Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, October 6, 2015

NLDနဲ႔ ၈၈ ပူးတဲြ မဲဆြယ္စည္းရံုး

Photo: Kyaw Zaw Win/ RFA ( အမ်ိဳးသားဒီီမိုကေရစီအဖြဲ႔ခ်ဳပ္နဲ႔ ၈၈ မ်ိဳးဆက္ၿငိမ္းခ်မ္းေရးနဲ႔ ပြင့္လင္းလူ႔အဖြဲ႔အစည္းတို႔ ပူးတြဲက်င္းပတဲ့ ေရြးေကာက္ပြဲဆိုင္ရာ အသိပညာေပး ေဟာေျပာပြဲကို ေအာက္တိုဘာ ၆ ရက္ေန႔က ရန္ကုန္ၿမိဳ႕ ၃၂ လမ္းမွာ က်င္းပေနစဥ္ )
 လာမယ့္ ေရြးေကာက္ပြဲမွာ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ အစိုးရဖြဲ႔ႏိုင္ခဲ့ရင္ လူမ်ိဳးမေရြး ဘာသာမေရြး တန္းတူညီတူအခြင့္အေရး ရရွိဖို႔ အာမခံတယ္လို႔ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ ဗဟိုေကာ္မတီဝင္ ဦးဝင္းထိန္ က ဒီကေန႔ ေျပာလိုက္ပါတယ္။

ရန္ကုန္ၿမိဳ႕ ၃၂ လမ္းမွာ အမ်ိဳးသား ဒီီမိုကေရစီ အဖြဲ႔ခ်ဳပ္နဲ႔ ၈၈ မ်ိဳးဆက္ၿငိမ္းခ်မ္းေရးနဲ႔ ပြင့္လင္းလူ႔အဖြဲ႔အစည္းတို႔ ပူးတြဲက်င္းပတဲ့ ေရြးေကာက္ပြဲဆိုင္ရာ အသိပညာေပး ေဟာေျပာပြဲမွာ NLD ပါတီ ဗဟိုေကာ္မတီဝင္ ဦးဝင္းထိန္ က ေျပာခဲ့တာပါ။

"က်ေနာ္တို႔အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္က တႏိုင္ငံလံုးမွာမဲဆႏၵအမ်ားစုနဲ႔ အစိုးရ ဖြဲ႔ႏိုင္ရင္ အဓိကက်တဲ့ လူမ်ိဳးမေရြး၊ ဘာသာမေရြး၊ လူနည္းစု၊ လူမ်ားစုမဟုတ္ပဲနဲ႔ တန္းတူညီတူ ဆက္ဆံၿပီးေတာ့မွ တန္းတူအခြင့္အေရးရဖို႔ က်ေနာ္တို႔ NLD ကအာမခံ ပါတယ္ ဆိုတာကို က်ေနာ္ေျပာၾကားခ်င္ပါတယ္"

၈၈ မ်ိဳးဆက္ ၿငိမ္းခ်မ္းေရးနဲ႔ ပြင့္လင္းလူ႔အဖြဲ႔အစည္းက ကိုမင္းကိုႏိုင္က
မဲဆႏၵရွင္ေတြအေနနဲ႔ ေရြးေကာက္ပြဲေန႔မွာ မဲေပးဖို႔ လိုသလို မဲဆႏၵရွင္စာရင္း အမွားေတြကိုလည္း ေစာင့္ၾကည့္ေဖာ္ထုတ္ဖို႔လိုတယ္လို႔ ေျပာပါတယ္။

"မဲဆႏၵရွင္ တစ္ဦးခ်င္းဟာ ကိုယ့္နာမည္မဲစာရင္းမွာပါဖို႔၊ ဟုတ္ၿပီ မဲစာရင္းပါတယ္ဆိုရင္ မဲထည့္ျဖစ္ေအာင္ထည့္ဖို႔၊ မဲထည့္တဲ့ေနရာမွာေစ့စပ္ေသခ်ာစြာထည့္ဖို႔၊ ဒါတစ္ဦးခ်င္း ကိစၥ၊ ငါမဲေပးတာေလာက္ပဲတိုင္းျပည္တြက္လုပ္ႏိုင္မယ္ ဆိုတဲ့လူေတြအတြက္၊ ဒုတိယအဆင့္ကဘာလဲဆိုေတာ့ ၿမိဳ႕နယ္တိုင္း၊ ၿမိဳ႕နယ္တိုင္းက မဲစာရင္းေတြမွာ ေသတဲ့သူကပါ၊ မေသတဲ့သူကမပါ၊ အဲ့ေလာက္မဲစာရင္းေတြမွားေနတာ ဘာရည္ရြယ္ခ်က္နဲ႔မွားသလဲ၊ အဲ့ဒါေတြဘယ္အခ်ိန္မွာ၊ ေကာက္ၿပီးဘယ္သူကသံုးမလဲဆိုတာ က်ေနာ္တို႔ေစာင့္ၾကည့္ဖို႔လိုတယ္"

ဒီကေန႔ ေဟာေျပာပြဲမွာ NLD ပါတီကို ကိုယ္စားျပဳၿပီး ပန္းပဲတန္းၿမိဳ႕နယ္ကေန ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ တုိင္းေဒသၾကီးလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြျဖစ္တဲ့ ဦးသန္းႏုိင္ဦး နဲ႔ ေဒၚစိုးပပလႈိင္၊ အမ်ဳိးသားလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးဘမ်ဳိးသိန္း၊ ရန္ကုန္တုိင္းေဒသႀကီး ရခိုင္တုိင္းရင္းသားလူမ်ဳိးမဲဆႏၵနယ္ ကိုယ္စားလွယ္ေလာင္း ေဒၚခင္ေစာေဝ တုိ႔ကို လူထုနဲ႔မိတ္ဆက္ေပးခဲ့ပါတယ္။

ဒါ့အျပင္ ေရြးေကာက္ပြဲေန႔မွာ တံဆိပ္တံုးရိုက္ႏိွပ္ၿပီး ဆႏၵမဲေပးရတဲ့ပံုစံကိုလည္း သရုပ္ျပခဲ့ၿပီး တက္ေရာက္လာသူေတြကလည္း မဲေပးပံုေပးနည္းကို အႀကိဳေလ့က်င့္ ခဲ့ၾကပါတယ္။

ေဟာေျပာပြဲကို လူဦးေရ ၅ဝဝ ေလာက္ တက္ေရာက္ခဲ့ၿပီး အရင္က ဆူးေလဘုရားလမ္း ဗဟိုမီးသတ္ေရွ႕မွာ က်င္းပဖို႔ စီစဥ္ထားေပမယ့္ အဲဒီေနရာကို ခြင့္မျပဳတဲ့အတြက္ ၃၂ လမ္းေအာက္လမ္းထဲကို ေျပာင္းေရႊ႕က်င္းပခဲ့ရတာ ျဖစ္ပါတယ္။

RFA Burmese
https://www.facebook.com/RFA-Burmese
...........................................

Photo: Kyaw Zaw Win/ RFA ( အမျိုးသားဒီီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးတွဲကျင်းပတဲ့ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို အောက်တိုဘာ ၆ ရက်နေ့က ရန်ကုန်မြို့ ၃၂ လမ်းမှာ ကျင်းပနေစဉ် )
 လာမယ့် ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရဖွဲ့နိုင်ခဲ့ရင် လူမျိုးမရွေး ဘာသာမရွေး တန်းတူညီတူအခွင့်အရေး ရရှိဖို့ အာမခံတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးဝင်းထိန် က ဒီကနေ့ ပြောလိုက်ပါတယ်။

ရန်ကုန်မြို့ ၃၂ လမ်းမှာ အမျိုးသား ဒီီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးတွဲကျင်းပတဲ့ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဟောပြောပွဲမှာ NLD ပါတီ ဗဟိုကော်မတီဝင် ဦးဝင်းထိန် က ပြောခဲ့တာပါ။

"ကျနော်တို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တနိုင်ငံလုံးမှာမဲဆန္ဒအများစုနဲ့ အစိုးရ ဖွဲ့နိုင်ရင် အဓိကကျတဲ့ လူမျိုးမရွေး၊ ဘာသာမရွေး၊ လူနည်းစု၊ လူများစုမဟုတ်ပဲနဲ့ တန်းတူညီတူ ဆက်ဆံပြီးတော့မှ တန်းတူအခွင့်အရေးရဖို့ ကျနော်တို့ NLD ကအာမခံ ပါတယ် ဆိုတာကို ကျနော်ပြောကြားချင်ပါတယ်"

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမင်းကိုနိုင်က
မဲဆန္ဒရှင်တွေအနေနဲ့ ရွေးကောက်ပွဲနေ့မှာ မဲပေးဖို့ လိုသလို မဲဆန္ဒရှင်စာရင်း အမှားတွေကိုလည်း စောင့်ကြည့်ဖော်ထုတ်ဖို့လိုတယ်လို့ ပြောပါတယ်။

"မဲဆန္ဒရှင် တစ်ဦးချင်းဟာ ကိုယ့်နာမည်မဲစာရင်းမှာပါဖို့၊ ဟုတ်ပြီ မဲစာရင်းပါတယ်ဆိုရင် မဲထည့်ဖြစ်အောင်ထည့်ဖို့၊ မဲထည့်တဲ့နေရာမှာစေ့စပ်သေချာစွာထည့်ဖို့၊ ဒါတစ်ဦးချင်း ကိစ္စ၊ ငါမဲပေးတာလောက်ပဲတိုင်းပြည်တွက်လုပ်နိုင်မယ် ဆိုတဲ့လူတွေအတွက်၊ ဒုတိယအဆင့်ကဘာလဲဆိုတော့ မြို့နယ်တိုင်း၊ မြို့နယ်တိုင်းက မဲစာရင်းတွေမှာ သေတဲ့သူကပါ၊ မသေတဲ့သူကမပါ၊ အဲ့လောက်မဲစာရင်းတွေမှားနေတာ ဘာရည်ရွယ်ချက်နဲ့မှားသလဲ၊ အဲ့ဒါတွေဘယ်အချိန်မှာ၊ ကောက်ပြီးဘယ်သူကသုံးမလဲဆိုတာ ကျနော်တို့စောင့်ကြည့်ဖို့လိုတယ်"

ဒီကနေ့ ဟောပြောပွဲမှာ NLD ပါတီကို ကိုယ်စားပြုပြီး ပန်းပဲတန်းမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းတွေဖြစ်တဲ့ ဦးသန်းနိုင်ဦး နဲ့ ဒေါ်စိုးပပလှိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဘမျိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ကိုယ်စားလှယ်လောင်း ဒေါ်ခင်စောဝေ တို့ကို လူထုနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲနေ့မှာ တံဆိပ်တုံးရိုက်နှိပ်ပြီး ဆန္ဒမဲပေးရတဲ့ပုံစံကိုလည်း သရုပ်ပြခဲ့ပြီး တက်ရောက်လာသူတွေကလည်း မဲပေးပုံပေးနည်းကို အကြိုလေ့ကျင့် ခဲ့ကြပါတယ်။

ဟောပြောပွဲကို လူဦးရေ ၅ဝဝ လောက် တက်ရောက်ခဲ့ပြီး အရင်က ဆူးလေဘုရားလမ်း ဗဟိုမီးသတ်ရှေ့မှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် အဲဒီနေရာကို ခွင့်မပြုတဲ့အတွက် ၃၂ လမ်းအောက်လမ်းထဲကို ပြောင်းရွှေ့ကျင်းပခဲ့ရတာ ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese

No comments:

Post a Comment