Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, October 6, 2015

ကံေကာင္းျခင္းေတြ ေဆာင္ၾကဥ္းေပးႏိုင္မယ္ဆိုတဲ့ ထူးဆန္းတဲ့ တိရိစာၦန္ႀကီး

 အလြန္ေ၀းလံလြန္းတဲ့ ရြာငယ္ေလး တစ္ရြာ မွာ စိတ္ကူးယဥ္ သိပၸံ ဇာတ္လမ္းေတြထဲကလိုပဲ ေတြ႕ေနၾကမဟုတ္တဲ့ တိရိစာၦန္တစ္ေကာင္ကို ေတြ႕ခဲ့ရပါတယ္။

ထို ထူးဆန္းတဲ့ တိရိစာၦန္မွာေတာ့ ၾကမ္းတမ္းတဲ့ ဦးေခါင္းနဲ႔ မိေက်ာင္းလို အေရျပားေတြရွိေနပါတယ္။ ဒါေပမယ့္လည္း အနီးကပ္ၾကည့္လိုက္တဲ့အခါမွာ ထို တိရိစာၦန္ဟာ ႏို႔တိုက္သတၱ၀ါ တစ္ေကာင္ျဖစ္တဲ့ ႏြား နဲ႔ တူတဲ့ ခႏၶာကိုယ္ ၊ ေျခေခ်ာင္း နဲ႔ လက္ေခ်ာင္း ေတြရွိေနတာကိုလည္း ေတြ႕ရပါတယ္။

အဲဒီ ထူးဆန္းတဲ့ အေကာင္ကိုေတာ့ ထိုင္းႏိုင္ငံ Wanghin ျပည္နယ္က High Rock ဆိုတဲ့ လူသူ အေရာက္အေပါက္နည္းတဲ့ အေခါင္အဖ်ား ေဒသ ရြာငယ္ေလးမွာ ရွာေဖြေတြ႕ရွိခဲ့တာ ျဖစ္တယ္လို႔ ျပည္တြင္း မီဒီယာ ၀က္ဘ္ဆိုက္ Rath က ေဖာ္ျပထားပါတယ္။

ေျပာရမယ္ဆိုရင္ေတာ့ ဒီအေကာင္ဟာ ႏြားရိုင္းမ်ိဳးႏြယ္ထဲကပါ။ ဒါေပမယ့္လည္း သာမန္ ႏြား အျဖစ္နဲ႔ ေပါက္ဖြားလာတာမ်ိဳး မဟုတ္ပဲ မတူညီတဲ့ တိရိစာၦန္ ၂ ေကာင္ သားေဖာက္ၿပီး ေမြးဖြားလာတဲ့ပံုစံ သဖြယ္ျဖစ္ေနပါတယ္။

Rath ၀က္ဘ္ဆိုက္မွာ ေဖာ္ျပထားတာကေတာ့ ထို အေကာင္ႀကီး ဟာ စေတြ႕ကတည္းက ေသဆံုးေနၿပီး ေမြကတည္းက အေသေလး ေမြးဖြားလာတယ္လို႔ ဆိုထားပါတယ္။ ဒါေပမယ့္လည္း ရြာခံေတြကေတာ့ အဲဒီလို ထူးဆန္းတဲ့အေကာင္ကို ေတြ႕လိုက္ကတည္းက ရြာသားေတြအတြက္ ကံေကာင္းျခင္းေတြ ရလာေတာ့မယ္လို႔ ယံုၾကည္ေနၾကပါတယ္။

ထို ဓါတ္ပံုေတြကို Nhênyêt jiyanê ဆိုသူက Facebook မွာတင္လိုက္တဲ့အခါမွာေတာ့ ကံေကာင္းလာမယ္ဆိုတဲ့ ယံုၾကည္မႈနဲ႔ Share ျပဳလုပ္သူမ်ားျပားခဲ့ပါတယ္။

( Mario )
........................................
ကံကောင်းခြင်းတွေ ဆောင်ကြဉ်းပေးနိုင်မယ်ဆိုတဲ့ ထူးဆန်းတဲ့ တိရိစ္ဆာန်ကြီး

အလွန်ဝေးလံလွန်းတဲ့ ရွာငယ်လေး တစ်ရွာ မှာ စိတ်ကူးယဉ် သိပ္ပံ ဇာတ်လမ်းတွေထဲကလိုပဲ တွေ့နေကြမဟုတ်တဲ့ တိရိစ္ဆာန်တစ်ကောင်ကို တွေ့ခဲ့ရပါတယ်။

ထို ထူးဆန်းတဲ့ တိရိစ္ဆာန်မှာတော့ ကြမ်းတမ်းတဲ့ ဦးခေါင်းနဲ့ မိကျောင်းလို အရေပြားတွေရှိနေပါတယ်။ ဒါပေမယ့်လည်း အနီးကပ်ကြည့်လိုက်တဲ့အခါမှာ ထို တိရိစ္ဆာန်ဟာ နို့တိုက်သတ္တဝါ တစ်ကောင်ဖြစ်တဲ့ နွား နဲ့ တူတဲ့ ခန္ဓာကိုယ် ၊ ခြေချောင်း နဲ့ လက်ချောင်း တွေရှိနေတာကိုလည်း တွေ့ရပါတယ်။

အဲဒီ ထူးဆန်းတဲ့ အကောင်ကိုတော့ ထိုင်းနိုင်ငံ Wanghin ပြည်နယ်က High Rock ဆိုတဲ့ လူသူ အရောက်အပေါက်နည်းတဲ့ အခေါင်အဖျား ဒေသ ရွာငယ်လေးမှာ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ပြည်တွင်း မီဒီယာ ၀က်ဘ်ဆိုက် Rath က ဖော်ပြထားပါတယ်။

ပြောရမယ်ဆိုရင်တော့ ဒီအကောင်ဟာ နွားရိုင်းမျိုးနွယ်ထဲကပါ။ ဒါပေမယ့်လည်း သာမန် နွား အဖြစ်နဲ့ ပေါက်ဖွားလာတာမျိုး မဟုတ်ပဲ မတူညီတဲ့ တိရိစ္ဆာန် ၂ ကောင် သားဖောက်ပြီး မွေးဖွားလာတဲ့ပုံစံ သဖွယ်ဖြစ်နေပါတယ်။

Rath ၀က်ဘ်ဆိုက်မှာ ဖော်ပြထားတာကတော့ ထို အကောင်ကြီး ဟာ စတွေ့ကတည်းက သေဆုံးနေပြီး မွေကတည်းက အသေလေး မွေးဖွားလာတယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့်လည်း ရွာခံတွေကတော့ အဲဒီလို ထူးဆန်းတဲ့အကောင်ကို တွေ့လိုက်ကတည်းက ရွာသားတွေအတွက် ကံကောင်းခြင်းတွေ ရလာတော့မယ်လို့ ယုံကြည်နေကြပါတယ်။

ထို ဓါတ်ပုံတွေကို Nhênyêt jiyanê ဆိုသူက Facebook မှာတင်လိုက်တဲ့အခါမှာတော့ ကံကောင်းလာမယ်ဆိုတဲ့ ယုံကြည်မှုနဲ့ Share ပြုလုပ်သူများပြားခဲ့ပါတယ်။

( Mario )

No comments:

Post a Comment