Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, October 30, 2015

ဝန္ထမ္းေတြ ႀကိဳတင္မဲေပးတာ မွားယြင္းမႈေတြရိွေန


ေနျပည္ေတာ္ ပ်ဥ္းမနားၿမိဳ႕ ရန္ေအာင္၂ရပ္ကြက္ ေကာ္မရွင္ရံုးနဲ႔ ေနျပည္ေတာ္ ဇမၺဴသီရိၿမိဳ႕ ေဇယ်သိဒၶိရပ္ကြက္ ေကာ္မရွင္ရံုးတို႔ မွာ ေအာက္တိုဘာလ ၃ဝ ရက္ေန႔က ႀကိဳတင္မဲလာေရာက္ေပးေနေသာ အစိုးရဝန္ထမ္းတခ်ိဳ႕ကို ေတြ႔ရစဥ္။ Photo: Myo Thant Khaing/ RFA
 ေနျပည္ေတာ္ ေဇယ်သိဒၶိၿမိဳ႕နယ္ မွာ မေန႔က ေအာက္တိုဘာလ ၂၉ ရက္ေန႔ကစၿပီး ဝန္ထမ္းေတြ ႀကိဳတင္မဲေပးရာ ႀကိဳတင္မဲ ၂၃ မဲဟာ ေဘာပင္နဲ႔ သာအမွန္ျခစ္ခဲ့ၿပီး မွားယြင္းေနတဲ့အတြက္ ဘယ္လိုဆက္လက္ေဆာင္ရြက္ ရမယ္ဆိုတာကို ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ကို တင္ျပထားတယ္ လို႔သိရပါတယ္။

မေန႔က ေအာက္တိုဘာလ ၂၉ ရက္ေန႔ကစၿပီး လာမယ့္ နိုဝင္ဘာလ ၇ ရက္ေန႔အထိ  မဲရံုဝန္ထမ္းေတြနဲ႔ တျခား အစိုးရဝန္ထမ္းေတြ ႀကိဳတင္မဲစတင္ေပးနုိင္ၿပီ လို႔ ျပည္ေထာင္စု ေရြးေကာက္ပဲြ ေကာ္မရွင္က သတ္မွတ္ေပးထား တာျဖစ္ပါတယ္။

လာမယ့္ေရြးေကာက္ပဲြအတြက္ ႀကိဳမဲေပးတဲ့အခါ အရင္လို အမွန္ျခစ္လို႔မရဘဲ တံဆိပ္တံုးထု မဲေပးၾကရတာ ျဖစ္ ပါတယ္။

ေနျပည္ေတာ္က ေဇယ်သိဒၶိ၊ ေဘာဂသိဒၶိ၊ မဂၤလာ သိဒၶိ၊ ဓနသိဒၶိ၊ ဝဏၰသိဒၶိ၊ ဉာဏသိဒၶိ၊ သုခသိဒၶိ တို႔မွာ ႀကိဳတင္မဲေတြ ေပးေနၾကတာျဖစ္ပါတယ္။

ဒီကေန႔ ေနျပည္ေတာ္ပ်ဥ္းမနားၿမိဳ႕ရန္ေအာင္၂ ရပ္ကြက္ ေကာ္မရွင္ရံုးနဲ႔ ေနျပည္ေတာ္ ဇမၺဴသီရိၿမိဳ႕ေဇယ်သိဒၶိ ရပ္ကြက္ ေကာ္မရွင္ရံုးတို႔မွာ ႀကိဳတင္မဲေတြ လာေရာက္ေပးေနတာကိုေတြ႔ရပါတယ္။

RFA Burmese
http://www.rfa.org/burmese
...............

နေပြည်တော် ပျဉ်းမနားမြို့ ရန်အောင်၂ရပ်ကွက် ကော်မရှင်ရုံးနဲ့ နေပြည်တော် ဇမ္ဗူသီရိမြို့ ဇေယျသိဒ္ဓိရပ်ကွက် ကော်မရှင်ရုံးတို့ မှာ အောက်တိုဘာလ ၃ဝ ရက်နေ့က ကြိုတင်မဲလာရောက်ပေးနေသော အစိုးရဝန်ထမ်းတချို့ကို တွေ့ရစဉ်။ Photo: Myo Thant Khaing/ RFA
 နေပြည်တော် ဇေယျသိဒ္ဓိမြို့နယ် မှာ မနေ့က အောက်တိုဘာလ ၂၉ ရက်နေ့ကစပြီး ဝန်ထမ်းတွေ ကြိုတင်မဲပေးရာ ကြိုတင်မဲ ၂၃ မဲဟာ ဘောပင်နဲ့ သာအမှန်ခြစ်ခဲ့ပြီး မှားယွင်းနေတဲ့အတွက် ဘယ်လိုဆက်လက်ဆောင်ရွက် ရမယ်ဆိုတာကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်ပြထားတယ် လို့သိရပါတယ်။

မနေ့က အောက်တိုဘာလ ၂၉ ရက်နေ့ကစပြီး လာမယ့် နိုဝင်ဘာလ ရ ရက်နေ့အထိ  မဲရုံဝန်ထမ်းတွေနဲ့ တခြား အစိုးရဝန်ထမ်းတွေ ကြိုတင်မဲစတင်ပေးနိုင်ပြီ လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ပေးထား တာဖြစ်ပါတယ်။

လာမယ့်ရွေးကောက်ပွဲအတွက် ကြိုမဲပေးတဲ့အခါ အရင်လို အမှန်ခြစ်လို့မရဘဲ တံဆိပ်တုံးထု မဲပေးကြရတာ ဖြစ် ပါတယ်။

နေပြည်တော်က ဇေယျသိဒ္ဓိ၊ ဘောဂသိဒ္ဓိ၊ မင်္ဂလာ သိဒ္ဓိ၊ ဓနသိဒ္ဓိ၊ ဝဏ္ဏသိဒ္ဓိ၊ ဉာဏသိဒ္ဓိ၊ သုခသိဒ္ဓိ တို့မှာ ကြိုတင်မဲတွေ ပေးနေကြတာဖြစ်ပါတယ်။

ဒီကနေ့ နေပြည်တော်ပျဉ်းမနားမြို့ရန်အောင်၂ ရပ်ကွက် ကော်မရှင်ရုံးနဲ့ နေပြည်တော် ဇမ္ဗူသီရိမြို့ဇေယျသိဒ္ဓိ ရပ်ကွက် ကော်မရှင်ရုံးတို့မှာ ကြိုတင်မဲတွေ လာရောက်ပေးနေတာကိုတွေ့ရပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment