Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, October 7, 2015

ပြည်ခိုင်ဖြိုးရွေးကောက်ပွဲ မသမာမှု NLD တိုင်တန်း

a ballot form for 2015 election (Photo by Sithu VOA Burmese Service, June 08, 2015)
 နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင်းမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲမပေးရေး စည်းရုံးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက တာဝန်ရှိသူတဦးကို NLD ပါတီက တိုင်ကြားတာကို ရဲစခန်းက လက်ခံလိုက်ပါတယ်။ ရဲစခန်းဘက်က တိုင်ကြားချက်ကို စုံစမ်းစစ်ဆေးပြီး ပြစ်မှုထင်ရှားရင် ကျူးလွန်သူအနေနဲ့ ပြစ်ဒဏ်ကျခံရနိုင်သလို ပြစ်မှုထင်ရှား မပေါ်ပေါက်ရင်တော့ တိုင်ကြားသူအနေနဲ့ ပြစ်ဒဏ်ကျခံရနိုင်တဲ့ အခြေအနေလည်း ရှိနေပါတယ်။ မသိင်္ဂီထိုက် က စုစည်းတင်ပြပေးပါမယ်။

နေပြည်တော် ဒက္ခိဏသီရိ မြို့နယ်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက တာဝန်ရှိသူ တဦးက အတိုက်အခံပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲမပေးရေး လှုံ့ဆော်တဲ့ စာရွက်စာတန်းတွေ ဝေငှခဲ့တာကြောင့် ဒက္ခိဏသီရိ မြို့နယ် ရဲစခန်းကို တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။ ဒက္ခိဏသီရိမြို့နယ် ရဲစခန်းက NLD ပါတီကိုယ်စားလှယ်ရဲ့ တိုင်ကြားချက်ကို လက်ခံလိုက်တယ်လို့ ဒက္ခိဏသီရိမြို့နယ် ကိုယ်စားလှယ်လောင်း ဦးသန့်စင်ထွန်းက ပြောပါတယ်။

“ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ မြို့နယ် အလုပ်အမှုဆောင် တွဲဘက်အတွင်းရေးမှူး ဦးဇော်ဝိတ် ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ပါတီကို မဲမပေးဖို့ အားပေးလှုံ့ဆော်တဲ့ စာတွေ ဝေလို့ပါ။ အဲဒါနဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအရ ကျနော်က ပုဒ်မတော့ မတပ်သေးဘူး။ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုတွေကို ချိုးဖောက်တဲ့အတွက် အရေးယူပေးပါဆိုပြီး ကျနော်က တိုင်ကြားလိုက်တာ။ ရဲစခန်းက အမှုအမှတ် ၉၉/၂၀၁၅ နဲ့ လက်ခံတယ်။ ပုဒ်မကကျတော့ ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၈ (ဂ) အဲဒီပုဒ်မ တပ်ပေးထားတယ်။”

ဒက္ခိဏသီရိမြို့နယ် ကြာပင်ကျေးရွာအုပ်စု ထန်းတပင် ကျေးရွာမှာ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူတဦးက ကိုယ်တိုင် ဝေငှခဲ့တာကိုလည်း သက်သေ အခိုင်အမာ ရှိတယ်ဆိုပြီးလည်း NLD ကိုယ်စားလှယ်လောင်း ဦးသန့်စင်ထွန်းက ပြောပါတယ်။

“ဒက္ခိဏသီရိမြို့နယ် ကြာပင်ကျေးရွာအုပ်စု ထန်းတပင်ကျေးရွာပါ။ သူကိုယ်တိုင်ဝေတာပါ။ သူကိုယ်တိုင်ဝေတယ်။ ဝေတဲ့အခါမှာ ကျနော်တို့ရဲ့အဖွဲ့ဝင်တွေက သတင်းလှမ်းပေးတယ်ပေါ့။ သတင်းလှမ်းပေးတော့ ကျနော်တို့က နောက် ၂ ရက်လောက်မှာ သွားရောက် စုံစမ်းတဲ့အခါမှာ သူကိုယ်တိုင်ဝေတယ်။ ဝေတဲ့ဟာကို ဈေးဆိုင်တဆိုင်ရဲ့ ဆိုင်ရှင်အဒေါ်ကြီးက ကျနော်တို့ကို သက်သေထွက်ဆိုပေးတယ်။ သူ့ဆိုင်မှာ လူလည်းစုံတဲ့အတွက် ဒါတွေကို ရှင်းပြပေးပါပေါ့နော် ပြောပြီးတော့ ဝေသွားတယ်တဲ့။ အဲဒီအဒေါ်ကြီးက သက်သေထွက်ဆိုပေးထားတယ်။ သူဝေတဲ့ စာရွက်ထဲမှာကျတော့ မြို့စောင့်ဥပဒေ ၄ ခုကိုလည်း ကျနော်တို့ ပါတီက ကန့်ကွက်တယ်ပေါ့နော်။ ကျနော်တို့ပါတီ အနိုင်ရသွားလို့ရှိရင် ဒီဥပဒေတွေကို ကျနော်တို့က ပြန်ပြီးတော့ ပယ်ဖျက်မယ်ဆိုတဲ့ အကြောင်းတွေကို ရေးတယ်။ နောက်တခါ လူမျိုးရေး၊ ဘာသာရေးကို အကြောင်းပြပြီးတော့ ကျနော်တို့ ဒီ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ ပါတီကို မဲမပေးဖို့အတွက် အားပေးလှုံ့ဆော်တဲ့ အရေးအသားတွေပါတယ်။”

ဆန္ဒမဲ ပေးပိုင်ခွင့်၊ ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်ကို မတရားသဖြင့် နှောင့်ယှက်မှု၊ မဲရဖို့ လာဘ်ပေး လာဘ်ယူမှုတွေကစလို့ မဲစာရင်း မဲလက်မှတ်တွေကို မမှန်မကန် ပြုလုပ်မှုတွေအဆုံး ပြစ်မှုဆိုင်ရာ စွပ်စွဲချက်တွေကို ရဲထံ တိုက်ရိုက်တိုင်ကြား ကြဖို့ ရွေးကောက်ပွဲ ဥပဒေမှာ ပြဌာန်းထားတာဖြစ်ပါတယ်။ ဒီလို တိုင်ကြားတာမှာလည်း ရဲက စုံစမ်းစစ်ဆေးပြီး ပြစ်မှုထင်ရှားရင် တိုင်ကြားခံရသူအနေနဲ့ ထောင်ဒဏ်ကျခံရမှာ ဖြစ်ပေမဲ့ ရဲက စစ်ဆေးလို့ ပြစ်မှု မထင်ရှားဘူးလို့ ဆုံးဖြတ်ခဲ့ရင်တော့ တိုင်ကြားသူကို လိမ်လည်တိုင်ကြားသူအဖြစ် သတ်မှတ်အပြစ်ပေးခံရမယ့် အရေးလည်း ရှိနေပြန်တယ်လို့ ပြည်ထောင်စု ရှေ့နေချုပ်ရုံးရဲ့ အငြိမ်းစား ဒုတိယ ညွှန်ကြားရေးမှူး ဥပဒေပညာရှင် ဦးထွန်းခင်က အခုလို ပြောပါတယ်။

“ရဲက သူကတော့ တိုင်ချက်ဖွင့်ပေးရမှာပဲလေ။ မလျော်မကန်သုံးတာတို့၊ ခြိမ်းခြောက်တာတို့၊ ပုဒ်မ ၅၇ မှာရှိတယ်။ မသင့်တော်တာ လုပ်တာတို့၊ အဲ့လို မဲမပေးနဲ့လို့ တို့ ပြောတာတို့ဟာ ဒါ မတရားစည်းရုံးတာပဲလေ။ မလျော်သြဇာသုံးတာပဲလေ။ ပုဒ်မ ၅၇ မှာ ပါပါတယ်။ ဒါကျတော့ မလျော်သြဇာသုံးတာတို့၊ ဖြန့်ဝေတာတို့ ဖြစ်သွားတာပေါ့။ ရဲကတော့ သူကတော့ စုံစမ်းစစ်ဆေးပြီး တရားစွဲတင်ရမှာပဲ။ ဒါပေမဲ့ သူက ဖမ်းခွင့်တော့ မရှိဘူး။ အာမခံပေးနိုင်တဲ့ပုဒ်မ ဖြစ်တယ်။ ပြစ်မှုကျူးလွန်သူတွေကိုက ကျူးလွန်တာ အထမြောက်တယ်ဆိုရင်တော့ တနှစ်ဖြစ်မယ်။ မဟုတ်မမှန် တိုင်ကြားတယ်ဆိုရင် သူက အပြစ်ဒဏ် ၃ နှစ်အထိရှိတယ်။ အဲဒါ ပုဒ်မတခုပါ။”

နေပြည်တော် ဒက္ခိဏသီရိ မဲဆန္ဒနယ်မှာတော့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် က ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားတဲ့ မဲဆွယ်စည်းရုံးခွင့် ပေးတဲ့ရက် မတိုင်ခင် မဲဆွယ်စည်းရုံးတယ်ဆိုပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်က ဒက္ခိဏသီရိ ရဲစခန်းကို တိုင်ကြားခဲ့တာကိုတော့ ရဲစခန်းက လက်မခံခဲ့ပါဘူး။ ဒါပေမဲ့ အခု တကြိမ်တိုင်ကြားမှုကိုတော့ တနင်္လာနေ့မှာ ဒက္ခိဏသီရိရဲစခန်းက လက်ခံလိုက်ပြီး အခုချိန်ထိတော့ စုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက်ပြီး အကြောင်းကြား မလာသေးဘူးလို့လည်း NLD ကိုယ်စားလှယ်က ပြောဆိုထားပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
.......................................

a ballot form for 2015 election (Photo by Sithu VOA Burmese Service, June 08, 2015)
 နျေပည်တော် ဒက္ခိဏသီရိမြို့နယ္တြင်းမွာ အမိုးသား ဒီမိုကေရစီ အဖြဲ့ခ်ုပ္ကို မဲမေပးရေး စည်းရုံးခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္နျဲ့ပည်ထောင္စု ကြံ့ခိုင်ရေးနဲ့ ဖြံ့ဖြိုးရေးပါတီက တာဝန်ရွိသူတဦးကို NLD ပါတီက တိုင်ကြားတာကို ရဲစခန်းက လက္ခံလိုက္ပါတယ်။ ရဲစခန်းဘက္က တိုင်ကြားခ်က္ကို စုံစမ်းစစ်ဆေးပြီျးပစ္မှုထင်ရွားရင် က်ူးလြန်သူအေနနျဲ့ပစ္ဒဏ္က်ခံရနိုင်သလျိုပစ္မှုထင်ရွား မေပ်ါပေါက်ရင်တော့ တိုင်ကြားသူအေနနျဲ့ပစ္ဒဏ္က်ခံရနိုင္တဲ့ အျေခအေနလည်း ရွိနေပါတယ်။ မသိင်္ဂီထိုက် က စုစည်းတင်ျပေပးပါမယ်။

နျေပည်တော် ဒက္ခိဏသီရိ မြို့နယ္မျွာပည်ထောင္စု ကြံ့ခိုင်ရေးနဲ့ ဖြံ့ဖြိုးရေးပါတီက တာဝန်ရွိသူ တဦးက အတိုက်အခံပါတီ ခေါင်းဆောင် ဒေါ်အောင္ဆန်းစုကြည္နဲ့ သူမရဲ့ အမိုးသား ဒီမိုကေရစီ အဖြဲ့ခ်ုပ္ကို မဲမေပးရေး လှုံ့ဆ္တောဲ့ စာရြက္စာတန်းတြေ ဝေငွခဲ့တာကြောင့် ဒက္ခိဏသီရိ မြို့နယ် ရဲစခန်းကို တိုင်ကြားခဲ့တျာဖစ္ပါတယ်။ ဒက္ခိဏသီရိမြို့နယ် ရဲစခန်းက NLD ပါတီကိုယ္စားလွယ်ရဲ့ တိုင်ကြားခ်က္ကို လက္ခံလိုက္တယ္လို့ ဒက္ခိဏသီရိမြို့နယ် ကိုယ္စားလွယ်လောင်း ဦးသန့်စင္ထြန်းကျေပာပါတယ်။

“ျပည်ထောင္စု ကြံ့ခိုင်ရေးနဲ့ ဖြံ့ဖြိုးရေးပါတီရဲ့ မြို့နယ် အလုပ်အမှုဆောင် တြဲဘက်အတြင်းရေးမွူး ဦးဇော်ဝိတ် က်န္တောို့ ဒေါ်အောင္ဆန်းစုကြည္နဲ့ သူ့ရဲ့ပါတီကို မဲမေပးဖို့ အားပေးလှုံ့ဆ္တောဲ့ စာတြေ ဝေလို့ပါ။ အဲဒါနဲ့ ရြေးကောက္ပြဲဆိုင်ရာ ဥပေဒအရ က်န္ကော ပုဒ္မေတာ့ မတပ်သေးဘူး။ ရြေးကောက္ပြဲဆိုင်ရျာပစ္မှုတြေကို ခိုးဖောက္တဲ့အတြက် အေရးယူပေးပါဆိုပြီး က်န္ကော တိုင်ကြားလိုက္တာ။ ရဲစခန်းက အမှုအမွတ် ၉၉/၂၀၁၅ နဲ့ လက္ခံတယ်။ ပုဒ္မကက်တော့ ရြေးကောက္ပြဲဥပေဒပုဒ္မ ၅၈ (ဂ) အဲဒီပုဒ္မ တပ်ပေးထားတယ်။”

ဒက္ခိဏသီရိမြို့နယ် ကြာပင်ကေ်းရြာအုပ္စု ထန်းတပင် ကေ်းရြာမျွာပုလုပ္ခဲ့တျဲ့ပည်ထောင္စု ကြံ့ခိုင်ရေးနဲ့ ဖြံ့ဖြိုးရေးပါတီ တာဝန်ရွိသူတဦးက ကိုယ္တိုင် ဝေငွခဲ့တာကိုလည်း သက်သေ အခိုင်အမာ ရွိတယ္ဆိုပြီးလည်း NLD ကိုယ္စားလွယ်လောင်း ဦးသန့်စင္ထြန်းကျေပာပါတယ်။

“ဒက္ခိဏသီရိမြို့နယ် ကြာပင်ကေ်းရြာအုပ္စု ထန်းတပင်ကေ်းရြာပါ။ သူကိုယ္တိုင်ဝေတာပါ။ သူကိုယ္တိုင်ဝေတယ်။ ဝေတဲ့အခါမွာ က်န္တောို့ရဲ့အဖြဲ့ဝင်တြေက သတင်းလွမ်းပေးတယ်ပေါ့။ သတင်းလွမ်းပေးတော့ က်န္တောို့က နောက် ၂ ရက်လောက္မွာ သြားရောက် စုံစမ်းတဲ့အခါမွာ သူကိုယ္တိုင်ဝေတယ်။ ဝေတဲ့ဟာကို စေ်းဆိုင္တဆိုင်ရဲ့ ဆိုင်ရွင်ေအဒ်ါကြီးက က်န္တောို့ကို သက်သေထြက္ဆိုပေးတယ်။ သူ့ဆိုင္မွာ လူလည်းစုံတဲ့အတြက် ဒါတြေကို ရွင်ျးပေပးပါပေါ့နော်ျေပာပြီးတော့ ဝေသြားတယ္တဲ့။ အဲဒီအေဒ်ါကြီးက သက်သေထြက္ဆိုပေးထားတယ်။ သူဝေတဲ့ စာရြက္ထဲမွာက်တော့ မြို့စောင့်ဥပေဒ ၄ ခုကိုလည်း က်န္တောို့ ပါတီက ကန့်ကြက္တယ်ပေါ့နော်။ က်န္တောို့ပါတီ အနိုင်ရသြားလို့ရွိရင် ဒီဥပေဒေတြကို က်န္တောို့ကျပန်ပြီးတော့ ပယ္ဖ်က္မယ္ဆိုတဲ့ အေကြာင်းတြေကို ရေးတယ်။ နောက္တခါ လူမိုးရေး၊ ဘာသာရေးကို အေကြာင်ျးပပြီးတော့ က်န္တောို့ ဒီ ဒေါ်အောင္ဆန်းစုကြည္နဲ့ သူ့ရဲ့ ပါတီကို မဲမေပးဖို့အတြက် အားပေးလှုံ့ဆ္တောဲ့ အေရးအသားတြေပါတယ်။”

ဆန္ဒမဲ ပေးပိုင္ခြင့်၊ ရြေးကောက် တင်ျေမှာက္ခံပိုင္ခြင့်ကို မတရားသျဖင့် နွောင့်ယွက္မှု၊ မဲရဖို့ လာဘ်ပေး လာဘ်ယူမှုတြေကစလို့ မဲစာရင်း မဲလက္မွတ်တြေကို မမွန္မကန်ျပုလုပ္မှုတြေအဆုံျးပစ္မှုဆိုင်ရာ စြပ္စြဲခ်က်တြေကို ရဲထံ တိုက်ရိုက္တိုင်ကြား ကြဖို့ ရြေးကောက္ပြဲ ဥပေဒမျွာပဌာန်းထားတျာဖစ္ပါတယ်။ ဒီလို တိုင်ကြားတာမွာလည်း ရဲက စုံစမ်းစစ်ဆေးပြီျးပစ္မှုထင်ရွားရင် တိုင်ကြားခံရသူအေနနဲ့ ထောင္ဒဏ္က်ခံရမျွာဖစ်ပေမဲ့ ရဲက စစ်ဆေးလိျု့ပစ္မှု မထင်ရွားဘူးလို့ ဆုံျးဖတ္ခဲ့ရင်တော့ တိုင်ကြားသူကို လိမ္လည္တိုင်ကြားသူအျဖစ် သတ္မွတ်အျပစ်ပေးခံရမယ့် အေရးလည်း ရွိနျေပန္တယ္လိျု့ပည်ထောင္စု ရွေ့နေခ်ုပ်ရုံးရဲ့ အငြိမ်းစား ဒုတိယ ညွှန်ကြားရေးမွူး ဥပေဒပညာရွင် ဦးထြန်းခင္က အခုလိုျေပာပါတယ်။

“ရဲက သူကေတာ့ တိုင္ခ်က္ဖြင့်ပေးရမွာပဲလေ။ မေလ်္မာကန်သုံးတာတို့၊ ခြိမ်ျးေခာက္တာတို့၊ ပုဒ္မ ၅၇ မွာရွိတယ်။ မသင့်တ္တောာ လုပ္တာတို့၊ အဲ့လို မဲမေပးနဲ့လို့ တို့ျေပာတာတို့ဟာ ဒါ မတရားစည်းရုံးတာပဲလေ။ မေလ်ာ်သြဇာသုံးတာပဲလေ။ ပုဒ္မ ၅၇ မွာ ပါပါတယ်။ ဒါက်တော့ မေလ်ာ်သြဇာသုံးတာတို့၊ျဖန့်ဝေတာတိျု့ဖစ်ြသားတာပေါ့။ ရဲကေတာ့ သူကေတာ့ စုံစမ်းစစ်ဆေးပြီး တရားစြဲတင်ရမွာပဲ။ ဒါပေမဲ့ သူက ဖမ်းခြင့်တော့ မရွိဘူး။ အာမခံပေးနိုင္တဲ့ပုဒ္မျဖစ္တယ်။ျပစ္မှုက်ူးလြန်သူတြေကိုက က်ူးလြန္တာ အထျေမာက္တယ္ဆိုရင်တော့ တနွစ်ျဖစ္မယ်။ မဟုတ္မမွန် တိုင်ကြားတယ္ဆိုရင် သူက အျပစ္ဒဏ် ၃ နွစ်အထိရွိတယ်။ အဲဒါ ပုဒ္မတခုပါ။”

နျေပည်တော် ဒက္ခိဏသီရိ မဲဆန္ဒနယ္မွာတေျာ့ပည်ထောင္စုဝန်ကြီး ဦျးမင့်လှိုင် ကျပည်ထောင္စု ကြံ့ခိုင်ရေးနဲ့ ဖြံ့ဖြိုးရေးပါတီရျဲ့ပည်သူ့လွှတ်တော် ကိုယ္စားလွယ်အျဖစ် ၀င်ရောက်ယွဉ်ပြိုင္မျွာဖစ်ပြီး ရြေးကောက္ပြဲက္မောရွင္က သတ္မွတ္ထားတဲ့ မဲဆြယ္စည်းရုံးခြင့် ပေးတဲ့ရက် မတိုင္ခင် မဲဆြယ္စည်းရုံးတယ္ဆိုပြီး အမိုးသားဒီမိုကေရစီအဖြဲ့ခ်ုပ်ရဲ့ ကိုယ္စားလွယ္က ဒက္ခိဏသီရိ ရဲစခန်းကို တိုင်ကြားခဲ့တာကိုတော့ ရဲစခန်းက လက္မခံခဲ့ပါဘူး။ ဒါပေမဲ့ အခု တကြိမ္တိုင်ကြားမှုကိုတော့ တနင်္လာနေ့မွာ ဒက္ခိဏသီရိရဲစခန်းက လက္ခံလိုက်ပြီး အခုခိန္ထိတော့ စုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက်ပြီး အေကြာင်းကြား မလာသေးဘူးလို့လည်း NLD ကိုယ္စားလွယ္ကျေပာဆိုထားပါတယ်။

 ဗြီအိုအေ (ျမန္မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment