Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, October 22, 2015

‘Harry Potter’ ရိုက္ကြင္းမွာ မိမိဘာသာလိင္ဆႏၵမေျဖေဖ်ာက္မိဖုိ ့မနည္းထိန္းခဲ့ရေၾကာင္း Daniel Radcliffe ဖြင့္ဟ

Harry Potter ဇာတ္ကားတြဲရုပ္ရွင္ရိုက္ကြင္းမွာ မိမိဘာသာအာသာမေျဖေဖ်ာက္မိဖုိ ့အစြမ္းကုန္ ထိန္းခဲ့ရတယ္လုိ ့Harry Potter မင္းသား Daniel Radcliffe က ဖြင့္ဟ၀န္ခံလုိက္ပါတယ္။

အခုအခါ အသက္ ၂၆ ႏွစ္ရွိျပီျဖစ္တဲ့ Daniel Radcliffe ဟာ Playboy မဂၢဇင္းနဲ ့ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ ဒီအေၾကာင္းကို ပြင့္ပြင့္လင္းလင္း ၀န္ခံခဲ့တာျဖစ္ပါတယ္။ Daniel Radcliffe ဟာ Harry Potter ဇာတ္ကားေတြ မွာ သရုပ္ေဆာင္စဥ္က ဆယ္ေက်ာ္သက္အရြယ္သာရွိေသးျပီး သူ ့အေနနဲ ့ရုပ္ရွင္ရိုက္ကြင္းမွာ လိင္ဆႏၵေျဖေဖ်ာက္ဖူးလားဆုိတာကို Playboy မဂၢဇင္းက ေမးျမန္းခဲ့တာျဖစ္ပါတယ္။

“ ကၽြန္ေတာ္လည္း ဒါနဲ ့ပတ္သက္ရင္ တျခားဆယ္ေက်ာ္သက္ေတြလုိပါပဲ။ masturbation လိင္ဆႏၵေျဖေဖ်ာက္တာနဲ ့ပတ္သက္ျပီး ကၽြန္ေတာ္အၾကိဳက္ဆုံး စကားက သရုပ္ေဆာင္၊ ဒါရိုက္တာ Louis C.K ေျပာသလုိေပ့ါ၊ အသက္ ၁၁ ႏွစ္မွာ ဒါကဘယ္လုိမ်ိဳးလဲဆုိတာ စသိခဲ့ျပီး တစ္ရက္မွ အာသီသေျဖေဖ်ာက္တာ မပ်က္ခဲ့ဘူး။ ကၽြန္ေတာ္ ဆယ္ေက်ာ္သက္မတုိင္ခင္ အေစာၾကီးကတည္းက လုပ္တတ္ခဲ့တာ ထင္တယ္ဗ်” လို႔ Daniel Radcliffe က ပြင္႔ပြင္႔လင္းလင္း ေျပာျပခဲ႔ပါတယ္။

ဒါေပမယ့္ Radcliffe ဟာ ကမၻာေပၚမွာနာမည္အၾကီးဆုံးေမွာ္ဆရာဇာတ္ေကာင္ Harry Potter အျဖစ္ သရုပ္ေဆာင္ေနရတဲ့ ရို္က္ကြင္းမွာေတာ့ အာသီသမေျဖေဖ်ာက္မိေအာင္ ထိန္းခဲ့ပါတယ္လုိ ့ဆုိပါတယ္။
“ Louis C.K ေျပာသလုိမ်ိဳးပဲ ကၽြန္ေတာ့္မွာ ခံစားခ်က္တစ္ခုရွိတယ္။ ဘာလည္းဆုိေတာ့ ကိုယ္က အာသီသေျဖေဖ်ာက္ျပီးထြက္အလာမွာ လူေတြအကုန္လုံးကလည္း ကၽြန္ေတာ္ဘာလုပ္ခဲ့လဲသိေနတယ္ဆုိတဲ့ ထိတ္လန္႔မႈမ်ိဳးပဲ။ ကၽြန္ေတာ့္ ေနာက္တြဲယာဥ္ထဲသြားျပီး ရိုက္ကြင္းေပၚ ျပန္လာတဲ့အခ်ိန္မွာ ကၽြန္ေတာ္ ဘာလုပ္ခဲ့လဲဆုိတာ သိေနတဲ့ နာမည္ၾကီးျဗိတိသွ်သရုပ္ေဆာင္ေတြကို မ်က္လုံးခ်င္းဆုိင္ၾကည့္ရမွာကိုက ရွက္စရာၾကီးျဖစ္ေနမွာဗ်”  လုိ ့Daniel Radcliffe က သူ ့စိတ္ကို အဟန္ ့အတားျဖစ္ေစတဲ့ အေၾကာင္းအရာကို ဖြင့္ဟေျပာျပခဲ့ပါတယ္။

Harry Potter ဇာတ္ကားမွာ စတင္သရုပ္ေဆာင္စဥ္က Daniel Radcliffe ဟာ အသက္ ၁၁ ႏွစ္အရြယ္သာ ရွိေသးျပီး အသက္ ၂၁ ႏွစ္အရြယ္ထိ Harry Potter ဇာတ္ကားရွစ္ကား အထိ ပါ၀င္သရုပ္ေဆာင္ခဲ့ပါတယ္။ အဆုိပါဇာတ္ကားရွစ္ကားဟာ ရုံတင္ျပသေငြစုစုေပါင္း ကန္ေဒၚလာ ၇.၇ ဘီလီယံအထိ ရရွိထားပါတယ္။

( Ye Wint )

#သစ္ထူးလြင္(နာမည္ႀကီးပုဂၢိဳလ္မ်ား)
#celebrity.thithtoolwin.com

Ref: inquisitor
.................................
‘Harry Potter’ ရိုက်ကွင်းမှာ မိမိဘာသာလိင်ဆန္ဒမဖြေဖျောက်မိဖို ့မနည်းထိန်းခဲ့ရကြောင်း Daniel Radcliffe ဖွင့်ဟ

Harry Potter ဇာတ်ကားတွဲရုပ်ရှင်ရိုက်ကွင်းမှာ မိမိဘာသာအာသာမဖြေဖျောက်မိဖို ့အစွမ်းကုန် ထိန်းခဲ့ရတယ်လို ့Harry Potter မင်းသား Daniel Radcliffe က ဖွင့်ဟဝန်ခံလိုက်ပါတယ်။

အခုအခါ အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ Daniel Radcliffe ဟာ Playboy မဂ္ဂဇင်းနဲ ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဒီအကြောင်းကို ပွင့်ပွင့်လင်းလင်း ၀န်ခံခဲ့တာဖြစ်ပါတယ်။ Daniel Radcliffe ဟာ Harry Potter ဇာတ်ကားတွေ မှာ သရုပ်ဆောင်စဉ်က ဆယ်ကျော်သက်အရွယ်သာရှိသေးပြီး သူ ့အနေနဲ ့ရုပ်ရှင်ရိုက်ကွင်းမှာ လိင်ဆန္ဒဖြေဖျောက်ဖူးလားဆိုတာကို Playboy မဂ္ဂဇင်းက မေးမြန်းခဲ့တာဖြစ်ပါတယ်။

“ ကျွန်တော်လည်း ဒါနဲ ့ပတ်သက်ရင် တခြားဆယ်ကျော်သက်တွေလိုပါပဲ။ masturbation လိင်ဆန္ဒဖြေဖျောက်တာနဲ ့ပတ်သက်ပြီး ကျွန်တော်အကြိုက်ဆုံး စကားက သရုပ်ဆောင်၊ ဒါရိုက်တာ Louis C.K ပြောသလိုပေ့ါ၊ အသက် ၁၁ နှစ်မှာ ဒါကဘယ်လိုမျိုးလဲဆိုတာ စသိခဲ့ပြီး တစ်ရက်မှ အာသီသဖြေဖျောက်တာ မပျက်ခဲ့ဘူး။ ကျွန်တော် ဆယ်ကျော်သက်မတိုင်ခင် အစောကြီးကတည်းက လုပ်တတ်ခဲ့တာ ထင်တယ်ဗျ” လို့ Daniel Radcliffe က ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။

ဒါပေမယ့် Radcliffe ဟာ ကမ္ဘာပေါ်မှာနာမည်အကြီးဆုံးမှော်ဆရာဇာတ်ကောင် Harry Potter အဖြစ် သရုပ်ဆောင်နေရတဲ့ ရို်က်ကွင်းမှာတော့ အာသီသမဖြေဖျောက်မိအောင် ထိန်းခဲ့ပါတယ်လို ့ဆိုပါတယ်။
“ Louis C.K ပြောသလိုမျိုးပဲ ကျွန်တော့်မှာ ခံစားချက်တစ်ခုရှိတယ်။ ဘာလည်းဆိုတော့ ကိုယ်က အာသီသဖြေဖျောက်ပြီးထွက်အလာမှာ လူတွေအကုန်လုံးကလည်း ကျွန်တော်ဘာလုပ်ခဲ့လဲသိနေတယ်ဆိုတဲ့ ထိတ်လန့်မှုမျိုးပဲ။ ကျွန်တော့် နောက်တွဲယာဉ်ထဲသွားပြီး ရိုက်ကွင်းပေါ် ပြန်လာတဲ့အချိန်မှာ ကျွန်တော် ဘာလုပ်ခဲ့လဲဆိုတာ သိနေတဲ့ နာမည်ကြီးဗြိတိသျှသရုပ်ဆောင်တွေကို မျက်လုံးချင်းဆိုင်ကြည့်ရမှာကိုက ရှက်စရာကြီးဖြစ်နေမှာဗျ”  လို ့Daniel Radcliffe က သူ ့စိတ်ကို အဟန် ့အတားဖြစ်စေတဲ့ အကြောင်းအရာကို ဖွင့်ဟပြောပြခဲ့ပါတယ်။

Harry Potter ဇာတ်ကားမှာ စတင်သရုပ်ဆောင်စဉ်က Daniel Radcliffe ဟာ အသက် ၁၁ နှစ်အရွယ်သာ ရှိသေးပြီး အသက် ၂၁ နှစ်အရွယ်ထိ Harry Potter ဇာတ်ကားရှစ်ကား အထိ ပါ၀င်သရုပ်ဆောင်ခဲ့ပါတယ်။ အဆိုပါဇာတ်ကားရှစ်ကားဟာ ရုံတင်ပြသငွေစုစုပေါင်း ကန်ဒေါ်လာ ရ.၇ ဘီလီယံအထိ ရရှိထားပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref: inquisitor

No comments:

Post a Comment