Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, October 30, 2015

ေရြးေကာက္ပဲြေန႔ တည္ၿငိမ္မႈ ရွိေရး ျပည္သူအားလံုး ကုိ ေဒၚေအာင္ဆန္းစုၾကည္ တုိက္တြန္း

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္က မဲဆႏၵရွင္ျပည္သူမ်ားကို မဲအသိပညာေပးျခင္းနဲ႔ မဲေပးပံုေပးနည္း ကို ျပသေနစဥ္။ Photo: National League for Democracy Facebook
ေရြးေကာက္ပြဲေန႔မွာ တည္ၿငိမ္ေအးခ်မ္းၿပီး တရားမွ်တမႈေတြရွိဖို႔ ျပည္သူလူထုအားလံုး ၀ိုင္း၀န္းႀကိဳးပမ္းဖို႔ NLD အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္က တုိက္တြန္းလုိက္ပါတယ္။

"မဲဆႏၵရွင္ျပည္သူမ်ားသို႔ ပန္ၾကားခ်က္" အမည္ရွိတဲ့ ဗီဒီယိုဖိုင္ကို NLD ပါတီရဲ့ အင္တာနက္ ေဖ့စ္ဘြတ္လူမႈေရး ကြန္ရက္ စာမ်က္ႏွာကေန ဒီကေန႔ ျဖန္႔ခ်ီလိုက္ရာမွာ မဲေပးစဥ္ ပါတီကိုယ္စားျပဳတဲ့ ၀တ္စားဆင္ယင္တာေတြ မလုပ္ဖို႔အျပင္ ထြက္ေပၚလာမယ့္ ေရြးေကာက္ပြဲရလဒ္ကို လူထုက တည္ၿငိမ္ေအးခ်မ္းစြာ လက္ခံႏိုင္ဖို႔ ေဒၚေအာင္ ဆန္းစုၾကည္က တုိက္တြန္းထားတာပါ။

"မဲစာရင္းထဲမွာ မပါရင္ လွည့္မျပန္ပါနဲ႔ ျပႆနာမရွာပါနဲ႔ တာဝန္ရွိတဲ့လူ မဲရံုမွဴးနဲ႔ ေတြ႕ၿပီးေတာ့ အက်ဳိး အေၾကာင္းေျပာျပပါ၊ တတ္ႏိုင္သမွ် ေျပလည္ေအာင္ေျဖရွင္းဖို႔ ႀကိဳးစားပါ၊ မဲသြားေပးတဲ့အခါ ပါတီအဖြဲ႕အစည္းရဲ႕ အထိမ္းအမွတ္တံဆိပ္ေတြ ဝတ္ဆင္ယူေဆာင္မသြားပါနဲ႔ ဦးထုပ္၊ တီရွပ္၊ တံဆိပ္၊ အလံ၊ နဖူးစီး စသျဖင့္ အားလံုး ယူေဆာင္သြားခြင့္ မရွိပါဘူး၊ ကိုယ့္ရဲ႕ပါတီကိုပဲ ထိခိုက္ပါလိမ့္မယ္၊ ဒါကိုသတိျပဳၿပီးေတာ့ အားလံုးလုပ္သြားၾကပါ၊ ရိုးရိုးသာမာန္ အဝတ္အစားနဲ႔ပဲသြားပါ၊ မဲေရတြက္တာကို စိတ္ဝင္စားလို႔ရွိရင္ ေစာင့္ၾကည့္လို႔ရပါတယ္၊ မဲရံုမွာ ဘယ္သူႏိုင္သလဲဆိုတာကို နားစြင့္ထားပါ၊ တစ္ညလံုးေစာင့္ၿပီး နားေထာင္ရတယ္ဆိုရင္ ေပ်ာ္စရာေကာင္း ပါတယ္၊ ကိုယ့္ရဲ႕အေပါင္းအေဖာ္ေတြနဲ႔ ေအးေအးေဆးေဆး တည္တည္ၿငိမ္ၿငိမ္နဲ႔ နားေထာင္ၾကပါ၊ ကိုယ့္ဘက္ က ႏိုင္လို႔ရွိရင္လည္း သိပ္ၿပီးေတာ့ အုတ္ေအာ္ေသာင္းနင္းျဖစ္ေအာင္ မလုပ္ပါနဲ႔ ကံေကာင္းအေၾကာင္းမလွလို႔ ကိုယ့္ဘက္က ရံႈးလို႔ရွိရင္လည္း အိေျႏၵရရနဲ႔ ရင္ဆိုင္ပါ"

ဒါ့ျပင္ ေရြးေကာက္ပြဲေန႔မွာ ျပႆနာျဖစ္ႏိုင္တဲ့ ရန္စမႈေတြကို သတိထားေရွာင္က်ဥ္ၾကၿပီး ေရြးေကာက္ပြဲ တည္တည္ၿငိမ္ၿငိမ္ ၿပီးဆံုးေရးကိုသာ ဦးတည္ၾကဖို႔ကိုလည္း ႏိႈးေဆာ္ထားပါတယ္။

"အေရးႀကီးတာက ဒီေရြးေကာက္ပြဲေန႔မွာ တည္တည္ၿငိမ္ၿငိမ္ ေအးေအးခ်မ္းခ်မ္းျဖစ္ဖို႔ပါ၊ ဘယ္သူကပဲ ရန္စ ျပည္သူေတြဟာ ထိန္းထိန္းသိမ္းသိမ္းပဲေနၾကပါ၊ တခ်ဳိ႕က သူတို႔အေၾကာင္းေၾကာင္းေၾကာင့္ ရုန္းရင္း ဆန္ခတ္ျဖစ္ေစခ်င္တဲ့ ပုဂၢိဳလ္ေတြလည္းရွိႏိုင္ပါတယ္၊ အဲ့ဒါေတြကို အထူးသတိထားပါ၊ ကိုယ့္အခ်င္းခ်င္းကိုလည္း သတိေပးၾကပါ၊ ဒီလူေတြကို သတိထားရမယ္ဆိုတာ ဒီေရြးေကာက္ပြဲ ေအာင္ျမင္ျခင္းဆိုတာ က်မတို႔ႏိုင္ငံရဲ႕ အနာဂါတ္အတြက္ အမ်ားႀကီးအေရးႀကီးပါတယ္၊ က်မတို႔ႏိုင္ငံသူ ႏိုင္ငံသားေတြဝိုင္းလုပ္မွ က်မတို႔ႏိုင္ငံ အနာဂါတ္အတြက္ စိတ္ခ်ရမွာပါ၊ ေရြးေကာက္ပြဲေန႔မွာ ေအာင္ျမင္ဖို႔အတြက္ ျပည္သူျပည္သားမ်ားအားလံုး ကိုယ္ေရာစိတ္ပါ အင္အားျပည့္ဝစြာနဲ႔ ပါဝင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေမတၱာပို႔လိုက္ပါတယ္"

ဒါ့အျပင္လည္း မဲေပးဖို႔အတြက္ လိုအပ္တဲ့ အေထာက္အထားေတြ ယူသြားၾကဖို႔၊ ပယ္မဲမျဖစ္ေရးအတြက္ သတိထားၾကဖို႔အျပင္ အသက္အရြယ္ႀကီးရင့္သူေတြ၊ နာမက်န္းသူေတြနဲ႔ မသန္စြမ္းသူေတြလည္း မဲေပးခြင့္ရွိတယ္ဆိုတာေတြကိုလည္း ေဒၚေအာင္ဆန္းစုၾကည္က ရွင္းျပထားပါတယ္။

NLD ပါတီ၀င္ေတြအေနနဲ႔ မဲဆႏၵရွင္ေတြမဲေပးႏိုင္ေရး ကူညီၾကဖို႔၊ ၁၈ ႏွစ္ေအာက္ မဲမေပးႏိုင္တဲ့ လူငယ္ေတြ၊ အေၾကာင္းေၾကာင္းေၾကာင့္ မဲမေပးျဖစ္တဲ့ သူေတြအားလံုးကပါ ေရြးေကာက္ပြဲေအာင္ျမင္ေရး ၀ိုင္း၀န္းကူညီၾကဖို႔ ကိုလည္း တိုက္တြန္းထားတဲ့အျပင္ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ မဲေပးပံုမဲဲေပးနည္းကို သရုပ္ျပထားတာေတြ လည္း ပါ၀င္ပါတယ္။

RFA Burmese
http://www.rfa.org/burmese
......................
 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မဲဆန္ဒရှင်ပြည်သူများကို မဲအသိပညာပေးခြင်းနဲ့ မဲပေးပုံပေးနည်း ကို ပြသနေစဉ်။ Photo: National League for Democracy Facebook
ရွေးကောက်ပွဲနေ့မှာ တည်ငြိမ်အေးချမ်းပြီး တရားမျှတမှုတွေရှိဖို့ ပြည်သူလူထုအားလုံး ၀ိုင်းဝန်းကြိုးပမ်းဖို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

"မဲဆန္ဒရှင်ပြည်သူများသို့ ပန်ကြားချက်" အမည်ရှိတဲ့ ဗီဒီယိုဖိုင်ကို NLD ပါတီရဲ့ အင်တာနက် ဖေ့စ်ဘွတ်လူမှုရေး ကွန်ရက် စာမျက်နှာကနေ ဒီကနေ့ ဖြန့်ချီလိုက်ရာမှာ မဲပေးစဉ် ပါတီကိုယ်စားပြုတဲ့ ၀တ်စားဆင်ယင်တာတွေ မလုပ်ဖို့အပြင် ထွက်ပေါ်လာမယ့် ရွေးကောက်ပွဲရလဒ်ကို လူထုက တည်ငြိမ်အေးချမ်းစွာ လက်ခံနိုင်ဖို့ ဒေါ်အောင် ဆန်းစုကြည်က တိုက်တွန်းထားတာပါ။

"မဲစာရင်းထဲမှာ မပါရင် လှည့်မပြန်ပါနဲ့ ပြဿနာမရှာပါနဲ့ တာဝန်ရှိတဲ့လူ မဲရုံမှူးနဲ့ တွေ့ပြီးတော့ အကျိုး အကြောင်းပြောပြပါ၊ တတ်နိုင်သမျှ ပြေလည်အောင်ဖြေရှင်းဖို့ ကြိုးစားပါ၊ မဲသွားပေးတဲ့အခါ ပါတီအဖွဲ့အစည်းရဲ့ အထိမ်းအမှတ်တံဆိပ်တွေ ဝတ်ဆင်ယူဆောင်မသွားပါနဲ့ ဦးထုပ်၊ တီရှပ်၊ တံဆိပ်၊ အလံ၊ နဖူးစီး စသဖြင့် အားလုံး ယူဆောင်သွားခွင့် မရှိပါဘူး၊ ကိုယ့်ရဲ့ပါတီကိုပဲ ထိခိုက်ပါလိမ့်မယ်၊ ဒါကိုသတိပြုပြီးတော့ အားလုံးလုပ်သွားကြပါ၊ ရိုးရိုးသာမာန် အဝတ်အစားနဲ့ပဲသွားပါ၊ မဲရေတွက်တာကို စိတ်ဝင်စားလို့ရှိရင် စောင့်ကြည့်လို့ရပါတယ်၊ မဲရုံမှာ ဘယ်သူနိုင်သလဲဆိုတာကို နားစွင့်ထားပါ၊ တစ်ညလုံးစောင့်ပြီး နားထောင်ရတယ်ဆိုရင် ပျော်စရာကောင်း ပါတယ်၊ ကိုယ့်ရဲ့အပေါင်းအဖော်တွေနဲ့ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ နားထောင်ကြပါ၊ ကိုယ့်ဘက် က နိုင်လို့ရှိရင်လည်း သိပ်ပြီးတော့ အုတ်အော်သောင်းနင်းဖြစ်အောင် မလုပ်ပါနဲ့ ကံကောင်းအကြောင်းမလှလို့ ကိုယ့်ဘက်က ရှုံးလို့ရှိရင်လည်း အိန္ဒြေရရနဲ့ ရင်ဆိုင်ပါ"

ဒါ့ပြင် ရွေးကောက်ပွဲနေ့မှာ ပြဿနာဖြစ်နိုင်တဲ့ ရန်စမှုတွေကို သတိထားရှောင်ကျဉ်ကြပြီး ရွေးကောက်ပွဲ တည်တည်ငြိမ်ငြိမ် ပြီးဆုံးရေးကိုသာ ဦးတည်ကြဖို့ကိုလည်း နှိုးဆော်ထားပါတယ်။

"အရေးကြီးတာက ဒီရွေးကောက်ပွဲနေ့မှာ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းဖြစ်ဖို့ပါ၊ ဘယ်သူကပဲ ရန်စ ပြည်သူတွေဟာ ထိန်းထိန်းသိမ်းသိမ်းပဲနေကြပါ၊ တချို့က သူတို့အကြောင်းကြောင်းကြောင့် ရုန်းရင်း ဆန်ခတ်ဖြစ်စေချင်တဲ့ ပုဂ္ဂိုလ်တွေလည်းရှိနိုင်ပါတယ်၊ အဲ့ဒါတွေကို အထူးသတိထားပါ၊ ကိုယ့်အချင်းချင်းကိုလည်း သတိပေးကြပါ၊ ဒီလူတွေကို သတိထားရမယ်ဆိုတာ ဒီရွေးကောက်ပွဲ အောင်မြင်ခြင်းဆိုတာ ကျမတို့နိုင်ငံရဲ့ အနာဂါတ်အတွက် အများကြီးအရေးကြီးပါတယ်၊ ကျမတို့နိုင်ငံသူ နိုင်ငံသားတွေဝိုင်းလုပ်မှ ကျမတို့နိုင်ငံ အနာဂါတ်အတွက် စိတ်ချရမှာပါ၊ ရွေးကောက်ပွဲနေ့မှာ အောင်မြင်ဖို့အတွက် ပြည်သူပြည်သားများအားလုံး ကိုယ်ရောစိတ်ပါ အင်အားပြည့်ဝစွာနဲ့ ပါဝင်နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့လိုက်ပါတယ်"

ဒါ့အပြင်လည်း မဲပေးဖို့အတွက် လိုအပ်တဲ့ အထောက်အထားတွေ ယူသွားကြဖို့၊ ပယ်မဲမဖြစ်ရေးအတွက် သတိထားကြဖို့အပြင် အသက်အရွယ်ကြီးရင့်သူတွေ၊ နာမကျန်းသူတွေနဲ့ မသန်စွမ်းသူတွေလည်း မဲပေးခွင့်ရှိတယ်ဆိုတာတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြထားပါတယ်။

NLD ပါတီဝင်တွေအနေနဲ့ မဲဆန္ဒရှင်တွေမဲပေးနိုင်ရေး ကူညီကြဖို့၊ ၁၈ နှစ်အောက် မဲမပေးနိုင်တဲ့ လူငယ်တွေ၊ အကြောင်းကြောင်းကြောင့် မဲမပေးဖြစ်တဲ့ သူတွေအားလုံးကပါ ရွေးကောက်ပွဲအောင်မြင်ရေး ၀ိုင်းဝန်းကူညီကြဖို့ ကိုလည်း တိုက်တွန်းထားတဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မဲပေးပုံမဲဲပေးနည်းကို သရုပ်ပြထားတာတွေ လည်း ပါ၀င်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment