Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, October 18, 2015

ႏိုင္ငံျခားေငြ အသံုးျပဳခြင့္လိုင္စင္ ဗဟိုဘဏ္က ျပန္သိမ္းမည္


 ျမန္မာႏုိင္ငံမွာ ဟိုတယ္ေတြကေန ေဆးရံုေတြအဆံုး အေမရိကန္ေဒၚလာနဲ႔  ေငြေခ်စနစ္သံုးစဲြနိုင္ဖို႔ ထုတ္ေပးထား တဲ့လိုင္စင္ေတြကို ဗဟိုဘဏ္က ျပန္လည္သိမ္းယူဖို႔ ဆံုးျဖတ္လိုက္ၿပီလို႔ ရိုက္တာ သတင္းဌာနက ေဖၚျပလိုက္ ပါတယ္။

အဲ့ဒီ နိုင္ငံျခားေငြ အသံုးျပဳခြင့္ လိုင္စင္ရရွိထားတဲ့ အဖဲြ႔အစည္းေတြအေနနဲ႔ အခုလ ၁၉ ရက္နဲ႔ ၃ဝ ရက္ၾကားမွာ လိုင္စင္ေတြျပန္အပ္ဖို႔ တရားဝင္စာေပးပို႔ထားၿပီလို႔ ဆိုပါတယ္။

ကုန္ပစၥည္းအေရာင္းအဝယ္နဲ႔ ဝန္ေဆာင္မႈ လုပ္ငန္းေတြအတြက္ ျမန္မာက်ပ္ေငြသံုးစဲြမႈကို တြန္းအားေပးတဲ့ အေနနဲ႔ေရာ၊ Debit card, Credit card စတဲ့အေၾကြးဝယ္ကတ္ျပားေတြ ပိုမိုသံုးစဲြလာေစဖို႔ ရည္ရြယ္တယ္လို႔လည္း သိရပါတယ္။

နိုင္ငံျခားေငြ အသံုးျပဳခြင့္ လိုင္စင္ရရွိထားသူေတြက ေဒၚလာေငြဗဟုိျပဳၿပီး လုပ္ကိုင္လာခဲ့တာေၾကာင့္ က်ပ္ေငြတန္ဖိုး အားေလ်ာ့လာခဲ့ေၾကာင္း၊ IMF အပါအဝင္ ႏိုင္ငံတကာ ပညာရွင္ေတြနဲ႔ ညွိႏိႈင္းၿပီၤး အခုလိုဆံုးျဖတ္ တာျဖစ္တယ္လို႔ ဗဟိုဘဏ္က အမည္မေဖၚလိုသူ အရာရွိတစ္ဦးကိုကိုးကားၿပီး အ့ဲဒီသတင္းမွာ ေဖၚျပထားပါတယ္။

RFA Burmese
http://www.rfa.org/burmese
.....................

 မြန်မာနိုင်ငံမှာ ဟိုတယ်တွေကနေ ဆေးရုံတွေအဆုံး အမေရိကန်ဒေါ်လာနဲ့  ငွေချေစနစ်သုံးစွဲနိုင်ဖို့ ထုတ်ပေးထား တဲ့လိုင်စင်တွေကို ဗဟိုဘဏ်က ပြန်လည်သိမ်းယူဖို့ ဆုံးဖြတ်လိုက်ပြီလို့ ရိုက်တာ သတင်းဌာနက ဖေါ်ပြလိုက် ပါတယ်။

အဲ့ဒီ နိုင်ငံခြားငွေ အသုံးပြုခွင့် လိုင်စင်ရရှိထားတဲ့ အဖွဲ့အစည်းတွေအနေနဲ့ အခုလ ၁၉ ရက်နဲ့ ၃ဝ ရက်ကြားမှာ လိုင်စင်တွေပြန်အပ်ဖို့ တရားဝင်စာပေးပို့ထားပြီလို့ ဆိုပါတယ်။

ကုန်ပစ္စည်းအရောင်းအဝယ်နဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေအတွက် မြန်မာကျပ်ငွေသုံးစွဲမှုကို တွန်းအားပေးတဲ့ အနေနဲ့ရော၊ Debit card, Credit card စတဲ့အကြွေးဝယ်ကတ်ပြားတွေ ပိုမိုသုံးစွဲလာစေဖို့ ရည်ရွယ်တယ်လို့လည်း သိရပါတယ်။

နိုင်ငံခြားငွေ အသုံးပြုခွင့် လိုင်စင်ရရှိထားသူတွေက ဒေါ်လာငွေဗဟိုပြုပြီး လုပ်ကိုင်လာခဲ့တာကြောင့် ကျပ်ငွေတန်ဖိုး အားလျော့လာခဲ့ကြောင်း၊ IMF အပါအဝင် နိုင်ငံတကာ ပညာရှင်တွေနဲ့ ညှိနှိုင်းပြီင်္း အခုလိုဆုံးဖြတ် တာဖြစ်တယ်လို့ ဗဟိုဘဏ်က အမည်မဖေါ်လိုသူ အရာရှိတစ်ဦးကိုကိုးကားပြီး အဲ့ဒီသတင်းမှာ ဖေါ်ပြထားပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment