Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, October 6, 2015

ကင္ဆာေဆးေတြက ဉာဏ္ေကာင္းေစ

ကင္ဆာေဆးေတြက သင္႔ကို တကယ္ပဲဉာဏ္ေကာင္းေစပါသလား။

RGFP966 ေဆး၀ါးကို ၾကြက္ေတြနဲ႔စမ္းသပ္ၾကည္႔တဲ႔အခါမွာ ႂကြက္ေတြက သူတို႔ၾကားတာေတြကို ပိုသိရွိသေဘာေပါက္ကာ မွတ္သားလာႏုိင္ၿပီး အခ်က္အလက္မ်ားမ်ားကိုေတာင္ မွတ္မိလာေၾကာင္း သုေတသီေတြက ရွာေဖြေတြ႔ရွိခဲ႔ပါတယ္။

အယ္လ္ဇိုင္းမား စမ္းသပ္ေဆး၀ါးေတြမွာေတာ႔ ဦးေႏွာက္ဆဲေတြဟာ တျဖည္းျဖည္းက်ံဳ႕လာၿပီး အာရံုေၾကာတစ္ခုကေန ေနာက္တစ္ခုကို ကူးေျပာင္းတဲ႔ အခ်က္အလက္ အင္အားနည္းလာတာေၾကာင္႔ ဦးေႏွာက္ဆဲလ္ဆက္ေနရာေတြ ေသလာပါတယ္။ အေၾကာင္းမလွစြာပဲ၊ အယ္လ္ဇိုင္းမားေရာဂါကို ေႏွးေကြးေစတဲ႔ ကုသမႈႏွစ္ရပ္ရွိေပမဲ႔ အၿပီးတိုင္ကုသလို႔ရတဲ႔ ကုသနည္း မရွိပါဘူး။ လက္ရွိ ကင္ဆာကုထံုးအခ်ိဳ႕မွာသံုးေနတဲ႔ HDAC ထိန္းေဆး ဟာ ကင္ဆာဆဲလ္အျဖစ္ ကူးေျပာင္းမယ္႔ ဆဲလ္ေကာင္းေတြကို ဆက္လက္ေကာင္းေနေစဖို႔ ထိန္းထားေပးပါတယ္။

ကင္ဆာေဆး RGFP966 ဟာ ဦးေႏွာက္ဆဲလ္ ဆက္သြယ္မႈေတြ ပိုအားေကာင္းလာေစပါတယ္။ ဦးေႏွာက္ဆဲလ္ေတြရဲ႕ အစြမ္းကိုအသံုးခ်ၿပီး မွတ္ဉာဏ္ေတြ ဖန္တီးေပးဖို႔ကိုေတာင္ တိုးျမွင္႔ေပးပါတယ္။ ဓာတ္ခြဲခန္းႂကြက္ေတြကို အသံုးျပဳၿပီး စမ္းသပ္တဲ႔အခါ ၾကြက္ေတြက ေတးဂီတေတြကို မွတ္မိေနတာေတာင္ ရွာေဖြေတြ႔ရွိခဲ႔ပါတယ္။ ေလ႔က်င္႔ေပးေနတုန္း သူတို႔ၾကားခဲ႔တဲ႔ အသံအခ်က္ျပခ်က္ေတြကို ပိုနားေထာင္လာတတ္တာကို ေနာက္ဆံုး ရွာေဖြေတြ႕ရွိခဲ႔ပါတယ္။

“အၾကားအာရံုျပန္လည္ရရွိဖို႔ နားတြင္းခရုပတ္ ထည္႔သြင္းကုသမႈခံယူရတဲ႔ ထိခိုက္ဒဏ္ရာ (သို႔) ေရာဂါေ၀ဒနာရွင္ေတြမွာေတာင္ စကားေျပာဖို႔အတြက္ ေလ႔လာတဲ႔အခါမွာ ယခုလို ကုထံုးကုသနည္းက ေနာက္အနာဂတ္မွာ အသံုး၀င္လာႏုိင္ပါတယ္။ ဒီေဆးသံုးစြဲမႈက ဘာသာစကားသင္ယူမႈအခက္အခဲရွိသူေတြ၊ ဒုတိယဘာသာစကားတစ္ခုကို သင္ယူသူေတြအတြက္ေတာင္ အေထာက္အကူျဖစ္လာမွာပါ။” လို႔ ဦးေဆာင္သုေတသီ Kasia M.Bieszczad ကေျပာသြားခဲ႔ပါတယ္။

( Skyler )

#သစ္ထူးလြင္(က်န္းမာေရး)
#health.thihtoolwin.com

Ref:Sc
..................................
ကင်ဆာဆေးတွေက သင့်ကို တကယ်ပဲဉာဏ်ကောင်းစေပါသလား။

RGFP966 ဆေးဝါးကို ကြွက်တွေနဲ့စမ်းသပ်ကြည့်တဲ့အခါမှာ ကြွက်တွေက သူတို့ကြားတာတွေကို ပိုသိရှိသဘောပေါက်ကာ မှတ်သားလာနိုင်ပြီး အချက်အလက်များများကိုတောင် မှတ်မိလာကြောင်း သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အယ်လ်ဇိုင်းမား စမ်းသပ်ဆေးဝါးတွေမှာတော့ ဦးနှောက်ဆဲတွေဟာ တဖြည်းဖြည်းကျုံ့လာပြီး အာရုံကြောတစ်ခုကနေ နောက်တစ်ခုကို ကူးပြောင်းတဲ့ အချက်အလက် အင်အားနည်းလာတာကြောင့် ဦးနှောက်ဆဲလ်ဆက်နေရာတွေ သေလာပါတယ်။ အကြောင်းမလှစွာပဲ၊ အယ်လ်ဇိုင်းမားရောဂါကို နှေးကွေးစေတဲ့ ကုသမှုနှစ်ရပ်ရှိပေမဲ့ အပြီးတိုင်ကုသလို့ရတဲ့ ကုသနည်း မရှိပါဘူး။ လက်ရှိ ကင်ဆာကုထုံးအချို့မှာသုံးနေတဲ့ HDAC ထိန်းဆေး ဟာ ကင်ဆာဆဲလ်အဖြစ် ကူးပြောင်းမယ့် ဆဲလ်ကောင်းတွေကို ဆက်လက်ကောင်းနေစေဖို့ ထိန်းထားပေးပါတယ်။

ကင်ဆာဆေး RGFP966 ဟာ ဦးနှောက်ဆဲလ် ဆက်သွယ်မှုတွေ ပိုအားကောင်းလာစေပါတယ်။ ဦးနှောက်ဆဲလ်တွေရဲ့ အစွမ်းကိုအသုံးချပြီး မှတ်ဉာဏ်တွေ ဖန်တီးပေးဖို့ကိုတောင် တိုးမြှင့်ပေးပါတယ်။ ဓာတ်ခွဲခန်းကြွက်တွေကို အသုံးပြုပြီး စမ်းသပ်တဲ့အခါ ကြွက်တွေက တေးဂီတတွေကို မှတ်မိနေတာတောင် ရှာဖွေတွေ့ရှိခဲ့ပါတယ်။ လေ့ကျင့်ပေးနေတုန်း သူတို့ကြားခဲ့တဲ့ အသံအချက်ပြချက်တွေကို ပိုနားထောင်လာတတ်တာကို နောက်ဆုံး ရှာဖွေတွေ့ရှိခဲ့ပါတယ်။

“အကြားအာရုံပြန်လည်ရရှိဖို့ နားတွင်းခရုပတ် ထည့်သွင်းကုသမှုခံယူရတဲ့ ထိခိုက်ဒဏ်ရာ (သို့) ရောဂါဝေဒနာရှင်တွေမှာတောင် စကားပြောဖို့အတွက် လေ့လာတဲ့အခါမှာ ယခုလို ကုထုံးကုသနည်းက နောက်အနာဂတ်မှာ အသုံးဝင်လာနိုင်ပါတယ်။ ဒီဆေးသုံးစွဲမှုက ဘာသာစကားသင်ယူမှုအခက်အခဲရှိသူတွေ၊ ဒုတိယဘာသာစကားတစ်ခုကို သင်ယူသူတွေအတွက်တောင် အထောက်အကူဖြစ်လာမှာပါ။” လို့ ဦးဆောင်သုတေသီ Kasia M.Bieszczad ကပြောသွားခဲ့ပါတယ်။

( Skyler )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thihtoolwin.com

Ref:Sc

No comments:

Post a Comment