Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, October 5, 2015

ပြင့္လင္းျမင္သာတဲ႔ အစိုးရျဖစ္ေရး ေဒၚေအာင္ဆန္းစုၾကည္ ကတိေပး

ကခ်င္ျပည္နယ္၊ ဗန္းေမာ္ၿမိဳ႕မွာ ေရြးေကာက္ပြဲ မဲဆြယ္စည္း႐ံုးေရးဆင္းေနတဲ့ ေဒၚေအာင္ဆန္းစုၾကည္။ (ဓာတ္ပုံ- NLD)
 အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ပါတီ အေနနဲ႔ ျပည္သူေတြ ႏွစ္ေပါင္းမ ်ားစြာရင္ဆိုင္ေနရတဲ့ ဆင္းရဲမြဲေတမႈကေန ခ်က္ခ်င္းလြတ္ေျမာက္ဖို႔ အာမမခံႏုိင္ေပမယ့္ ပြင့္လင္းျမင္သာတဲ့ အစိုးရတရပ္ျဖစ္ေရးကိုေတာ့ အာမခံႏုိင္တယ္လို႔ ကခ်င္ျပည္နယ္ကို စည္း႐ံုးေရးေရာက္ရွိေနတဲ့ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။ ဆင္းရဲမြဲေတမႈ လြတ္ေျမာက္ဖို႔ အစိုးရတရပ္အေနနဲ႔ စီမံကိန္းေတြမွာ အဂတိ လုိက္စားမႈကင္းရွင္းၿပီး ပြင့္လင္းျမင္သာဖို႔၊ ေနာက္ ပညာေရး အဆင့္အတန္းကို ျမႇင့္တင္ဖို႔ အေရးႀကီးတယ္လို႔လည္း ေထာက္ျပခဲ့ပါတယ္။ ကခ်င္ျပည္နယ္ စည္း႐ံုးေရး ခရီးစဥ္ အတြင္းမွာေတာ့ ၿငိမ္းခ်မ္းေရး ၊ ျမစ္ဆံု စီမံကိန္းတို႔ အေပၚ ေထာက္ခံသူေတြရဲ႕ ေမးခြန္းေတြနဲ႔လည္း ရင္ဆိုင္ခဲ့ရပါတယ္။ မသိဂႌထိုက္က စုစည္းတင္ျပထားပါတယ္။

အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ NLD ပါတီက အခု လာမယ့္ လႊတ္ေတာ္ ေရြးေကာက္ပြဲေတြမွာ အမတ္ေနရာ အမ်ားစုအႏိုင္ရၿပီး အစိုးရ ဖြဲ႔လာႏုိင္ခဲ့ရင္ လည္း ျပည္သူေတြ ႏွစ္ေပါင္းမ်ားစြာခံစားေနၾကရတဲ့ ဆင္းရဲမြဲေတမႈကို ခ်က္ခ်င္းလက္ငင္း ေျဖရွင္းေပးႏုိင္မွာမဟုတ္ဘူးလို႔ ပါတီဥကၠ႒ ေဒၚေအာင္ဆန္း စုၾကည္က ကခ်င္ျပည္နယ္ ဗန္းေမာ္ၿမိဳ႕က ေထာင္နဲ႔ခ်ီတဲ့ ေထာက္ခံသူေတြကို ေျပာဆိုခဲ့ပါတယ္။

“ျပည္သူကေနၿပီးေတာ့ ထိန္းခ်ဳပ္ႏိုင္တဲ့၊ ထိန္းခ်ဳပ္ထားႏိုင္မယ့္ အစိုးရက လုပ္ေပးႏိုင္မွာပါ။ ေျပာလို႔ရတာက ျပည္သူေတြအတြက္ အလုပ္မလုပ္ဘူးဆိုရင္ အဲဒီအစိုးရက လြယ္လြယ္ကူကူနဲ႔ ျဖဳတ္ခ်လို႔ရပါတယ္။ အဲဒါကေတာ့ ေရြးေကာက္ပြဲမ်ိဳးေပါ့။ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္က ၅ ႏွစ္ေပးလိုက္တဲ့သေဘာ။ ၅ ႏွစ္ေတာ့ျပည့္ၿပီ။ ဒီ ၅ ႏွစ္အတြင္းမွာ က်ေနာ္တို႔ ဘဝေတြေျပာင္းလဲဖို႔အတြက္ ဘာေတြလုပ္ေပးသလဲ ၾကည့္ၾကစို႔ဆိုၿပီး ၾကည့္တဲ့သေဘာေပါ့။ ဒီ ၅ ႏွစ္အတြင္းမွာ လံုေလာက္တဲ့ ျပည္သူေတြေက်နပ္ႏိုင္ေလာက္တဲ့ တိုးတက္မႈမရွိဘူးဆိုရင္ ေနာက္ေရြးေကာက္ပဲြမွာ၊၅ ႏွစ္စာလုပ္မယ့္ ေရြးေကာက္ပြဲမွာ ျပည္သူေတြကေနၿပီးေတာ့ အဖြဲ႔ခ်ဳပ္အစိုးရကို ျဖဳတ္ခ်႐ံုပဲ။ ျပည္သူကမလိုလားလို႔ရွိရင္ တြယ္ကပ္ေနမယ့္အစိုးရမဟုတ္ပါဘူးလို႔ က်မက ေျပာခ်င္ပါတယ္။”

ကခ်င္ျပည္နယ္တြင္းက စစ္ေရွာင္ ဒုကၡသည္ေတြအေရးနဲ႔ သစ္ေတာသယံဇာတ ထုတ္ယူတဲ့အေျခအေနေတြကိုလည္း ေဒၚေအာင္ဆန္းစုၾကည္က ေဝဖန္ေျပာဆိုခဲ့ပါတယ္။ ျမန္မာႏုိင္ငံတြင္းကို ႏုိင္ငံျခားသားေတြ အမ်ားအျပားဝင္ေရာက္လာမႈမွာ ေဒၚေအာင္ဆန္းစုၾကည္မွာတာဝန္ရွိပါသလားဆိုတဲ့ ေထာက္ခံသူတစ္ဦးရဲ႕ ေမးခြန္းကိုေတာ့ ေဒၚေအာင္ဆန္းစုၾကည္က အခုလို ေျဖၾကားသြားပါတယ္။

“အရွင္ဘုရား၊ တျပည့္ေတာ္မသာ ဒီေလာက္ေတာင္မွ ၾသဇာေတြ အင္အားေတြႀကီးေနရင္ ဒီႏိုင္ငံ ဒီလို မဆင္းရဲႏိုင္ပါဘူးလို႔ေျပာခ်င္ပါတယ္။ အဲဒီလို ကိစၥမ်ိဳးလုပ္ႏိုင္တဲ့ အင္အားနဲ႔ ၾသဇာလည္း တျပည့္ေတာ္မမွာလည္း လံုးဝ မရွိပါဘူး။ ရွိလည္းမရွိခဲ့ပါဘူး။ အဲဒီလိုၾသဇာရွင္ေတြနဲ႔ အဲဒီလိုပံုစံနဲ႔ မသံုးပါဘူးလို႔ တျပည့္ေတာ္မ ရဲရဲႀကီး ကတိေပးပါတယ္။”

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ကခ်င္ျပည္နယ္ ခရီးစဥ္အတြင္းမွာေတာ့ ကခ်င္ျပည္သူအမ်ားစုက ၿငိမ္းခ်မ္းေရးနဲ႔ အရင္ စစ္အစိုးရလက္ထက္ တ႐ုတ္တို႔နဲ႔ သေဘာတူထားတဲ့ ဧရာဝတီ ျမစ္ဆံုေရကာတာ တည္ေဆာက္ေရးလုပ္ငန္းတို႔အေပၚ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ရဲ႕ မူဝါဒေတြအေပၚ ေမးခြန္းေတြနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။ NLD ရဲ႕ ျမစ္ႀကီးနား ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း ဦးအင္ထံုးခါးေနာ္ဆန္ က အခုလို ေျပာပါတယ္။

“အကယ္၍မ်ား NLD အစိုးရျဖစ္လာရင္ ၿငိမ္းခ်မ္းေရးကိစၥနဲ႔ ဘယ္လိုေဆာင္ရြက္ေပးမလဲ ဆိုတဲ့ဟာ ေမးခြန္းေမးၾကပါတယ္။ ေနာက္ၿပီး ျမစ္ဆံု ေရကာတာနဲ႔ ပက္သက္ၿပီးမွ ဘယ္လိုလုပ္မလဲဆိုတာေရာ ေမးၾကပါတယ္။ အခုေလာေလာဆယ္ ဒီဘက္ပိုင္း ဘာသာေရးကိစၥနဲ႔ ပက္သက္ၿပီးမွ ဘာစိုးရိမ္စိတ္ေတာ့မရွိပါဘူး။ ဥပမာ ဗုဒၶဘာသာေတြကလည္း ဒီခရစ္ယာန္ေတြနဲ႔ ဘာျဖစ္တယ္။ ညာျဖစ္တယ္ဆိုတာ ဘယ္သူမွလည္း ဘာမွ မေျပာသလို ခရစ္ယာန္ေတြ ဘက္ကလည္း ဗုဒၶဘာသာအေပၚမွာ ဘယ္လိုမွ မျမင္ၾကပါဘူး။ ဘာသာေရးအရေတာ့ ျမစ္ႀကီးနားအတုိင္းအတာကေတာ့ က်ေနာ္တို႔ဘာမွ မျဖစ္ပါဘူး။”

NLD အႏုိင္ရၿပီး အစိုးရဖြဲ႔ႏုိင္တဲ့အခါ အပစ္အခတ္ရပ္စဲေရးနဲ႔ ၿငိမ္းခ်မ္းေရးကို အဓိကထားေဆာင္ရြက္သြားမယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျဖၾကား ခဲ့ေပမယ့္ ဘယ္လုိပံုစံမ်ဳိး ေဆာင္ရြက္သြားမလဲဆိုတာကိုေတာ့ မေျဖၾကားခဲ့ပါဘူး။ ကခ်င္ျပည္သူေတြၾကား အႀကီးအက်ယ္ စိုးရိမ္ေနၾကတဲ့ ျမစ္ဆံု ေရကာတာ စီမံကိန္းအေရးကိုလည္း အရင္စစ္အစိုးရနဲ႔ တ႐ုတ္တို႔ၾကား ျမစ္ဆံုေရကာတာအေရး ဘယ္လို စာခ်ဳပ္ ခ်ဳပ္ဆိုထားလဲ ဆိုတာကိုသိရွိ မထားတာေၾကာင့္ ဒီစီမံကိန္းနဲ႔ပတ္သက္ၿပီး ေရွ႕ဆက္ ဘယ္လိုေဆာင္ရြက္ရမလဲဆိုတာကို မသိရွိေသးေၾကာင္းနဲ႔ အစိုးရဖြဲ႔ႏုိင္ခဲ့ရင္ေတာ့ စစ္အစိုးရနဲ႔ တ႐ုတ္တို႔ၾကား ျမစ္ဆံုေရကာတာ စီမံကိန္းကို ဘယ္လို သေဘာတူေဆာင္ရြက္ထားသလဲ ဆိုတာကို ျပည္သူကို အရင္ဆံုးတင္ျပသြားမွာ ျဖစ္တယ္လို႔သာ ေျပာဆိုခဲ့ပါတယ္။ အရင္ စစ္အစိုးရလက္ထက္တုန္းက တ႐ုတ္နဲ႔ သေဘာတူစာခ်ဳပ္ ခ်ဳပ္ဆိုထားတဲ့ ျမစ္ဆံုေရကာတာအေရး ဆန္႔က်င္ကန္႔ကြက္မႈေတြ ႀကံဳခဲ့ရၿပီးေနာက္မွာေတာ့ အခု လက္ရွိ သမၼတဦးသိန္းစိန္က ျမစ္ဆံုေရကာတာ တည္ေဆာက္ေရးလုပ္ငန္းကို သူ႔သမၼတသက္တမ္းမွာ ေခတၱဆိုင္းငံ့ ထားခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ တ႐ုတ္နဲ႔ ျမန္မာ စစ္အစိုးရအာဏာပိုင္တို႔ၾကားမွာ ဘယ္လိုပံုစံမ်ိဳး သေဘာတူထားလဲ ဆိုတာကိုေတာ့ အမ်ားျပည္သူကို တင္ျပထားတာမ်ိဳး မရွိေသးပါဘူးရွင္။

သိဂႌထုိက္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
...........................

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးဆင်းနေတဲ့ ဒေါ်အောင်ဆန်းစုကြည်။ (ဓာတ်ပုံ- NLD)
 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အနေနဲ့ ပြည်သူတွေ နှစ်ပေါင်းမ ျားစွာရင်ဆိုင်နေရတဲ့ ဆင်းရဲမွဲတေမှုကနေ ချက်ချင်းလွတ်မြောက်ဖို့ အာမမခံနိုင်ပေမယ့် ပွင့်လင်းမြင်သာတဲ့ အစိုးရတရပ်ဖြစ်ရေးကိုတော့ အာမခံနိုင်တယ်လို့ ကချင်ပြည်နယ်ကို စည်းရုံးရေးရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဆင်းရဲမွဲတေမှု လွတ်မြောက်ဖို့ အစိုးရတရပ်အနေနဲ့ စီမံကိန်းတွေမှာ အဂတိ လိုက်စားမှုကင်းရှင်းပြီး ပွင့်လင်းမြင်သာဖို့၊ နောက် ပညာရေး အဆင့်အတန်းကို မြှင့်တင်ဖို့ အရေးကြီးတယ်လို့လည်း ထောက်ပြခဲ့ပါတယ်။ ကချင်ပြည်နယ် စည်းရုံးရေး ခရီးစဉ် အတွင်းမှာတော့ ငြိမ်းချမ်းရေး ၊ မြစ်ဆုံ စီမံကိန်းတို့ အပေါ် ထောက်ခံသူတွေရဲ့ မေးခွန်းတွေနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။ မသိင်္ဂီထိုက်က စုစည်းတင်ပြထားပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက အခု လာမယ့် လွှတ်တော် ရွေးကောက်ပွဲတွေမှာ အမတ်နေရာ အများစုအနိုင်ရပြီး အစိုးရ ဖွဲ့လာနိုင်ခဲ့ရင် လည်း ပြည်သူတွေ နှစ်ပေါင်းများစွာခံစားနေကြရတဲ့ ဆင်းရဲမွဲတေမှုကို ချက်ချင်းလက်ငင်း ဖြေရှင်းပေးနိုင်မှာမဟုတ်ဘူးလို့ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ကချင်ပြည်နယ် ဗန်းမော်မြို့က ထောင်နဲ့ချီတဲ့ ထောက်ခံသူတွေကို ပြောဆိုခဲ့ပါတယ်။

“ပြည်သူကနေပြီးတော့ ထိန်းချုပ်နိုင်တဲ့၊ ထိန်းချုပ်ထားနိုင်မယ့် အစိုးရက လုပ်ပေးနိုင်မှာပါ။ ပြောလို့ရတာက ပြည်သူတွေအတွက် အလုပ်မလုပ်ဘူးဆိုရင် အဲဒီအစိုးရက လွယ်လွယ်ကူကူနဲ့ ဖြုတ်ချလို့ရပါတယ်။ အဲဒါကတော့ ရွေးကောက်ပွဲမျိုးပေါ့။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၅ နှစ်ပေးလိုက်တဲ့သဘော။ ၅ နှစ်တော့ပြည့်ပြီ။ ဒီ ၅ နှစ်အတွင်းမှာ ကျနော်တို့ ဘဝတွေပြောင်းလဲဖို့အတွက် ဘာတွေလုပ်ပေးသလဲ ကြည့်ကြစို့ဆိုပြီး ကြည့်တဲ့သဘောပေါ့။ ဒီ ၅ နှစ်အတွင်းမှာ လုံလောက်တဲ့ ပြည်သူတွေကျေနပ်နိုင်လောက်တဲ့ တိုးတက်မှုမရှိဘူးဆိုရင် နောက်ရွေးကောက်ပွဲမှာ၊၅ နှစ်စာလုပ်မယ့် ရွေးကောက်ပွဲမှာ ပြည်သူတွေကနေပြီးတော့ အဖွဲ့ချုပ်အစိုးရကို ဖြုတ်ချရုံပဲ။ ပြည်သူကမလိုလားလို့ရှိရင် တွယ်ကပ်နေမယ့်အစိုးရမဟုတ်ပါဘူးလို့ ကျမက ပြောချင်ပါတယ်။”

ကချင်ပြည်နယ်တွင်းက စစ်ရှောင် ဒုက္ခသည်တွေအရေးနဲ့ သစ်တောသယံဇာတ ထုတ်ယူတဲ့အခြေအနေတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်းကို နိုင်ငံခြားသားတွေ အများအပြားဝင်ရောက်လာမှုမှာ ဒေါ်အောင်ဆန်းစုကြည်မှာတာဝန်ရှိပါသလားဆိုတဲ့ ထောက်ခံသူတစ်ဦးရဲ့ မေးခွန်းကိုတော့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားသွားပါတယ်။

“အရှင်ဘုရား၊ တပြည့်တော်မသာ ဒီလောက်တောင်မှ သြဇာတွေ အင်အားတွေကြီးနေရင် ဒီနိုင်ငံ ဒီလို မဆင်းရဲနိုင်ပါဘူးလို့ပြောချင်ပါတယ်။ အဲဒီလို ကိစ္စမျိုးလုပ်နိုင်တဲ့ အင်အားနဲ့ သြဇာလည်း တပြည့်တော်မမှာလည်း လုံးဝ မရှိပါဘူး။ ရှိလည်းမရှိခဲ့ပါဘူး။ အဲဒီလိုသြဇာရှင်တွေနဲ့ အဲဒီလိုပုံစံနဲ့ မသုံးပါဘူးလို့ တပြည့်တော်မ ရဲရဲကြီး ကတိပေးပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကချင်ပြည်နယ် ခရီးစဉ်အတွင်းမှာတော့ ကချင်ပြည်သူအများစုက ငြိမ်းချမ်းရေးနဲ့ အရင် စစ်အစိုးရလက်ထက် တရုတ်တို့နဲ့ သဘောတူထားတဲ့ ဧရာဝတီ မြစ်ဆုံရေကာတာ တည်ဆောက်ရေးလုပ်ငန်းတို့အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒတွေအပေါ် မေးခွန်းတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ NLD ရဲ့ မြစ်ကြီးနား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအင်ထုံးခါးနော်ဆန် က အခုလို ပြောပါတယ်။

“အကယ်၍များ NLD အစိုးရဖြစ်လာရင် ငြိမ်းချမ်းရေးကိစ္စနဲ့ ဘယ်လိုဆောင်ရွက်ပေးမလဲ ဆိုတဲ့ဟာ မေးခွန်းမေးကြပါတယ်။ နောက်ပြီး မြစ်ဆုံ ရေကာတာနဲ့ ပက်သက်ပြီးမှ ဘယ်လိုလုပ်မလဲဆိုတာရော မေးကြပါတယ်။ အခုလောလောဆယ် ဒီဘက်ပိုင်း ဘာသာရေးကိစ္စနဲ့ ပက်သက်ပြီးမှ ဘာစိုးရိမ်စိတ်တော့မရှိပါဘူး။ ဥပမာ ဗုဒ္ဓဘာသာတွေကလည်း ဒီခရစ်ယာန်တွေနဲ့ ဘာဖြစ်တယ်။ ညာဖြစ်တယ်ဆိုတာ ဘယ်သူမှလည်း ဘာမှ မပြောသလို ခရစ်ယာန်တွေ ဘက်ကလည်း ဗုဒ္ဓဘာသာအပေါ်မှာ ဘယ်လိုမှ မမြင်ကြပါဘူး။ ဘာသာရေးအရတော့ မြစ်ကြီးနားအတိုင်းအတာကတော့ ကျနော်တို့ဘာမှ မဖြစ်ပါဘူး။”

NLD အနိုင်ရပြီး အစိုးရဖွဲ့နိုင်တဲ့အခါ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးကို အဓိကထားဆောင်ရွက်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြား ခဲ့ပေမယ့် ဘယ်လိုပုံစံမျိုး ဆောင်ရွက်သွားမလဲဆိုတာကိုတော့ မဖြေကြားခဲ့ပါဘူး။ ကချင်ပြည်သူတွေကြား အကြီးအကျယ် စိုးရိမ်နေကြတဲ့ မြစ်ဆုံ ရေကာတာ စီမံကိန်းအရေးကိုလည်း အရင်စစ်အစိုးရနဲ့ တရုတ်တို့ကြား မြစ်ဆုံရေကာတာအရေး ဘယ်လို စာချုပ် ချုပ်ဆိုထားလဲ ဆိုတာကိုသိရှိ မထားတာကြောင့် ဒီစီမံကိန်းနဲ့ပတ်သက်ပြီး ရှေ့ဆက် ဘယ်လိုဆောင်ရွက်ရမလဲဆိုတာကို မသိရှိသေးကြောင်းနဲ့ အစိုးရဖွဲ့နိုင်ခဲ့ရင်တော့ စစ်အစိုးရနဲ့ တရုတ်တို့ကြား မြစ်ဆုံရေကာတာ စီမံကိန်းကို ဘယ်လို သဘောတူဆောင်ရွက်ထားသလဲ ဆိုတာကို ပြည်သူကို အရင်ဆုံးတင်ပြသွားမှာ ဖြစ်တယ်လို့သာ ပြောဆိုခဲ့ပါတယ်။ အရင် စစ်အစိုးရလက်ထက်တုန်းက တရုတ်နဲ့ သဘောတူစာချုပ် ချုပ်ဆိုထားတဲ့ မြစ်ဆုံရေကာတာအရေး ဆန့်ကျင်ကန့်ကွက်မှုတွေ ကြုံခဲ့ရပြီးနောက်မှာတော့ အခု လက်ရှိ သမ္မတဦးသိန်းစိန်က မြစ်ဆုံရေကာတာ တည်ဆောက်ရေးလုပ်ငန်းကို သူ့သမ္မတသက်တမ်းမှာ ခေတ္တဆိုင်းငံ့ ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် တရုတ်နဲ့ မြန်မာ စစ်အစိုးရအာဏာပိုင်တို့ကြားမှာ ဘယ်လိုပုံစံမျိုး သဘောတူထားလဲ ဆိုတာကိုတော့ အများပြည်သူကို တင်ပြထားတာမျိုး မရှိသေးပါဘူးရှင်။

သိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment