Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, October 6, 2015

ဆယ္ႏွစ္ေက်ာ္ တစ္ေနကုန္နီးပါး လိင္အေၾကာင္းေတြးေနမိခဲ႔တဲ႔ ရွားပါးေရာဂါသည္ အမ်ိဳးသမီး



Obsessive Compulsive Disorder ရွားပါးေရာဂါျဖစ္ပြားေနတဲ႔ အမ်ိဳးသမီးတစ္ဦးဟာ သူမရဲ႕ေခါင္းထဲမွာ လိင္မႈဆိုင္ရာပံုရိပ္ေတြ ဆယ္စုႏွစ္ေက်ာ္ ထင္ဟပ္ေနေၾကာင္း ဖြင္႔ဟေျပာဆိုခဲ႔ပါတယ္။ OCD ဆိုတာ မွတ္ဉာဏ္နဲ႔ အျပဳအမူခ်ိဳ႕ယြင္းမႈပါ။

ဒီပံုမွန္မဟုတ္တဲ႔ အျဖစ္အပ်က္ေတြၾကား အခ်ိန္ေတာ္ေတာ္မ်ားမ်ား ျဖစ္ေလ႔ရွိတာေတာ႔ မင္းသား Jake Gyllenhaal ရဲ႕ MTV တစ္ခုကိုၾကည္႔ရင္း သူမရဲ႕အျမင္မွာ သူ႔ရဲ႕မ်က္ႏွာက ေယာနိမို႔မို႔ေဖာင္းေဖာင္းထဲကို အရည္ေပ်ာ္က်လာတာပဲျဖစ္ပါတယ္တဲ႔။

Ray Mears ရဲ႕ မွတ္တမ္းဗီဒီယိုေတြၾကည္႔တုန္းကလည္း မ်က္ႏွာရိုက္ခ်က္တစ္ခုခ်င္းစီကေန ေယာနိပံုအေသးစိတ္ ရုတ္တရက္ျဖစ္ျဖစ္လာပါတယ္တဲ႔။

Rose Bretecher (အမည္ရင္းမဟုတ္) ရဲ႕ ေရာဂါစေပၚခဲ႔တာကေတာ႔ ကိုယ္လံုးတီး ကေလးငယ္တစ္ေရာက္ရဲ႕ ပံုကို စိတ္ကူးပံုေဖာ္ေနမိခဲ႔တာက စခဲ႔တာပါ။ အဲဒီ႔အခ်ိန္မွာ ကေလးငယ္လိင္စြဲမက္သူ တစ္ေယာက္ျဖစ္မွာကို သိပ္ေၾကာက္ေနခဲ႔ပါတယ္။

အဲ႔ဒီ႔ကေနတဆင္႔ ပံုရိပ္ေတြဟာ တျဖည္းျဖည္း ျမန္ဆန္၊ ထင္ရွားလာၿပီး ႏွစ္ဆယ္႔ေလးနာရီတစ္ရက္၊ ခုႏွစ္ရက္တစ္ပတ္ အဆင္႔ထိျဖစ္လာပါေတာ႔တယ္။ ဒါေပမဲ႔ ဒီပံုရိပ္ေတြဟာ သူ႔အတြက္ေတာ႔ ခံစားလို႔မေကာင္းတဲ႔အျပင္ အိမ္မက္ဆိုးေတြပါပဲ။

“ေန႔တိုင္းေန႔တိုင္းရဲ႕ မိနစ္တိုင္းမိနစ္တိုင္းမွာ ကေလးေတြကိုတင္ ကိုယ္လံုးတီးျမင္တာမဟုတ္ဘဲ၊ လူတိုင္းကို ကိုယ္လံုးတီးပံုေတြက ဇြတ္အတင္း၀င္လာတယ္။ စာပြဲထိုးေကာင္မေလးလား၊ ေက်ာင္းအုပ္ဆရာႀကီးလား။ စုပ္လံုးေရာင္းတဲ႔ေကာင္မေလးလား၊ ရဲသားႀကီးလား။ Cherie Blair လား၊ Tony Blair လား။ အို အစံုပါပဲ။ ျမက္ပင္ကိုၾကည္႔ရင္ေတာင္၊ လိင္တံတစ္ခုကိုျမင္ေနရတယ္။ ၿပီးရင္တစ္ေယာက္ေယာက္က အဲဒီ႔ ျမက္ပင္ကို သြားစုပ္ေနတာ ျမင္ျပန္ေရာ။ ေန႔တိုင္းေန႔တိုင္းက အိပ္မက္ဆိုးပါပဲ။ ဘယ္လို ရွင္သန္ရပ္တည္ရမယ္ဆိုတာ မသိေတာ႔ဘူး။ ထင္ေယာင္ထင္မွား၊ ကေတာင္ေျခာက္ျခားေတြ ျဖစ္ေနေရာပဲ။” လို႔ သူမကေျပာပါတယ္။

သူ အသက္ ၁၇ႏွစ္တုန္းက သူငယ္ခ်င္းေတြနဲ႕ ဘင္ဂိုကစားေနတုန္းကလည္း သူတို႔ရဲ႕ ရင္သားေတြကို ျမင္ျမဲျမင္ေနရတယ္လို႔ ဆိုပါတယ္။ အမ်ိဳးသား၊ အမ်ိဳးသမီး၊ လိင္တူခ်စ္သူ မဂၢဇင္းေတြ၀ယ္ေပမဲ႔ သူဟာ ဘာလိင္အမ်ိဳးအစားထဲမွာ ပါတယ္ဆိုတာကို သတ္မွတ္ဖုိ႔ ခက္ခဲခဲ႔ပါတယ္။

သူဟာ ပိုပိုဆိုးလာခဲ႔ၿပီး ရည္စားေကာင္ေလးနဲ႔ျပတ္တယ္၊ တကၠသိုလ္ကေန ထြက္လိုက္ရတယ္၊ ေနာက္ဆံုး ေသေၾကာင္းၾကံဖို႔အထိပါ ႀကိဳးစားခဲ႔ရပါေတာ႔တယ္။ ကံအေၾကာင္းသင္႔စြာပဲ အြန္လိုင္းကေန ‘Pure O’ အေျခအေနလို႔ေခၚတဲ႔ ရွားပါးေရာဂါ OCD အမ်ိဳးအစားအေၾကာင္းကို သိရွိနားလည္သြားခဲ႔ပါတယ္။

 ( Skyler )

#သစ္ထူးလြင္(က်န္းမာေရး)
#health.thithtoolwin.com

Ref:Mirror
................................................



Obsessive Compulsive Disorder ရှားပါးရောဂါဖြစ်ပွားနေတဲ့ အမျိုးသမီးတစ်ဦးဟာ သူမရဲ့ခေါင်းထဲမှာ လိင်မှုဆိုင်ရာပုံရိပ်တွေ ဆယ်စုနှစ်ကျော် ထင်ဟပ်နေကြောင်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။ OCD ဆိုတာ မှတ်ဉာဏ်နဲ့ အပြုအမူချို့ယွင်းမှုပါ။

ဒီပုံမှန်မဟုတ်တဲ့ အဖြစ်အပျက်တွေကြား အချိန်တော်တော်များများ ဖြစ်လေ့ရှိတာတော့ မင်းသား Jake Gyllenhaal ရဲ့ MTV တစ်ခုကိုကြည့်ရင်း သူမရဲ့အမြင်မှာ သူ့ရဲ့မျက်နှာက ယောနိမို့မို့ဖောင်းဖောင်းထဲကို အရည်ပျော်ကျလာတာပဲဖြစ်ပါတယ်တဲ့။

Ray Mears ရဲ့ မှတ်တမ်းဗီဒီယိုတွေကြည့်တုန်းကလည်း မျက်နှာရိုက်ချက်တစ်ခုချင်းစီကနေ ယောနိပုံအသေးစိတ် ရုတ်တရက်ဖြစ်ဖြစ်လာပါတယ်တဲ့။

Rose Bretecher (အမည်ရင်းမဟုတ်) ရဲ့ ရောဂါစပေါ်ခဲ့တာကတော့ ကိုယ်လုံးတီး ကလေးငယ်တစ်ရောက်ရဲ့ ပုံကို စိတ်ကူးပုံဖော်နေမိခဲ့တာက စခဲ့တာပါ။ အဲဒီ့အချိန်မှာ ကလေးငယ်လိင်စွဲမက်သူ တစ်ယောက်ဖြစ်မှာကို သိပ်ကြောက်နေခဲ့ပါတယ်။

အဲ့ဒီ့ကနေတဆင့် ပုံရိပ်တွေဟာ တဖြည်းဖြည်း မြန်ဆန်၊ ထင်ရှားလာပြီး နှစ်ဆယ့်လေးနာရီတစ်ရက်၊ ခုနှစ်ရက်တစ်ပတ် အဆင့်ထိဖြစ်လာပါတော့တယ်။ ဒါပေမဲ့ ဒီပုံရိပ်တွေဟာ သူ့အတွက်တော့ ခံစားလို့မကောင်းတဲ့အပြင် အိမ်မက်ဆိုးတွေပါပဲ။

“နေ့တိုင်းနေ့တိုင်းရဲ့ မိနစ်တိုင်းမိနစ်တိုင်းမှာ ကလေးတွေကိုတင် ကိုယ်လုံးတီးမြင်တာမဟုတ်ဘဲ၊ လူတိုင်းကို ကိုယ်လုံးတီးပုံတွေက ဇွတ်အတင်းဝင်လာတယ်။ စာပွဲထိုးကောင်မလေးလား၊ ကျောင်းအုပ်ဆရာကြီးလား။ စုပ်လုံးရောင်းတဲ့ကောင်မလေးလား၊ ရဲသားကြီးလား။ Cherie Blair လား၊ Tony Blair လား။ အို အစုံပါပဲ။ မြက်ပင်ကိုကြည့်ရင်တောင်၊ လိင်တံတစ်ခုကိုမြင်နေရတယ်။ ပြီးရင်တစ်ယောက်ယောက်က အဲဒီ့ မြက်ပင်ကို သွားစုပ်နေတာ မြင်ပြန်ရော။ နေ့တိုင်းနေ့တိုင်းက အိပ်မက်ဆိုးပါပဲ။ ဘယ်လို ရှင်သန်ရပ်တည်ရမယ်ဆိုတာ မသိတော့ဘူး။ ထင်ယောင်ထင်မှား၊ ကတောင်ခြောက်ခြားတွေ ဖြစ်နေရောပဲ။” လို့ သူမကပြောပါတယ်။

သူ အသက် ၁၇နှစ်တုန်းက သူငယ်ချင်းတွေနဲ့ ဘင်ဂိုကစားနေတုန်းကလည်း သူတို့ရဲ့ ရင်သားတွေကို မြင်မြဲမြင်နေရတယ်လို့ ဆိုပါတယ်။ အမျိုးသား၊ အမျိုးသမီး၊ လိင်တူချစ်သူ မဂ္ဂဇင်းတွေဝယ်ပေမဲ့ သူဟာ ဘာလိင်အမျိုးအစားထဲမှာ ပါတယ်ဆိုတာကို သတ်မှတ်ဖို့ ခက်ခဲခဲ့ပါတယ်။

သူဟာ ပိုပိုဆိုးလာခဲ့ပြီး ရည်စားကောင်လေးနဲ့ပြတ်တယ်၊ တက္ကသိုလ်ကနေ ထွက်လိုက်ရတယ်၊ နောက်ဆုံး သေကြောင်းကြံဖို့အထိပါ ကြိုးစားခဲ့ရပါတော့တယ်။ ကံအကြောင်းသင့်စွာပဲ အွန်လိုင်းကနေ ‘Pure O’ အခြေအနေလို့ခေါ်တဲ့ ရှားပါးရောဂါ OCD အမျိုးအစားအကြောင်းကို သိရှိနားလည်သွားခဲ့ပါတယ်။

 ( Skyler )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref:Mirror

No comments:

Post a Comment