Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, October 8, 2015

NLD အနိုင္ရရင္ အစိုးရအဖြဲ႔ကို ဦးေဆာင္မယ္လို႔ ေဒၚေအာင္ဆန္း စုၾကည္ ေျပာၾကား

 အမ်ဳိးသား ဒီမိုကေရစီ အဖဲြ႔ခ်ဳပ္ ဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္ စက္တင္ဘာလ ၁၁ ရက္ေန႔က ကယားျပည္နယ္ ဖားေဆာင္းၿမိဳ႕မွာ ေရြးေကာက္ပဲြေအာင္ႏုိင္ေရး ေဟာေျပာစဥ္။ Photo: Myo Thant Khaing/RFA
လာမယ့္ေရြးေကာက္ပြဲမွာ NLD အနိုင္ရရင္၊ အစိုးရအဖြဲ႔ကို ဦးေဆာင္သြားမယ္လို႔ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ ဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

India Today ရုပ္သံ သတင္းဌာနက မေန႔က ေတြ႔ဆံုေမးျမန္းရာမွာ ေျပာၾကားခဲ့တာပါ။

ေရြးေကာက္ပြဲမွာ NLD ႏိုင္လို႔ အစိုးရဖြဲ႔တဲ့အခါ၊ က်မအေနနဲ႔ သမၼတ ဟုတ္သည္ျဖစ္ေစ မဟုတ္သည္ျဖစ္ေစ၊ အစိုးရကို ဦးေဆာင္သြားမွာပါ၊ တိုင္းျပည္ကို ဦးေဆာင္ဖို႔အတြက္ သမၼတ ျဖစ္စရာလိုပါသလား၊ က်မဟာ NLD ပါတီရဲ႕ ေခါင္းေဆာင္ျဖစ္တာေၾကာင့္၊ NLD အစိုးရကို ဦးေဆာင္ရမွာပါပဲလို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာ ၾကားခဲ့ပါတယ္။

အိႏၵိယႏိုင္ငံမွာ ကြန္ဂရက္ပါတီ အႏိုင္ရတဲ့အခါ ပါတီေခါင္းေဆာင္ ဆိုနီယာ ဂႏၶီ က မန္မိုဟန္ဆင္းကို သမၼတ ခန္႔လိုက္သလိုမ်ိဳးပါလားလို႔ India Today က ေမးတဲ့အခါ - မဟုတ္ပါဘူး၊ အဲ့သလိုမ်ိဳး လံုးဝ မဟုတ္ပါဘူး၊ ေစာင့္သာ ၾကည့္ပါ လို႔သာ ေဒၚေအာင္ဆန္းစုၾကည္က ေျဖၾကားခဲ့ပါတယ္။

NLD က အဆုိျပဳမယ့္ သမၼတေလာင္းနဲ႔ပတ္သက္ၿပီး သူရဦးေရႊမန္းျဖစ္ႏိုင္ေျခရွိတယ္လို႔ ခန္႔မွန္း ေနၾကတာနဲ႔ ပတ္သက္ၿပီး ေမးျမန္းရာမွာေတာ့ - NLD ပါတီမွာ အရပ္သားေတြအမ်ားအျပားရွိေၾကာင္း၊ ဒီကိစၥဟာ အႀကိဳက္ ကိစၥထက္ မသင့္ေတာ္မေတာ္ဆိုတာက ပိုၿပီးအေရးႀကီးေၾကာင္း၊ ရိုးသားေျဖာင့္မတ္တဲ့ အရပ္သားဆိုရင္ ပိုၿပီးသင့္ေတာ္မွာျဖစ္ေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားခဲ့ပါတယ္။

ဒါ့ျပင္ NLD အစိုးရဖြဲ႔ႏိုင္တဲ့အခါ အိႏၵိယ ျမန္မာ ဆက္ဆံေရးနဲ႔ပတ္သက္ၿပီး ေရွ႕အလားအလာေတြကို India Today ရုပ္သံသတင္းက ေမးျမန္းရာမွာ ေဒၚေအာင္ဆန္းစုၾကည္က - ပြင့္လင္းျမင္သာမႈ ရွိေစခ်င္ပါတယ္၊ နယ္စပ္ေတြမွာ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းရွိဖို႔ဆိုရင္ အိမ္နီးခ်င္းႏိုင္ငံေတြအေနနဲ႔ အခ်င္းခ်င္းၾကားမွာ စစ္မွန္တဲ့ နားလည္မႈရွိဖို႔လိုပါတယ္။ ပြင့္လင္းျမင္သာမႈမရွိရင္ေတာ့ သံသယ အမ်ိဳးမ်ိဳးေတြ၊ သို႔ေလာ သို႔ေလာေတြ ေပၚေပါက္လာမွာပါ၊ ဒါေတြက ႏိုင္ငံခ်င္းခ်စ္ၾကည္ရင္းႏွီးမႈ အေျခခံအုတ္ျမစ္ကို တိုက္စားေနမွာျဖစ္ပါတယ္လို႔ ေျပာၾကားခဲ့တာပါ။

ဒါ့ျပင္ အိႏၵိယရဲ႕ ဒီမိုကေရစီမွာ ျမန္မာအတြက္ သင္ခန္းစာယူစရာေတြ ရွိေနတယ္လို႔လည္း ေျပာပါတယ္။

NLD အာဏာရရင္ တရုတ္ ျမန္မာဆက္ဆံေရးဟာလည္း ေကာင္းမြန္လာမွာျဖစ္သလို၊ တရုတ္နဲ႔ အိႏၵိယၾကား ဆက္ဆံေရး တိုးတက္ေကာင္းမြန္လာေအာင္ ျမန္မာက ကူညီႏိုင္မွာျဖစ္တယ္လို႔လည္း ေျပာၾကားခဲ့ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ဟာ ၿပီးခဲ့တဲ့ သံုးႏွစ္အတြင္း အိႏၵိယ သတင္းမီဒီယာနဲ႔ ပထမဦးဆံုးအႀကိမ္ ေတြ႔ဆံုခဲ့ တာျဖစ္ပါတယ္။

RFA Burmese
http://www.rfa.org/burmese
......................

 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာလ ၁၁ ရက်နေ့က ကယားပြည်နယ် ဖားဆောင်းမြို့မှာ ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောစဉ်။ Photo: Myo Thant Khaing/RFA
လာမယ့်ရွေးကောက်ပွဲမှာ NLD အနိုင်ရရင်၊ အစိုးရအဖွဲ့ကို ဦးဆောင်သွားမယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

India Today ရုပ်သံ သတင်းဌာနက မနေ့က တွေ့ဆုံမေးမြန်းရာမှာ ပြောကြားခဲ့တာပါ။

ရွေးကောက်ပွဲမှာ NLD နိုင်လို့ အစိုးရဖွဲ့တဲ့အခါ၊ ကျမအနေနဲ့ သမ္မတ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ၊ အစိုးရကို ဦးဆောင်သွားမှာပါ၊ တိုင်းပြည်ကို ဦးဆောင်ဖို့အတွက် သမ္မတ ဖြစ်စရာလိုပါသလား၊ ကျမဟာ NLD ပါတီရဲ့ ခေါင်းဆောင်ဖြစ်တာကြောင့်၊ NLD အစိုးရကို ဦးဆောင်ရမှာပါပဲလို့ ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမှာ ကွန်ဂရက်ပါတီ အနိုင်ရတဲ့အခါ ပါတီခေါင်းဆောင် ဆိုနီယာ ဂန္ဓီ က မန်မိုဟန်ဆင်းကို သမ္မတ ခန့်လိုက်သလိုမျိုးပါလားလို့ India Today က မေးတဲ့အခါ - မဟုတ်ပါဘူး၊ အဲ့သလိုမျိုး လုံးဝ မဟုတ်ပါဘူး၊ စောင့်သာ ကြည့်ပါ လို့သာ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့ပါတယ်။

NLD က အဆိုပြုမယ့် သမ္မတလောင်းနဲ့ပတ်သက်ပြီး သူရဦးရွှေမန်းဖြစ်နိုင်ခြေရှိတယ်လို့ ခန့်မှန်း နေကြတာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ - NLD ပါတီမှာ အရပ်သားတွေအများအပြားရှိကြောင်း၊ ဒီကိစ္စဟာ အကြိုက် ကိစ္စထက် မသင့်တော်မတော်ဆိုတာက ပိုပြီးအရေးကြီးကြောင်း၊ ရိုးသားဖြောင့်မတ်တဲ့ အရပ်သားဆိုရင် ပိုပြီးသင့်တော်မှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

ဒါ့ပြင် NLD အစိုးရဖွဲ့နိုင်တဲ့အခါ အိန္ဒိယ မြန်မာ ဆက်ဆံရေးနဲ့ပတ်သက်ပြီး ရှေ့အလားအလာတွေကို India Today ရုပ်သံသတင်းက မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က - ပွင့်လင်းမြင်သာမှု ရှိစေချင်ပါတယ်၊ နယ်စပ်တွေမှာ ငြိမ်းငြိမ်းချမ်းချမ်းရှိဖို့ဆိုရင် အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ အချင်းချင်းကြားမှာ စစ်မှန်တဲ့ နားလည်မှုရှိဖို့လိုပါတယ်။ ပွင့်လင်းမြင်သာမှုမရှိရင်တော့ သံသယ အမျိုးမျိုးတွေ၊ သို့လော သို့လောတွေ ပေါ်ပေါက်လာမှာပါ၊ ဒါတွေက နိုင်ငံချင်းချစ်ကြည်ရင်းနှီးမှု အခြေခံအုတ်မြစ်ကို တိုက်စားနေမှာဖြစ်ပါတယ်လို့ ပြောကြားခဲ့တာပါ။

ဒါ့ပြင် အိန္ဒိယရဲ့ ဒီမိုကရေစီမှာ မြန်မာအတွက် သင်ခန်းစာယူစရာတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။

NLD အာဏာရရင် တရုတ် မြန်မာဆက်ဆံရေးဟာလည်း ကောင်းမွန်လာမှာဖြစ်သလို၊ တရုတ်နဲ့ အိန္ဒိယကြား ဆက်ဆံရေး တိုးတက်ကောင်းမွန်လာအောင် မြန်မာက ကူညီနိုင်မှာဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ သုံးနှစ်အတွင်း အိန္ဒိယ သတင်းမီဒီယာနဲ့ ပထမဦးဆုံးအကြိမ် တွေ့ဆုံခဲ့ တာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment