Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, October 30, 2015

ဦးႏုိင္ငံလင္း ခြဲစိတ္မႈေအာင္ျမင္၊ လက္တုန္႔မျပန္ဖုိ႔ ပါတီဝင္ေတြကုိ NLD သတိေပး

ရန္ကုန္ေဆးရံုႀကီးမွာ ေအာက္တိုဘာလ ၃ဝ ရက္ေန႔က သာေကတၿမိဳ႕နယ္ NLD လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးႏိုင္ငံလင္း ကို ေတြ႔ရစဥ္။ Photo: Htet Arkar/RFA
 ရန္ကုန္တိုင္းေဒသႀကီး၊ သာေကတၿမိဳ႕နယ္မွာ မေန႔ညက ဓါးနဲ႔ခုတ္ခံရတဲ့ အန္အယ္လ္ဒီပါတီရဲ့ တုိင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးႏုိင္ငံလင္းကို ခဲြစိတ္မႈေအာင္ျမင္ေပမယ့္ လက္ႏွစ္ဖက္ဟာ ဓါးဒဏ္ ရာေတြေၾကာင့္ လနဲ႔ခ်ီလႈပ္ရွားလို႔ ရမွာမဟုတ္ဘူးလုိ႔ သိရပါတယ္။

ဦးေခါင္းကို ၁၀ ခ်က္ခ်ဳပ္လိုက္ရၿပီး လက္အေၾကာေတြ ျပတ္သြားတဲ့အတြက္ အသက္အႏၱရာယ္ မစိုးရိမ္ရေတာ့ေပမယ့္ လႈပ္ရွားလို႔မရေသးဘူးလို႔ ဦးႏုိင္ငံလင္းရဲ႕ဇနီး မခင္စႏၵာဝင္းက ေျပာပါတယ္။

"ေခါင္းက ၁ဝ ခ်က္ ခ်ဳပ္ရပါတယ္၊ ညာဘက္လက္ကက်ေတာ့ လက္မ၊ လက္သန္း၊ လက္ခလယ္ ရယ္ျဖစ္တယ္၊ လက္မေသြးေၾကာ ၃ ခ်က္ရွိတာ ၁ ေၾကာျပတ္သြားတယ္၊ ၁ ေၾကာပဲက်န္တယ္၊ လက္သန္းတစ္ေခ်ာင္းကေတာ့ လံုးဝလႈပ္ရွားလို႔မရဘူး၊ ဘယ္ဘက္ကက်ေတာ့ လက္ေကာက္ဝတ္ရယ္ လက္ခလယ္ ရယ္ျဖစ္ပါတယ္၊ အခုေလာေလာဆယ္ ပင္မေသြးေၾကာေတြကို ျပန္စုထားၿပီးၿပီေပါ့ေနာ္၊ လက္ေခ်ာင္းေလးေတြကေတာ့ ၃၊ ၄ လေလာက္ ၾကာမယ္ေပါေ့နာ္၊ လႈပ္ရွားလို႔မရဘူးလို႔ ေျပာပါတယ္၊ ဒါေပမဲ့ အဲဒါေတြကို ႀကိဳးစားၿပီးကုေပး ပါမယ္ ေျပာပါတယ္ရွင့္၊ တနလၤာေန႔က်ရင္ ခြဲစိတ္မႈျပန္လုပ္ရမယ္ရွင့္"

ရန္ကုန္ျပည္သူ႔ေဆးရံုႀကီးမွာ ေဆးကုသခံေနတဲ့ ဦးႏုိင္ငံလင္းကို အမ်ဳိးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္ ဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္ နဲ႔ ပါတီရဲ့ နာယက သူရဦးတင္ဦးတုိ႔ လာေရာက္ၾကည့္ရႈခဲ့ပါတယ္။

ဦးႏုိင္ငံလင္းဟာ မေန႔ညက သာေကတၿမိဳ႕နယ္ မန္ေျပရပ္ကြက္ ၉လမ္းထိပ္မွာ ပါတီဝင္ေတြနဲ႔အတူ မဲဆြယ္စည္းရံုးေရးဆင္းၿပီးအျပန္မွာ တုိက္ခိုက္ခံရတာျဖစ္ပါတယ္။

လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးႏိုင္ငံလင္း ဓါးနဲ႔အခုတ္ခံရတဲ့အမႈကို သာေကတၿမိဳ႕နယ္ NLD ပါတီဝင္တစ္ဦးျဖစ္တဲ့ ေဒၚခ်ိဳက သာေကတၿမိဳ႕နယ္ရဲစခန္းမွာ အမႈဖြင့္တုိင္ၾကားထားၿပီး ဓါးနဲ႔ခုတ္ရာမွာ ပါ၀င္ခဲ့သူ ၄ ဦးကို ဖမ္းဆီးရမိၿပီျဖစ္တယ္လို႔ သိရပါတယ္။

ဦးႏိုင္ငံလင္းဟာ ၿပီးခဲ့တဲ့ ၂ဝ၁၂ ခုုနွစ္ ၾကားျဖတ္ေရြးေကာက္ပဲြမွာ ေနျပည္ေတာ္ ဒကၡိဏသီရိၿမိဳ႕နယ္ ျပည္သူ႔ လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ေရြးခ်ယ္ခံထားရသူျဖစ္ပါတယ္။

ဒီအေတာအတြင္း ဦးႏုိင္ငံလင္း တုိက္ခိုက္ခံခဲ့ရတာနဲ႔ ပတ္သက္ၿပီး ပါတီ၀င္ေတြအေနနဲ႔ လက္တုန္႔ျပန္တာေတြ မလုပ္ၾကဖို႔ သတိေပးႏိႈးေဆာ္တဲ့ ေၾကညာခ်က္တစ္ေစာင္ကို အန္အယ္လ္ဒီပါတီက ထုတ္ျပန္လိုက္ပါတယ္။

အဲဒီေၾကညာခ်က္ထဲမွာ ဦးႏုိင္ငံလင္းနဲ႔ ပါတီ၀င္တခ်ဳိ႕ကို တုိက္ခိုက္ခဲ့သူေတြကို ဥပေဒေၾကာင္းအရ အေရးယူႏုိင္ဖို႔ စီစဥ္ထားၿပီးျဖစ္ေၾကာင္းနဲ႔ တုိက္ခိုက္ခံရသူေတြရဲ့ အသက္အႏၱရာယ္ဟာလည္း စိုးရိမ္စရာအေျခအေန မရွိေတာ့ေၾကာင္း ေဖာ္ျပထားပါတယ္။ ဒါ့အျပင္ လာမယ့္ေရြးေကာက္ပဲြ တည္ၿငိမ္ေအးခ်မ္းစြာ ျဖတ္သန္းႏိုင္ေရး အတြက္ တစ္ႏုိင္ငံလံုးမွာရွိတဲ့ အန္အယ္လ္ဒီအဖဲြ႔၀င္ အားလံုးလက္တုံ႔ျပန္မႈေတြ မျပဳလုပ္ၾကဖို႔ကိုလည္း သတိေပးထားပါတယ္။

ေရြးေကာက္ပဲြ ေအာင္ႏုိင္ေရးအတြက္ မဲဆြယ္စည္းရံုးမႈေတြကို အရွိန္မပ်က္ ဆက္လက္ေဆာင္ရြက္ၾကဖို႔လည္း တုိက္တြန္းထားပါတယ္။

RFA Burmese
http://www.rfa.org/burmese
............
 ရန်ကုန်ဆေးရုံကြီးမှာ အောက်တိုဘာလ ၃ဝ ရက်နေ့က သာကေတမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနိုင်ငံလင်း ကို တွေ့ရစဉ်။ Photo: Htet Arkar/RFA
 ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်မှာ မနေ့ညက ဓါးနဲ့ခုတ်ခံရတဲ့ အန်အယ်လ်ဒီပါတီရဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနိုင်ငံလင်းကို ခွဲစိတ်မှုအောင်မြင်ပေမယ့် လက်နှစ်ဖက်ဟာ ဓါးဒဏ် ရာတွေကြောင့် လနဲ့ချီလှုပ်ရှားလို့ ရမှာမဟုတ်ဘူးလို့ သိရပါတယ်။

ဦးခေါင်းကို ၁၀ ချက်ချုပ်လိုက်ရပြီး လက်အကြောတွေ ပြတ်သွားတဲ့အတွက် အသက်အန္တရာယ် မစိုးရိမ်ရတော့ပေမယ့် လှုပ်ရှားလို့မရသေးဘူးလို့ ဦးနိုင်ငံလင်းရဲ့ဇနီး မခင်စန္ဒာဝင်းက ပြောပါတယ်။

"ခေါင်းက ၁ဝ ချက် ချုပ်ရပါတယ်၊ ညာဘက်လက်ကကျတော့ လက်မ၊ လက်သန်း၊ လက်ခလယ် ရယ်ဖြစ်တယ်၊ လက်မသွေးကြော ၃ ချက်ရှိတာ ၁ ကြောပြတ်သွားတယ်၊ ၁ ကြောပဲကျန်တယ်၊ လက်သန်းတစ်ချောင်းကတော့ လုံးဝလှုပ်ရှားလို့မရဘူး၊ ဘယ်ဘက်ကကျတော့ လက်ကောက်ဝတ်ရယ် လက်ခလယ် ရယ်ဖြစ်ပါတယ်၊ အခုလောလောဆယ် ပင်မသွေးကြောတွေကို ပြန်စုထားပြီးပြီပေါ့နော်၊ လက်ချောင်းလေးတွေကတော့ ၃၊ ၄ လလောက် ကြာမယ်ပေါေ့နာ်၊ လှုပ်ရှားလို့မရဘူးလို့ ပြောပါတယ်၊ ဒါပေမဲ့ အဲဒါတွေကို ကြိုးစားပြီးကုပေး ပါမယ် ပြောပါတယ်ရှင့်၊ တနင်္လာနေ့ကျရင် ခွဲစိတ်မှုပြန်လုပ်ရမယ်ရှင့်"

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသခံနေတဲ့ ဦးနိုင်ငံလင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ ပါတီရဲ့ နာယက သူရဦးတင်ဦးတို့ လာရောက်ကြည့်ရှုခဲ့ပါတယ်။

ဦးနိုင်ငံလင်းဟာ မနေ့ညက သာကေတမြို့နယ် မန်ပြေရပ်ကွက် ၉လမ်းထိပ်မှာ ပါတီဝင်တွေနဲ့အတူ မဲဆွယ်စည်းရုံးရေးဆင်းပြီးအပြန်မှာ တိုက်ခိုက်ခံရတာဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနိုင်ငံလင်း ဓါးနဲ့အခုတ်ခံရတဲ့အမှုကို သာကေတမြို့နယ် NLD ပါတီဝင်တစ်ဦးဖြစ်တဲ့ ဒေါ်ချိုက သာကေတမြို့နယ်ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားပြီး ဓါးနဲ့ခုတ်ရာမှာ ပါ၀င်ခဲ့သူ ၄ ဦးကို ဖမ်းဆီးရမိပြီဖြစ်တယ်လို့ သိရပါတယ်။

ဦးနိုင်ငံလင်းဟာ ပြီးခဲ့တဲ့ ၂ဝ၁၂ ခုုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံထားရသူဖြစ်ပါတယ်။

ဒီအတောအတွင်း ဦးနိုင်ငံလင်း တိုက်ခိုက်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး ပါတီဝင်တွေအနေနဲ့ လက်တုန့်ပြန်တာတွေ မလုပ်ကြဖို့ သတိပေးနှိုးဆော်တဲ့ ကြေညာချက်တစ်စောင်ကို အန်အယ်လ်ဒီပါတီက ထုတ်ပြန်လိုက်ပါတယ်။

အဲဒီကြေညာချက်ထဲမှာ ဦးနိုင်ငံလင်းနဲ့ ပါတီဝင်တချို့ကို တိုက်ခိုက်ခဲ့သူတွေကို ဥပဒေကြောင်းအရ အရေးယူနိုင်ဖို့ စီစဉ်ထားပြီးဖြစ်ကြောင်းနဲ့ တိုက်ခိုက်ခံရသူတွေရဲ့ အသက်အန္တရာယ်ဟာလည်း စိုးရိမ်စရာအခြေအနေ မရှိတော့ကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် လာမယ့်ရွေးကောက်ပွဲ တည်ငြိမ်အေးချမ်းစွာ ဖြတ်သန်းနိုင်ရေး အတွက် တစ်နိုင်ငံလုံးမှာရှိတဲ့ အန်အယ်လ်ဒီအဖွဲ့ဝင် အားလုံးလက်တုံ့ပြန်မှုတွေ မပြုလုပ်ကြဖို့ကိုလည်း သတိပေးထားပါတယ်။

ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးမှုတွေကို အရှိန်မပျက် ဆက်လက်ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment