Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, October 18, 2015

Harry Styles နဲ႔ Nicole Scherzinger တို႔တြဲေနၾကတယ္လို႔ သတင္းေတြ ထြက္ေပၚ



ဆယ္ေက်ာ္သက္တို႔အသည္းစြဲ One Direction အဖြဲ႕၀င္ Harry Styles တစ္ေယာက္ Nicole Scherzinger နဲ႔ အခ်စ္ဇာတ္လမ္းေတြ ျဖစ္ေနၾကတယ္လို႔ သတင္းေတြက အခိုင္အမာ ဆိုလိုက္ပါတယ္။

Harry Styles ဟာ သူ႔ထက္ အသက္ႀကီးတဲ့ ေကာင္မေလးေတြနဲ႔ပဲ ဇာတ္လမ္းေတြ ဖန္တီးေလ့ရွိတာကို အားလံုးသိၾကေပမယ့္လည္း ဒီ တစ္ႀကိမ္မွာေတာ့ သူ႔ထက္ အသက္ ၁၆ ႏွစ္ေလာက္ႀကီးတဲ့ Pussycat Doll အဖြဲ႕၀င္ေဟာင္း Nicole Scherzinger နဲ႔ ခ်စ္ႀကိဳက္ေနတာကို သိလိုက္ရေတာ့ ပရိတ္သတ္အားလံုး ေရွာ့ခ္ ရသြားခဲ့ရပါတယ္။

The Sun သတင္းစာ ရဲ႕ ေဖာ္ျပခ်က္အရ One Direction အဖြဲ႕ X Factor အစီအစဥ္ကေနေအာင္ျမင္မႈ စရခဲ့တဲ့ ၂၀၁၀ ခုႏွစ္မွာကတည္းက အသက္ ၁၉ ႏွစ္ပဲ ရွိေသးတဲ့ Harry ဟာ အသက္ ၃၅ ႏွစ္ရွိေနၿပီျဖစ္တဲ့ Nicole ကို မက္ေဆ့ဂ်္ေတြ ေပးပို႔ခဲ့ဖူးတယ္လို႔လည္း သိရပါတယ္။

ဒါေပမယ့္လည္း Nicole ရဲ႕ သူငယ္ခ်င္းတစ္ေယာက္ကေတာ့ သူတို႔ ၂ ဦးဟာ တစ္ခါတစ္ေလမွာ အတူေတြ႕ဆံုေလ့ရွိေပမယ့္ တစ္ခါမွ ရည္းစားအျဖစ္ မတြဲခဲ့ဖူးဘူးလို႔ ဆိုပါတယ္။ သတင္းေဖာ္ျပခ်က္ေတြကေတာ့ Nicole ဟာ သူ႔ရဲ႕ ျပတ္လိုက္ဆက္လိုက္ ရည္းစားျဖစ္တဲ့ Lewis Hamilton နဲ႔ ၂၀၁၃ ခုႏွစ္မွာ လမ္းခြဲခဲ့ၿပီးတဲ့ေနာက္မွာမွ Harry နဲ႔ စတင္ နီးကပ္လာခဲ့တာျဖစ္တယ္လို႔ အခိုင္အမာဆိုထားပါတယ္။

Harry Styles ဟာလည္း ေရဒီယို ဒီေဂ် တစ္ေယာက္ျဖစ္တဲ့ Lucy Horobin နဲ႔ ၂၀၁၁ ခုႏွစ္တုန္းကတြဲခဲ့ၿပီး သူမဟာ သူ႔ထက္ ၁၅ ႏွစ္ႀကီးခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ ရုပ္သံ အစီအစဥ္တင္ဆက္သူတစ္ေယာက္ျဖစ္ၿပီး သူ႔ထက္ အသက္ ၁၅ ႏွစ္ႀကီးတဲ့ Caroline Flack နဲ႔လည္း တြဲခဲ့ပါေသးတယ္။

( Mario )

#သစ္ထူးလြင္(နာမည္ႀကီးပုဂၢိဳလ္မ်ား)
#celebrity.thithtoolwin.com

Ref : Mirror
..................................................................................

Harry Styles နဲ့ Nicole Scherzinger တို့တွဲနေကြတယ်လို့ သတင်းတွေ ထွက်ပေါ်

ဆယ်ကျော်သက်တို့အသည်းစွဲ One Direction အဖွဲ့ဝင် Harry Styles တစ်ယောက် Nicole Scherzinger နဲ့ အချစ်ဇာတ်လမ်းတွေ ဖြစ်နေကြတယ်လို့ သတင်းတွေက အခိုင်အမာ ဆိုလိုက်ပါတယ်။
Harry Styles ဟာ သူ့ထက် အသက်ကြီးတဲ့ ကောင်မလေးတွေနဲ့ပဲ ဇာတ်လမ်းတွေ ဖန်တီးလေ့ရှိတာကို အားလုံးသိကြပေမယ့်လည်း ဒီ တစ်ကြိမ်မှာတော့ သူ့ထက် အသက် ၁၆ နှစ်လောက်ကြီးတဲ့ Pussycat Doll အဖွဲ့ဝင်ဟောင်း Nicole Scherzinger နဲ့ ချစ်ကြိုက်နေတာကို သိလိုက်ရတော့ ပရိတ်သတ်အားလုံး ရှော့ခ် ရသွားခဲ့ရပါတယ်။
The Sun သတင်းစာ ရဲ့ ဖော်ပြချက်အရ One Direction အဖွဲ့ X Factor အစီအစဉ်ကနေအောင်မြင်မှု စရခဲ့တဲ့ ၂၀၁၀ ခုနှစ်မှာကတည်းက အသက် ၁၉ နှစ်ပဲ ရှိသေးတဲ့ Harry ဟာ အသက် ၃၅ နှစ်ရှိနေပြီဖြစ်တဲ့ Nicole ကို မက်ဆေ့ဂျ်တွေ ပေးပို့ခဲ့ဖူးတယ်လို့လည်း သိရပါတယ်။
ဒါပေမယ့်လည်း Nicole ရဲ့ သူငယ်ချင်းတစ်ယောက်ကတော့ သူတို့ ၂ ဦးဟာ တစ်ခါတစ်လေမှာ အတူတွေ့ဆုံလေ့ရှိပေမယ့် တစ်ခါမှ ရည်းစားအဖြစ် မတွဲခဲ့ဖူးဘူးလို့ ဆိုပါတယ်။ သတင်းဖော်ပြချက်တွေကတော့ Nicole ဟာ သူ့ရဲ့ ပြတ်လိုက်ဆက်လိုက် ရည်းစားဖြစ်တဲ့ Lewis Hamilton နဲ့ ၂၀၁၃ ခုနှစ်မှာ လမ်းခွဲခဲ့ပြီးတဲ့နောက်မှာမှ Harry နဲ့ စတင် နီးကပ်လာခဲ့တာဖြစ်တယ်လို့ အခိုင်အမာဆိုထားပါတယ်။
Harry Styles ဟာလည်း ရေဒီယို ဒီဂျေ တစ်ယောက်ဖြစ်တဲ့ Lucy Horobin နဲ့ ၂၀၁၁ ခုနှစ်တုန်းကတွဲခဲ့ပြီး သူမဟာ သူ့ထက် ၁၅ နှစ်ကြီးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရုပ်သံ အစီအစဉ်တင်ဆက်သူတစ်ယောက်ဖြစ်ပြီး သူ့ထက် အသက် ၁၅ နှစ်ကြီးတဲ့ Caroline Flack နဲ့လည်း တွဲခဲ့ပါသေးတယ်။
( Mario )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : Mirror

No comments:

Post a Comment