အမ်ဳိးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ NLD ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ (Credit: ABC) |
၂၀၀၈ ဖြဲ႔စည္း အုပ္ခ်ဳပ္ပုံ အေျခခံ ဥပေဒအရ ႏိုင္ငံျခားသား မိသားစုဝင္ ရွိေနတဲ့ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ သမၼတ ျဖစ္ခြင့္မရွိေပမယ့္ NLD ကသာ အႏိုင္ရမယ္ဆိုရင္ အစိုးရဖြဲ႔ၿပီး အဲဒီအစိုးရအဖြဲ႔မွာ ေခါင္းေဆာင္အေနနဲ႔ လုပ္သြားမယ္လို႔ India Today နဲ႔ အင္တာဗ်ဴးမွာ ေဒၚေအာင္ဆန္းစုၾကည္က ေျပာသြားခဲ့တာပါ။
အိႏၵိယႏိုင္ငံ ကြန္ဂရက္ပါတီေခါင္းေဆာင္ Sonia Gandhi လို ပါတီကို ဆက္အုပ္ခ်ဳပ္ၿပီး Manmohan Singh ကို ဝန္ႀကီးခ်ဳပ္ရာထူးေပးထားၿပီး လုပ္ပိုင္ခြင့္ အနည္းငယ္သာ ေပးထားတာမ်ဳိးကို လုပ္ခ်င္တာလားလို႔ ေမးတဲ့အခါမွာေတာ့ ေဒၚေအာင္ဆန္းစုၾကည္က အဲဒီလို လုပ္မွာ မဟုတ္ဘူးလို႔ ေျပာပါတယ္။
ဘယ္လို လုပ္ေဆာင္မလဲ ဆိုတာကို ရွင္းမျပထားပဲ ေစာင့္ၾကည့္ပါ လို႔သာ ေျဖၾကားခဲ့ပါတယ္။
ျမန္မာႏိုင္ငံ စနစ္အရ သမၼတဟာ ေရြးေကာက္ခံစရာမလိုပဲ ပါလီမာန္လႊတ္ေတာ္အမတ္ေတြ၊ စစ္တပ္ေတြက ေထာက္ခံရင္ သမၼတ ျဖစ္ခြင့္ရွိပါတယ္။
ေဒၚေအာင္ဆန္းစုၾကည္က သူရဦးေရႊမန္းနဲ႔ အေပးအယူလုပ္ေနတယ္လို႔ ယူဆၾကတဲ့အတြက္ သူရဦးေရႊမန္းလို လူကို သမၼတ အျဖစ္ ေရြးခ်ယ္မလားလို႔ ေမးရာမွာေတာ့ ေဒၚေအာင္ဆန္းစုၾကည္က NLD ပါတီအတြင္းက စစ္သားမဟုတ္ပဲ အရပ္သား တစ္ဦးကိုသာ တင္ေျမာက္မယ္လို႔ ေျပာပါတယ္။
ဘယ္သူ႔ကို ပိုလိုလားတယ္ဆိုတာထက္ ဘယ္သူက ပိုျဖစ္သင့္သလဲ ဆိုတာ စဥ္းစားရမွာ ျဖစ္ၿပီး လက္ရွိအေျခအေနအရ အရပ္သားကသာ သမၼတ ျဖစ္သင့္တယ္လို႔ ေျဖဆိုခဲ့ပါတယ္။
ျမန္မာႏိုင္ငံမွာ ဘာသာေရးကြဲျပားမႈေတြအေပၚ သီးခံမႈ နည္းလာတာေတြကို ၾကည့္ၿပီး စိုးရိမ္မိတယ္လို႔ ေျပာပါတယ္။ NLD ကို ကိုယ္စားျပဳမယ့္ မြတ္စလင္ လႊတ္ေတာ္အမတ္ေလာင္းကို NLD က ပယ္ခ်တာ မဟုတ္ပဲ ေရြးေကာက္ပြဲ ေက္ာမရွင္က ပယ္ခ်ျခင္းသာျဖစ္ၿပီး ဘာသာေရးက ေရြးေကာက္ပြဲမွာ issue တစ္ခု ျဖစ္လာေနတဲ့အေပၚ စိတ္မေကာင္းဘူးလို႔လည္း ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။
ရိုဟင္ဂ်ာ အေရးနဲ႔ ပတ္သက္ၿပီး ေဒၚေအာင္ဆန္းစုၾကည္က ေရငုံႏွဳတ္ပိတ္ေနတယ္ ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ပတ္သက္ၿပီး ေဒၚေအာင္ဆန္းစုၾကည္က ဒီကိစၥနဲ႔ ပတ္သက္ၿပီး ေျပာဆိုခဲ့တာေတြ ရွိေပမယ့္ လူေတြက စိတ္မဝင္စားတဲ့အေၾကာင္း၊ လူေတြ လိုခ်င္တာက ရခိုင္ေတြရဲ့ လုပ္ရပ္ကို ရွဳတ္ခ်တာမ်ဳိးျဖစ္ၿပီး ဒီကိစၥမွာ ရခိုင္ဘက္ကလည္း ခံရတာေတြ ရွိတဲ့အတြက္ ရခိုင္ေတြကို မရွဳတ္ခ်ႏိုင္ဘူးလို႔ ေျဖၾကားခဲ့ပါတယ္။
ABC Radio Australia
http://www.radioaustralia.net.au/burmese
......................
...............
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (Credit: ABC)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီကသာ အနိုင်ရမယ်ဆိုရင် မြန်မာအစိုးရသစ်မှာ ခေါင်းဆောင်အနေနဲ့ ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။
၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ နိုင်ငံခြားသား မိသားစုဝင် ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတ ဖြစ်ခွင့်မရှိပေမယ့် NLD ကသာ အနိုင်ရမယ်ဆိုရင် အစိုးရဖွဲ့ပြီး အဲဒီအစိုးရအဖွဲ့မှာ ခေါင်းဆောင်အနေနဲ့ လုပ်သွားမယ်လို့ India Today နဲ့ အင်တာဗျူးမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့တာပါ။
အိန္ဒိယနိုင်ငံ ကွန်ဂရက်ပါတီခေါင်းဆောင် Sonia Gandhi လို ပါတီကို ဆက်အုပ်ချုပ်ပြီး Manmohan Singh ကို ဝန်ကြီးချုပ်ရာထူးပေးထားပြီး လုပ်ပိုင်ခွင့် အနည်းငယ်သာ ပေးထားတာမျိုးကို လုပ်ချင်တာလားလို့ မေးတဲ့အခါမှာတော့ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို လုပ်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
ဘယ်လို လုပ်ဆောင်မလဲ ဆိုတာကို ရှင်းမပြထားပဲ စောင့်ကြည့်ပါ လို့သာ ဖြေကြားခဲ့ပါတယ်။
မြန်မာနိုင်ငံ စနစ်အရ သမ္မတဟာ ရွေးကောက်ခံစရာမလိုပဲ ပါလီမာန်လွှတ်တော်အမတ်တွေ၊ စစ်တပ်တွေက ထောက်ခံရင် သမ္မတ ဖြစ်ခွင့်ရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က သူရဦးရွှေမန်းနဲ့ အပေးအယူလုပ်နေတယ်လို့ ယူဆကြတဲ့အတွက် သူရဦးရွှေမန်းလို လူကို သမ္မတ အဖြစ် ရွေးချယ်မလားလို့ မေးရာမှာတော့ ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီအတွင်းက စစ်သားမဟုတ်ပဲ အရပ်သား တစ်ဦးကိုသာ တင်မြောက်မယ်လို့ ပြောပါတယ်။
ဘယ်သူ့ကို ပိုလိုလားတယ်ဆိုတာထက် ဘယ်သူက ပိုဖြစ်သင့်သလဲ ဆိုတာ စဉ်းစားရမှာ ဖြစ်ပြီး လက်ရှိအခြေအနေအရ အရပ်သားကသာ သမ္မတ ဖြစ်သင့်တယ်လို့ ဖြေဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ဘာသာရေးကွဲပြားမှုတွေအပေါ် သီးခံမှု နည်းလာတာတွေကို ကြည့်ပြီး စိုးရိမ်မိတယ်လို့ ပြောပါတယ်။ NLD ကို ကိုယ်စားပြုမယ့် မွတ်စလင် လွှတ်တော်အမတ်လောင်းကို NLD က ပယ်ချတာ မဟုတ်ပဲ ရွေးကောက်ပွဲ ကေ်ာမရှင်က ပယ်ချခြင်းသာဖြစ်ပြီး ဘာသာရေးက ရွေးကောက်ပွဲမှာ issue တစ်ခု ဖြစ်လာနေတဲ့အပေါ် စိတ်မကောင်းဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ရေငုံနှုတ်ပိတ်နေတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့တာတွေ ရှိပေမယ့် လူတွေက စိတ်မဝင်စားတဲ့အကြောင်း၊ လူတွေ လိုချင်တာက ရခိုင်တွေရဲ့ လုပ်ရပ်ကို ရှုတ်ချတာမျိုးဖြစ်ပြီး ဒီကိစ္စမှာ ရခိုင်ဘက်ကလည်း ခံရတာတွေ ရှိတဲ့အတွက် ရခိုင်တွေကို မရှုတ်ချနိုင်ဘူးလို့ ဖြေကြားခဲ့ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
No comments:
Post a Comment