Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, October 6, 2015







TrendMyanmar
..............................
ဆံပင်ကျွတ်ခြင်းမှ ကာကွယ်ပေးမယ့် ကြက်သွန်ဖြူဆေးနည်း

သိပ္ပံနည်းအရ အခိုင်အမာ အထောက်အထားလည်းရှိပြီး ဆံပင်ကျွတ်ခြင်းကိုလည်း ကာကွယ်ပေးတဲ့ ကြက်သွန်ဖြူညှစ်ရည် ပါဝင်တဲ့ ခေါင်းလျှော်ရည်နဲ့ ဆံပင်သန်ဆေး များစွာရှိပါတယ်။ကြက်သွန်ဖြူဟာ ရောဂါမျိုးပေါင်းများစွာအတွက် အထောက်အထား အခိုင်အမာရှိထားတဲ့ ဆေးနည်းတစ်ခုဖြစ်ပါတယ်။ သွေးလည်ပတ်မှုကောင်းမွန်စေပြီး ပိုးသတ်အသေးအဖြစ် အသုံးပြုနိုင်သလို ဆံပင်ကြီးထွားစေခြင်းအတွက်လည်း ထိရောက်ပါတယ်။

အမျိုးသားတွေမှာ ဦးခေါင်းခလယ်လောက်ကနေ ဆံပင် စကျွတ်ကြပြီး သိသိသာသာ ဖြစ်ကြပါတယ်။ အမျိုးသမီးများအနေနဲ့တော့ ထိပ်ကနေ စကျွတ်ကြပါတယ်။ ဒီပြသနာကို မတွေ့ရခင် သူတို့ဆံပင်ထဲမှ ၂၀ နဲ့ ၃၀% ဝန်းကျင် သူတို့မှာ ဆုံးရှုံးဖို့ လိုပါတယ်။

ဒီတော့ ကြက်သွန်ဖြူကို ဆံပင်ကျွတ်ခြင်းမှ ကာကွယ်ဖို့ အသုံးပြုနည်းလေး မျှဝေပေးချင်ပါတယ်။ လုပ်ရမယ့် နည်းလမ်းကတော့

- ကြက်သွန်ဖြူဥတစ်လုံးယူပြီး ကြိတ်ခြေလိုက်ပါ။ ထွက်လာတဲ့အရည်တွေ စုပြီး အဓိက ဖြစ်တဲ့နေရာတွေ ဒါမှမဟုတ် ဦးရေပြားတစ်ခုလုံးမှာ လိမ်းပေးရပါမယ်။

- ခေါင်းမလျှော်မီ တစ်နာရီကြာအောင်ထား ရပါမယ်။

ကြက်သွန်ဖြူဟာ ပြင်းပြပြီး အနံ့စူးပြီး ထွက်လာနိုင်ပါတယ်။ ဒါပေမယ့် အင်မတန် အစွမ်းထက်ကြောင်းကိုတော့ ယုံကြည်ထားပါ။ ဒီနည်းကို တစ်ပတ် နှစ်ကြိမ် အသုံးပြုပါ။ တစ်လကြာပြီးတဲ့နောက်မှာတော့ ဆံပင်သစ်တွေ ထွက်လာတာ သတိပြုလာပါလိမ့်မယ်။
TrendMyanmar

No comments:

Post a Comment