Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, October 30, 2015

တ႐ုတ္လုပ္ ကၽြန္းအနီး ကန္ စစ္သေဘၤာ ေစလႊတ္မႈ ၂ ႏိုင္ငံ ေရတပ္ အႀကီးအကဲခ်င္း ေဆြးေႏြး

ေတာင္တရုတ္ပင္လယ္တြင္းက ကန္သေဘၤာ။ 
ေတာင္တရုတ္ ပင္လယ္ျပင္အတြင္း ပုိင္ဆုိင္မႈအျငင္းပြားေနတဲ့ ေရပုိင္အတြင္း တရုတ္တုိ႔ ေဆာက္ထားတဲ့ ကၽြန္းအတု အနီး အေမရိကန္တုိ႔က ေရတပ္ဖ်က္ သေဘၤာ ခုတ္ေမာင္းသြားတဲ့ လုပ္ရပ္ဟာ အႏၱရာယ္မ်ားၿပီး ရန္စတဲ့ လုပ္ရပ္ျဖစ္တယ္လုိ႔ တရုတ္ေရတပ္ အႀကီးအကဲက အေမရိကန္ ေရတပ္ အႀကီးအကဲကုိ ေျပာၾကား လုိက္ပါတယ္။

အေမရိကန္ေရတပ္ စစ္ဆင္ေရးအႀကီးအကဲ ေရတပ္ဗုိလ္ခ်ဳပ္ႀကီး John Richardson နဲ႔ တရုတ္ေရတပ္ဗုိလ္ခ်ဳပ္ႀကီး Wu Shengli တုိ႔ ၾကာသပေတးေန႔က အလ်င္အျမန္စီစဥ္ၿပီး ဗီြဒီယိုနဲ႔ တုိက္ရုိက္ျပဳလုပ္ခဲ့တဲ့ ေဆြးေႏြးပြဲအတြင္း တရုတ္ဖက္က အဲဒီလုိ ေျပာၾကားလုိက္တာပါ။

ေဆြးေႏြးမႈဟာ အလုပ္သေဘာဆန္ၿပီး အက်ဳိးရွိတဲ့ ေဆြးေႏြးမႈျဖစ္ေၾကာင္း အေမရိကန္ ကာကြယ္ေရးအရာရွိေတြက ေျပာၾကားလုိက္ၿပီး ႏွစ္ ပုံမွန္ ေဆြးေႏြးမႈေတြ ဆက္လက္ ျပဳလုပ္သြားဖုိ႔နဲ႔ ထိပ္တုိက္ ရင္ဆုိင္မႈေတြက ေရွာင္ရွားႏုိင္ေအာင္ လုပ္ထုံး လုပ္နည္းေတြကုိ လုိက္နာသြားၾကဖုိ႔ ႏွစ္ဖက္ သေဘာတူခဲ့တယ္လုိ႔ ဆုိပါတယ္။

ဒါေပမယ့္ ေဆြးေႏြးမႈေတြဟာ တင္းမာတဲ့သေဘာရွိေၾကာင္း တရုတ္အရာရွိေတြဖက္က ေျပာပါတယ္။ အဲဒီလုိ အႏၱရာယ္မ်ားၿပီး ရန္လုိတဲ့ လုပ္ရပ္မ်ဳိးဟာ တရုတ္ႏုိင္ငံရဲ႕ အခ်ဳပ္အျခာ အာဏာပုိင္ဆုိင္မႈကုိ ၿခိမ္းေခ်ာက္ေနၿပီး ေဒသတြင္း ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္မႈကုိ ထိပါးေစတဲ့ လုပ္ရပ္ျဖစ္တယ္လုိ႔ တရုတ္ေရတပ္ဗုိလ္ခ်ဳပ္ႀကီး Wu Shengli ေျပာၾကားခဲ့ေၾကာင္း အစုိးရပုိင္ ဆင္ဟြာသတင္းမွာ ကုိးကား ေဖာ္ျပထားပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
...............
 တောင်တရုတ်ပင်လယ်တွင်းက ကန်သင်္ဘော။
တောင်တရုတ် ပင်လယ်ပြင်အတွင်း ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ရေပိုင်အတွင်း တရုတ်တို့ ဆောက်ထားတဲ့ ကျွန်းအတု အနီး အမေရိကန်တို့က ရေတပ်ဖျက် သင်္ဘော ခုတ်မောင်းသွားတဲ့ လုပ်ရပ်ဟာ အန္တရာယ်များပြီး ရန်စတဲ့ လုပ်ရပ်ဖြစ်တယ်လို့ တရုတ်ရေတပ် အကြီးအကဲက အမေရိကန် ရေတပ် အကြီးအကဲကို ပြောကြား လိုက်ပါတယ်။

အမေရိကန်ရေတပ် စစ်ဆင်ရေးအကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး John Richardson နဲ့ တရုတ်ရေတပ်ဗိုလ်ချုပ်ကြီး Wu Shengli တို့ ကြာသပတေးနေ့က အလျင်အမြန်စီစဉ်ပြီး ဗွီဒီယိုနဲ့ တိုက်ရိုက်ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲအတွင်း တရုတ်ဖက်က အဲဒီလို ပြောကြားလိုက်တာပါ။

ဆွေးနွေးမှုဟာ အလုပ်သဘောဆန်ပြီး အကျိုးရှိတဲ့ ဆွေးနွေးမှုဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးအရာရှိတွေက ပြောကြားလိုက်ပြီး နှစ် ပုံမှန် ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်သွားဖို့နဲ့ ထိပ်တိုက် ရင်ဆိုင်မှုတွေက ရှောင်ရှားနိုင်အောင် လုပ်ထုံး လုပ်နည်းတွေကို လိုက်နာသွားကြဖို့ နှစ်ဖက် သဘောတူခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဆွေးနွေးမှုတွေဟာ တင်းမာတဲ့သဘောရှိကြောင်း တရုတ်အရာရှိတွေဖက်က ပြောပါတယ်။ အဲဒီလို အန္တရာယ်များပြီး ရန်လိုတဲ့ လုပ်ရပ်မျိုးဟာ တရုတ်နိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ခြိမ်းချောက်နေပြီး ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ထိပါးစေတဲ့ လုပ်ရပ်ဖြစ်တယ်လို့ တရုတ်ရေတပ်ဗိုလ်ချုပ်ကြီး Wu Shengli ပြောကြားခဲ့ကြောင်း အစိုးရပိုင် ဆင်ဟွာသတင်းမှာ ကိုးကား ဖော်ပြထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment