Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, October 20, 2015

NLD နာယက ဦးတင္ဦးရဲ႕ ခရီးစဥ္အားလံုး ဖ်က္သိမ္း

 အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ ေရြးေကာက္ပြဲ ေအာင္နိုင္ေရး ေကာ္မတီ နာယက ဦးတင္ဦးကို ေတြ႔ရစဥ္။ Photo: RFA
 NLD အမ်ဳိးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ နာယက ဦးတင္ဦးရဲ႕ က်န္းမာေရး အေျခအေနေၾကာင့္ ရခိုင္ျပည္နယ္ ခရီးစဥ္အပါအဝင္ ဦးတင္ဦး ဦးေဆာင္သြားမယ့္ ေရြးေကာက္ပဲြ ေအာင္ႏုိင္ေရး ေဟာေျပာပဲြ ခရီးစဥ္အားလံုးကို ဖ်က္သိမ္းလိုက္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ညႊန္ၾကားခ်က္နဲ႔ ခရီးစဥ္ေတြကို ဖ်က္သိမ္းလိုက္တာ ျဖစ္တယ္လို႔ ဦးတင္ဦးရဲ႕ ခရီးစဥ္ေတြကို စီစဥ္ေဆာင္ရြက္ေနတဲ့ NLD ပါတီ ဗဟိုအလုပ္အမႈေဆာင္ ေကာ္မတီဝင္ ဦးစိုးဝင္းက ေျပာပါတယ္။

"က်န္းမာေရးေၾကာင့္ ရခိုင္တင္မဟုတ္ဘူး၊ ရန္ကုန္တိုင္းေရာ ဘာေရာအားလံုး က်ေနာ္တို႔ သြားမယ့္ဟာက ရန္ကုန္တိုင္းထဲမွာ ၁၇ ရက္ေန႔ကတည္းက သြားရမယ့္ဟာေတြ အခု က်န္းမာေရးေၾကာင့္ အခုက်ေနာ္တို႔သြားလို႔ရွိရင္ ဒယိမ္းဒယိုင္ ျဖစ္ျဖစ္ေနတယ္၊ အဲ့လိုျဖစ္လို႔ရွိရင္ ေရြးေကာက္ပြဲထိေအာင္ ခံႏိုင္မွာမဟုတ္ဘူး"

လာမယ့္ ေအာက္တုိဘာလ ၂၇ ရက္ေန႔မွာ ရခိုင္ျပည္နယ္ စစ္ေတြ၊ အမ္း၊ ေက်ာက္ျဖဴ စတဲ့ ၿမိဳ႕နယ္ေတြမွာ ဦးတင္ဦးက ေဟာေျပာပဲြေတြ က်င္းပဖို႔ စီစဥ္ထားတာျဖစ္ၿပီး ၿပီးခဲ့တဲ့ စက္တင္ဘာလကတည္းက ရွမ္းျပည္နယ္၊ မြန္ျပည္နယ္နဲ႔ ဧရာဝတီတုိင္းေတြမွာ မဲဆြယ္စည္းရံုးေရး ဆင္းခဲ့တာျဖစ္ပါတယ္။

ဒီအေတာအတြင္း NLD အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္က ရန္ကုန္တုိင္းအတြင္းက လႊတ္ေတာ္ကိုယ္စား လွယ္ေလာင္းေတြ ၿမိဳ႕နယ္အလုပ္အမႈေဆာင္အဖြဲ႔ေတြနဲ႔ ၿမိဳ႕နယ္ေအာင္နုိင္ေရး အဖြဲ႔ေတြကို ေဟာေျပာပြဲေတြ မလုပ္ဖို႔ ဒီကေန႔ ေၾကညာခ်က္ထုတ္ျပန္ညြန္ၾကားလိုက္ပါတယ္။

RFA Burmese
http://www.rfa.org/burmese
......................

 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီ နာယက ဦးတင်ဦးကို တွေ့ရစဉ်။ Photo: RFA
 NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦးရဲ့ ကျန်းမာရေး အခြေအနေကြောင့် ရခိုင်ပြည်နယ် ခရီးစဉ်အပါအဝင် ဦးတင်ဦး ဦးဆောင်သွားမယ့် ရွေးကောက်ပွဲ အောင်နိုင်ရေး ဟောပြောပွဲ ခရီးစဉ်အားလုံးကို ဖျက်သိမ်းလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွှန်ကြားချက်နဲ့ ခရီးစဉ်တွေကို ဖျက်သိမ်းလိုက်တာ ဖြစ်တယ်လို့ ဦးတင်ဦးရဲ့ ခရီးစဉ်တွေကို စီစဉ်ဆောင်ရွက်နေတဲ့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးစိုးဝင်းက ပြောပါတယ်။

"ကျန်းမာရေးကြောင့် ရခိုင်တင်မဟုတ်ဘူး၊ ရန်ကုန်တိုင်းရော ဘာရောအားလုံး ကျနော်တို့ သွားမယ့်ဟာက ရန်ကုန်တိုင်းထဲမှာ ၁၇ ရက်နေ့ကတည်းက သွားရမယ့်ဟာတွေ အခု ကျန်းမာရေးကြောင့် အခုကျနော်တို့သွားလို့ရှိရင် ဒယိမ်းဒယိုင် ဖြစ်ဖြစ်နေတယ်၊ အဲ့လိုဖြစ်လို့ရှိရင် ရွေးကောက်ပွဲထိအောင် ခံနိုင်မှာမဟုတ်ဘူး"

လာမယ့် အောက်တိုဘာလ ၂၇ ရက်နေ့မှာ ရခိုင်ပြည်နယ် စစ်တွေ၊ အမ်း၊ ကျောက်ဖြူ စတဲ့ မြို့နယ်တွေမှာ ဦးတင်ဦးက ဟောပြောပွဲတွေ ကျင်းပဖို့ စီစဉ်ထားတာဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက ရှမ်းပြည်နယ်၊ မွန်ပြည်နယ်နဲ့ ဧရာဝတီတိုင်းတွေမှာ မဲဆွယ်စည်းရုံးရေး ဆင်းခဲ့တာဖြစ်ပါတယ်။

ဒီအတောအတွင်း NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရန်ကုန်တိုင်းအတွင်းက လွှတ်တော်ကိုယ်စား လှယ်လောင်းတွေ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့တွေနဲ့ မြို့နယ်အောင်နိုင်ရေး အဖွဲ့တွေကို ဟောပြောပွဲတွေ မလုပ်ဖို့ ဒီကနေ့ ကြေညာချက်ထုတ်ပြန်ညွန်ကြားလိုက်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment