Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, October 30, 2015

အိမ္၊ ျခံ၊ ေျမ၊ တိုက္ခန္း ေရာင္း၀ယ္မႈတြင္ စာခ်ဳပ္အတုႏွင့္ ဆင့္ပြားေရာင္းခ်ျခင္းမ်ား ျဖစ္ေပၚေန


 အိမ္ျခံေျမတိုက္ခန္းေရာင္း၀ယ္မႈေဈး ကြက္အတြင္း စာခ်ဳပ္အတုမ်ား၊ ဆင့္ပြားေရာင္းခ်ျခင္းမ်ားျဖစ္ေပၚလ်က္ရိွ ေၾကာင္း အိမ္ျခံေျမ၀န္ေဆာင္မႈအသင္းမွ တာ၀န္ရိွသူတဦးက ေျပာသည္။
ထိုကဲ့သို႔ အိမ္ျခံေျမတိုက္ခန္းကဲ့သို႔ မေရႊ႕ေျပာင္းႏိုင္သည့္ပစၥည္းမ်ားအား စာခ်ဳပ္အတုမ်ားျပဳလုပ္ျခင္း၊ ပိုင္ဆိုင္မႈ စာခ်ဳပ္မ်ားကို ဆင့္ပြားေရာင္းခ်ျခင္းမ်ားေၾကာင့္ ပိုင္ဆိုင္မႈဆိုင္ရာ အျငင္းပြားမႈကိစၥရပ္မ်ား ျဖစ္ေပၚလ်က္ရိွ ေၾကာင္း သိရသည္။ အခန္းေပး အခန္းယူ ကန္ထရိုက္ စနစ္ ေခတ္စားခဲ့သည့္ သဃၤန္းကြ်န္း၊ ေတာင္ဥကၠလာပ၊ သာေကတ၊ ေျမာက္ဥကၠလာပစသည့္ ျမိဳ႕နယ္မ်ားတြင္ တိုက္ခန္းပိုင္ဆိုင္မႈႏွင့္ပတ္သက္၍ စာခ်ဳပ္ဆင့္ပြား ေရာင္းခ်မႈမ်ားအျပင္ ေတာင္ဒဂံု၊ ေျမာက္ဒဂံု၊ သန္လ်င္စသည့္ျမိဳ႕နယ္အမ်ားစုတြင္ အိမ္ျခံေျမပိုင္ဆိုင္မႈအတြက္ စာခု်ပ္အတုျပဳလုပ္ေရာင္းခ်မႈမ်ားရိွေၾကာင္း သိရသည္။

''ပထမေတာ့ စေပၚေပ်ာက္နဲ႔ ငွားေနတာေပါ့။ ငွားလာတာ ၾကာလာေတာ့ ပတ္၀န္းက်င္မွာ သူပိုင္သလိုျဖစ္လာ တယ္။ ေနာက္ေတာ့ တိုက္ခန္းပိုင္ဆိုင္ေၾကာင္း စာခ်ဳပ္အတုေတြလုပ္ျပီး ေရာင္းတယ္။ အဲဒီ ၀ယ္လိုက္တဲ့လူက လည္း ေဈးေကာင္းရလို႔ထပ္ျပီး ေနာက္တေယာက္ကို ေရာင္းတယ္။ ပိုင္ရွင္ကေပၚလာေတာ့ အရႈပ္အရွင္းေတြ ျဖစ္လာေရာ။ အခုေနာက္ပိုင္း ဒီလိုျပႆနာေတြမ်ားလာတယ္''ဟု ျမန္မာႏိုင္ငံ အိမ္ျခံေျမ၀န္ေဆာင္မႈအသင္းမွ အေထြေထြအတြင္းေရးမွဴး ေဒၚမို႔မို႔ေအာင္က ေျပာသည္။

''ေျမကြက္တကြက္ကို ပိုက္ဆံလိုေနလို႔ပါဆိုျပီး ပဲြစားကေန ပိုင္ရွင္ဆိုတဲ့ လင္မယားႏွစ္ေယာက္ကိုေခၚလာ တယ္။ သိန္းတရာနဲ႔ ၀ယ္ထားတာကို ေငြလိုလို႔ သိန္း ၆၀ ေလာက္နဲ႔ အေရာင္းအ၀ယ္လုပ္မယ္ေျပာတယ္။ ေနာက္တရက္မွ ပိုင္ဆိုင္မႈ ေတြျပတယ္။ အေရာင္းအ၀ယ္လုပ္ျပီး သံုး၊ ေလးရက္ေလာက္မွာ ပဲြစားေခၚလာတဲ့ အိမ္ရွင္ဆိုတဲ့ လင္မယားေတြက ၀ယ္လိုက္တဲ့လူဆီဖုန္းဆက္တယ္။ သူတို႔က ပိုင္ရွင္မဟုတ္ပါဘူး။ ပဲြစားေခၚလို႔ လိုက္လာရတာပါလို႔ ေျပာတယ္။ သူတို႔ေတြေပးထားတဲ့ ေျမကြက္ပိုင္ဆိုင္မႈစာခ်ဳပ္က အတုၾကီးျဖစ္ေနတယ္။ အဲဒီေတာ့ ျပႆနာေတြ ျဖစ္ကုန္ေရာ''ဟု ေျမာက္ဒဂံုျမိဳ႕နယ္တြင္ စာခ်ဳပ္အတုျဖင့္ လိမ္လည္ေရာင္းခ်မႈ ျဖစ္ခဲ့ပံုကို ေဒသခံတဦးက ေျပာသည္။

ထိုကဲ့သို႔ ပိုင္ဆိုင္မႈ အျငင္းပြားဖြယ္မ်ား၊ စာခု်ပ္စာတမ္း အရႈပ္အရွင္းျပႆနာမ်ား ျဖစ္ပြားရျခင္းသည္ ၀ယ္ယူသူ (သို႔) ေရာင္းခ်သူမ်ားကုန္က်စရိတ္မ်ားျပားမည္ဟုထင္ကာ တတ္ကြ်မ္းနားလည္သည့္ ဥပေဒပညာရွင္မ်ား ေခၚယူေလ့မရိွျခင္းစသည္တို႔ေၾကာင့္ ျဖစ္ေပၚေလ့ရိွေၾကာင္း သိရသည္။ အိမ္ျခံေျမ တိုက္ခန္းအေရာင္း အ၀ယ္မ်ားျပဳလုပ္ပါက အေရာင္းအ၀ယ္ျပဳလုပ္ထားသည့္ စာခ်ဳပ္အား ၀ယ္ယူထားသည့္တန္ဖိုးႏွင့္ညီမွ်သည့္ တံဆိပ္ေခါင္း ခြန္ထမ္းေဆာင္ျခင္း၊ စာခ်ဳပ္စာတမ္း မွတ္ပံုတင္ေၾကးေပးေဆာင္၍ မွတ္ပံုတင္ေဆာင္ျခင္း စသည္တို႔ကို ျပဳလုပ္သင့္ေၾကာင္း ဥပေဒပညာရွင္မ်ားက အၾကံျပဳေျပာဆိုသည္။ ထို႔အျပင္ အေရာင္းအ၀ယ္ ျပဳလုပ္ေနစဥ္ ကာလမ်ားအတြင္း ပိုင္ဆိုင္မႈႏွင့္ပတ္သက္၍ ကန္႔ကြက္မႈရိွ၊ မရိွကို သတ္မွတ္ရက္တခုထား၍ ႏိုင္ငံပိုင္သတင္းစာမွ ေၾကညာျခင္းသည္လည္း အရႈပ္အရွင္းမ်ားရိွခဲ့ပါက သိရိွႏိုင္ေၾကာင္း သိရသည္။

''အခန္းတခန္းတည္းကို သံုး၊ ေလးဦးက ဆင့္ပြားေရာင္းခ်လာတာကို ေတြ႕လာရတယ္။ အဲဒီေတာ့ အိမ္ျခံေျမ တိုက္ခန္းပဲျဖစ္ျဖစ္ မေရႊ႕ေျပာင္းႏိုင္တဲ့ ပစၥည္းေတြေရာင္း၀ယ္တဲ့အခါ သတင္းစာ ထဲထည့္ျပီး ကန္႔ကြက္မႈရိွ၊ မရိွ ေၾကညာလိုက္၊ နားလည္တတ္ကြ်မ္းတဲ့ ေရွ႕ေနေတြရဲ႕အၾကံဥာဏ္ကို ရယူပါ။ အိမ္ျခံေျမ တိုက္ခန္း၀ယ္တာပဲ၊ ဒါေပမဲ့ ျပႆနာ၀ယ္မိသလို ျဖစ္ေနတယ္။ ေနာက္တခုက အခြန္ေရွာင္ခ်င္ၾကတယ္။ အဲဒီေတာ့ မလိုအပ္တဲ့ ျပႆနာေတြျဖစ္နိုင္ပါတယ္''ဟု အထက္တန္းေရွ႕ေနတဦးျဖစ္သည့္ ဦးေအးထြန္းေဒြးက အၾကံျပဳေျပာဆိုသည္။

၂၀၁၅ ခုနွစ္ ျပည္ေထာင္စု၏ အခြန္အေကာက္ဥပေဒတြင္ အိမ္ငွားရမ္းျခင္း ၀န္ေဆာင္မႈလုပ္ငန္းအတြက္ ကုန္ သြယ္လုပ္ငန္းခြန္ မက်သင့္ေၾကာင္း ေဖာ္ျပထားျပီး ႏိုင္ငံေတာ္အတြင္း ေဆာက္လုပ္ျပီး ေရာင္းခ်သည့္ အေဆာက္အအံု ေရာင္းခ်ျခင္းမွ ေရာင္းရေငြအေပၚတြင္ သံုးရာခိုင္ႏႈန္းျဖင့္ ကုန္သြယ္လုပ္ငန္းခြန္ က်သင့္ေစရ မည္ဟု ျပ႒ာန္းထားသည္။

မင္းဗညား
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal
....................


 အိမ်ခြံမြေတိုက်ခန်းရောင်းဝယ်မှုဈေး ကွက်အတွင်း စာချုပ်အတုများ၊ ဆင့်ပွားရောင်းချခြင်းများဖြစ်ပေါ်လျက်ရှိ ကြောင်း အိမ်ခြံမြေဝန်ဆောင်မှုအသင်းမှ တာဝန်ရှိသူတဦးက ပြောသည်။
ထိုကဲ့သို့ အိမ်ခြံမြေတိုက်ခန်းကဲ့သို့ မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများအား စာချုပ်အတုများပြုလုပ်ခြင်း၊ ပိုင်ဆိုင်မှု စာချုပ်များကို ဆင့်ပွားရောင်းချခြင်းများကြောင့် ပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုကိစ္စရပ်များ ဖြစ်ပေါ်လျက်ရှိ ကြောင်း သိရသည်။ အခန်းပေး အခန်းယူ ကန်ထရိုက် စနစ် ခေတ်စားခဲ့သည့် သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပ၊ သာကေတ၊ မြောက်ဥက္ကလာပစသည့် မြို့နယ်များတွင် တိုက်ခန်းပိုင်ဆိုင်မှုနှင့်ပတ်သက်၍ စာချုပ်ဆင့်ပွား ရောင်းချမှုများအပြင် တောင်ဒဂုံ၊ မြောက်ဒဂုံ၊ သန်လျင်စသည့်မြို့နယ်အများစုတွင် အိမ်ခြံမြေပိုင်ဆိုင်မှုအတွက် စာခုျပ်အတုပြုလုပ်ရောင်းချမှုများရှိကြောင်း သိရသည်။

''ပထမတော့ စပေါ်ပျောက်နဲ့ ငှားနေတာပေါ့။ ငှားလာတာ ကြာလာတော့ ပတ်ဝန်းကျင်မှာ သူပိုင်သလိုဖြစ်လာ တယ်။ နောက်တော့ တိုက်ခန်းပိုင်ဆိုင်ကြောင်း စာချုပ်အတုတွေလုပ်ပြီး ရောင်းတယ်။ အဲဒီ ၀ယ်လိုက်တဲ့လူက လည်း ဈေးကောင်းရလို့ထပ်ပြီး နောက်တယောက်ကို ရောင်းတယ်။ ပိုင်ရှင်ကပေါ်လာတော့ အရှုပ်အရှင်းတွေ ဖြစ်လာရော။ အခုနောက်ပိုင်း ဒီလိုပြဿနာတွေများလာတယ်''ဟု မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းမှ အထွေထွေအတွင်းရေးမှူး ဒေါ်မို့မို့အောင်က ပြောသည်။

''မြေကွက်တကွက်ကို ပိုက်ဆံလိုနေလို့ပါဆိုပြီး ပွဲစားကနေ ပိုင်ရှင်ဆိုတဲ့ လင်မယားနှစ်ယောက်ကိုခေါ်လာ တယ်။ သိန်းတရာနဲ့ ၀ယ်ထားတာကို ငွေလိုလို့ သိန်း ၆၀ လောက်နဲ့ အရောင်းအဝယ်လုပ်မယ်ပြောတယ်။ နောက်တရက်မှ ပိုင်ဆိုင်မှု တွေပြတယ်။ အရောင်းအဝယ်လုပ်ပြီး သုံး၊ လေးရက်လောက်မှာ ပွဲစားခေါ်လာတဲ့ အိမ်ရှင်ဆိုတဲ့ လင်မယားတွေက ၀ယ်လိုက်တဲ့လူဆီဖုန်းဆက်တယ်။ သူတို့က ပိုင်ရှင်မဟုတ်ပါဘူး။ ပွဲစားခေါ်လို့ လိုက်လာရတာပါလို့ ပြောတယ်။ သူတို့တွေပေးထားတဲ့ မြေကွက်ပိုင်ဆိုင်မှုစာချုပ်က အတုကြီးဖြစ်နေတယ်။ အဲဒီတော့ ပြဿနာတွေ ဖြစ်ကုန်ရော''ဟု မြောက်ဒဂုံမြို့နယ်တွင် စာချုပ်အတုဖြင့် လိမ်လည်ရောင်းချမှု ဖြစ်ခဲ့ပုံကို ဒေသခံတဦးက ပြောသည်။

ထိုကဲ့သို့ ပိုင်ဆိုင်မှု အငြင်းပွားဖွယ်များ၊ စာခုျပ်စာတမ်း အရှုပ်အရှင်းပြဿနာများ ဖြစ်ပွားရခြင်းသည် ၀ယ်ယူသူ (သို့) ရောင်းချသူများကုန်ကျစရိတ်များပြားမည်ဟုထင်ကာ တတ်ကျွမ်းနားလည်သည့် ဥပဒေပညာရှင်များ ခေါ်ယူလေ့မရှိခြင်းစသည်တို့ကြောင့် ဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။ အိမ်ခြံမြေ တိုက်ခန်းအရောင်း အဝယ်များပြုလုပ်ပါက အရောင်းအဝယ်ပြုလုပ်ထားသည့် စာချုပ်အား ၀ယ်ယူထားသည့်တန်ဖိုးနှင့်ညီမျှသည့် တံဆိပ်ခေါင်း ခွန်ထမ်းဆောင်ခြင်း၊ စာချုပ်စာတမ်း မှတ်ပုံတင်ကြေးပေးဆောင်၍ မှတ်ပုံတင်ဆောင်ခြင်း စသည်တို့ကို ပြုလုပ်သင့်ကြောင်း ဥပဒေပညာရှင်များက အကြံပြုပြောဆိုသည်။ ထို့အပြင် အရောင်းအဝယ် ပြုလုပ်နေစဉ် ကာလများအတွင်း ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ကန့်ကွက်မှုရှိ၊ မရှိကို သတ်မှတ်ရက်တခုထား၍ နိုင်ငံပိုင်သတင်းစာမှ ကြေညာခြင်းသည်လည်း အရှုပ်အရှင်းများရှိခဲ့ပါက သိရှိနိုင်ကြောင်း သိရသည်။

''အခန်းတခန်းတည်းကို သုံး၊ လေးဦးက ဆင့်ပွားရောင်းချလာတာကို တွေ့လာရတယ်။ အဲဒီတော့ အိမ်ခြံမြေ တိုက်ခန်းပဲဖြစ်ဖြစ် မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေရောင်းဝယ်တဲ့အခါ သတင်းစာ ထဲထည့်ပြီး ကန့်ကွက်မှုရှိ၊ မရှိ ကြေညာလိုက်၊ နားလည်တတ်ကျွမ်းတဲ့ ရှေ့နေတွေရဲ့အကြံဉာဏ်ကို ရယူပါ။ အိမ်ခြံမြေ တိုက်ခန်းဝယ်တာပဲ၊ ဒါပေမဲ့ ပြဿနာဝယ်မိသလို ဖြစ်နေတယ်။ နောက်တခုက အခွန်ရှောင်ချင်ကြတယ်။ အဲဒီတော့ မလိုအပ်တဲ့ ပြဿနာတွေဖြစ်နိုင်ပါတယ်''ဟု အထက်တန်းရှေ့နေတဦးဖြစ်သည့် ဦးအေးထွန်းဒွေးက အကြံပြုပြောဆိုသည်။

၂၀၁၅ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင် အိမ်ငှားရမ်းခြင်း ၀န်ဆောင်မှုလုပ်ငန်းအတွက် ကုန် သွယ်လုပ်ငန်းခွန် မကျသင့်ကြောင်း ဖော်ပြထားပြီး နိုင်ငံတော်အတွင်း ဆောက်လုပ်ပြီး ရောင်းချသည့် အဆောက်အအုံ ရောင်းချခြင်းမှ ရောင်းရငွေအပေါ်တွင် သုံးရာခိုင်နှုန်းဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်စေရ မည်ဟု ပြဋ္ဌာန်းထားသည်။

မင်းဗညား
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment