CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Friday, October 30, 2015
ကေလးတစ္ဦးမူဝါဒ ေျဖေလ်ွာ့မႈကို သတိနဲ႔ ႀကိဳဆို
တ႐ုတ္ ႏိုင္ငံမွာ ဆယ္စုႏွစ္ မ်ားစြာ က်င့္သံုး လာခဲ့တဲ့ တစ္အိမ္ေထာင္ ကေလးတစ္ေယာက္ မူဝါဒကို ဖ်က္သိမ္းေတာ့မယ္ ဆိုတဲ့ သတင္းဟာ တ႐ုတ္ ႏိုင္ငံသားေတြရဲ့ ဆႏၵကို ထင္ဟပ္တဲ့ သတင္း ျဖစ္တယ္လို႔ တ႐ုတ္ပိုင္ သတင္း မီဒီယာက ေဖာ္ျပ ႀကိဳဆို ခဲ့ပါတယ္။
ဒါေပမယ့္ လူ႔အခြင့္အေရး အဖြဲ႕ေတြ ကေတာ့ ဒီေၾကညာခ်က္ဟာ သိပ္ ခရီး မေရာက္ေသးဘဲ ကန္႔သတ္ထားတဲ့ စည္းမ်ဥ္းေတြကိုပါ ပယ္ဖ်က္ ေပးသင့္တယ္လို႔ ေျပာၾကပါတယ္။
တ႐ုတ္ ဇနီးေမာင္ႏွံ အားလံုးကို ကေလး ၂ ေယာက္ အထိ ယူႏိုင္ဖို႔ အဲဒီ မူဝါဒကို ေျဖေလ်ွာ့ေပးမယ္လို႔ တ႐ုတ္ အစိုးရက ၾကာသပေတးေန႔မွာ ေၾကညာ ခဲ့တာပါ။
ကေလး ၂ ေယာက္ ယူႏိုင္မယ့္ မူဝါဒ အသစ္မွာ အက်ံဳးဝင္တဲ့ ဇနီးေမာင္ႏွံ အိမ္ေထာင္စုေပါင္း သန္း ၉၀ ေလာက္ ရွိတယ္လို႔ တ႐ုတ္ အမ်ိဳးသား က်န္းမာေရးနဲ႔ မိသားစု စီမံကိန္း ေကာ္မရွင္က ေၾကညာခ်က္ ထုတ္ျပန္ ခဲ့ပါတယ္။
ဒါေပမယ့္ အဲဒီ မူဝါဒကို ဘယ္အခ်ိန္မွာ စတင္ အေကာင္အထည္ ေဖာ္မလဲ ဆိုတာကိုေတာ့ ေဖာ္ျပ မထားပါဘူး။
လက္ရွိအခ်ိန္ထိ ဒုတိယေျမာက္ ကေလး ယူခ်င္တဲ့ မိသားစုေတြ အေနနဲ႔ ခြင့္ျပဳခ်က္ ရဖို႔ ေလ်ွာက္လြွာ တင္ေနရဆဲ ျဖစ္ပါတယ္။ ဒါေပမယ့္ သေဘာတူ ခြင့္ျပဳေပးတဲ့ စနစ္ အစား စာရင္းသြင္း မွတ္ပံုတင္တဲ့ စနစ္နဲ႔ ေျပာင္းလဲ ေပးဖြယ္ ရွိတယ္လို႔ေတာ့ အဲဒီ ေကာ္မရွင္က ေျပာပါတယ္။
BBC Burmese
http://www.bbc.com/burmese
......................
တရုတ် နိုင်ငံမှာ ဆယ်စုနှစ် များစွာ ကျင့်သုံး လာခဲ့တဲ့ တစ်အိမ်ထောင် ကလေးတစ်ယောက် မူဝါဒကို ဖျက်သိမ်းတော့မယ် ဆိုတဲ့ သတင်းဟာ တရုတ် နိုင်ငံသားတွေရဲ့ ဆန္ဒကို ထင်ဟပ်တဲ့ သတင်း ဖြစ်တယ်လို့ တရုတ်ပိုင် သတင်း မီဒီယာက ဖော်ပြ ကြိုဆို ခဲ့ပါတယ်။
ဒါပေမယ့် လူ့အခွင့်အရေး အဖွဲ့တွေ ကတော့ ဒီကြေညာချက်ဟာ သိပ် ခရီး မရောက်သေးဘဲ ကန့်သတ်ထားတဲ့ စည်းမျဉ်းတွေကိုပါ ပယ်ဖျက် ပေးသင့်တယ်လို့ ပြောကြပါတယ်။
တရုတ် ဇနီးမောင်နှံ အားလုံးကို ကလေး ၂ ယောက် အထိ ယူနိုင်ဖို့ အဲဒီ မူဝါဒကို ဖြေလျှော့ပေးမယ်လို့ တရုတ် အစိုးရက ကြာသပတေးနေ့မှာ ကြေညာ ခဲ့တာပါ။
ကလေး ၂ ယောက် ယူနိုင်မယ့် မူဝါဒ အသစ်မှာ အကျုံးဝင်တဲ့ ဇနီးမောင်နှံ အိမ်ထောင်စုပေါင်း သန်း ၉၀ လောက် ရှိတယ်လို့ တရုတ် အမျိုးသား ကျန်းမာရေးနဲ့ မိသားစု စီမံကိန်း ကော်မရှင်က ကြေညာချက် ထုတ်ပြန် ခဲ့ပါတယ်။
ဒါပေမယ့် အဲဒီ မူဝါဒကို ဘယ်အချိန်မှာ စတင် အကောင်အထည် ဖော်မလဲ ဆိုတာကိုတော့ ဖော်ပြ မထားပါဘူး။
လက်ရှိအချိန်ထိ ဒုတိယမြောက် ကလေး ယူချင်တဲ့ မိသားစုတွေ အနေနဲ့ ခွင့်ပြုချက် ရဖို့ လျှောက်လွှာ တင်နေရဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် သဘောတူ ခွင့်ပြုပေးတဲ့ စနစ် အစား စာရင်းသွင်း မှတ်ပုံတင်တဲ့ စနစ်နဲ့ ပြောင်းလဲ ပေးဖွယ် ရှိတယ်လို့တော့ အဲဒီ ကော်မရှင်က ပြောပါတယ်။
BBC Burmese
http://www.bbc.com/burmese
ကေလးတစ္ဦးမူဝါဒ ေျဖေလ်ွာ့မႈကို သတိနဲ႔ ႀကိဳဆို
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
October 30, 2015
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
October 30, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment