းဖြစ်ပါတယ်။ မဲစာရင်းပိုနေတဲ့ဆိုတဲ့ ဥစ္စာက ကျမတို့အတွက် ထိခိုက်နစ်နာမှု ရှိနိုင်တယ်။ အဲ့တာ မမျှတဘူးလို့ပဲ ပြောရမယ်။"

နို၀င်ဘာ ၈-ရက် ရွေးကောက်ပွဲနေ့မှာ လွှတ်တော်ကိုယ်စားလှယ်လောင်း တယောက်အတွက် မဲရုံကိုယ်စားလှယ်တဦးနဲ့ အကူကိုယ်စားလှယ် တဦး စုစုပေါင်း ၂ဦးသာ မဲရုံးမှာ လာရောက်စောင့်ကြည့်ခွင့် ရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင် က ကြေညာချက် ထုတ်ပြန်ထားပေမယ့် လောလောဆယ် မန္တလေးမှာတော့ မဲရုံစောင့်ကြည့်ဖို့ ကိုယ်စားလှယ် တဦးစီသာ ခွင့်ပြုမယ်ဆိုပြီး မန္တလေးတိုင်းရွေးကောက်ပွဲ ကော်မရှင်က နှုတ်မိန့်နဲ့ ပြောဆိုလာတဲ့အပေါ် မန္တလေးတိုင်းမှာ ရှိတဲ့ NLD ပါတီနဲ့ အခြားပါတီတွေကပါ ကန့်ကွက်ထားကြောင်း ဦးရွှေလှက ပြောပါတယ်။

"မဲပေးမယ့်နေ့မယ် ကျနော်တို့က မနက် ငါးနာရီ လောက်ကနေ မဲရေတွက်ပြီးလို့ မဲထုတ်တွေကို မြို့နယ် ကော်မရှင်ရုံး သယ်သွားပြီး နောက်ဆုံးပိတ် မဲစာရင်းတွေ အပြီးသတ် ပြုစုပြီးတဲ့အထိ ဆိုလို့ရှိရင် နာရီနှစ်ဆယ်လောက် မဲရုံကိုယ်စားလှယ်တွေက မဲလက်မှတ်တွေ ပို့တဲ့ မြို့နယ် ကော်မရှင် အထိအောင် လိုက်ပါဆောင်ရွက်မှာဖြစ်တဲ့အတွက် ဒီနှစ်ယောက်တည်းနဲ့ဆိုရင် ဘယ်လိုမှ သူတို့က မလုံလောက်ဘူးပေါ့။ မလုံလောက်တဲ့အပြင်ကိုမှ ဒီ မဲရေတွက်တဲ့အခါ ကြည့်ဖို့၊ မဲပေးတဲ့အခါ ကြည့်ဖို့ လက်မှတ်တွေ စစ်ဆေးဖို့ပဲ လူမလုံလောက်တဲ့ အတွက် စစ်ဆေးနိုင်ဖို့ အမှားအယွင်းဖြစ်သွားလို့ရှိရင် ကိုယ်စားလှယ်လောင်းတွေ အတွက်ရော ပါတီအတွက်ရော နစ်နာဆုံးရှုံးမှုတွေ အများကြီးပေါ်လာနိုင်တယ်။ တကယ်လို့သာ မမှန်မကန်ဆောင်ရွက်မှုတွေ၊ လွဲမှားမှုတွေ ကြီးကြီးကျယ်ကျယ်ဖြစ်သွားရင် ကိုယ်စားလှယ်လောင်းရှုံးသွားနိုင်တဲ့အတွက် တချို့မြို့နယ်တွေ က ခွင့်မပြုပဲ ကန့်သတ်ထားလို့ တိုင်းကော်မရှင်ကို ကျနော် တင်ပြပါတယ်။ "

မန္တလေးတိုင်းနဲ့ တနင်္သာရီတိုင်းမှာလိုပဲ အခြားတိုင်းနဲ့ ပြည်နယ်တွေမှာလဲ မဲပိုစာရင်းတွေ ရှိကြောင်းသတင်းတွေထွက်ပေါ်နေပါတယ်။

ကိုဉာဏ်ဝင်းအောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment