Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, October 12, 2015

နိုင်ငံရေးသရော်တဲ့ ဓာတ်ပုံကြောင့် အဖမ်းခံရ

ဗ​ဟန်း ​ရဲ​စ​ခန်း ​က ​နေ ​ဖမ်း​ဆီး ​လိုက်​တာ ​ဖြစ်​ပြီး ​မ​အူ​ပင် ​ရဲ​စ​ခန်း​ကို ​ခေါ်​ဆောင် ​သွား​မယ် ​လို့ ​သိ​ရ​ပါ​တယ်။ 
 ဒေါ်အောင်ဆန်းစုကြည် နဲ့ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် တို့ ရဲ့ ပုံ တွေ နဲ့ အတူ နိုင်ငံရေး သရော်တဲ့ စာသားတွေ ပါဝင်တဲ့ ဓာတ်ပုံကို Facebook လူမှု ကွန်ရက် စာမျက်နှာ ပေါ် တင်ခဲ့တဲ့ အမျိုးသမီးငယ် တစ်ဦး ကို အောက်တိုဘာ ၁၂ ရက် နေ့ မှာ ရဲက ဖမ်းဆီး လိုက် ပါတယ်။

အခုလို အဖမ်းခံ လိုက်ရ သူဟာ ချောစန္ဒီထွန်း လို့ ခေါ်ပြီး သူဟာ အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ကို ဝန်းရံ အားပေးသူ တစ်ဦး ဖြစ်ပြီး အင်တာနက် လူမှု ကွန်ရက် ကနေ တဆင့် NLD အတွက် စည်းရုံးမှု တွေ ကို တက်တက်ကြွကြွ လုပ်ဆောင် နေသူ ဖြစ်ပါတယ်။

မအူပင် မြို့ခံ တစ်ဦး ဖြစ်တဲ့ မချောစန္ဒီထွန်း ကို ရန်ကုန် မှာ ရှိနေတုန်း ဗဟန်း ရဲစခန်း က နေ ဖမ်းဆီး လိုက်တာ ဖြစ်ပြီး မအူပင် ရဲစခန်းကို ခေါ်ဆောင် သွားမယ် လို့ သိရပါတယ်။

အီလက်ထရောနစ် ဥပဒေ ပုဒ်မ တွေ နဲ့ ငြိစွန်းလို့ ဖမ်းဆီးခဲ့တာ ဖြစ်တယ် ဆိုပြီး ရဲ က ပြောကြောင်း မချောစန္ဒီထွန်း က ဗဟန်း ရဲစခန်း မှာ ရှိ နေစဉ် မှာပဲ ဘီဘီစီ ကို ပြောပါတယ်။

ပုသိမ်က ဗိုလ်မှုး တစ်ယောက် က တရားလို လုပ်ပြီး တရားစွဲ ထားတာ ဖြစ်တယ် လို့လည်း မချောစန္ဒီထွန်း က ဆိုပါတယ်။

Facebook ပေါ် သူတင်တဲ့ သရော် ဓာတ်ပုံ ကို ပြန်လည် ဖြုတ်ချ ခဲ့ပြီး ဖြစ်ပေမယ့် တင်ထား စဉ် screenshot လို့ ခေါ်တဲ့ မှတ်တမ်း သက်သေ ရယူပြီး အမှုဖွင့်ပုံ ရတယ်လို့ မချောစန္ဒီထွန်း က ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

...............................

ဗ​ဟန်း ​ရဲ​စ​ခန်း ​က ​နေ ​ဖမ်း​ဆီး ​လိုက်​တျာဖစ်​ပြီး ​မ​အူ​ပင် ​ရဲ​စ​ခန်း​ကို ​ခေါ်​ဆောင် ​သြား​မယ် ​လို့ ​သိ​ရ​ပါ​တယ်။
 ဒေါ်အောင္ဆန်းစုကြည် နဲ့ ဗိုလ္ခ်ုပ္မှုးကြီး မင်းအောင္လှိုင် တို့ ရဲ့ ပုံ တြေ နဲ့ အတူ နိုင်ငံရေး သေရ္တာဲ့ စာသားတြေ ပါဝင္တဲ့ ဓာတ္ပုံကို Facebook လူမှု ကြန်ရက် စာမ်က်နွာ ပေါ် တင္ခဲ့တဲ့ အမိုးသမီးငယ် တစ်ဦး ကို အောက္တိုဘာ ၁၂ ရက် နေ့ မွာ ရဲက ဖမ်းဆီး လိုက် ပါတယ်။

အခုလို အဖမ်းခံ လိုက်ရ သူဟာ ခော်စန္ဒီထြန်း လို့ ခေါ်ပြီး သူဟာ အတိုက်အခံ အမိုးသား ဒီမိုကေရစီ အဖြဲ့ခ်ုပ် NLD ပါတီ ကို ဝန်းရံ အားပေးသူ တစ်ဦျးဖစ်ပြီး အင္တာနက် လူမှု ကြန်ရက် ကေန တဆင့် NLD အတြက် စည်းရုံးမှု တြေ ကို တက္တက်ကြကြ လုပ်ဆောင် နေသျူဖစ္ပါတယ်။

မအူပင် မြို့ခံ တစ်ဦျးဖစ္တဲ့ မေခ်ာစန္ဒီထြန်း ကို ရန္ကုန် မွာ ရွိနေတုန်း ဗဟန်း ရဲစခန်း က နေ ဖမ်းဆီး လိုက္တျာဖစ်ပြီး မအူပင် ရဲစခန်းကို ခေါ်ဆောင် သြားမယ် လို့ သိရပါတယ်။

အီလက္ထေရာနစ် ဥပေဒ ပုဒ္မ တြေ နဲ့ ငြိစြန်းလို့ ဖမ်းဆီးခဲ့တျာဖစ္တယ် ဆိုပြီး ရဲ ကျေပာကြောင်း မေခ်ာစန္ဒီထြန်း က ဗဟန်း ရဲစခန်း မွာ ရွိ နေစဉ် မွာပဲ ဘီဘီစီ ကိုျေပာပါတယ်။

ပုသိမ္က ဗိုလ္မှုး တစ်ယောက် က တရားလို လုပ်ပြီး တရားစြဲ ထားတျာဖစ္တယ် လို့လည်း မေခ်ာစန္ဒီထြန်း က ဆိုပါတယ်။

Facebook ပေါ် သူတင္တဲ့ သေရာ် ဓာတ္ပုံ ကျိုပန္လည်ျဖုတ္ခ် ခဲ့ပြီျးဖစ်ပေမယ့် တင္ထား စဉ် screenshot လို့ ခေါ်တဲ့ မွတ္တမ်း သက်သေ ရယူပြီး အမှုဖြင့်ပုံ ရတယ္လို့ မေခ်ာစန္ဒီထြန်း ကျေပာပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment