Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, October 22, 2015

ေက်ာက္စိမ္းတြင္းမ်ားမွ ဦးသန္းေရႊမိသားစု အၾကီးအက်ယ္ အျမတ္ထြက္ေနဟု ဆို

လန္ဒန္အေျခစိုက္ Global Witness အဖြဲ႕က စုံစမ္းစစ္ေဆးထားတဲ့ ျမန္မာျပည္ေျမာက္ဖ်ားက ေက်ာက္စိမ္း စီးပြားေရးလုပ္ငန္း အစီရင္ခံစာ ထြက္ရွိေတာ့မွာ ျဖစ္ပါတယ္။ အဲ့ဒီအစီရင္ခံစာရဲ႕ နာမည္က Jade: Myanmar’s “Big State Secret” (ေက်ာက္စိမ္း သို႕မဟုတ္ ျမန္မာျပည္က ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္ခ်က္ၾကီး) ျဖစ္ပါတယ္။

ျမန္မာျပည္ရဲ႕ သမုိင္း၀င္ ေရြးေကာက္ပြဲ နီးကပ္လာခ်ိန္မွာ ဒီအစီရင္ခံစာကို Global Witness အဖြဲ႕က ျဖန္႔ခ်ိမွာ ျဖစ္ပါတယ္။ ကခ်င္ျပည္နယ္က ဖားကန္႔ ေက်ာက္စိမ္းတြင္းေတြနဲ႔ အဲ့ဒီကထြက္ရွိတဲ့ ေက်ာက္စိမ္းတြင္းလုပ္ငန္း၊ အက်ဳိးအျမတ္ေတြကို ရရွိေနတာေတြက ဘယ္သူေတြလဲ။ ဘယ္သူေတြက ေခါင္းပုံျဖတ္ေနတာလဲ အေသးစိတ္ အစီရင္ခံထားပါတယ္။

ဒီအစီရင္ခံစာမွာ အရင္ စစ္အစိုးရ ေခါင္းေဆာင္ေဟာင္း တခ်ဳိ႕နဲ႔ ခရိုနီေတြကို မီးေမာင္းထိုးျပထား ျပီး အဓိကပစ္မွတ္ကေတာ့ အရင္စစ္အစိုးရ ေခါင္းေဆာင္ျဖစ္တဲ့ ဗိုလ္ခ်ဳပ္မွဴးႀကီးေဟာင္း သန္းေရႊနဲ႔ မိသားစု လက္၀ါးႀကီးအုပ္ ပိုင္ဆိုင္ထားတယ္ဆိုၿပီး အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ သူ႔မိသားစုဟာ ဖားကန္႔က ေက်ာက္စိမ္းတြင္းေတြကို Kyaing International နဲ႕ Myanmar Naing Group ဆိုၿပီး ထုတ္ေနတဲ့အျပင္ အဲဒီကုမၸဏီ ၂ ခုရဲ့ ဒါ႐ိုက္တာဟာ ဦးသန္းေရႊရဲ့ သား ၂ ဦးပူးေပါင္းျပီး ႂကြယ္ဝဆုံး (အဂၤလိပ္လို Richest Gems) ကုမၸဏီနာမည္နဲ႕လည္း ေက်ာက္စိမ္းထုတ္ေနေၾကာင္း ေရးသားေဖာ္ျပထားပါတယ္။

အစီရင္ခံစာရဲ႕အဆိုအရ ေက်ာက္စိမ္းေစ်းကြက္ကရတဲ့ တန္ဖိုးဟာ ခန္႔မွန္းရခက္ေသာ္လည္းပဲ သတၱဳတြင္းဝန္ၾကီးဌာန၊ ျမန္မာ့ေက်ာက္မ်က္လုပ္ငန္းက ဝင္ေငြနဲ႕ တ႐ုတ္-ျမန္မာနယ္စပ္ တ႐ုတ္အေကာက္ခြန္ဌာနက စာရင္းကို အေျခခံျပီး ၂၀၁၄ မန္မာႏိုင္ငံမွာ ေက်ာက္စိမ္း ထုတ္လုပ္မႈတန္ဖိုးကေတာ့ အေမရိကန္ေဒၚလာ ၁၂ ဘီလီယံ ရွိႏိုင္တယ္လို႔ သိရၿပီး ဘီလီယံေပါင္း ၃၁ ဘီလီယံအထိ ေရာက္ရွိႏိုင္ပါတယ္လို႔ Global Witness က တြက္ခ်က္ ေဖာ္ျပထားပါတယ္။ ဒါဟာ ျမန္မာျပည္ရဲ႕ တရား၀င္ GDP ၄၈ ရာခိုင္ႏႈန္းနဲ႔ ညီမွ်ၿပီး ျမန္မာအစိုးရရဲ႕ က်န္းမာေရး အသုံးစရိတ္ရဲ႕ ၄၆ ဆနဲ႔ ညီမွ်တယ္လို႔ ဆိုပါတယ္။

ဒီေက်ာက္စိမ္းလုပ္ငန္းကို အႀကီးအက်ယ္ ျခစားမႈေတြ၊ လက္စားမႈေတြ၊ ခရိုနီသူေဌးေတြက လက္၀ါးႀကီးအုပ္မႈေတြအျပင္ တပ္မေတာ္ရဲ့ ဦးပိုင္ ကုမၸဏီေတြက ႀကီးစိုးျခယ္လွယ္ထားတယ္လို႔ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

ဒီေက်ာက္စိမ္းတြင္းရဲ႕ လုပ္ငန္းေတြကို ခရိုနီ စီးပြားေရးသမားႀကီးေတြအျပင္ ဗိုလ္ခ်ဳပ္မွဴးႀကီး သန္းေရႊမိသားစု အပါအ၀င္ ကခ်င္ျပည္နယ္မွာ တုိင္းမွဴးတာ၀န္ ထမ္းေဆာင္ခဲ့တဲ့ ဗိုလ္ခ်ဳပ္ အုန္းျမင့္၊ ႀကံ့ခိုင္ေရး ပါတီမွာ အရင္က အေထြေထြအတြင္းေရးမွဴး တာ၀န္ယူခဲ့တဲ့ ဗိုလ္ခ်ဳပ္ေဟာင္း ေမာင္ေမာင္သိန္း၊ လူမႈ၀န္ထမ္း ကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရး ဒု၀န္ႀကီး ဗိုလ္မွဴးခ်ဳပ္ ဘုန္းေဆြ၊ ဒါ့အျပင္ ကာကြယ္ေရး ၀န္ႀကီးဌာနမွာ တာ၀န္ထမ္းေဆာင္ခဲ့ၿပီး ဆက္သြယ္ေရးနဲ႔ သတင္းအခ်က္အလက္ နည္းပညာဌာန ဒု၀န္ႀကီး ဦး၀င္းသန္းဟာ အေမရိကန္ေဒၚလာ သန္းေပါင္းမ်ားစြာကို ေက်ာက္မ်က္ျပပြဲမ်ားမွ ရရွိခဲ့တယ္။

ဒါ့အျပင္ ျမန္မာ့တပ္မေတာ္ရဲ႕ စီးပြားေရး ထိန္းခ်ဳပ္ထားတဲ့ ကုမၸဏီႀကီးေတြျဖစ္တဲ့ Myanmar Economic Holdings Limited and Myanmar Economic Corporation က ကခ်င္ျပည္နယ္ ေက်ာက္စိမ္းေစ်းကြက္ကို ထိန္းခ်ဳပ္ထားၿပီး ေက်ာက္မ်က္ျပပြဲက အျမတ္အစြန္းေတြကို ရရွိေနၿပီး ဒီအျမတ္အစြန္းေတြဟာ တပ္မေတာ္ ေခါင္းေဆာင္ပိုင္းကို တုိက္ရိုက္သြားေနတယ္လို႔ Global Witness က သူ႔ရဲ႕ အစီရင္ခံစာမွာ စြပ္စြဲေရးသားထားပါတယ္။ ကခ်င္ျပည္နယ္က ျပည္သူျပည္သား အမ်ားစုကေတာ့ ေက်ာက္စိမ္းေစ်းကြက္ကရတဲ့ အျမတ္အစြန္း ပိုက္ဆံေတြနဲ႔ စစ္တပ္ရဲ႕ ကခ်င္ျပည္နယ္က KIA/KIO တိုက္ပြဲေတြမွာ ေထာက္ပံ့ကူညီေနတယ္လို႔ သံသယရွိတယ္လို႔ ေမးခြန္းထုတ္ထားပါတယ္။

၂၀၁၄ မွာ ႏိုင္ငံ့ဘ႑ာထဲကို အေမရိကန္ေဒၚလာ ၃၇၄ သန္းပဲ ေရာက္လာခဲ့ေပမယ့္ က်န္တဲ့ ဘီလီယံနဲ႕ခ်ီတဲ့ပိုက္ဆံေတြဟာ သူတို႔အိတ္ကပ္ထဲကို သြားခဲ့တယ္လုိ႔ Globla Witness က အစီရင္ခံစာမွာ သုံးသပ္ခဲ့ပါတယ္။ ဒါ့အျပင္ ေရြးေကာက္ပြဲမတုိင္ခင္ လူမ်ဳိးေရး၊ ဘာသာေရး မႈိင္းတိုက္တာေတြ ညစ္လုံးေတြ လုပ္ေနတာေတြဟာ ေခါင္းမာတဲ့ စစ္အုပ္စုေတြက ေငြေၾကးေပး ေထာက္ပ့ံေနသလားဆိုတာကို ျမန္မာျပည္သူေတြ သိသင့္တယ္လို႔ အစီရင္ခံစာက ေဖာ္ျပထားပါတယ္။

Credit: irrawaddy
http://mobile.irrawaddy.org/news/2015/10/22/97729.html
...............................
ကျောက်စိမ်းတွင်းများမှ ဦးသန်းရွှေမိသားစု အကြီးအကျယ် အမြတ်ထွက်နေဟု ဆို

လန်ဒန်အခြေစိုက် Global Witness အဖွဲ့က စုံစမ်းစစ်ဆေးထားတဲ့ မြန်မာပြည်မြောက်ဖျားက ကျောက်စိမ်း စီးပွားရေးလုပ်ငန်း အစီရင်ခံစာ ထွက်ရှိတော့မှာ ဖြစ်ပါတယ်။ အဲ့ဒီအစီရင်ခံစာရဲ့ နာမည်က Jade: Myanmar’s “Big State Secret” (ကျောက်စိမ်း သို့မဟုတ် မြန်မာပြည်က နိုင်ငံတော်လျှို့ဝှက်ချက်ကြီး) ဖြစ်ပါတယ်။

မြန်မာပြည်ရဲ့ သမိုင်းဝင် ရွေးကောက်ပွဲ နီးကပ်လာချိန်မှာ ဒီအစီရင်ခံစာကို Global Witness အဖွဲ့က ဖြန့်ချိမှာ ဖြစ်ပါတယ်။ ကချင်ပြည်နယ်က ဖားကန့် ကျောက်စိမ်းတွင်းတွေနဲ့ အဲ့ဒီကထွက်ရှိတဲ့ ကျောက်စိမ်းတွင်းလုပ်ငန်း၊ အကျိုးအမြတ်တွေကို ရရှိနေတာတွေက ဘယ်သူတွေလဲ။ ဘယ်သူတွေက ခေါင်းပုံဖြတ်နေတာလဲ အသေးစိတ် အစီရင်ခံထားပါတယ်။

ဒီအစီရင်ခံစာမှာ အရင် စစ်အစိုးရ ခေါင်းဆောင်ဟောင်း တချို့နဲ့ ခရိုနီတွေကို မီးမောင်းထိုးပြထား ပြီး အဓိကပစ်မှတ်ကတော့ အရင်စစ်အစိုးရ ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေနဲ့ မိသားစု လက်ဝါးကြီးအုပ် ပိုင်ဆိုင်ထားတယ်ဆိုပြီး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ သူ့မိသားစုဟာ ဖားကန့်က ကျောက်စိမ်းတွင်းတွေကို Kyaing International နဲ့ Myanmar Naing Group ဆိုပြီး ထုတ်နေတဲ့အပြင် အဲဒီကုမ္ပဏီ ၂ ခုရဲ့ ဒါရိုက်တာဟာ ဦးသန်းရွှေရဲ့ သား ၂ ဦးပူးပေါင်းပြီး ကြွယ်ဝဆုံး (အင်္ဂလိပ်လို Richest Gems) ကုမ္ပဏီနာမည်နဲ့လည်း ကျောက်စိမ်းထုတ်နေကြောင်း ရေးသားဖော်ပြထားပါတယ်။

အစီရင်ခံစာရဲ့အဆိုအရ ကျောက်စိမ်းစျေးကွက်ကရတဲ့ တန်ဖိုးဟာ ခန့်မှန်းရခက်သော်လည်းပဲ သတ္တုတွင်းဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်လုပ်ငန်းက ဝင်ငွေနဲ့ တရုတ်-မြန်မာနယ်စပ် တရုတ်အကောက်ခွန်ဌာနက စာရင်းကို အခြေခံပြီး ၂၀၁၄ မန်မာနိုင်ငံမှာ ကျောက်စိမ်း ထုတ်လုပ်မှုတန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံ ရှိနိုင်တယ်လို့ သိရပြီး ဘီလီယံပေါင်း ၃၁ ဘီလီယံအထိ ရောက်ရှိနိုင်ပါတယ်လို့ Global Witness က တွက်ချက် ဖော်ပြထားပါတယ်။ ဒါဟာ မြန်မာပြည်ရဲ့ တရားဝင် GDP ၄၈ ရာခိုင်နှုန်းနဲ့ ညီမျှပြီး မြန်မာအစိုးရရဲ့ ကျန်းမာရေး အသုံးစရိတ်ရဲ့ ၄၆ ဆနဲ့ ညီမျှတယ်လို့ ဆိုပါတယ်။

ဒီကျောက်စိမ်းလုပ်ငန်းကို အကြီးအကျယ် ခြစားမှုတွေ၊ လက်စားမှုတွေ၊ ခရိုနီသူဌေးတွေက လက်ဝါးကြီးအုပ်မှုတွေအပြင် တပ်မတော်ရဲ့ ဦးပိုင် ကုမ္ပဏီတွေက ကြီးစိုးခြယ်လှယ်ထားတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီကျောက်စိမ်းတွင်းရဲ့ လုပ်ငန်းတွေကို ခရိုနီ စီးပွားရေးသမားကြီးတွေအပြင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေမိသားစု အပါအဝင် ကချင်ပြည်နယ်မှာ တိုင်းမှူးတာဝန် ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ် အုန်းမြင့်၊ ကြံ့ခိုင်ရေး ပါတီမှာ အရင်က အထွေထွေအတွင်းရေးမှူး တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ်ဟောင်း မောင်မောင်သိန်း၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ် ဘုန်းဆွေ၊ ဒါ့အပြင် ကာကွယ်ရေး ၀န်ကြီးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် နည်းပညာဌာန ဒုဝန်ကြီး ဦးဝင်းသန်းဟာ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာကို ကျောက်မျက်ပြပွဲများမှ ရရှိခဲ့တယ်။

ဒါ့အပြင် မြန်မာ့တပ်မတော်ရဲ့ စီးပွားရေး ထိန်းချုပ်ထားတဲ့ ကုမ္ပဏီကြီးတွေဖြစ်တဲ့ Myanmar Economic Holdings Limited and Myanmar Economic Corporation က ကချင်ပြည်နယ် ကျောက်စိမ်းစျေးကွက်ကို ထိန်းချုပ်ထားပြီး ကျောက်မျက်ပြပွဲက အမြတ်အစွန်းတွေကို ရရှိနေပြီး ဒီအမြတ်အစွန်းတွေဟာ တပ်မတော် ခေါင်းဆောင်ပိုင်းကို တိုက်ရိုက်သွားနေတယ်လို့ Global Witness က သူ့ရဲ့ အစီရင်ခံစာမှာ စွပ်စွဲရေးသားထားပါတယ်။ ကချင်ပြည်နယ်က ပြည်သူပြည်သား အများစုကတော့ ကျောက်စိမ်းစျေးကွက်ကရတဲ့ အမြတ်အစွန်း ပိုက်ဆံတွေနဲ့ စစ်တပ်ရဲ့ ကချင်ပြည်နယ်က KIA/KIO တိုက်ပွဲတွေမှာ ထောက်ပံ့ကူညီနေတယ်လို့ သံသယရှိတယ်လို့ မေးခွန်းထုတ်ထားပါတယ်။

၂၀၁၄ မှာ နိုင်ငံ့ဘဏ္ဍာထဲကို အမေရိကန်ဒေါ်လာ ၃၇၄ သန်းပဲ ရောက်လာခဲ့ပေမယ့် ကျန်တဲ့ ဘီလီယံနဲ့ချီတဲ့ပိုက်ဆံတွေဟာ သူတို့အိတ်ကပ်ထဲကို သွားခဲ့တယ်လို့ Globla Witness က အစီရင်ခံစာမှာ သုံးသပ်ခဲ့ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲမတိုင်ခင် လူမျိုးရေး၊ ဘာသာရေး မှိုင်းတိုက်တာတွေ ညစ်လုံးတွေ လုပ်နေတာတွေဟာ ခေါင်းမာတဲ့ စစ်အုပ်စုတွေက ငွေကြေးပေး ထောက်ပ့ံနေသလားဆိုတာကို မြန်မာပြည်သူတွေ သိသင့်တယ်လို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။

Credit: irrawaddy

No comments:

Post a Comment